ငပိထောင်းဖြစ်တော့မဲ့ ရွှေငါး

နွေဦးFebruary 9, 20121min28915

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း။

ရွှေငါး  ငပိထောင်း..
ရွှေငါး ငပိထောင်း..
၄၃ အထူးယာဉ်လိုင်းကားမှာအရှိန်လွန်ပြီး
မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား ကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mark II ရွှေငါးကားက တစ်ပတ်လည်သွားပြီး လိုင်းကားက ဘေးကိုတိုက်မိခါ ကား ရှေ့ခြမ်းကိုတက်ကြိတ်သလိုဖြစ်သွားသည်။ ရွှေငါးကားမှာ ရှေ့ခေါင်း ပိုင်းတစ်ခြမ်းနှင့် နောက်ပိုင်းတွင်ပါတော်တော်ပျက်စီးသွားသည်ဟု သိရသည်

15 comments

  • Thel Nu Aye

    February 9, 2012 at 3:44 pm

    စိတ်မကောင်းစရာပါ။ ရဂ၊ ၉ဂ ဆိုသေပြီပဲ။ ပိုင်ရှင်တော့ဘယ်လောက်ရင်ကျုးိလိုက်မလဲ။ အဲဒီဘတ်စ်ကားတွေကိုဘယ်နှယ်လုပ်ရပါ့။ မုန်းလိုက်တာ။ သူတို့လျှော်မှာလဲမဟုတ်ဘူး။ နှမျောလိုက်တာ။

  • စိန်ပေါက်ပေါက်

    February 9, 2012 at 4:43 pm

    လိုင်းကားတွေ..လိုင်းကားတွေ..
    ပိုက်ဆံလေး တစ်ရာ နှစ်ရာနဲ ့ လမ်းပြောင်းပြန်တွေ စွတ်စွတ်မောင်း
    ခြေချော်လက်ချော်ဖြစ်ပြီး လျော်လိုက်ရရင် ❓
    ရေလည်ချီးပေကြတယ်

  • padonmar

    February 9, 2012 at 7:21 pm

    လိုင်းကားတွေ စည်းကမ်းမရှိမောင်းနေတာ ဘယ်လို ထိန်းသိမ်းကြမလဲဆိုတာ စဉ်းစားသင့်ပါပြီ။
    အသက်ပေါင်းများစွာနဲ့ ဆိုင်နေတာမို့ ပိုလို့တောင် စည်းကမ်းလိုက်နာသင့်တဲ့ အလုပ်ပါ။

  • MaMa

    February 9, 2012 at 7:30 pm

    ဘတ်စကားဆိုတာ လူအများစီးကြတာမို့ ပရိုက်ဗိတ်ကားတွေ၊ ကားသေးလေးတွေထက်တောင် ပိုပြီးဂရုစိုက်မောင်းဖို့ လိုတယ်လို့ ထင်ပါတယ်။ ဘတ်စကားမောင်းတဲ့ ဒရိုင်ဘာတွေကို ဆိုက်ကိုတက်စ် နဲ့ စစ်ပြီးမှ မောင်းခွင့်ပြုရင်ကောင်းမယ်။

  • ဘောင်းဘီရှည်အဖြူနဲ ့နဖူးရိုက်နေတဲ့ ဘဲက ပိုင်ရှင်ထင်တယ်ဗျ။တော်တော်လေး
    စိတ်ပျက်နေတယ်ထင်ပါတယ်။ကိုယ်ချင်းစာပါတယ်ဗျာ။လိုင်းကားတွေက လဲပြိုင်ပွဲ
    ဝင်နေတဲ့တိုင်းမောင်းလိုက်ကြတာဗျာ။

  • Gipsy

    February 9, 2012 at 8:06 pm

    ဟုတ်ပဗျာ … ပီးခဲ့တဲ့ လ က ( ၁၀၅ ) လိုင်းကား အရမ်းမောင်းတော့ ဆေးရုံ အမှုထမ်းချာတိတ်
    တယောက်ကို ဝင်တိုက်မိပီး ကားအောက်ထဲမှာဒလိမ့်ခေါက်ကွေး ဖြစ်သွားရှာတယ် ..
    … အချိန်က ည ၁၁ နာရီ ဝန်းကျင်ခန့်ပါ … ပီးတာနဲ့ ထွက်ပြေးလေရောဗျာ ..
    ကျုပ်ဖြင့် မျက်စိထဲမှာ ရက်ပေါင်းများစွာ မြင်ယောင်မိနေပီး စိတ်မကောင်းဖြစ်လိုက်ရတာ . .
    အတိုက်ခံ အကြိတ်ခံလိုက်ရတဲ့ ချာတိတ်ကတော့ မှောက်ရက်ကလေး ပေါ့ …
    တိုက်သွားတဲ့ ကား ဒရိုင်ဘာတော့ ဖမ်းမိတယ်လို့ ကြားမိပါရဲ့…
    ချာတိတ်ကတော့ တခါတည်း သေသွားရရှာတယ် …
    ပိုက်ဆံလေး တစ်ရာ နှစ်ရာနဲ့ ပြိုင်မောင်းကြတဲ့ အတွက် ရလာတဲ့ ဆိုးကျိုးတွေပေါ့ဗျာ…။…:(

