မြန်မာတို့အကြိုက်

SandyFebruary 9, 20121min1849

အခုတော့ထမင်းစားမကောင်းတာနဲ့ဘာချက်စားရင်ကောင်းမလဲလို့စဉ်းစားရင်းအကြံရသွားတယ်။
မြန်မာတွေအကြိုက်ပေါ့” ခရမ်းချဉ်သီးငပိချက်” လေ။

လိုအပ်တာလေးတွေကတော့…………………

၁။ခရမ်းချဉ်သီး(အကြီး၂လုံး)
၂။ငရုတ်သီးဖွဲကြမ်း(အနည်းငယ်)
၃။ငရုတ်သီးစိမ်း(၄တောင့်)
၄။ကြက်သွန်နီ(၂လုံး)
၅။ကြက်သွန်ဖြူ(၁ဥ)
၆။ပုဇွန်ခြောက်မှုန့်(သင့်တော်သလို)
၇။ငံပြာရည်(အချို)
၈။အချိုမှုန့်(အနည်းငယ်)
၉။ပဲဆီ(အနည်းငယ်)

အစီအစဉ်လေးတွေကတော့…………………

၁။ခရမ်းချဉ်သီး၂လုံးကိုအရင်ရေနွေးဆူဆူဖြင့်မိနစ်အနည်းငယ်ပြုတ်ပါ။
၂။ကြက်သွန်အဖြူ၊အနီကိုလေးစိတ်စိတ်ပြီးငရုတ်သီးစိမ်း၊ဖွဲကြမ်းတို့ဖြင့်ရောထောင်းပါ။

(အချိုမှုန့်ပါထည့်ပါ)
၃။ပြုတ်ထားသောခရမ်းချဉ်သီး(အပျော့)ကိုပါရောပြီးထောင်းပါ။
၄။ရောထောင်းထားပြီးသားများကိုဆီပူပူတွင်စတင်ချက်ပါ။
၅။ပုဇွန်ခြောက်မှုန့်၊ငံပြာရည်တို့ပါထည့်ပါ။
၆။သမအောင်မွေပါ။(၅မိန်ခန့်)
၇။လိုက်ဖက်သောတို့စရာများဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
ဥပမာ………”ဂေါဖီပန်းပွင့်ပြုတ်”၊”နံနံပင်”၊”မုံလာဖူးရွက်ပြုတ်”…………………

 

 

 

9 comments

  • စိန်ပေါက်ပေါက်

    February 9, 2012 at 4:09 pm

    သများအကြိုက် မွန်းလိုက်…အဲလေ…ဟုတ်ပါဘူး..သများအကြိုက် ခမ်းသီး ငါးပိချက် ဟဲဟဲ.
    အူးလေးဟာက အမှတ်တမဲ့ကြည့်ရင် ကတွတ်ယိုနဲ ့တူတယ်ဂျ 😆
    ခရမ်းသီးငါးပိချက်တို ့..ငံပြာရည် ငါးပိချက်တို ့..ဘာတို ့ညာတို ့ ပေါ့နော်
    အဲတာတွေနဲ ့တို ့စရာကောင်းကောင်းနဲ ့တီးရင် ဟင်းတောင် မလိုဘူး..၂ဇလုံလောက်ဆွဲတာ 😆

  • water-melon

    February 9, 2012 at 6:43 pm

    ကြည့်ရင်းနဲ့ သရေကျလာပြီ
    ရှလွတ် ရှလွတ် ရှလွတ်
    မတော်ရသေးတဲ့ မိန်းမကို ချက်ခိုင်းရမယ်ဗျို့
    စာဥရေ ခရမ်းချဉ်သီးငပိချက်လေး မောင်ကိုချက်ပေးပါကွယ် 😆

