လူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် နိုင်ငံခြားသားတစ်ဦး၏ ငွေကြေးဖြင့် ထူထောင်ထားသည့် ကုမ္ပဏီတစ်ခုအား ဖျက်သိမ်း

klnJune 4, 20101min611

လူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် ပြည်ဝင်ခွင့် တောင်းခံလာသည့် နိုင်ငံခြားသားတစ်ဦးအား ပြည်ဝင်ခွင့်တားဆီးခဲ့ပြီး အဆိုပါနို်င်ငံခြားသား၏ ငွေကြေးဖြင့် မြန်မာနိုင်ငံတွင် ဖွဲ့စည်းထူထောင်ထားသည့်ကုမ္ပဏီအား ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုမြန်မာနို်င်ငံတော်ဆိုင်ရာ စင်ကာပူသံရုံးတွင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်နှစ်လယ်ပိုင်းခန့်က စင်ကာပူနို်င်ငံသားတစ်ဦးသည် မြန်မာနိုင်ငံတွင် ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီရှိသည့်အတွက် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များဆောင်ရွက်ရန် လုပ်ငန်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခဲ့ကြောင်းသိရသည်။ အဆိုပါ စင်ကာပူနိုင်ငံသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာကိစ္စရပ်များအတွက် ကုမ္ပဏီဖွင့်လှစ်ဆောင်ရွက်နေသော်လည်း မြန်မာနို်င်ငံမှ မသိနားမလည်သော မြန်မာအမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိနေကြောင်း စင်ကာပူနို်င်ငံဆို်င်ရာ မြန်မာသံအမတ်ကြီးက နို်င်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါ စင်ကာပူနိုင်ငံသားနှင့် ယင်း၏ ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသော ကုမ္ပဏီအား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြောင်းကြားမှုအရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ စင်ကာပူနိုင်ငံသားပိုင်ငွေကြေးဖြင့် ဖွဲ့စည်းထူထောင်ထားသည့် ကုမ္ပဏီအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်းတွင် ကြေညာခဲ့ကြောင်းသိရသည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် တည်ရှိကြောင်း သိရသည်။

One comment

  • cum min

    June 21, 2012 at 9:05 am

    ကြောက်စရာပဲ
    ကောင်မလေတေသတိရှိဖို့လိုတယ်နော်

Leave a Reply