ပျော်ရွှင်အေးချမ်းသောဘဝ တည်ဆောက်နိုင်ရေး တသက်တာ ဆောင်ရန် – ရှောင်ရန် (၁)

True AnswerFebruary 10, 20121min1224

နားလည်ရမည့် အမှန်တရား

-လုပ်သင့်တာကို နားမလည်လို့ သတ်မှတ်ထားတဲ့
အတိုင်း လုပ်ရတာ။

-လုပ်သင့်တဲ့အတိုင်းလုပ်နိုင်တဲ့ လိုရင်းရောက်
စေဖို့အတွက် သတ်မှတ်ထားတဲ့အတိုင်း စလုပ်တာ
ဖြစ်စေရမယ်။

-လုပ်တော့လုပ်လို့ရသလိုပဲလုပ်ရပေမယ့် စိတ်ကူး
ကိုတော့လွတ်လွတ်လပ်လပ်စိတ်ကူးနိုင်ဖို့လိုတယ်။

-တရားအရသာတကယ်မသိလို့ တခြားအရသာ
တွေကို အဟုတ်ထင်ငြိတွယ်တာ။

-ကိလေသာ မတရားက ဟိုယူ၊ ဒီယူ ယူတဲ့သဘော၊
အသိဉာဏ် တရားက အယူကင်းတဲ့သဘော။

တရားရော၊ မတရားပါ စိတ်နဲ့ပတ်သက်တယ်။

-ပြုလုပ်ကာမတ္တ သဘာဝကျကျ ဟောကြား ဖော်ထုတ်
တဲ့ တရားတွေကို နားထောင်ကာမတ္တ သဘာဝ ကျကျ နားထောင်တတ်ဖို့ ကြိုးစားရမယ်။

-ကိုယ်တတ်တဲ့ပညာမှာလမ်းဆုံးနေရင် ပညာအစစ်ကို
တတ်မှာ မဟုတ်ဘူး။

-အသိဉာဏ်အစစ်ကမှ မေတ္တာအစစ် အမှန်တရား
အစစ်ကို နားလည်နိုင်တာ။

-ကိုယ့်ဘက်က အမြင်ကိုစွန့်နိုင်မှ သူများဘက်က ကြည့်လို့ရတာ။

-တပည့်စစ်ဖြစ်အောင်ကြိုးစားနိုင်မှ ဆရာအစစ်ကိုလည်း သိနိုင်တာ။

-အပြောအဆို အနေအထိုင် ရုပ်ရည် ချစ်စရာ၊
ကြည်ညိုစရာကောင်းတာထက် ပြုလုပ်နေတဲ့
လုပ်ရပ်၊ စိတ်သဘောထားနဲ့ အသိဉာဏ် မှန်ကန်
တန်ဖိုးရှိတာ ပိုကောင်းတယ်။

-နာမည်ကြီးတာ၊ မကြီးတာထက် စွမ်းဆောင်ရည်
ကြီးဖို့ ပိုအရေးကြီးတယ်။

မှန်ကန်တဲ့သဘောထား

-အတည်မယူတဲ့သဘော မဆုပ်ကိုင်တဲ့သဘောကို
ထားတတ်အောင် ကြိုးစားရမယ်။

-ဘဝကို သုံးပဲသုံး၊ တစ်ခုခုဆိုတဲ့ အတည်ယူ
ဆုပ်ကိုင်မှု သဘောထား မပါစေနဲ့။

အဆင်မပြေမှု အခက်အခဲတွေကို ကုသိုလ်ဖြစ်အောင်သုံးတာ တရားအလုပ်။

-အခက်အခဲဆိုတာ ကျော်လွှားဖို့၊ နောက်ဆုတ်ဖို့ မဟုတ်။

-ပြဿနာဆိုတာ ဖြေရှင်းဖို့၊ လိုက်ရှာဖို့ မဟုတ်။

-အနှောက်အယှက်ဆိုတာ ခံဖို့၊ ခံနိုင်ရည်ရှိဖို့၊
မကျေမနပ်ဖြစ်ဖို့ မဟုတ်။

ယုံကြည်မှု

-လုပ်ယူတဲ့ယုံကြည်မှု မဟုတ်ဘဲ လောဘ ဒေါသ
မောဟနဲ့ပတ်သက်နေတဲ့ ပြုလုပ်ဖန်တီးမှုတွေကို
စွန့်လွှတ်နိုင်တဲ့စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့
ယုံကြည်မှုအစစ် ဖြစ်ဖို့လိုတယ်။

-အလုပ်ကိုယုံတာ၊ စွန့်လွှတ်တဲ့အလုပ်ကို ယုံတာ ဖြစ်ဖို့လိုတယ်။

လုပ်နိုင်တဲ့အင်အားပါတဲ့ စကား

-အပြောအားထက် အလုပ်အားကို ပိုသုံးပါ။

-အပြောနဲ့မလုပ်နဲ့၊ အလုပ်နဲ့ပြော။

-ကိုယ်မလုပ်နိုင်တာကို ပြောတာထက် လုပ်နိုင်တာကို
ပြောတာအင်အားပါတယ်။

-စကားသက်သက်ပြောတာထက် လုပ်နိုင်တဲ့အင်အား
ပါတဲ့ စကားဖြစ်ဖို့လိုတယ်။

-ပြောတဲ့အတိုင်း လုပ်နိုင်ဖို့နဲ့ လုပ်တဲ့အတိုင်း ပြော
နိုင်တဲ့ စွမ်းအင်သတ္တိလိုတယ်။

