ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးမှ ဗုဒ္ဓအဆုံးအမ ရတာလား၊ ဗုဒ္ဓအဆုံးအမ ရရှိပြီးမှ ဗုဒ္ဓဘာသာဝင်ဖြစ်တာလား

uzinFebruary 9, 20121min1000

ကျနော်ကို မေးချင်တာလေး တစ်ခုကို မေးခွင့်ရှိရင် မေးပါရစေဆရာ
မေးချင်တာက တစ်ခုတည်းလား၊ တစ်ခုတည်းပါပဲဆရာ
စကားတွေအများကြီး ပြောပေးနေတာပဲ၊ တစ်ခုတည်း မေးချင်တာများ အထူးခွင့်တောင်း နေဖို့ လိုတယ်ထင်လို့လား၊ ဟုတ်ပါတယ်ဆရာ၊ ထူးထူးဆန်းဆန်းပဲ
အဲဒီလိုတော့ သဘောမှာ မထားပေးစေချင်ပါဘူးခင်ဗျ။
မေးချင်တဲ့မေးခွန်းရဲ့ ပမာဏက လေးနက်မှုအပြည့်ရှိတာ ဖြစ်လို့ပါ။
ကြားရတာက ကြောက်စရာကြီးလိုပါလား
ဘာဖြစ်လို့လဲ ဆရာ
ခေါင်းထဲမှာ လေးသွားသလို ခံစားရလို့ပဲ
မေးခွန်းရဲ့ ပမာဏက လောကအားလုံးနဲ့ဆိုင်တာ ဖြစ်လို့ပါဆရာ
စကြာဝဠာ ရေမြေတောတောင်နဲ့ ပိုးမွှားတိရစ္ဆာန်တွေအထိဆိုရင် အဲဒီမေးခွန်းအတွက် ဘာမှ အဖြေထုတ်နိုင်မှာ မဟုတ်ဘူးနော်
ဟုတ်ကဲ့ သိပြီးသားပါခင်ဗျ။
လောကအားလုံးနဲ့ ဆိုင်တဲ့မေးခွန်း ဆိုလားလို့ပါ။
ဘယ်လို လောကအားလုံးလဲ
လူအားလုံးပါဆရာ
ဗုဒ္ဓနောက်ကလိုက်တဲ့လူ အားလုံးလား ၊ ဘာလို့လဲဆရာ
မေးခွန်းအမေးခံရတဲ့ဆရာက ဗုဒ္ဓဘုရားရဲ့ လမ်းညွှန်ချက်တွေကို ညွှန်ပြနေသူ ဖြစ်လို့ပေါ့
မဟုတ်တာဘဲဆရာ ရာ.. ဘာဖြစ်လို့လဲ
ဗုဒ္ဓဘုရားက သူ့နောက်လိုက်ဖြစ်သူကိုပဲ ညွှန်ပြတာတွေ လုပ်လို့လား
ဒီလိုမေးလို့ရတယ်လို့ ဆရာ မတွေးမိခဲ့ဘူး၊ ဘယ်လိုလဲဆရာ
ဗုဒ္ဓဟာ ဗုဒ္ဓဘာသာတွေရဲ့ ခေါင်းဆောင်လို့ပဲ သိနေမိတယ်။
ဗုဒ္ဓဘာသာတွေက ဗုဒ္ဓဘုရား မရှိခင်ကတည်းက ရှိနေလို့လားဆရာ
ဒီလိုတော့ မေးလို့ ဘယ်ဖြစ်ပါ့မလဲ
ဗုဒ္ဓဘာသာတွေ မရှိခင်က ဗုဒ္ဓဘုရားဟာ ဘယ်သူ့ကို ညွှန်ပြမလဲ တွေးလို့ မဖြစ်ဘူးလားဆရာ
အင်း တွေးလို့မဖြစ်တာလောက် မဟုတ်ဘဲ မတွေးလို့ မဖြစ်တာပဲ
မတွေးလို့ မဖြစ်တာလေးကို နည်းနည်းဖြစ်ဖြစ် တွေးပြပါဦးဆရာ၊ အေးပေါ့၊
ဗုဒ္ဓဘုရားလက်ထက်က ဗုဒ္ဓဘုရားရဲ့ ညွှန်ပြချက်မရဘဲ ဗုဒ္ဓဘုရားရဲ့ တပည့်ခံယူသူ ရှိပါ့မလားဆရာ
ညွှန်ပြချက်ရသူတွေပဲ တပည့်ခံကြမှာပါ
ဆရာ ဒါဆို ဗုဒ္ဓဘုရားဟာ သူညွှန်ပြစရာတွေကို သူ့နောက်လိုက်တွေကိုပဲ ညွှန်ပြနေတာ မဟုတ်ဘူးပေါ့။ အေးပေါ့
ဒီလိုဆိုတော့ ဆရာ လူအားလုံး(တွေ့ဆုံသောသူတိုင်း) ညွှန်ပြတာပေါ့
ဟုတ်တယ်။