    • စိန်ပေါက်ပေါက်

      February 9, 2012 at 6:53 pm

      အောင်မာ..အောင်မာ
      ညည်းကများ မတော်ရတဲ့ မိန်းမလေးဘာလေး နဲ ့ လူကြားကောင်းအောင် လျှောက်ပြောမနေစမ်းပါနဲ ့
      ညည်းအကြောင်း မောင်ပေရန်ကုန်လာတုန်းက ကျုပ်ကို အကုန်ပြောပြီးသား
      ညည်းမှာတိတ်တိတ်ပုန်းလင် ကိုဂွေးသီးနဲ ့ ကြိတ်ပုန်းခုတ်နေတာ တစ်မြို ့လုံးသိတယ် ပေါက်ရဲ့လား
      ကိုဂွေးသီးကိုသာ ကတ်သီးကတ်သတ်နှပ်ချီး ငါးပိချက် ချက်ကျွေးလိုက်စမ်းဘာ

      • water-melon

        February 9, 2012 at 7:11 pm

        ဘာ အဲတောင်က ငါ့အကြောင်း ပြောသွားတယ်ပေါ့
        မောင်ပေ နင်တွေ့မယ် တွေ့မယ်
        ညည်းလဲ ကျပ်ကျပ်သတိထား
        နင်လည်း ရွာထဲက ကိုတုတ်ကြီးနဲ့ ညတိုင်း ကောက်ရိုးပုံထဲ ချိန်းတွေ့နေတာ ငါမသိဘူး မှတ်နေလား
        ဒီကြားထဲ အသံတွေက နားမကြားရလောက်အောင် ပလူပျံနေတာ ညည်းအစားရှက်လိုက်တာအေ
        ဒါနဲ့ ညည်း EZEE TWO သောက်ပြီးပြီလား 😀

      • စိန်ပေါက်ပေါက်

        February 9, 2012 at 7:14 pm

        အီးဇီးတူးစရာလား ဟဲ့
        အနဲဆုံ ခြောက်လအာမခံတော့ လုပ်ထားရမှာပေါ့
        😮

        • water-melon

          February 9, 2012 at 7:19 pm

          အေးအေး ညည်းအတွက် စိတ်ပူလို့ပါအေ
          တောင်မရေ ရွာထဲမှာ ညည်းမရှိရင် ငါမနေတတ်ဘူး
          ခင်တယ်သူငယ်ချင်းရေ
          ဒါနဲ့ ၆လ အာမခံဆိုတော့ ရွာထဲ AKKO နဲ့ပြတာလားအေ့။
          ဒို့ရွာထဲမှာ တိုင်းရင်းဆေးဆရာလည်းရှိတယ်အေ့
          ဆရာထက်ဝေးဆိုလား ဆရာကရဝေးဆိုလားဘဲ 😀

  • ကိုဂွေးသီးဆိုပါလား ကိုဖရဲရေ။ဘယ်လိုဖြစ်တာလဲ ကိုစိန်ပေါက်ပေါက်ရေ။
    မြန်မာတို ့အကြိုက်တော့ ဟုတ်ပါတယ်။နိုင်ငံခြားရောက်များအတွက်လား
    လို ့။

  • water-melon

    February 9, 2012 at 7:07 pm

    ဘာ အဲတောင်က ငါ့အကြောင်း ပြောသွားတယ်ပေါ့
    မောင်ပေ နင်တွေ့မယ် တွေ့မယ်
    ညည်းလဲ ကျပ်ကျပ်သတိထား
    နင်လည်း ရွာထဲက ကိုတုတ်ကြီးနဲ့ ညတိုင်း ကောက်ရိုးပုံထဲ ချိန်းတွေ့နေတာ ငါမသိဘူး မှတ်နေလား
    ဒီကြားထဲ အသံတွေက နားမကြားရလောက်အောင် ပလူပျံနေတာ ညည်းအစားရှက်လိုက်တာအေ
    ဒါနဲ့ ညည်း EZEE TWO သောက်ပြီးပြီလား 😀

  • ကြောင်ကြီး

    February 10, 2012 at 11:48 am

    ငံပြာရည်အစား ငါးပိသုံးရင် ဘယ်လိုနေမလဲ…နှစ်မျိုးတွဲသုံးရင်ကော….

Leave a Reply