“အဖြေလေးပေးလိုက်ပါတယ်” (လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)

“အဖြေလေးပေးလိုက်ပါတယ်”

(လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)

 

တစ်-   မနက်စောစော အိမ်ကထွက်

မန်းလေး        တောင်ပေါ်တက်။

နံနက်ခင်း မြူမူံစီ ကိုပေါက်သဘောကျသည်

ရိုက်လိုက်မယ်ကွဲ့အခုချက်ခြင်း

လုလင်တောင်အောက်ဆင်း။

 

နှစ်      တောင်အောက်ဆင်းတဲ့လုလင်မှာ

ပုသိမ်ကြီးရောက်သွားတာ။

ဆွမ်းလောင်းတာကို ဓါတ်ပုံရိုက်

ရွာကလူတွေကြိုက်။

 

သုံး     လမ်းသလားတဲ့လုလင်ညီ

ရွာပြင်ရောက်သွားသည်။

ကွမ်းပင်အောက်မှာ

ကောင်မလေး ကွမ်းရွက်ခူးနေသေး။

ရိုက်ချင်လှတဲ့မောင်လုလင်

ကင်မရာတပြင်ပြင်

ခွင့်တောင်းပြီးခါ ဓါတ်ပုံရိုက်

လုလင်မောင်ရဲ့ရိုက်ချက်မိုက်။

 

လေး   အချောင်းကောင်းတဲ့

ပေါက်ကိုကို

မင်းကွန်းဆိပ်ကမ်းကို။

စိန်လုခေါ်ခါ အမြန်ပြေး

မြသိန်းတန်ကိုလေး။

သီတာခုနှစ်တန် မြသိန်းတန်

အပေါ်တက်ရပြန်။

လှေခါးဘေးက ကိုပေါက်ငေး

ပုထိုးတော်ကွဲ့လေး။

ငါး      အင်းဝသွားချင် မောင်လုလင်

ရွှေမင်းသားက ကားနဲ့တင်။

လမ်းဘေးရှိတဲ့စေတီလေး

ရွှေရွှေလက်ဆော့သေး။

မော်ဒယ်လုပ်တာ ကိုရင်လေး

ဘုရားစောင်းစောင်းလေး။

 

ခြောက် မင်းကွန်းရောက်တော့

မောင်မောင်သော့

အကြိုက်တွေ့ပြန်ပေါ့၊

ရှားရှားပါးပါး သူတို့ကြုံ၊

အလှူလှည့်လာပုံ။

ဆင်ရယ်မြင်းရယ် လှည်းယဉ်ကျော့

ရိုက်ချင်လှပါပေ့ါ။

မင်းကွန်းပုထိုးတော်နောက်ကခံ

သော့သော့ လက်စမ်းပြန်။

အလှူလှည့်တဲ့

ခြောက်ခွန်ရှစ်

သော့သော့ခရက်ဒစ်။

 

