ဦးဇာဂနာနှင့် ကလင်တန်တို့ တွေ့ဆုံကြပြီ

manawphyulayFebruary 9, 20121min27814

ဦးဇာဂနာနှင့် ကလင်တန်တို့ တွေ့ဆုံခြင်း

U.S. Secretary of State Hillary Rodham Clinton greets Burmese comedian and recently-released former political prisoner Zaganar at the U.S. Department of State in Washington, D.C., on February 8, 2011. [State Department photo/ Public Domain]

14 comments

  • thit min

    February 9, 2012 at 11:06 am

    ပို့စ်နဲ့တော့ တိုက်ရိုက်မပါတ်သက်ဘူးလို့တော့ထင်ပါရဲ့။
    ————————————————–
    ကိုအလင်းဆက်ရေ———————-
    (ကျနော်မျက်စိအမြင်မမှားဘူးဆိုရင်)
    အဲဒီမျက်မှန်နဲ့အလယ်က ရပ်နေသူက ကိုအောင်ဒင်(ခေါ်) ချစ်ကိုကို(ခေါ်)
    (မူလလက်ဟောင်း)အာအိုင်တက်စဉ်က….တာရာမင်းဝေ
    ကလောင်ပိုင်ရှင်ပါဘဲ။ရွှေဘုန်းလူရဲ့ အကိုအရင်းပါ။

    သူ့ညီကတော့ ခင်ဗျားတို့နှစ်သက်တဲ့ဆရာတာရာမင်းဝေ (ခေါ်)
    ရွှေဘုန်းလူ (ခေါ်) ချစ်ညီညီ(ခေါ်) နောက်ဆုံး တာရာမင်းဝေ ကလောင်ပိုင်ရှင်ပေါ့နော်။

    • manawphyulay

      February 9, 2012 at 11:12 am

      ကိုအလင်းဆက် ဟုတ်ဝူးလေ ဘဘဦးသစ်မင်းရယ်…. ဒူ့ကို ကျောကျတာလဲရို့… ခုလိုပြောတော့လည်း သိသွားတာပေါ့။ သူက အဲဒီမှာ ဘယ်တုန်းက ရောက်ပြီး ဘာလုပ်နေတာလဲဟင်…

      • thit min

        February 9, 2012 at 11:22 am

        ကဲပါ။
        ရှင်းပြလိုက်ပါအုန်းမယ်။
        ဖွားဖွားမနောဖြူတင်မှန်းသိပါတယ်။ 🙂
        ကွက်ကျော်လေးတွေ စဉ်းစားကြည့်ပါလား။
        ကိုအလင်းဆက်က တာရာမင်းဝေ အသဲစွဲ။ ပို့စ်တောင်တင်ထားတယ်။
        အဲဒါသူ့ကို လှမ်းပြောတာပါ။

        • manawphyulay

          February 9, 2012 at 11:57 am

          ဟုတ်ကဲ့ သဘောပေါက်ပါပြီရှင်။ အတော်တော့ စာရေးကောင်းမယ့်သူဖြစ်မယ်နော်။ ကဗျာတွေလည်း ဖတ်ချင်တယ် သဂျီးရေ အဆင်ပြေရင် တင်ပေးလို့ရမလားရှင့်။ လေ့လာချင်လို့ပါနော်။

    • kai

      February 9, 2012 at 11:28 am

      မှန်တာပေါ့ကိုသစ်မင်းရယ်…
      ကိုအောင်ဒင်က.. အခုမြန်မာ့နိုင်ငံရေးနဲ့ အမေရိကပတ်သက်တဲ့ဖြစ်စဉ်မှာ အင်မတန်အရေးပါတဲ့နေရာမှာရှိတာပါ..။ သူက..US Campaign for Burma တည်ထောင်သူတဦးလည်းဖြစ်တယ်လေ…။
      သူ့စာလက်ရာတွေ..ဝါရှင်တန်ပို့စ်မှာ တွေ့ရလေ့ရှိပါတယ်..။

      ကဗျာဆရာတဦးလည်း ဖြစ်ပါတယ်..။ ဒဿ လို့မှတ်မိတယ်..။ 🙂

  • amatmin

    February 9, 2012 at 12:11 pm

    ဒါဆို ကျောင်းဖွင့်ချိန်ဆိုတဲ့ ကဗျာကိုရေးတာက ရွှေဘုန်းလူ (တာရာမင်းဝေ)လား.. သို့မဟုတ်
    တာရာမင်းဝေ ( ဒဿ) လား.. သိရင်လင်းပေးပါဦး နော်..

