တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဒဿနစာစုများ

ကိုပါႀကီးFebruary 10, 20124min1064


ဆရာတော် ဦးဉာဏိဿ နှင့် ဒလိုင်းလားမား (ငြိမ်းချမ်းရေးနိုဘယ်ဆုရ)


ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမန်တူးတူး (ငြိမ်းချမ်းရေးနိုဘယ်ဆုရ)


အိုဘားမား (အမေရကန်သမ္မတ) (ငြိမ်းချမ်းရေးနိုဘယ်ဆုရ)

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဘာကြောင့် ကမာ္ဘလူသားတွေက လေးစားနေကြသလဲ. သူကိုလေးစားတယ်ဆိုတာက ခရစ်ယာန် ဟိန္ဒူ မွတ်စလင် ဘာသာမဲ့ သူအကြောင်းကို တက်သိနားလယ်သူ အများစုက လေးစားကြပါတယ်။

သူဘာကြောင့် ဒီလို ချစ်ခင်လေးစားခြင်းကို ခံနေရသလဲ။ သူဟာ ဘုရားစကားကို နားထောင်တယ်။ မေတ္တာတရားကို အခြေခံတယ်။

ဘာသာရေး အစွန်းမရောက်ဘူး။ ဒါတွေဟာ ဒလိုင်းလားမားရဲ့ဂုဏ်ပုဒ်တွေပေါ့.။

မြန်မာနိုင်ငံက ဘာသာရေး ထေရဝါဒ အစွန်းရောက်များ ၊တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဒဿနတွေကို ဖတ်စေချင်ပါတယ်။

ဒီလို ဒလိုင်းလားမားလို့ ဘုန်းကြီးတွေရှိနေလို့ ကမာ္ဘ့ ှဗုဒ်ဓဘာသာဆိုပြီး သိနေတာဖြစ်ပါတယ်။ ဒလိုင်းလားမားတို့ရဲ့ ကြို့းပန်းအားထုတ်မှု့ကြောင့် ကမာ္ဘက သိနေတဲ့ ဗုဒ်ဓဘာသာကို တို့မြန်မာနိုင်ငံက ထေရဝါဒကြောင့်ဆိုပြီး ရမ်းမဖြီးပါနဲ့။

မြန်မာနိုင်ငံက ထေရဝါဒ အမည်ခံ ရဟန်းတွေထဲမှာ ဝါဒမတူရင် ထောင်ချမယ်၊ ကျောင်းကို ချိပ်ပိတ်မယ်ဆိုပြီး ဖျက်ဆီးရေး ကြွေးကြော်သံတွေ ဆူညံပွက်ကလောရိုက်နေပါတယ်။

ဒီလောက်မေတ္တာတရားခေါင်းပါးတဲ့ ရဟန်းတွေကို ကမာ္ဘလူထုကြီးက အသိအမှတ်မပြုပါဘူး။

လူသားအားလုံးက အသိမှတ်ပြုချင်ရင် စိတ်ဓာတ်လေးတွေကို အရင်ဆုံးပြုပြင်ကြပါ။ ဒလိုင်းလားမား ဘာကြောင့် လူတွေလေးစားနေကြတာလည်း ဆိုတာကို ဖတ်ကြည့်ကြ၊ အစွန်းရောက် ထေရဝါဒရဟန်းများ၊ ဝါဒရေးရာကို ဝါဒရေးရာနဲ့ မဖြေရှင်းပဲ။ ထောင်ချဖြေရှင်းနေတဲ့ အစွမ်းရောက် ဝါဒကို ရည်ရွယ်ပါသည်။ ဒလိုင်းလားမားလို ကမာ္ဘကျော်ချင်ရင် ဒလိုင်းလားမားလို မေတ္တာထားနိုင်အောင် ကျင့်လိုက်ပါလို့ ပြောလိုက်ပါရစေဗျာ။

………………………………………

All major religious traditions carry basically the same message, that is love, compassion and forgiveness the important thing is they should be part of our daily lives.

အဓိကကျတဲ့ ဘာသာရေး အစဉ်အလာ အားလုံးမှာ အခြေခံအားဖြင့် တူညီတဲ့အချက် ပါရှိပါတယ်။ အဲဒါကတော့ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ နဲ့ ခွင့်လွှတ်ခြင်း ဖြစ်ပါတယ်။ အဲဒါတွေဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်း ဖြစ်နေဖို့ အရေးကြီးပါတယ်။

Happiness is not something ready made. It comes from your own actions.

ပျော်ရွှင်မှုဟာ အဆင်သင့် ပြုလုပ်ထားပြီးသား အရာတစ်ခု မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကနေ ဖြစ်ပေါ်လာတဲ့ အရာပါ။

If you can, help others; if you cannot do that, at least do not harm them.

တတ်နိုင်ရင် တစ်ပါးသူတွေကို ကူညီပါ။ မကူညီနိုင်ဘူးဆိုရင် အနည်းဆုံး ဒုက္ခမပေးပါနဲ့။

It is necessary to help others, not only in our prayers, but in our daily lives. If we find we cannot help others, the least we can do is to desist from harming them.

