ပုဂ္ဂလိကဘဏ်တွေ ထပ်ပေါ်လာရင် ငွေကြေးပိုမိုလည်ပတ်လာမည်

klnJune 4, 20101min700

ဘဏ်တွေမှာ ငွေအပ်ဖို့ စိတ်ဝင်စားတဲ့သူတွေက ပုဂ္ဂလိကဘဏ်တွေရဲ့ ခိုင်မာမှုကို လေ့လာသင့်တယ်လို့ သိရတယ်။ ပုဂ္ဂလိကဘဏ်အသစ်တွေ ထပ်ဖွင့်ခွင့်ရတော့ ဘဏ်နဲ့အလုပ်လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေက စိတ်ဝင်စားကြတာ တွေ့ရတယ်။ “ ပုဂ္ဂလိကဘဏ်တွေ ထပ်ပေါ်လာရင် ငွေကြေးနဲ့ လည်ပတ်ပြီး အလုပ်လုပ်မယ့်သူတွေအတွက် အဆင်ပြေနိုင်တယ်၊ ဘဏ်ရဲ့အတိုးနှုန်းအပေါ်မှာ မှီခိုပြီးအပ်နှံမယ့်သူတွေကတော့ ဘဏ်ရဲ့အနေအထား၊ နောက်ခံအခြေအနေ၊ ခိုင်မာမှုကို လေ့လာပြီး အပ်နှံဖို့ စဉ်းစားနိုင်တယ် ” လို့ ကျော်ထရေးဒင်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ဦးက ပြောပါတယ်။ ဘဏ်တွေက အပြိုင်အဆိုင်ပေါ်လာရင် ပုဂ္ဂလိကဘဏ်တွေက ပေးမယ့်အတိုးနှုန်းအခြေအနေကိုလည်း သိချင်တယ်။ အတိုးနှုန်းသာများရင် ငွေတိုးရချင်လို့ အပ်တဲ့သူတွေက ပုဂ္ဂလိကဘဏ်တွေဘက်ကို လှည့်လာနို်င်တယ်လို့ ဆိုပါတယ်။ “ အပြင်မှာ ငွေတိုးချပေးတာထက် ဘဏ်ကပိုပြီး စိတ်ချရတယ်လို့ ယုံကြည်ကြတယ်၊ အတိုးရချင်တဲ့ သူတွေက ဘဏ်ကိုအပ်ကြတယ်၊ ရှိတဲ့ငွေလေးကို အတိုးလိုချင်လို့ အပ်ပြီးကာမှ အခြေအနေပြောင်းသွားမှာကိုလဲ စိုးရိမ်ကြတယ် ” လို့ လပ်ကီးပလတ်စတစ်အိတ်လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလှဝင်းက ပြောပါတယ်။ “ ကိုယ့်ငွေလေးကို တိုးပွားစေချင်လို့ လုပ်ကြတာ၊ အခိုင်အမာရှိမှန်း သိထားရင်တော့ အပ်ရတာ ပိုအဆင်ပြေနို်င်တယ် ” လို့ တော်ဝင်နှင်းဆီမှ ဥက္ကဋ္ဌ ဦးစိုးညွန့် ကပြောကြားခဲ့သည်။