  • kyeemite

    February 10, 2012 at 10:38 am

    အင်း ရွှေငါးပုံကြည့်ရတာ..ဒရိုင်ဘာလဲသက်သာမယ်မထင်ဘူး…တော်တော်မိုက်ရိုင်းတဲ့လိုင်းကားတွေ…

  • eipu

    February 10, 2012 at 11:29 am

    မထသကလိုင်းကားက ယာဉ်မောင်း၊ စပါယ်ယာတွေကို Training ကောင်းကောင်းပေးသင့်တယ်။ ခရီးသည်တွေရဲ့အသက်က သူတို့ရဲ့ လက်ထဲမှာလေ။
    သူများနိုင်ငံတွေမှာဆို စည်းကမ်းတကျမောင်းနေကြတာ။ တင်းတင်းကြပ်ကြပ်လည်း အရေးယူသင့်တယ်။ တ

  • etone

    February 10, 2012 at 11:42 am

    ငါးပိထောင်းဖြစ်တော့မယ့် ရွှေငါးဆိုလို့ .. သွားရေ တမျှားမျှားနဲ့ ဝင်လာတာ … စားတဲ့ငါးမဟုတ်ပဲ … စီးတဲ့ကား(ရွှေငါး) ကိုး … ။ 🙄

    လိုင်းကားတွေ ရမ်းကားနေတာ ကြာပါပြီ … ယာဉ်လိုင်းထိန်းသိမ်းရေးအနေနဲ့ …. အရေးယူသင့်နေပါပြီ … ။
    မဆင်မခြင်မောင်းမှုကြောင့် အသက်ပေါင်းများစွာ စတေးခံခဲ့ရပြီးပြီ … ။ မိမိရဲ့ ကြိုးစားအားထုတ်မှုမပါပဲ … သူတပါး ပယောဂနဲ့ သေရတဲ့ ဒုက္ခက ဘယ်လောက်တောင် ကသိကအောက်ဖြစ်ရှာမလဲနော် … ။. တချို့ကားတွေ အမောင်းကြမ်းလို့ … ခေါင်းပေါက်တဲ့လူတို့… လက်ကျိုးတဲ့ လူတွေတောင် မြင်ခဲ့ဖူးတယ် … ကိုယ်တိုင်လည်း ကားနဲ့လိုက်တိုက်ခံရဖူးတယ် … ပေါင်မှာခြစ်မိရုံလောက်မို့ .. ကြီးကြီးမားမား မဖြစ်ခဲ့ဘူး … ။ ကျောင်းတုန်းက ရန်စလေးတွေပေါ့လေ … ။

  • Mလုလင်

    February 10, 2012 at 11:45 am

    Computer တက်ကသို က များလား တီတီ အိတုန်ရေ ❓

  • Uncle Lay

    February 10, 2012 at 1:41 pm

    ရွှေငါးပို်င်ရှင်က ၄၅ဝ အရော်တောင်းတယ်လို့ကြားတယ်…။

  • Gipsy

    February 10, 2012 at 6:56 pm

    ဒရိုင်ဘာ အနေနဲ့တော့ ရော်နိုင်မယ် မထင်ဘူး …၊
    ကားပိုင်ရှင်က တောင်းတဲ့ အရော်ကလဲ များလိုက်တာ …၊
    ရူးသွားပီ နဲ့တူပါတယ် .. ၉ဂ ခေါ်ဈေး က ၃၇ဝ ပဲလေ…၊
    ကြည့်ရတာ ရွှေငါး ပိုင်ရှင် ဆုံးဖို့ များပါတယ် … စိတ်မကောင်းစရာ…။

  • the best

    February 10, 2012 at 11:57 pm

    ယာဉ်ထိန်းရဲ အတွက်ကောင်းတဲ့ လက္ခဏာ ပါ။

  • ဆူး

    February 11, 2012 at 12:37 pm

    ရွှေငါးကန် ဆိုလို့.. ဘာလဲ မှတ်တယ် ကားပွဲစားတန်း ကို ခေါ်တာတဲ့.. အခုလည်း ငပိထောင်းဖြစ်တဲ့ ရွှေငါးတဲ့.. ဘာများလဲလို့ ကား ဖြစ်နေတယ်။
    ယာဉ်မောင်းတွေတော့ စနစ်တကျ သင်တန်းပေးသင့်ပြီ။
    ကားမောင်းရင် သတိထားရတာ အိမ်စီးကား မဟုတ်ဘူး တက္ကစီနဲ့ လိုင်းကား မထင်မှတ်ပဲ ခေါင်းအတင်းထိုးတတ်တယ်။ လမ်းကြော မဟုတ်ပဲ အတင်းတိုးတတ်တယ်။
    ကားပိုင်ရှင်တော့ တော်တော်စိတ်ညစ်မှာပဲ

Leave a Reply