ကျေးဇူးတော်ရှင် မဟာဗောဓိတထောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန ္တနာရဒ ၏ ဩဝါဒ ကထာ

thantzinhtutJune 4, 20101min780

* စိတ်စေတနာကောင်ကောင်းထားကြပြီး

* ဇွဲကောင်းကောင်းထားကြက

* သဘောာထားကြီးကြီးမားမားထားကြပြီး ဆောင်ရွက်ပါမှ အရာရာအောင်မြင်မည်။

ချမ်းသာခြင်း၏အကြောင်းတရားလေးပါး

* ရအောင်ရှာ
* လုံအောင်သိမ်း
* မျှအောင်သုံး
* ပတ်ဝန်းကျင်ကောင်းနှင့်ပေါင်း

ပျက်စီးခြင်းအကြောင်းတရားလေးပါး

* ပျက်လျှင်မပြင် ၊ ပျောက်လျှင်မရှာ၊ ဗရဖွာသုံး ဉာဏ်တုံးသူအား အမှူးထား လေးပါးပျက်စီးကြောင်း

ချမ်းသာခြင်းအကြောင်းတရားလေးပါး

* မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ၊ ခုလဲချမ်းသာ၊ နောင်ချမ်းသာ

မြတ်စွာဟောမြွက်ကြား။

သုတပဒေသာ

ဥစ္စာရှိမှ မှီခိုရာ၊ အရံအတားရှိမှ ပြည့်စုံရာ၊

ဝယ်တတ်မှရသည်၊ ရောင်းတတ်မှမြတ်သည်၊

လက်ဘ်ရှိမှပေးနိုင်သည်။ အထိန်းရှိမှ ဥစ္စာပွားသည်။ အရင်းကြီးမှအမြတ်များသည်။

အသွင်အပြင်ရှိမှ လူရိုသေမည်။ အနေအထိုင်ကျစ်လစ်မှ ချစ်ခင်သနားသည်။

အရည်အသွေးရှိမှ အောင်သည်၊ အခွဲအခြမ်းရှိမှ စေ့စပ်သည်။

သဒ္ဓါလွန်လျှင် ဆွံ့သည်။ ပညာလွန်လျှင် ကွန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်၊

ဝီရိယလွန်လျှင် ပျံ့သည်။ သတိရှိတာ လွန်သည်မရှိ

မခင်သော်လည်း မမုန်းစေနှင့်၊မမြတ်သော်လည်း မရှုံးစေနှင့်

စိတ်ကောင်းရှိမှ မိတ်ကောင်းရမည်။

အထင်သေးက အမှားဆုံး၊ မယဉ်ကျေးက အများမုန်း ၊ အကြံတူ ရန်သူဖြစ်

ကိုယ်ဘယ်လိုပန်းပန်း စိတ်မနွမ်းစေနဲ့

မနာလိုကင်း ဝန်တိုရှင်း လက်ငင်းချမ်းသာမည်။

အောင်မြင်သူကဲ့သို့ ပြုမူပါ။ သင်အောင်မြင်ပါလိမ့်မည်

ကုသိုလ်နည်းှမှာကို မကြောက်ကြ၊ စီးပွားနည်းမှာ ကြောက်ကြသည်။

စိုးရိမ်သောက ရောဂါရ၊ ဖျောက်မှလွတ်ချမ်းသာ၊

စိတ်ထောင်းတော့ကိုယ်ကြေသည်။ စိတ်နွမ်းတော့လူပန်းသည်

ဥပါဒါန်စွဲလမ်းမှုကြောင့် ဥပါဒ်ရောက်သည်

စေတနာကောင်းလျှင် ကံကောင်းသည်။ စေတနာဆိုးလျှင် ကံဆိုးသည်။

ကုသိုလ် ဥစ္စာကျန်းမာရေးနှင့် ပညာတန်ခိုး အမျိုးမျိုးမှ အကျိုးမထွက်

ထိုနေ့တွက် သက်သက်ဝမ်းနည်းဘွယ်။

စက်လေးပါး

သူတော်ကောင်းနှင့်ပေါင်း အကျင့်တရားကောင်း

ရှေးကံရှိသူဖြစ်သင့်ရာအရပ်နေ

စိတ်ရှည်ဇွဲသန် သည်းညည်းခံ၍ ကျင့်ကြံအားထုတ် ဒို့အလုပ်

စိတ်ပျိုလျှင် ကိုယ်နုသည်။ စိတ်ထောင်းလျှင် ကိုယ်ကြေသည်။ ကိုယ်ဘယ်လိုပန်းပန်း စိတ်မနွမ်းစေနှင့်

ဆန္ဒဝီရိယရှိပြန်က မုချတိုးတက်မည်။ စိတ်ရှည်ဇွဲသန် အလုပ်မှန် သည်းခံအောင်ရမည်။

စိတ်ရှည်သည်းခံ အနေမှန် ဧကန်တိုးတက်မည်။

နေ့တိုင်းစာပါလျက် မဝတာက အစား၊ နေ့တိုင်းပြောပါလျက် မတတ်တာက စကား

ထင်ရှားရှိပါလျက် မသိတာကတရား

စိတ်ထောင်းတောကိုယ်ကြေ- စိတ်လေတော့ ကိုယ်လွင့်

စိတ်ဓါတ်တွေတည်ငြိမ်နှင့် ကြိုးစားဘို့သင့်

မမေ့လျော့သော အသိတရားနှင့် နေကြပါလေ။