သုခရိပ်မြုံ မိဘမဲ့ဂေပာာ

nyanayJune 4, 20101min780

ကုသိုလ်ပါဝင်လှူဒါန်းနိုင်စေရန်…………………………………

သုခရိပ်မြုံ လုမှုထောက်ပံ့ရေးစီမံချက်
ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမျိုလျက်ရှိပါသည်။ လွန်ခဲ့သော (၂၇)နှစ်ကျော် ကာလကတည်းက ဝင်ရောက်လာခဲ့သော HIV ပိုးသည် မိမိတို့ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်သွားသောအခါ ၎င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြပါသည်။
ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိ များက သနားကြင်နာစွာစောင့်ရှောက်ချင်း ရှိကြသကဲ့သို့ ဆွေမျိုးညာတိမရှိသူများကိုလည်း မိဘမဲ့ဂေဟာများမှ နှစ်လိုစွာ လက်ခံကြပါသည်။
သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲများစွာ ရှိပါသည်။ မိဘနှစ်ဦစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာခံစားနေရသဖြင့် ကလေးငယ်အားမစောင့်ရှောက်နိုင်တော့ သော အခြေအနေ သို့ရောက်ရှိနေသူများ၊ အခြေအနေအရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက် ထားရသော်လည်း ကလေးငယ်အပေါ်တွင် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရသူများ၊ အကြောင်းကြောင်းကြောင့် စောင့်ရှောက်မည့်သူ မရှိသောသူများ အစရှိသောကလေးငယ်များအား မိဘမဲ့ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမာန်ကလေး များနှင့်အတူ ရောနှောထားလျင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှိသူ ကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေး နိုင်သော ဂေဟာလေးတစ်ခု လိုအပ်လာပါသည်။
HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာခံစားနေရသော ကလေးငယ်များနှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများသက်ရောက်မှုကို ခံယူနေရသော ကလေးငယ်များကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှကာလအပိုင်းအခြားတွင် မိသားစုအခွင့်အရေးများ တတ်ျွှိင်သမျှ အပြည့်အဝရရှိခံစားနေနိုင်ရန် ရှေ့ရှုကာ ကိုယ်ချင်းစာတရားလက်ကိုင်ထားသူများ စုပေါင်းပြီး တတ်နိုင်သမျှ မတည်လှုဒါန်းငွေဖြင့် သုခရိပ်မြုံ လူမှုထာက်ပံ့ရေး စီမံချက်ကို စတင်အကောင်အထည်ဖော်ခဲ့ကြပါသည်။.
ရေရှည်ရပ်တည်တံ့နိုင်ရန်အတွက် အများပြည်သူ စေတနာရှင်များ၏ အလှုငွေများဖြင့်ဆက် လက်လည် ပတ်သွားမည်ဖြစ်ပါသည်။

