မြင်မိတဲ့ဟင်းလျှာများ (၂)

koaungFebruary 9, 20122min15714

မြင်မိတဲ့ဟင်းလျှာများ (၂) ဖြစ်ပါတယ် မြင်သာမြင်ရမကြင်ရဖြစ်ခဲ့ရင်တော့ ခွင့်လွှတ်နားလည်ပေးစေလိုပါကြောင်း ဗဟုသုတရစေရန်ရည်ရွယ်ပါ၏

 

ဒါကတော့ ဘဲအကောင်လိုက် ပဲငပိနဲ့ချက်ထားတာပါ ဘဲကင်လိုပါဘဲ ကင်ထားတာမဟုတ်လို့ခြောက်ခြောက်ကြီးဖြစ်မနေပါဘူး

သူကြီးနဲ့ဆရာကြောင်ကြီးအကြိုက်ပေါ့ဗျား ကျနော်လဲကြိုက်ပါတယ်

 

ဒါကတော့ငါးကိုပေါင်းပြီး ပဲငပိအစပ်ကိုကောက်ညင်းအရက်ချို နဲ့ရောချက်ထားတဲ့ဆောစ ကိုအပေါ်ကတင်ထားတာပါ

မြန်မာပြည်ကငါးဆီပြန်အရသာနဲ့ခပ်ဆင်ဆင်တူပါတယ်

 

ဒါကတော့ကြက်ဟင်းခါးသီးပေါင်းပါ အရသာကတော့ချိုငံ ချက်လေးပါ

တချို့သောလူများ ကျန်းမာရေးအတွက်ကြက်ဟင်းခါးသီးကိုအထူးတလည်စားကြပါတယ်(ဝမ်တွင်းအေးစေပြီး အပူအပုက်စင်စေပြီ:
အသားအရေလှစေကြောင်း သိရှိရပါတယ်) အရေပြားရောဂါရှိသူများအတွက် အထူးသင့်လျှော်ပါကြောင်း

 

ဒါကတော့ ဂျပန်လိုလင်ကွန် တရုတ်လိုလင်းအော် မြန်မာလို(ကြာဖူးလို့ခေါ်သလားမသိ) မေ့သွားလို့ဆောရီးပါဗျိုး သူကတော့ချိုချဉ်အရသာလေးပါ

 

သူကတော့ဆီးချိုထိန်းနိုင်တယ်လို့သိရှိရပါတယ် အမှုန့်လိုက်ရောင်းတတ်ပြီးတချို့ဆိုနွားနို့ ပဲနို့များနဲ့ရောပြီးသုံးဆောင်ကြပါကြောင်း

 

ဒါကတော့ကြာမဆိုင်နဲ့ပဲသီးကျော်ပါ

 

သပ်သပ်လွတ်စားသူများအထူးတလည် နှစ်သက်ကြပါကြောင်း

 

ဒါကတော့အနံ့အသက်ပြင်းတဲ့(မချက်ခင်တော်တော်နံတယ်) တို့ဖူးပေါင်းပါ အစပ်ကြောက်သူများနှစ်သက်ကြ၏

အရသာကတော့စားတတ်သွားရင်နှစ်သက်ကြပါတယ်

 

တို့ဖူးပေါင်းအစပ်ပါ(တရုတ်လို မာလလို့ခေါ်ပါတယ်) ပဲငပိနဲ့ချက်ထားတာပါ

 

စပ်သလားမမေးနဲ့ မစားရသေးဘူးမြင်တာနဲ့ချွေးထွက်ပါကြောင်း

 

လေးစားရပါသောဆရာမကြီးတီတီနုအတွက် အစဉ်လေးစားလျှက်

 

 

မန်းတလေးဂဇက်တွင် ပိုစတင်ကာစ ဖေးမကူညီခဲ့သော သူကြီး၊ကိုပေါက်ဖော်၊ကိုပေ၊ကိုနိုဇိုမိ၊မဆူး တို့အားကျေးဇူးအထူးတင်ရှိပါကြောင်း
သည်းခံအားပေးကြပါခင်ဗျား ရွာသူရွာသားများအားအစဉ်လေးစားလျှက်   မောင်အောင်

 

 

