ဖေဖော်ဝါရီလဆန်း 17,18,19,20 ရက်နေ့များတွင် IT Computer Training Center မှ Professional Graphic Design Course သင်တန်းများဖွင့်လှစ်ရန်ရှိခြင်း။

Frank SoolarFebruary 10, 20121min1131

ဖေဖော်ဝါရီလဆန်း 17,18,19,20 ရက်နေ့များတွင် IT Computer Training Center မှ Professional Graphic Design Course သင်တန်းများဖွင့်လှစ်ရန်ရှိခြင်း။ ဖုန်း – 377236

Professional Graphic Designer တစ်ယောက်အဖြစ် Company များ၊ Media လုပ်ငန်းများ၊ ဓါတ်ပုံဆိုင်များ၊ ကိုယ်ပိုင်စာစီစာရိုက်နှင့် ဒီဇိုင်းဆိုင်များဖွင့်လိုသူများ၊ ပုံနှိပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ငန်လိုသူများ အနေဖြင့် တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။ Graphic Design Course တွင် Adobe Photoshop CS3, Adobe illustrator CS3, Corel Draw , PageMaker.7 Software များကို သင်တန်းတွင် ကျွမ်းကျင်အောင် စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်သည်။ လုပ်ငန်းခွင် လက်တွေ့သင်ခန်းစာများဖြစ်သော Magazine ဒီဇိုင်း၊ Journal ဒီဇိုင်း၊ Pamphlet များ၊ Vinyl ကြော်ငြာများပြုလုပ်ခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ် logo များဖန်တီးရေးဆွဲခြင်း၊ CD\DVD ကာဗာများရေးဆွဲခြင်း၊ Wall Sheet, Calendar, Table Calendar, ဒီဇိုင်း ရေးဆွဲခြင်း၊ Silk Screen Printing ဒီဇိုင်းများရေးဆွဲခြင်း၊ Layout ဒီဇိုင်းများရေးဆွဲခြင်း၊ Grayscale, Duotone, CMYK Color Mode များအကြောင်း၊ ဘူးခွံဒီဇိုင်းအမျိုးမျိုးရေးဆွဲခြင်း၊ ဓါတ်ပုံပြုပြင်အလှဆင်ခြင်း လုပ်ငန်းအတွက် လက်တွေ့သင်ခန်းစာများဖြင့် သင်ကြားပေးခြင်းများအပြင် Lesson File များ၊ Tutorial File များစွာဖြင့် လုပ်ငန်းခွင်တွင် လုပ်ကိုင်ရသည့်အတိုင်း စနစ်တကျ ကျွမ်းကျင်တတ်မြောက်သည့်အထိ သင်ကြားပေး သွားမည်ဖြစ်သည်။ Software များကို ကျွမ်းကျင်ပါက Designer တစ်ဦး သိသင့်သိထိုက်သော

အခြေခံကာလာသီအိုရီများအကြောင်း၊ အခြေခံအရောင်များအကြောင်း၊ အလင်းအမှောင်၊ အရောင်အနုအရင့်၊ ဒီဇိုင်းအထားအသို (Position )၊ ပုံနှိပ်စက္ကူအချိုးများ နှင့် စက္ကူအမျိုးအစားများအကြောင်း၊ မိမိဖန်တီးပြုလုပ် လိုက်သော ဒီဇိုင်းများအား ဖလင်ကာလာခွဲခြင်း၊ ပုံနှိပ်ရိုက်နှိပ်ခြင်းလုပ်ငန်းများအကြောင်း၊ လက်ရှိ Media လုပ်ငန်းများတွင် Design & Printing လုပ်ငန်းများအကြောင်းကို အသေးစိတ် စာတွေ့၊ လက်တွေ့ အဆင့်ဆင့် စုံစုံလင်လင် ကျွမ်းကျင်အောင် စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ပါသည်။ Graphic Design Course အား သင်တန်းကာလ (2) လ သတ်မှတ်ထားပြီး၊ သင်တန်းသားများအနေဖြင့်  2 လ အတွင်း Software ပိုင်း၊ Color Separation, Printing ပိုင်းများ ကျွမ်းကျင်မှုမရှိပါက 1လ ထပ်မံ၍ သင်ကြားပေးမည်ဖြစ်သည်။ Graphic Design Course အတွက် သင်တန်းအချိန်ကိုလည်း မနက် 9 း 00 နာရီမှ 11 း 00 နာရီ  တန်းခွဲ ၊ နေ့လည်     1 း 00 မှ 3 း 00 နာရီ  တန်းခွဲ ၊ ညနေ 4 း 00 နာရီ မှ 6 း 00 နာရီ တန်းခွဲ များစီစဉ်ထားရှိပါသည်။ ရုံး နှင့် ကုမဏီဝန်ထမ်းများအတွက် မနက် 7 း 00 နာရီ မှ 9 း 00 နာရီ တန်းခွဲ၊ ည 6 း 00 နာရီ မှ 8 း 00 နာရီ အထိ တန်းခွဲများ စီစဉ်ထားပါသည်။ အလုပ်တစ်ဖက် မအားလပ်သူများအတွက်လည်း သင်တန်းချိန်ကို ညှိုနှိုင်း၍ သင်ယူနိုင်အောင် IT Computer Training Center မှ ဆောင်ရွက်ပေးထားပါသည်။

အသေးစိတ်သိလိုပါက – ဒေါ်ရွှေဇင်မျိုး၊ IT Computer Training Center : No.105th , 39th Street (Middle Block), Kyauktada Township, Yangon. Tel : 377236, 295679, 095039251, 0949290778 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။