“ရှေးဟောင်း ရွွှေကျောင်းကြီးထဲက ရုပ်လုံးကြွ ဇာတ်တော်များ”

1ရှေးမူမပျက်သေးတဲ့ရွှေကျောင်းကြီး
2 နာရဒဇာတ်တော်
3တေမိယဇာတ်တော်
4 ဝေဿန္တရာဇာတ်တော်
5 ဝိဒူရ ဇာတ်တော်
6 သုဝဏ္ဏသာမ
7 ဥတေန ဇာတ်တော်
8 မဟာဇနက္က
9 ဘူရိဒတ် ဇာတ်တော်
10 မဟာပဒုမဇာတ်တော်
11ခေါင်းလောင်းထမ်းတဲ့အရုပ်ကလေး
12 အတွင်းထဲက ဆင်းတုတော်
13 ရွှေကျောင်းကြီးထဲက ရှေးဟောင်းလက်ရာမွန်
14 ကျောင်းခေါင်မိုးကလက်ရာမွန်
15 တိုင်လုံးတွေ ကိုရွှေချထားမှာပါ
16 ရှေးဓါတ်ပုံထဲက ရွှေကျောင်းကြီး

 

“ရွှေကျောင်းကြီးက ရုပ်လုံးကြွဇာတ်တော်များ”

 

ပြီးခဲ့တဲ့လဆန်းက မရောက်တာအတော်ကြာတဲ့ ရွှေကျောင်းကြီးဘက်ရောက်ခဲ့ပါတယ်။

ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး

ရတော့ နှမျောသလို။

ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။

ဒါပေမယ့် တကူးတကလာရတာမဟုတ်ဘဲ ကိုယ့်မြို့ကို်ယ်ဆိုတော့

တန်ပါတယ်လို့ဘဲ စိ်တ်ထဲတွေးမိပါတယ်။

ဒီရွှေကျောင်းကြီးပုံရိုက်ထားတာကတော့ ဘိုလိုနှစ်ဆန်းတစ်ရက် (1-1-2012)နေ့ပါ။

းဒါပေမယ့်အခုမှတင်ဘို့အလှည့်ကျ။

ဒါပေမယ့် ကိုကျော်မွန်ခန့်က တင်ထားတာလဲရှိတော့ သူ့နဲ့မတူတာလေးရွေးတင်ပေးလိုက်ပါတယ်။

ရှေးရှေးတုန်းကပုံလေးကို လဲ စာအုပ်ထဲကနေဓါတ်ပုံရိုက်ပြီးတင်ပေးလိုက်ပါတယ်။

ဒီပုံလေးကြည့်မိလို့ မန်းလေးကို လာချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျေနပ်ပြီနော်.။

 

 

 

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့ လက်ဆော့

(11-2-2012)

 

12 comments

  • ရွှေကျောင်းကြီးကိုမရောက် တာအတော်ကြာပါတယ်။
    (1-1-2012)နေ့ကရောက်သွားပေမယ့် ပုံတွေမတင်ဖြစ်ခဲ့။
    ရွာထဲက ကိုကျော်မွန်ခန့်က မန်းလေးရောက်ခိုက် ရွှေကျောင်းကြီးပုံတွေတင်ပေးလိုက်တာ
    အတော်လေးလှပါတယ်။
    အဲတော့ ကျနော်လက်ဆော့ထားတာထဲက သူနဲ့မတူတာလေး ရွေးတင်ပေးလိုက်ပါတယ်။

  • koyinmaung

    February 12, 2012 at 9:06 am

    တကယ့်ကိုလာလည်မှာပါ…..
    အခွင့်မသင့်သေးလို့မလာနိုင်သေးတာပါ
    တချိန်ကကျနော်တို့ရဲ့မင်းနေပြည်တော်ကြီးမဟုတ်လား
    ရှေမူလက်ရာတွေ ကိုယ်တိုင်လာရောက်လေ့လာချင်ပါတယ်
    မရောက်နိုင်သေးတဲ့ခုအချိန်မှာတော့ဆရာပေါက်နဲ့မန်းလေးရွာသားတို့
    လက်ရာတွေနဲ့ဘဲနှစ်သိပ်လေရပါတယ်
    ဓါတ်ပုံတွေကောင်းမှကောင်းပါ……