14 comments

  • စိန်ပေါက်ပေါက်

    February 9, 2012 at 3:51 pm

    ပလွတ်စ်..
    သဂျီးနဲ ့ ဒေါ်ကြောင်ကြီး မလာခင် ဘဲကောင်လုံးချက် ခိုးမြည်းသွားတယ်နော့
    ငါးပေါင်းလဲ ဟိုအပြိုဂျီးတွေမလာခင် ဘတ်သွားတယ်ဗျာ..
    အောက်ဆုံးက ပန်းတစ်ပွင့်လဲ မိန်းမကို ဘယ်လင်တိုင်း လက်ဆောင်ပေးဖို ့ ဖြုတ်သွားတယ်ဗျာ
    ခုလို စိန်မျောက်မျောက်အား လုပ်ကျွေးပြုစုရသော ကောင်းမှုကြောင့် ဒေါ်အောင် တစ်ယောက် အပြိုဂျီး ဘဝမှ လွတ်စေသတည်း

  • Thel Nu Aye

    February 9, 2012 at 4:00 pm

    လုပ်ပြန်ပြီ။ မစားရ အညှော်ခံ။ စားချင်လာပြီနော်။ ဒေါ်စိန်ပေါက်။ ဘဲကောင်လုံးချက်နဲနဲချန်ထားအုံး။ သူများကအရင်ဝင်မလို့ဟာကွန်မကောင်းတာနဲ့တူဦးတွားပီ။ ချန်ထားအုံး။

  • နွယ်ပင်

    February 9, 2012 at 4:04 pm

    ဗိုက်ဆာနေပါတယ်ဆိုမှ ဒီပိုစ့်ကို ကြည့်မိရက်သားဖြစ်နေပြန်ပါပြီ
    အရေးထဲ ဘဲတစ်ကောင်လုံးကို အရင်ဦးဆုံး လာစားသွားတဲ့ ညီမလေး ပေါက်ကလည်း ရှိသေးတယ် နောက်လူတွေအတွက်လဲချန်ထားပါဦးလေ ………. 😀

  • MaMa

    February 9, 2012 at 5:53 pm

    တတိယဟင်းမှာ ပါတာက မြန်မာလို ကြာစွယ် လို့ ခေါ်ပါတယ်။

  • koaung

    February 9, 2012 at 6:01 pm

    မြန်မာပြည်ပြန်ဖြစ်ရင်စိန်ပေါက်ပေါက်ကိုသံချောင်းခေါက်မယ်
    တီအန်အေနဲ့နွယ်ပင် ရေကျေးဇူးပါ
    မမရေကျေးဇူးပါ

    • စိန်ပေါက်ပေါက်

      February 9, 2012 at 6:08 pm

      ဟုတ်ကဲ့ပါ ဒေါ်အောင်ရေ
      သများမှာ သံချောင်းမရှိတော့လို ့ ခေါက်ချင်ရင် သံပြားပဲခေါက်သွားပါနော
      သံချောင်းပဲဖြစ်ဖြစ် သံပြားပဲဖြစ်ဖြစ်ပါ..ခေါက်မယ်ပြောတာနဲ ့တင် သမျာက ကတောင်ဆို အသံမြည်ပြီးသားပါ

  • weiwei

    February 9, 2012 at 7:39 pm

    ပဲအစိမ်းအပြားနဲ့ကြံမဆိုင်ကြော်တာကိုကြိုက်တယ် … ရန်ကုန်မှာအဲဒီလိုပဲမျိုးမရှိဘူး … ကြာစွယ်လဲ ဒီမှာ ရှားတယ် …

  • weiwei

    February 9, 2012 at 7:48 pm

    တရုတ်တွေက အနံ့နံတဲ့ပဲပြား (ချို့တို့ဖူ) လို့ခေါ်တဲ့ ပဲပြားကို တော်တော်ကြိုက်ကြတယ် … ကျွန်မကတော့ အနံ့ရတာနဲ့ အဝေးကြီးထွက်ပြေးတာပဲ …