    တို့မြန်မာတွေ အချိန်တန်တော့လည်း..အိမ်တော်အထိပေါက်တာပဲ.. 🙂

  • MaMa

    February 9, 2012 at 5:28 pm

    ကိုအောင်ဒင်ကို မြင်ဖူးပေမယ့် ကိုသစ်ပြောမှပဲ ရာဇဝင်ကို သိရတော့တယ်။ 🙂

  • ကိုအောင်ဒင်လဲ သိရ၊မှတ်ရပါပီ။
    ဦးသူရကိုရော၊ဟီလာရီကိုရောသိပါပီ။
    အမျိုးသမီးနောက်တစ်ယောက်က ဘယ်သူ
    ပါလိမ့်ဗျာ။သိကြလားဟင်။

    • thit min

      February 9, 2012 at 8:11 pm

      Special present for အတိသဉ္ဇာ နာဂရ ချစ်သူ

      Credit to http://burma.irrawaddy.org/archives/5928
      အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဝါရှင်တန် ဒီစီ မြို့တွင် တွေ့ဆုံသည်။

      မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့် အနေဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

      ကိုဇာဂနာက“ကျနော်တို့ နိုင်ငံမှာ တိုးတက်မှုက အခုမှ အစပဲ ရှိပါသေးတယ်။ ရှေ့ဆက်လုပ်ဆောင်စရာတွေကို လုပ်ဖို့ ကျနော် တို့ ဆန္ဒရှိပါတယ်။ ဒါဟာ ကျနော်တို့အတွက် အရမ်း အရေးကြီးပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မစ္စ ဟီလာရီ နှင့် တွေ့ဆုံမှု အပြီးတွင် ဧရာဝတီကို ပြောသည်။

      ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ပြီး ကိုဇာဂနာသည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် အနေနှင့် ရောက်ရှိနေခြင်း ဖြစ် သည်။

      မစ္စ ဟီလာရီနှင့် တွေ့ဆုံရာတွင် လူရွှင်တော် ဇာဂနာနှင့်အတူ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့် တို့လည်းပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

      ထိုသို့ အမေရိကန် ထိပ်တန်းအရာရှိများ တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ တိုင်းရင်းသား အရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

      “တွေ့ရတာ အရမ်းအားရမိပါတယ်။ သူ့ရဲ့ အားပေးမှုတွေကို တကယ်ပဲ အထူး ကျေးဇူးတင်ကြောင်း ကျမ သူ့ကို ပြောခဲ့တယ်။ အထူးသဖြင့်တော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးပေါ့။ အမျိုးသမီးအရေးကို သူတကယ်စိတ်ဝင်စား တယ်လို့ ကျမထင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမျိုးသမီးအရေး ပိုတိုးတက်အောင် အားပေးဖို့ ကျမ သူ့ကိုတိုက်တွန်းခဲ့ပါတယ်”ဟု ဒေါ်ခင်သန်းမြင့်က ပြောသည်။

      ကိုဇာဂနာ တို့ ၃ ဦးသည် အမေရိကန်ရှိ National Endowment for Democracy(NED) ၏ ဖိတ်ကြားချက်အရ အမေရိကန် သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

      လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း NED တွင် အရပ်သား အစိုးရ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမြင်သဘောထားများအား ကို ဇာဂနာနှင့် မြန်မာ့အရေး လှုပ်ရှားသူများအပါအဝင် အမေရိကန် လွှတ်တော်အမတ်တချို့နှင့် NED မှ တာဝန်ရှိသူများ ဆွေးနွေး ဖလှယ်ခဲ့သေးသည်။

      ကိုဇာဂနာသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်၂၀၁၁ ခုနှစ် အောက်တိုဘာလလယ်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ၎င်းကို အစိုးရက၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်နေစဉ် ဖမ်းဆီး၍ ထောင် ၃၅ နှစ်ချမှတ်ခဲ့သည်။