-ဒီလိုလုပ်ပါလားလို့ပြောတာထက် လုပ်ပြလိုက်တာ ပိုကောင်းတယ်။

-ကောင်းသောလုပ်ရပ်များဖြင့် ကောင်းသော လောက
ကြီးကို ဖန်တီးပါ။

-စွန့်လွှတ်မှုစွမ်းအားဖြင့် ပြီးပြည့်စုံသောလောကသို့ ရောက်နိုင်သည်။

တူရာ စုတယ်

-စေတနာများရာ စေတနာစုတယ်၊ ဒေါသများရာ ဒေါသစုတယ်၊ လောဘများရာ လောဘစုတယ်။
မောဟများရာ မောဟစုတယ်။


ဖန်ဆင်းရှင်အစစ်

-မကောင်းတဲ့စိတ်တွေက မကောင်းကျိုးဖန်ဆင်းရှင်။

-ကောင်းတဲ့စိတ်တွေက ကောင်းကျိုး ဖန်ဆင်းရှင် ။

-ဒါရိုက်တာ စိတ်နှင့် ငါသူတစ်ပါး ယောက်ျားမိန်းမ၊ သက်ရှိ သက်မဲ့ ပုဂ္ဂိုလ် သတ္တဝါ ၃၁ဘုံသား သရုပ် ဆောင်များ ပါဝင်သရုပ်ဆောင်ထားသည့် လောက ရုပ်ရှင် ကို ကြည့်တတ်ပါမှ ရသ အစစ်ကို သိပါမည်။

(သန်လျင်သဘာဝရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ၏ 3-11,4-11, နှင့် 5-11 အနတ္တအဆုံးအမများကို အပိုင်းခွဲလျှက် တင်ပြထားခြင်းဖြစ်ပါသည်။ ရွာသားအားလုံးအတွက် 2012 နှစ်သစ်မှာ ဆောင်ရန် – ရှောင်ရန် (အပိုင်း ၆) ဖြစ်ပါသည်။ )

ပညာ အမိုး၊ သမာဓိ အခင်း၊ သီလ အကာ
သဘာဝတရားရဲ့
သဘာဝတရားရိပ်သာ။

ဆက်လက်ဖော်ပြပါမည်။

4 comments

  • barnay

    February 10, 2012 at 9:53 pm

    “-ပြောတဲ့အတိုင်း လုပ်နိုင်ဖို့နဲ့ လုပ်တဲ့အတိုင်း ပြော
    နိုင်တဲ့ စွမ်းအင်သတ္တိလိုတယ်။”

    ကြိုက်ပါတယ်ဗျာ . ကျေးဇူးတင်ပါတယ် . ။
    အပြောလွယ် ၊ အသိလွယ် သလောက် အကျင့်ခက်တာတွေပါ ..
    စိတ်ထဲက လုပ်မယ်လို့ ပိုင်းဖြတ်ပေမဲ့ တကယ်လုပ်ဖြစ်ဖို့မှာ တော်တော် အားစိုက်ရပါတယ် ..
    ခရီးတိုင်း ခြေတလှမ်းက စရတာမို့ .. ဘယ်သူဖြစ်ဖြစ် ကောင်းတာတွေ လုပ်ဖို့ဆိုရင် စဖြစ်ဖို့ကို တိုက်တွန်းလိုပါတယ် …..။
    မသေခင် သာ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာလည်း သိထားစေချင်ပါတယ် ။

  • ကြောင်ကြီး

    February 13, 2012 at 11:16 am

    “တရားအရသာ တကယ်မသိလို့ တခြားအရသာတွေကို အဟုတ်ထင်ငြိတွယ်တာ”
    တရားအရသာတော့ တကယ်မသိသေးဘူး ပြပြလေးမြင်ယုံရှိသေးတယ်၊ မတရားအရသာတော့ အတော်သိနေပြီ….။

  • ဆူး

    February 13, 2012 at 11:57 am

    အဲဒီ ရိပ်သာကို မန္တလေး ဂေဇတ် အဖွဲ့သားတွေ စုပြီးတော့ ရောက်ခဲ့တုန်းကမြင်မိတာတော့ တော်တော်လေးကို နွမ်းပါးပြီး လိုအပ်ချက်တွေ အများကြီး ရှိနေတာ တွေ့ရတယ်။
    နေမကောင်းတဲ့ လူကြီးတွေ အများကြီး မှီခိုနေကြတာ ဆိုတော့.. နေရာထိုင်ခင်း ဆေးဝါး က အစ လိုအပ်တာတွေ အများကြီး ရှိနေသေးတယ်။

Leave a Reply