  • pooch

    February 9, 2012 at 8:11 pm

    ကြက်ဟင်းခါးသီးပေါင်းက အခုမှ တွေ့ဖူးတယ် ကြည့်ရတာ စားကောင်းမဲ့ပုံပဲ

  • koaung

    February 10, 2012 at 3:09 am

    မဝေဝေခင်ဗျား
    ကြာစွယ်ကတိုင်ဝမ်ကထွက်တာတွေက အရွယ်အစားသေးလို့တရုတ်ပြည်မကြီးကမှာတာဖြစ်ပါတယ် သူတို့ကဘာဆေးတွေထဲ့လို့လဲမသိပါ
    အရွယ်အစားတော်တော်ကြီးမားပါတယ် ကျန်းမာရေးအတွက်သင့်တော်တယ်လို့သိရပါတယ်(ဝက်နံရိုးနဲ့ဟင်းချိုချက်ရင်အရမ်းစားလို့ကောင်းပါတယ်)
    ဂျပန်ရောက်စ ငါးအစိမ်း(ဆာရှိမိ)မစားရဲခဲ့ပါဘူး နောက်တော့လဲစားတတ်သွားခဲ့ပါတယ် ဒီရောက်တော့အမ်မတန်နံတဲ့ ချို့တို့ဖူးကိုတော်တော်အနံ့နံလို့စိတ်ပျက်မိတယ် အခုတော့လဲစားတတ်သွားပါတယ်
    မpooch ခင်ဗျား
    ဒီမှာကခရမ်းသီး ကြက်ဟင်းခါးသီး စတဲ့အရွယ်အစားကြီးတဲ့အမျိုးအစားများကိုတော့ မချက်ခင်ဆီထဲမှာလိုအပ်တဲ့အနေအထားအတိုင်း
    ကျော်ပြီးမှချက်ကြပါတယ် မြန်လဲမြန်သလို ရောင်းပန်းလှပါတယ် တချို့လူတွေကျတော့လဲ(ကျနော်လဲပါတယ်)ကြက်ဟင်းခါးသီးကိုအ
    ခြားသော သစ်သီး ပျားရည်နဲ့ရောပြီးမစ်စာထဲထဲ့ပြီး သောက်ပါတယ် ပဲအမဲ(အမဲရောင်ရှိသောပဲ) လဲထိုနည်းတူအာနိသင်ရှိပါတယ် အပူအ
    ပုက်စင်တယ် အသားအရောင်လှစေတယ်လို့အယူအဆများရှိပါကြောင်း (ဂျပန်အမျိုးသမီးများဟာ ပဲအမဲကိုနှစ်သက်စွာစားသုံးကြ ပါတယ်)

  • ကြောင်ကြီး

    February 13, 2012 at 11:04 am

    ဆင်ဆွဲတဲ့
    ဘင်ကဲ
    မြင်ဆဲမှာ
    နင့်အသဲ
    ဖင့်နွှဲတာ
    မချင့်မရဲကွာ
    ဟင့် မဆဲပါ…။

  • ဆူး

    February 13, 2012 at 11:20 am

    ကြက်ဟင်းခါးသီး က ဖြူနေတယ်နော်.. တခါမှ ဖြူဖြူလေး ချက်ထားတာ မမြင်ဖူးဖူး။ မခါးဘူးလား..
    အဖြူ မျိုးလား.. အခါးပျောက်အောင် လုပ်ရသေးလား။

    သဂျီးနဲ့ ကြောင်ကြီး အတွက် ငါးက စောင်လေး ခြုံပြီး အိပ်နေသလိုပဲနော်..

    ဒီမှာကတော့ ကြာစွယ်က ရင့်တယ်။ အခု ချက်ထားတာ တော်တော် ကို နု ပုံရတယ်။

  • Rose Minn

    February 13, 2012 at 2:11 pm

    မြင်ယုံနဲ့ စားချင်စိတ်ပေါက်တယ်။ ထမင်းစားပြီးကြည့်လိုက်တော့ဗိုက်ပြည့်လို့ ငမ်းရုံပဲငမ်းမိပါတယ်။ ထမင်းမစားခင်ဆို ငတ် မိနိုင်တယ်။ အပြင်ဆင်လဲလှ သွားရည်တော့ယိုသားနော် …….:P

  • koaung

    February 14, 2012 at 12:35 pm

    ကိုကြောင်ကြီးရေ ဘဲသားကိုကြိုက်တာလဲကြိုက်တာပေါ့ အသားထဲမှာဘဲသားဟာ လူတွေအတွက်တမျိုးမျိုးသော အဆိတ်အတောက်ကိုဖြစ်စေတယ်လို့ တရုတ်တိုင်းရင်းဆေးဆရာများကယူဆလေ့ရှိသလိုပြောလေ့ရှိပါတယ် ရံဖန်ရံခါစားရင်တော့အကောင်းဆုံးပေါ့ဗျာ(ဗဟုသုတအနေနဲ့ပြောတာပါဗျား)
    မဆူးခင်ဗျား ကြက်ဟင်းခါးသီးအဖြူဟာ အစိမ်းထက်ဈေးပေါသလို အရသာလဲပေါ့ပါတယ် အဖြူရောင်ကိုဟင်းချိုချက်တဲ့နေရာမှာလဲ
    သုံးကြပါတယ်
    ရို့မင်းရေ ကျေးဇူးပါ

Leave a Reply