အဖွဲ့အမည်-သုခရိပ်မြုံ လူမှုထာက်ပံ့ရေး စီမံချက် တည်နေရာ-အမှတ်(၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၁)ရပ်ကွက်၊ ရန်ကုန်မြို့။
………………………………….
………………………………………….
အဲဒီ့အဆောက်အဦးလေးကို ၂၀၀၆ခုနှစ်မှာအုတ်မြစ်ချအခြေတည်ခဲ့တာဖြစ်ပြီး ၊ သုခရိပ်မြုံစတင်စဉ်မှာ ကလေးလေး(၂)ယောက်ကနေစတင်ခဲ့တာပါ..။ အခု အဲဒီ့အဆောက်အဦးထဲမှာ ကလေးလေး(၄၅)ယောက်အထိရှိသွားခဲ့ပါပြီ.။ သူတို့လေးတွေဟာ အသက် တစ်နှစ်ခွဲ ကနေ ၁၅ နှစ်အထိ အရွယ် အသီးသီးရှိကြပါတယ်.။
ကံကြမ္မာချထားပေးရာထိတ်လန့်စရာဘဝတွေနဲ့ ကိုယ့်အနာဂါတ်ကိုမသိရှာကြတဲ့ ကလေးလေးတွေ. သူတို့ဟာဘယ်လိုမှဆက်စပ်စရာမရှိတဲ့တစ်နေရာစီကနေရောက်လာကြရပြီး တစိမ်းတရံစာတွေရဲ့မေတ္တာလေးနဲ့နွေးထွေးနေကြရရှာသူတွေဖြစ်ပါတယ်.။
သူတို့လေးတွေထဲမှာ တစ်ချိုက ကာတွန်းတွေ ပန်းချီတွေရေးဆွဲရတာကို နှစ်ချိုက်လို့..
တစ်ချို့က စာအုပ်တွေဖတ် ပုံပြင်တွေနားထောင်ရရင်ပျော်လို့
တစ်ချို့လေးတွေက သူတို့နာမည်မေးရင်တောင် သူတို့ကြိုက်တဲ့
မင်းသားမင်းသမီးနာမည်ကို
ရယ်ရယ် မောမော ဖြေဆိုတတ်ပါသေးတယ်..
တစ်ချို့က ဦးဗေလုဝကိုမြင်တော့ Hi Tea လာပြီဟေ့တဲ့..
ဆရာဝန်မကြီးလုပ်တမ်းကစားရမှ ကျေနပ်ကြသူလေးတွေ
စာသင်ကြေးဆော့နေကြတဲ့ ကလေးလေးတွေ..
ကစားစရာကို ဖြုတ်လိုက်တပ်လိုက် အလုပ်ရှုပ်နေသူလေးတွေ..
အဲသည့် ၄၅ ယောက်သော လူမမည်လေးတွေဟာ အနာဂါတ်ကောင်းကင်မှာ
ဘယ်လို ထွန်းလင်းပြမယ့် ကြယ်စင်တွေများလဲ…..။
သူတို့လေးတွေက အဲဒီ့ဂေဟာလေးမှာ
ဆရာမဒေါ်သန်းမြင့်အောင်၊ ဆရာမ ဂျူး၊ ဆရာမစုထား
အစရှိတဲ့ သုခရိပ်မြုံမိသားစုရဲ့အရိပ်အာဝါသအောက် မှာ
ဝန်ထမ်းသူနာပြုဆရာမ၊ကျောင်းဆရာမမေမေတွေ (၁၈) ယောက်ရဲ့
ယုယအုပ်ထိမ်းမှုအောက်မှာ
အပူအပင်မရှိ ပျော်ရွှင်နေကြရှာပါတယ်..။
မူကြိုအရွယ်ကလေးတွေအတွက် မူကြိုကျောင်း နဲ့ သူငယ်တန်းကနေ
လေးတန်းအထိ ကလေးငယ်တွေအတွက် ဝိသာခါသီလရှင်ပညာဒါနကျောင်းမှာ နာမည်စာရင်းပေးသွင်းထားပြီး သုခရိပ်မြုံလေးမှာပဲ သင်ရိုးတွေအတိုင်းသင်ကြားပေးလျှက်ရှိပါတယ်.။
လိုအပ်တဲ့ဆေးဝါးများ ပုံမှန်တိုက်ကျွေးပြီး အလှည့်ကျဆရာဝန်များ ဝန်ထမ်းသူနာပြုများနဲ့ သူတို့ဘဝလေးတွေကို ပြုစုပျိုးထောင်ပေးနေကြပါတယ်..။
ခုချိန်အထိ ကလေး(၂)ယောက် တိမ်းပါးလက်လွှတ်ခဲ့ရတယ်လို့လည်းသိရပါတယ်..။
သူတို့ဘဝလေးတွေရဲ့ လိုနေသမျှ ရုပ်ကွက်လပ်၊ စိတ်ကွက်လပ်တွေကို အကုန်လုံးမပြည့်စွမ်းနိုင်ရင်တောင်
မေတ္တာရှင်တွေက ကရုဏာရှေ့ထားလှူဒါန်းကြတာလေးတွေနဲ့ ထပ်တူနီးပါး ဖြည့်စွမ်းပေးနိုင်အောင်ကြိုးစား နေကြပါတယ်.။
သူတို့လေးတွေ ပစ္စပ္ဂုန်အတွက် ၊ သူတို့လေးတွေရဲ့အနာဂါတ်အတွက် အလှူငွေတွေ ပံ့ပိုးမှုတွေ
လိုအပ် နေပါတယ်.။
သုခရိပ်မြုံရဲ့ တစ်နေ့တာ နေ့လည်စာနဲ့ ညစာကုန်ကျစရိတ်က ငွေကျပ် ငါးသောင်း ဝန်းကျင်ရှိပြီး
တစ်လကို ဆေးဖိုး ၊ဝန်ထမ်းစရိတ်နဲ့ အထွေထွေကုန်ကျမှုတွေမပါဝင်သေးပဲ ငွေကျပ် တစ်ဆယ့်ငါးသိန်းကျော် ရှိတယ် လို့လဲသိရပါတယ်.။

from xmyanmarx……………