မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အကြမ်းဖက် လူသတ် အုပ်စု တစု ပေါ်ပေါက်နေ

BayoteMay 11, 20101min554

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် အစိုးရနှင့် ဆက်စပ်သူ သတင်းပေးများကို သတ်ဖြတ်သည့် လူသတ် အဖွဲ့အစည်း တခု ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ အုပ်စုကို ယခင် ထောက်လှမ်းရေး တပည့် အဖြစ် လုပ်ကိုင်ခဲ့သူ အဒူလာကိန်းဆိုသူက ဦးဆောင်နေကြောင်း ဒေသ အတွင်းက လာသော သတင်များအရ သိရသည်။

အဆိုပါ အုပ်စုသည် လွန်ခဲ့သော အပတ်က မောင်တောမြို့နယ် တောင်ပိုင်း သဝင်ချောင်း ကျေးရွာမှာ စရဖ ထောက်လှမ်းရေး သတင်းပေး တဦးကို ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။

အသတ်ခံရသူမှာ မောင်တောဆေးရုံတွင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အဆိုပါ စရဖ သတင်းပေး အသတ်ခံရပြီးနောက်ပိုင်း အဆိုပါ လူသတ် အကြမ်းဖက်အဖွဲ့ကို စစ်တပ် တပ်ရင်း ၃ ခုမှ စစ်ဆင်ရေး တရပ် ပြုလုပ်ပြီး အပြင်းအထန် တောနှင်းရှာဖွေခဲ့သည်။

ဒေသခံ တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ တပ်ရင်း သုံးရင်းပေါ့နော်။ ဘူးသီးတောင် အခြေစိုက် ၂၃၄ တပ်ရင်းနဲ့ ရသေ့တောင် အခြေစိုက် ၅၃၆ တပ်ရင်းရယ်။ နောက်တပ်ရင်း တရင်း နံပတ်ကတော့ မသိပါဘူး။ အဲဒီ တပ်ရင်းတွေက စစ်သား အများအပြားနဲ့ အဒူလာကိန်း အဖွဲ့ကို အပြင်း အထန် စစ်ဆင်ရေး တရပ်ပြုလုပ်ပြီး တောနှင်းရှာဖွေ ခဲ့ပါတယ်။ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေကို အကုန်လုံးပိတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့ပါတယ်။ မမိပါဘူး။ စစ်ဆင်ရေး လုပ်တုန်းက ဆိုရင် မောင်တော တောင်ပိုင်းက တောင်ကျော်လမ်းတွေ အကုန်လုံးကို ပိတ်ထားပါတယ်။ ခုတော့ စစ်ဆင်ရေးက ရုပ်သွားပါပြီ။ ဒါပေမယ့် တောထဲမှာ စစ်သားတွေ ဆက်လက် ရှိနေတုန်းဘဲလို့ သိရပါတယ်။”

အဆိုပါ အဖွဲ့မှာ အင်အား ၂ဝ ခန့်ရှိပြီး ဘင်္ဂလာဒေချ့်ဘက်မှ နတ်မြစ်ကို လှေဖြင့် ဖြတ်ပြီး မြန်မာ နယ်စပ်ကို ဝင်ရောက်ကာ နအဖနှင့် နီးစပ်သူများကို သတ်ဖြတ်နေခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ မောင်တော မြို့ခံ တဦးကလည်း “ ဒီ အဒူလာကိန်း အဖွဲ့ကို လူတိုင်းသိနေပါတယ်။ သူတို့က လူသတ်တာတွေ တော်တော်များနေပြီ ဆိုတော့ ဒေသခံတွေ ကလည်း သူတို့ အဖွဲ့ဆိုရင် ကြောက်နေကြရပါတယ်။ နစကတွေက တခါမှ သူ့အဖွဲ့ကို မိအောင် မဖမ်းနိုင်သေးပါဘူး။” ဟု ပြောသည်။

အဒူလာကိန်း အဖွဲ့သည် လွန်ခဲသော နှစ်အနည်းငယ်ကလည်း သဝင်ချောင်းကျေးရွာမှ ရယက အတွင်းရေးမှူး မူဆလင် အမျိုးသား မောင်မောင်တင်နှင့် ဦးရွှေကျ ကျေးရွာမှ ရယက အဖွဲ့ဝင် အဒူဖေါ်ဇာ တို့ကို သတ်ဖြတ်ပစ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် မောင်တောမြို့နယ်တွင် လူပေါင်း ၂ဝ ခန့်ကို သတ်ဖြတ်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

Source : http://www.narinjara.com/detailsbur.asp?id=2479

4 comments

  • Shwemannmay

    May 11, 2010 at 7:30 am

    ကြောက်စရာကြီး မြန်မာပြည်လည်း တဖြေးဖြေးနဲ ့ အိန္ဒိယလို ဖြစ်တော့မလားမသိဘူး

  • susunosuki

    May 11, 2010 at 3:56 pm

    အကြမ်းဖက်တာမကောင်းပါဘူး
    ညှိနှိုင်းလို့ရပါတယ်

  • banban

    May 12, 2010 at 5:30 am

    နယ်စပ်ဘက်မှာနေရင် …ကိုယ့်ဘက်ကမှန်အောင်နေရင် သိပ်ပီး အန္တရာယ်မရှိပါဘူး…

  • winne

    July 13, 2010 at 6:20 am

    ဘာအတွက် ကြောင့် ဖွဲ့စည်းထားတဲ့ အဖွဲလည်း မိလည်းမမိသေးဘူးဆိုတော့ …

Leave a Reply