      ထောင်မှပြန်လွတ်ပြီးနောက် ကိုဇာဂနာသည် ထိုင်း၊ ကမော္ဘဒီးယား နှင့် စင်္ကာပူနိုင်ငံများသို့ ပြည်ပခရီးစဉ်အဖြစ် ရုပ်ရှင်နှင့် အနုပညာဆိုင်ရာ လေ့လာရေး ထွက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခြင်းများနှင့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော်ကိုလည်း ဦးစီးလုပ်ဆောင်ခဲ့သည်။

      မစ္စ ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ကိုဇာဂနာနှင့် ရန်ကုန် တွင် တွေ့ဆုံခဲ့သေးသည်။

      နှစ်ပေါင်း ၅ဝ ကျော်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ် ဖြစ်သည်။

      ယင်းခရီးစဉ် အတွင်း မစ္စ ဟီလာရီသည် သမ္မတ ဦးသိန်စိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အသီးသီးတွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အမေရိကန်က အားပေးထောက် ခံ သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
      Credit to http://burma.irrawaddy.org/archives/5928
      —————————————————————–

      Credit to
      http://moemaka.com/2012/02/clinton-met-with-burmese-activists-%E1%80%80%E1%80%AD%E1%80%AF%E1%80%AF%E1%80%87%E1%80%AC%E1%80%82%E1%80%94%E1%80%AC%E1%81%8A-%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%98%E1%80%AC%E1%80%80%E1%80%B9/

      မြန်မာပြည်က ကိုုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တိုု့ ကလင်တန်နှင့်တွေ့ဆုုံ

      ကိုုဇာဂနာက ခင်ညွန့်နဲ့ တွေ့ဆုုံရာတွင် ရေတောင် မတိုုက်ဟုု အင်တာဗျူးတခုုတွင် ပြော

      မိုုးမခဓာတ်ပုုံသတင်း၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂

      ဖေဖော်ဝါရီ ၈၊ နေ့ခင်း၊ ဝါရှင်တန်ဒီစီ အစုိုးရရုုံးတော်တွင် မြန်မာပြည်က ခေတ္တလာရောက်သူ နိုုင်ငံအရေး နိုုးကြားလှုပ်ရှားသူများဖြစ်သည် ကိုုဇာဂနာ၊ ဒေါ်ဘောက်ဂျာနှင့် ဒေါ်ခင်သန်းမြင့်တိုု့ကိုု အစုိုးရနိုုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်က လက်ခံတွေ့ဆုုံခဲ့သည်ကိုု တွေ့ရစဉ်။

      http://www.foreignpolicy.com/articles/2012/02/07/no_joke?page=0,0

      ( ဖော်ရိန်းပေါ်လစီအမည်ရ စာစောင်တွင် ပါသော အင်တာဗျူး) အထက်ပါ စာစောင်၏ အင်တာဗျုးတွင် ကိုုဇာဂနာက မိမိနှင့် မကြာသေးမီက လွတ်မြောက်လာသူ စစ်အစုိုးရ၏ ထောက်လှမ်းရေးခေါင်းဆောင် ဗုိုလ်ခင်ညွန့် နှင့် တွေ့ဆုုံခဲ့စဉ်က အကြောင်းကိုု ထုုတ်ဖော်ပြောဆိုုခဲ့သည်။

      ဒီမိုုကရေစီအရေးတော်ပုုံကိုု ရက်စက်စွာ နှိမ်နှင်းဖြိုခွဲခဲ့သော ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဦးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးသမားများကိုုပါ လွတ်မြောက်စေချင်သည်ဟုု မိမိက ပြောခဲ့ကြောင်း၊ ၎င်းနောက် ဗိုုလ်ခင်ညွန့် လွတ်မြောက်လာကြောင်း၊ ထိုုပုုဂ္ဂိုလ်က မိမိနှင့် လူချင်းတွေ့ပြီး ကျေးဇူးတင်လိုုသည်ဟုု ပြောဆိုုသဖြင့် ခင်ညွန့်၏ ကျေးဇူးတင်ခြင်းကိုု ခံယူရန် သွားရောက်တွေ့ဆုုံခဲ့ကြောင်း၊