  • water-melon

    February 12, 2012 at 10:02 am

    လေးပေါက် ကင်မရာကြေး ၅၀ဝ ပေးရတာမလား 😛
    လေးပေါက် ရွေကျောင်းကြီးဖြစ်နေတယ်
    လေးပေါက် ရွှေကျောင်းထဲမှာ ဘယ်သူမှ သတိမထားမိတဲ့ ပုံ ကျွန်တော်ထဲမှာရှိတယ်
    လိုချင်ရင်ပြောနော့

  • စိန်ပေါက်ပေါက်

    February 12, 2012 at 12:56 pm

    ခုပုံလေးကြည့်ပြီးတော့လဲ မန်းလေးကို လာချင်ဒယ်..
    မောင်ပ ရွှေဘဲလိုက်ကျွေးတယ်ကြားတော့လဲ လာချင်ဒယ်
    အို..
    ဘာပဲဖစ်ဖစ် လာချင်ဒယ်.. 😆
    အရီးပေါက်ရဲ့
    ရှေးမူမပျက်သေးတဲ့ ရွှေချောင်း အဲလေ..ရွှေကျောင်းကြီး ကြည့်သွားပါတယ်..

    • စိန်ပေါက်ပေါက်

      February 12, 2012 at 2:09 pm

      ရွှေမန်းမြို့သူများက ခင်တတ်တာ အမှန်ပါပဲ လေးပေါက်ရေ…

      စကားမစပ်..

      စာရေးဘို့ လိပ်ပြာ ပြန်သွင်းရတာ အတော်ခက်တယ်ဗျာ
      ဒီအထဲမှာ သပွတ်အူမျောလာတာကရှိသေးတယ် 😆

  • အခုလိပ်ပြာပြန်ရသွားပြီ။
    သပွတ်အူလဲမီးရှို့လိုက်လို့ပြီးသွားပြီ။
    အဲတော့ လောလောဆယ် ရိုက်ထားတဲ့ပုံတွေနေ့တိုင်းတင်ပြီး
    ………………………………………………………………………..

  • KoNyeinChan

    February 12, 2012 at 8:11 pm

    စတော်ဘယ်ရီသီးတွေ သီးနေတယ်မှတ်တယ်.. ရဲရဲနီနေလိုက်တာ 🙂
    ရှေးလက်ရာ ကနုတ်တွေက အတော်အနုစိတ်နိုင်လွန်းတယ်.. ရွှေတိဂုံစောင်းတန်းမှာ အသစ်လုပ်ထားတဲ့ ကနုတ်တွေကတော့ လက်ရာကြမ်းတယ်.. ရှေးဟောင်းလက်ရာတွေ တစ်နေ ့ထက်တစ်နေ ့ အတော်ရှားကုန်ပြီ.. ရှေးဟောင်းရုပ်ထုတွေဆိုပြီး ကြေးသွန်းရုပ်တွေကို မြေကြီးထဲထား အက်ဆစ်လောင်းပြီးရောင်းတာတွေ မြင်ဖူး ကြားဖူးတယ်

  • MaMa

    February 12, 2012 at 8:25 pm

    ကိုပေါက်ရေ
    (ဟိုငယ်စဉ်ကလေးဘဝထဲက ဝင်ခလုတ်ထွက်ခလုတ်နေခဲ့တဲ့ကျောင်းကိုဝင်ကြေးပေး
    ရတော့ နှမျောသလို။
    ဓါတ်ပုံရိုက်မယ်ဆိုတော့ ကင်မရာ အတွက်ပိုက်ပိုက်ပေး။) ဆိုတဲ့ ….
    ကိုယ့်ခံစားချက်လေးပါ ထည့်ရေးတာ ကိုပေါက်ရဲ့ လက်ရာပဲ။

  • ကျနော်က နေရာတစ်ခုခုကိုရောက်ရင် ကျနော်အပေါ်ရိုက်ခတ်လာတဲ့ခံစားမူ့ကိုဦးစားပေးပြီးရေးတာများပါတယ် မမရေ

  • Mလုလင်

    February 12, 2012 at 10:47 pm

    ဖော်ရိန်နာ ဆို 10 FEC ပေးရတယ်နော်… မြန်မာ ဆို ကင်မရာ အလုံးလေးနဲနဲ ကြီးတာနဲ့ ဟွန့် … စိတ်နာဒလယ်။

  • လုလင်နောက်တစ်ခါလာရင် အခုလိုမဖြစ်အောင်စီစဉ်ထားတယ်။
    ရွှေကျောင်းကြီးထဲမှာ အပီအပြင်ရိုက်မယ်ကွာ။

Leave a Reply