ကိုး     လုလင်သော့နဲ့ပေါက်ကိုကို

ခြင်္သေ့ဘေးမှာခို။

ကိုရင်လေးတွေ လာတဲ့အခိုက်

လု သော့ ဓါတ်ပုံရိုက်။

အလစ်ချောင်းတဲ့ကိုပေါက်ဟာ။

အောက်ကိုဆင်းပြေးကာ။

ခြင်္သေ့ကြီးကို လှည့်ပါတ်ရိုက်

ခေါင်းမော့ဖင်ကော့လိုက်။

တစ်ဆယ်

ရှေးရှေးတုန်းက ကျောင်းအိုအို

ကြမ်းခင်းတွေကပြိုမလို။

ထီးဆောင်းလာတဲ့ကိုရင်လေး

ရွှေမင်းသားနံဘေး။

အပြေးအလွားကိုကိုရွှေ

လက်သွက်ပုံကလေ။

ကိုရင်လေးကို ခလုပ်နှိပ်။

ကျန်သူငုတ်တုတ်အိပ်။

ဆယ်တစ်

ရွှေလုပေါက်စိန် ဆုံတဲ့အချိန်

ချိုချိုကဖေးမှာထိုင်။

ဓါတ်ပုံရိုက်ရန်

နေရာရွေး စန္ဒာမုနိဘေး။

ကပ်ကျော်နားက ဘုရားဆီ

ချီတက်သွားကြသည်။

စိန်ရွှေလုတို့ ခရီးဆက်

ကိုပေါက်ရုံးပြန်တက်။

ကလေးစိတ်မကုန်တဲ့လုလင်မောင်၊

သူများဆော့ရင်မနေနိုင်ပေါင်။

ကင်မရာကိုင်ကာ ရှေ့ကပြေး

ကလေးတွေကငေး။

မြောက်ပေးတိုင်းလဲ

ဆော့ကြသည်

လုလင်ရိုက်နိုင်ပြီ။

အားနဲ့ခုန်တဲ့ဖက်တီးလေး

ဝမ်ချိုင်းဒူးပြန်ကျွေး။

ဆယ်နှစ်

တောင်သမန်းအင်းကိုရောက်ပြန်သော်

ကွန်ဖမ်းကြမယ်နော်။

လှေသမားကို ပိုက်ပိုက်ပေး ကွန်ပစ်ခိုင်းပြန်သေး။

ကွန်ဖမ်းကြဘို့ ကိုယ်စီပြင်

ကိုပေါက်မကျွမ်းကျင်။

ရိုက်မယ်နှက်မယ်

တဖျပ်ဖျပ်

ကွန်ကိုဖမ်းတာတစ်ချပ်ချပ်

ကွန်ဖမ်းပြီးတော့

ပုံတွေတင်

ဘယ်သူပိုလှချင်။

လေထဲဝဲတဲ့ပုံကလေး

ရွှေမင်းသားကိုရွေး။

ဆယ့်သုံး

တစ်ယောက်သုံးပုံ ရွေးထားသည်

အညီအမျှစီ။

ကိုပေါက်ကိုလေ ဖေဘာပေး

လေးပုံတင်ပါ တို့လေးလေး။

ဖေဘာပေးတဲ့ပုံတင်မည်

ဦးနှောက်စားရပြီ။

လှတယ်ထင်တာ

ထပ်လို့ရွှေး ဆံပင်ဖြူမယ်လေး။

နောက်ဆုံးဆိုတော့ သတိရပြီ

နေဝင်ချိန်ကို ရည်

ညနေညိုရီလှေကလေး

မြစ်ပြင်ပေါ်မှာပြေး။

 

ဘယ်သူတင်မယ်ရွေးကြပြန်

ကိုပေါက်မဲပေါက်ပြန်။

ပုံတွေတင်ရန်စုစည်းရေး

ကိုပေါက်ဆီကိုပုံပို့ပေး။

ပဟေဠိဖွက်ဘို့သူ့အကြံ

ကိုပေါက်အုံးစားပြန်

ပုံကလေးမှာ ကဗျာရေးကိုပေါက်

တင်လို့ပေး.

 

 

ပုံတွေအားလုံးတင်လိုက်ပြိ

ပဟေဠိဖွက်ထားသည်။

စိတ်ဝင်စားစွာ အဖြေပေး

ရွာသူရွာသားအပေါင်းတို့လေး။

 

ဆက်စပ်တွေးယူတော်သောသူ

TTNU  မှတ်လို့ယူ။

ဆရာမကြီးမှတ်ချက်များ

အတော်နီးစပ်သား။

အားနာနာနဲ့အဖြေပေးမှာ

အားလုံးမှန်သူမရှိပါ။

အဖြေသိချင်ဖတ်လို့ကြည့်

အောက်ပါအတိုင်းရိုက်ထား၏။

(တစ-် လေး -ကိုး- ဆယ်သုံး    ကိုပေါက်

နှစ်-သုံး-ဆယ်တစ်                လုလင်

ငါး-တစ်ဆယ်-ဆယ့်နှစ်                   ရွှေမင်းသား

ခြောက်-ခွန်-ရှစ်                   ကိုစိန်သော့)

 

 

 

လုရွှေစိန်ပေါက်မှအားလုံးကိုကျေးဇူးတင်ပါသည်။

(10-2-2012)

 

 

23 comments

  • ကဲ ပဟေဠိအဖြေညှိကြသူအပေါင်းခင်ဗျား
    အဖြေမှန်များကိုတင်ပေးလိုက်ပါပြီ။
    မှတ်ချက်တွေပေးကြပါကုန်လော့။

  • water-melon

    February 10, 2012 at 8:41 am

    ကျွန်တော် အမှန်ဆုံး လေးပေါက်
    နေ့လည် တီးဝယ်တိုက်တော့
    ညကျရင် ညစာလိုက်ကျွေး
    ဟီး ။