      အဆိုုပါ ခင်ညွန့်သည် နန်းတော်ကဲ့သိုု့ အိမ်တော်ကြီးတွင်းရှိ ကြီးကျယ်သော တီဗီအပြားကြီး ရှိသည့်အခန်းထဲတွင် လက်ခံတွေ့ဆုုံကြောင်း၊ ဒါဇင်ဂဏန်းမကရှိသော ဟင်းဖုုန်းများ အခန်းထောင့်တွင် ပုုံထားကြောင်း၊ စာပွဲပေါ်တွင် i-PAD အိပ်ဆောင်ကွန်ပျူတာတလုုံး ရှိကြောင်း၊ လာရောက်နှုတ်ဆက်သူများကိုု အမေရိကန် ၁ဝ ဒေါ်လာခန့် တန်ဖိုုးရှိသည့် မုုန့်ဖိုုးပေးနေကြောင်း ဇာဂနာက အဆိုုပါ အင်တာဗျူးတွင် ပြောဆိုုထားသည်။

      ခင်ညွန့်က ၎င်းကျုးလွန်ခဲ့သော မတရားမှုများအတွက် တောင်းပန်လိုုသည့် သဘောထားရှိမရှိကိုု ဇာဂနာက ဖြေကြားခြင်းမရှိဟုု ဆိုုသည်။ အဆိုုပါကိစ္စမှာ ပြည်သုူနှင့် ခင်ညွန့်တိုုက်ရိုုက် သက်ဆိုုင်သည်ဟုု ပြောကြားခဲ့သည်။ ခင်ညွန့်က ဧည့်သည်ဖြစ်သူ မိမိကိုု ၁၅ မိနစ် ခန့်တွေ့ဆုုံသည့်အချိန်အတွင်း ရေ၊ ကော်ဖီ သိုု့မဟုုတ် ဘီယာနှင့်တောင် ဧည့်ခံဖော်မရဟုု ရယ်သွမ်းသွေး ပြောကြားခဲ့သည်။
      —–

  • captainamerica

    February 10, 2012 at 12:24 am

    ကျောင်းဖွင့်ချိန်ကဗျာကို ကိုချစ်ညီညီ(ခ)ဆရာတာရာမင်း‌ဝေရေးသားခဲ့တယ်လို.ထင်ပါတယ်။
    မှားရငလည်းပြန်ပြင်ပေးကြပါ။

  • blackchaw

    February 10, 2012 at 9:37 am

    မနောဖြူလေးရေ ပို့စ်လေးအတွက်ကျေးဇူးပါ။
    ကိုသစ်မင်း ရဲ့ ကွန်းမန့်လေးတွေ အတွက်လည်း ကျေးဇူးပါဗျ။

  • nozomi

    February 10, 2012 at 11:42 am

    ဒေါ်မနောရေ ပို့စ် အတွက် ကျေးဇူးနော

    မြစ်ဆုံ ကိစ္စ အစပျိုးခဲ့တာ ကိုအောင်ဒင် လို့ ထင်တယ်
    ဆရာသစ် ရေ အဲဒီအမြင်လေး မှန် မမှန် လဲ ကူညီပေးပါဦးခင်ဗျာ

    • kai

      February 10, 2012 at 2:12 pm

      http://myanmargazette.net/54794/politics-news-issues

      ကိုအောင်ဒင် အပေါ်ကစာကိုပို့လာတော့.. တော်တော်စောပါတယ်..။ ဘယ်မီဒီယာကိုမှ မတင်သေးပါဘူး..။
      အဲဒီအချိန်မှာ.. ဧရာဝတီကိုကယ်ဖို့က.. .. ထိထိရောက်ရောက်မလုပ်ကြ.. မနှိုးဆော်ကြသေးပါဘူး…။
      ကချင်တိုင်းရင်းသားတွေ လုပ်နေပေမဲ့.. လူသူသိပ်မသိပါဘူး…

      ဆိုတော့…
      ခရက်ဒစ်ပေးဆိုရင်.. ကိုအောင်ဒင်ကို အများဆုံး ပေးရမယ်လို့.. ထင်ပါကြောင်း…။ 😆

  • awra-cho

    February 10, 2012 at 12:38 pm

    ပြည်တွင်း မှ ကျွန်တော်များ ဝင်ရောက် ဆွေးနွေးရန် လက်လှမ်းမမီ ကြောင်းပါ ခင်ဗျား

Leave a Reply