စိတ်ကူးလေးရွက်လွှင့်လို့ကောင်းတဲ့ မြန်မာပြည်တောင်ပို်င်းက Paradise Island ညောင်ဉီးဖီးလေး

Mon LayApril 15, 20222min5440

ဒီကျွန်းလေးကိုသွားချင်နေတာကြာပြီ Tour Company မှာ လုပ်ကတည်းက ၂၀၁၈-၂၀၁၉ ကဖြစ်မယ်ထင်တယ်။

တိုးတွေစီစဉ်ပေးရင်း ရောက်ဖူးချင်နေခဲ့တာ..ဒီနှစ် ရန်ကုန်သင်္ကြန်မှာ ဘာမှလုပ်စရာမရှိ၊ သင်္ကြန်ဆို နှစ်တိုင်းခရီးထွက်တတ်တဲ့ဉီးလေးကလည်း ကိုဗစ်နဲ့ခရီးမထွက်တာကြာပြီ ဒီနှစ်တော့ အဲ့ဘက်သွားမယ်ဆိုပြီးလာပြောတော့

မွန်လေးလည်း သွားချင်ရဲ့ပက်ကျိဖြစ်ပြီး ရောက်သွားတာပေါ့။

#ညောင်ဉီးဖီးကျွန်းဆိုတာ

ကော့သောင်းမြို့ကနေ speed boat စီးရင် (၁)နာရီခွဲလောက်ဆိုရောက်တဲ့ ကျွန်းလေးပေါ့။ လူသူအလာနည်းပြီး ခရီးသွားတွေနဲ့ပဲစည်ကားတတ်တဲ့ Private ကျွန်းလေးပါ။ စိမ်းပြာပြာပင်လယ်ပြင်ကြီးထဲမှာ လခြမ်းကွေးပုံစံကမ်းခြေနဲ့ သဲတွေဆိုတာ ဂျုံမှုန့်လိုလို ခြေဖ၀◌ါးနဲ့ထိလိုက်ရင် နူးအိနေတာကတော့ သူ့ရဲ့ထူးခြားတဲ့သဘာ၀အလှတစ်ခု‌ေပါ့။ ရေဆိုတာလည်း crystal လိုကြည်တောက်နေတာ။ ဖူးခပ်လှတယ်ဆိုတာ..ညောင်ဉီးဖီးအိပ်နေသလောက်ပဲရှိတာပါကွာ။

#ဘယ်လိုသွားခဲ့လဲ

သူကကော့သောင်းကနေတဆင့် သွားရတာဆိုတော့ ရန်ကုန်ကနေ ကော့သောင်းအထိ လေယာဉ်စီးတယ်။ Victoria cliff Resort ကပိုင်တဲ့ကျွန်းဆိုတော့ ကော့သောင်းမြို့ရောက်ရင် အဲ့ Resort ကကားက လာကြိုပေးတယ်။ Resort ရောက်တော့ ခဏနား၊ နေ့လည်စာစားရင်း speed boatစီးဖို့ ကားနဲ့jetty ကိုလာ၊ speed boat ကို (၁)နာရီခွဲလောက်စီးရင် ကျွန်းကိုရောက်ပြီ

#ကျွန်းမှာဘာတွေလုပ်လို့ရလဲ

နှစ်ပေါင်းများစွာ မပျက်စီးဘဲ အကောင်းတိုင်းရှိနေတဲ့ သဘာ၀ရေအောက်သန္တာကျောက်တန်း၊ ကျောက်ခက်၊ ပင်လယ်ရေမှော်တွေ Nemo ငါးလေးတွေကို snorkeling လုပ်ပြီးကြည့်မလား။ kayaking လုပ်ပြီးကြည့်မလား။ အပေါ်စီးကနေ ကြည့်ရှုခံစားပြီး နေ၀◌င်ချိန်အလှကိုကြည့်ဖို့ trekking လုပ်မလား။ Glass boat စီးမလား။ Infinity pool မှာ ရေကူး၊ရေစိမ်မလား။ Beach chair လှလှလေးတွေတွေမှာ အနားယူမလား။ ဘာလီကလို ကမ်းခြေမှာဒန်းစီးမလား (သူကတော့ Madame Beach ကိုသွားမှရပါမယ်) ညဘက်ဆိုလည်း မီးကပွဲတွေ၊ ရိုးရာအကတွေနဲ့ မပျင်းရဘူး။

Helicopter ကွင်းလည်းရှိတော့ အဲ့အပေါ်ကနေလည်း view အလှကိုခံစားလို့ကောင်းတယ်။

#စားကြမယ်

ဟိုတယ်မှာပဲ ၃နပ်စလုံး ဘူဖေးကျွေးတယ်။ အရမ်းစားကောင်းတယ်။ တစ်နေ့နဲ့တစ်နေ့မထပ်ဘူး။ နိုင်ငံခြားသားတွေပါစားလို့အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့အပြင် မြန်မာအကြိုက် ငပိချက်တို့၊ ငပိရည်တို့ပါပါသေးတာ။ ပြီးပြီလေ..ဘာလိုသေးလဲ။ မြန်မာတွေဆိုတာ ငပိပါရင်ကော ရနေပြီ။

#ထူးခြားတာလေး

ဟိုတယ်မှာ ဖျံလေး၂ကောင်လည်းမွေးထားသေးတယ်..လူသိပ်ယဉ်တယ်။ ပြီးတော့ သဘာ၀organic စို်က်ပျိုးရေးခြံရယ်၊ စာမှာသင်ခဲ့ဖူးတဲ့ Greenhouse ပါရှိသေးတာ။ အဲ့ organic ခြံထွက်ကနေ ဧည့်သည်တွေကိုကျွေးတာတဲ့..အဲ့ဒါကြောင့် အရမ်းအရသာရှိပြီး စားကောင်းခဲ့တာကိုး။

#အကြံပေးချင်တာ

wifi ကောင်းကောင်းသုံးလို့ရရင်သိပ်ကောင်းမယ်လို့တော့ ထင်တာပဲ..အနားယူရုံသက်သက်လာဖို့လုပ်ထားတာဆိုပေမဲ့လည်း။

#ဘယ်လောက်ကျလဲဆိုတာသိချင်နေပြီဟုတ်

လေယာဉ်ခအသွားအပြန်ရယ် ကော့သောင်းမြို့မှာ ၁ည၊ ကျွန်းမှာ ၂ည ကိုစုစုပေါင်း တစ်ယောက်ကို (၁၂)သိန်းစွန်းစွန်းပါ။

Drone နဲ့ရိုက်ထားတဲ့ video ကိုတော့ https://fb.watch/cpnecC3hMC/ ဒီထဲ၀◌င်ကြည့်လို့ရပါတယ်

အဲ့လိုတွေအရိုင်းဆန်ဆန်လှပနေတဲ့ ညောင်ဉီးဖီးကျွန်းကိုအနီးအနားက ကျွန်းစုတွေက ၀◌န်းရံထားတော့ သူ့အလှကပိုပြီးအသက်၀◌င်စေခဲ့တာတွေကိုတော့ ပုံလေးတွေမှာကြည့်ရှုခံစားကြပါကုန်။ ကော့သောင်းမြို့ပေါ်က Victoria cliff resort နဲ့ မြို့အကြောင်းကိုတော့ နောက်ပို့စ်တွေမှာဆက်ရေးပေးပါမယ်

အားလုံးကိုကျေးဇူးပါ