  • MaMa

    February 10, 2012 at 8:44 am

    ဘယ်သူမှ အမှတ်မပေးလဲ ကိုယ့်ကိုကိုယ်ပေးလိုက်တယ်။ ဆြာတစ်ယောက်စီကို အနည်းဆုံး တစ်ပုံစီမှန်လို့ 😀

  • Shwe Tike Soe

    February 10, 2012 at 8:56 am

    ကျွန်တော် အကုန်မှန်တယ် ဟေးးးးးးးးးးး လေးပေါက်လက်ဖက်ရည်တိုက်…… 😀
    ကဗျာလဲမိုက်တယ်ဗျ..

  • TTNU

    February 10, 2012 at 9:25 am

    ကိုပေါက်ရေ…
    မောင်ရင်ကတော့ အရာရာမှာ နံပါတ်ဝမ်းတစ် ဂဏန်းတစ်ပါပဲ။
    ဓါတ်ပုံကလည်းရိုက်သေး၊
    ကဗျာကလည်းစပ်သေး၊
    အချစ်ဝတ္တုကလည်းရေးသေး၊
    မိတ်ဆွေတွေတိုးပွားအောင်ကလည်း ဖန်တီးနိုင်သေး၊
    နက်ဆိုင်မထိုင်ခင် ချစ်ဇနီးကိုလည်း ကော်ဖီဆိုင် အတူထိုင်မေတ္တာပွားပေးခဲ့သေး၊
    မန်းဂဇက်ရွာထဲမှာဘယ်သူကဘာရေးခဲ့တာ၊ ဘာမန်းခဲ့တာလို့လည်း အာဂုံဆောင်နိုင်သေး၊
    Kai ပို့ပေးတဲ့ လက်ဆောင်လည်းရသေး၊
    တစ်သိန်းကြီးကလည်း ဟိုအစောပိုင်းကတည်းကရထားသေး။

    ရှင့်ကိုတော့.. မနိုင်တော့ပါဘူး။ 🙂

    • Mလုလင်

      February 10, 2012 at 11:16 am

      အောင်မငီး တီချာကြီးရေ၊ ကွက်တိဒက်ထိ တီချာကြီး နားမှာနေရရင်တော့ ဘာဆိုဘာမှ လုပ်ရဲမှာကို မဟုတ်တော့ပါဘူး။ ဒါတောင် ဓါတ်ပုံလေးပဲ မြင်ရလို့ … (မန့်ချင်နေတာကြာပြီ)
      လေးစားစွာဖြင့်
      Mလုလင်

  • blackchaw

    February 10, 2012 at 9:32 am

    ကိုပေါက်ပုံ နှစ်ပုံကို မှန်တယ်။
    M လုလင် ပုံ တစ်ပုံ မှန်တယ်။
    အထူးသဖြင့် ကိုပေါက်ကြီးပုုံ နှစ်ပုံကို မှန်အောင် ဖြေနိုင်တဲ့အတွက်
    ဂုဏ်ယူပါတယ်။ 🙂

  • TT

    February 10, 2012 at 9:33 am

    Photos are very good, together with poem feel much more imaginable.
    I like this poem .
    regards,

  • စိန်ပေါက်ပေါက်

    February 10, 2012 at 2:52 pm

    အဖြေတိုက်ကြည့်တော့ များရမ်းတုတ်ခဲ့တဲ့ အဖြေက အမှန်ဆုံးပဲမို ့..
    ဘာလက်ဆောင် ပေးမာဒုန်း
    မပေးရင် လုမှာနော်..
    ဒါဗျဲ

  • inz@ghi

    February 10, 2012 at 3:00 pm

    ၁ပုံပဲ မှန်းတာ ၁ပုံကြီးများတောင် လွဲတယ် ….
    စိတ်ထိခယက်သွားဘီ…

    ရွှေရွှေ ရေ့..
    ညည်းဘာပြောင်း သုံးတာလဲဝေ့ ….
    ၁၀-၂၂မမ လား?

  • pooch

    February 10, 2012 at 3:53 pm

    လေးပေါက်ကို မှန်းတာ ၃ ပုံကြီးများတောင်မှန်တယ်
    ကိုစိန်သော့က ၁ ပုံ ရွှေမင်းသားက ၁ ပုံ မှန်တယ်

    ဟေး …………၅ ပုံကြီးများတောင် မှန်တယ် …မှန်ချင်မှန်မှားချင်မှား မုန့်ဝယ်ကျွေးရမှာ နော် လေးပေါက်

    ကိုစိန်သော့ ကို ၆ ရ ဂ ကြီးတောင် ထည့်ထားတာက လေးပေါက် သက်သက်လူလည်ကျတာ
    မကျေနပ်ဖူး 👿

  • ဒီပဟေဠိပွဲမှာ အားလုံးကိုမျက်စေ့လည်အောင်ဖမ်းစားထားက
    ကိုစိန်သော့ပါဘဲ။
    သူကလဲဘာလို့များတစ်နေရာထဲရိုက်တဲ့ပုံပို့လဲမသိဘူး။
    အဲတော့ ကျနော့်အကွက်ထဲကို ဒက်ကနဲ ဝင်သွားတာပေါ့ကွယ်။

    မယ်ပုရေ
    သနား၏……………….
    သို့သော့် မုန့်ကျွေးမည်စိတ်ချ။
    ဘယ်မုန့်ကြိုက်ပါသလဲ …………………..

    • စိန်ပေါက်ပေါက်

      February 10, 2012 at 4:46 pm

      များလဲ စားမယ်.ဟိုမုန် ့ကျွေး..ဟိုမုန် ့..ဘာတဲ့ နာမည်က အော်.
      ဝက်သားဒုတ်ထိုးမုန် ့ကျွေးဘာ

  • Khin Latt

    February 10, 2012 at 9:28 pm

    ဆိုတော့ကာ – ကျွန်တော် ကိုလတ် အမှတ်ပေးခဲ့ သောပုံ ၅ပုံ ထဲ မှာ

    ပုံ ၁၁ – ခလေး ခုန်လိုက်တာကို အမိရိုက်နိုင်လို့ (M လုလင်)
    ပုံ ၂ – မနက်စောစော မှာ နေအထွက် မြန်မာ့ချစ်စရာ တောဓလေ့ ကို မြင်အောင်ပြနိုင်လို့ (M လုလင်)
    ပုံ ၁၂ – ပစ်လိုက် တဲ့ ပိုက်ချက် ကို အမိအရ ကိုဖမ်းနိုင်ခဲ့လို့ (ရွှေမင်းသား)
    ပုံ ၄ – စိတ်ကူးကောင်းကောင်း နဲ့ အတွင်း ကနေ အပြင် ကို ပါအောင် ရိုက်ပြလို့ (ကိုပေါက်)
    ပုံ ၉ – ခြင်္သေ့ ၂ကောင် နဲ့ ကမ်းပါးကို ပါ ပါအောင် ပင့်ရိုက်ချက်က လှလို့ (ကိုပေါက်)

    ကိုပေါက် က ၂ပုံ ၊ M လုလင် က ၂ပုံ၊ ရွှေမင်းသား က ၁ပုံ
    Opppssss. စောဒီး …. ကိုစိန်သော့ ရေ ။
    ကိုရင်လေး ကို လဲ သဘောကျပါတယ်။
    သို့သော် အမြင်ပို ဆန်းတာလေးတွေ က ရှေ့ရောက်သွားလို့။ 😀

  • 13ပုံမှာ ငါးပုံမှန်တယ်ဆို့တော့ အောင်မှတ်ရပါတယ်အေ့
    နောက်တစ်ခါဖြေပါအုံးအေ့
    ကိုကိုလတ်ရေအေ့

  • padonmar

    February 11, 2012 at 4:01 am

    ကိုပေါက် ကဗျာလေးက ကောင်းပြီးသားပုံတွေ ပိုလို့တောင် ကောင်းသွားအောင် အရောင်တင်ပေးလိုက်သလိုပါပဲ။
    တီချာကြီး မန့်သလို တတ်နိုင်ပါပေ့ကိုပေါက်ရယ်။

  • ဆူး

    February 11, 2012 at 12:52 pm

    ပဟေဠိ တင်ထားတယ် ဆိုတာ သတင်းတော့ ကြားတယ် မတွေ့မိဘူး။
    အခုတွေ့တော့ အဖြေ အဆင့်တောင် ရောက်နေပြီ။
    ဆူး တော်တော် ခေတ်နောက်ကျနေတာပဲ..

Leave a Reply