တစ်ပါးသူတွေကို ကူညီဖို့ လိုပါတယ်။ ဝတ်ပြုဆုတောင်း ပေးရုံတင် မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာ ကူညီရမှာပါ။ သူတစ်ပါးကို မကူညီနိုင်တော့ဘူးဆိုရင် အနည်းဆုံး အနေနဲ့ ဒုက္ခပေးတာကို ရပ်လိုက်နိုင်ပါတယ်။

If you have a particular faith or religion, that is good. But you can survive without it.

သက်ဝင်ယုံကြည်တာ တစ်ခုခု ဒါမှမဟုတ် ဘာသာတရား တစ်ခုခု ရှိတယ်ဆိုရင် ကောင်းပါတယ်။ မရှိပေမယ့်လည်း ရပ်တည်ရှင်သန်နိုင်ပါတယ်။

Love and compassion are necessities, not luxuries. Without them humanity cannot survive.

ချစ်ခြင်းမေတ္တာနဲ့ သနားကရုဏာတို့ဟာ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဇိမ်ခံစရာတွေ မဟုတ်ပါဘူး။ မေတ္တာ ကရုဏာ မရှိရင် လူသားတွေ မရပ်တည်မရှင်သန်နိုင်ပါဘူး။

We can live without religion and meditation, but we cannot survive without human affection.

ဘာသာတရား မရှိလည်း ရှင်သန်နိုင်ပါတယ်။ ကမ္မဋ္ဌာန်းတရား မရှိလည်း ရှင်သန်နိုင်ပါတယ်။ လူသားဆန်တဲ့ ခံစားချက် မရှိရင်တော့ မရှင်သန်နိုင်ပါဘူး။

Be kind whenever possible. It is always possible.

ဖြစ်နိုင်တဲ့အခါတိုင်း ကြင်နာပါ။ အမြဲတမ်း ဖြစ်နိုင်ပါတယ်။

My religion is very simple. My religion is kindness.

ဘုန်းကြီးရဲ့ ဘာသာရေးက ရှင်းရှင်းလေးပါ။ အကြင်နာတရားပဲ ဖြစ်ပါတယ်။

There is no need for temples, no need for complicated philosophies. My brain and my heart are my temples; my philosophy is kindness.

ဘုရားကျောင်းတွေ မလိုပါဘူး။ ရှုပ်ထွေးတဲ့ အတွေးအခေါ် ဒဿနတွေ မလိုပါဘူး။ ဘုန်းကြီးရဲ့ ဦးနှောက်နဲ့ နှလုံးသားတို့ဟာ ဘုန်းကြီးရဲ့ ဘုရားကျောင်းတွေ ဖြစ်ပါတယ်။ ဘုန်းကြီးရဲ့ ဒဿနကတော့ အကြင်နာတရား ဖြစ်ပါတယ်။

If you want others to be happy, practice compassion. If you want to be happy, practice compassion.

တစ်ပါးသူတွေ ပျော်စေချင်တယ်ဆိုရင် ကရုဏာတရားကို ကျင့်သုံးပါး။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်ချင်တယ်ဆိုရင် ကရုဏာတရားကို ကျင့်သုံးပါ။

In the practice of tolerance, one’s enemy is the best teacher.

သည်းခံခြင်းကို ကျင့်သုံးတဲ့ နေရာမှာ ရန်သူဟာ အကောင်းဆုံး ဆရာ ဖြစ်ပါတယ်။

Old friends pass away, new friends appear. It is just like the days. An old day passes, a new day arrives. The important thing is to make it meaningful: a meaningful friend – or a meaningful day.

မိတ်ဆွေဟောင်းတွေ ကွယ်လွန်ကုန်ကြပြီ။ မိတ်ဆွေသစ်တွေ ပေါ်လာတယ်။ နေ့တွေရက်တွေလိုပါပဲ။ နေ့ရက်အဟောင်းတွေ ကုန်လွန်ပြီး နေ့ရက်အသစ်တွေ ရောက်လာတယ်။ အရေးကြီးတာက အဓိပ္ပာယ်ရှိအောင် လုပ်ဖို့ပါ။ အဓိပ္ပာယ်ရှိတဲ့ မိတ်ဆွေတစ်ယောက်။ အဓိပ္ပာယ်ရှိတဲ့ နေ့တစ်နေ့။

Sleep is the best meditation.

အိပ်စက်ခြင်းဟာ အကောင်းဆုံးကမ္မဋ္ဌာန်း ဖြစ်ပါတယ်။

The roots of all goodness lie in the soil of appreciation for goodness.

ကောင်းမြတ်မှု အားလုံးတို့ရဲ့ အမြစ်အရင်းဟာ ကောင်းမြတ်မှုကို တန်ဖိုးထားခြင်းဆိုတဲ့ မြေလွှာထဲမှာ တည်ရှိပါတယ်။

The purpose of our lives is to be happy.

ဘဝရည်ရွယ်ချက်ဟာ ပျော်ရွှင်ဖို့ ဖြစ်ပါတယ်။

We can never obtain peace in the outer world until we make peace with ourselves.

ကိုယ်တွင်းအဇ္ဈတ္တ ငြိမ်းချမ်းအောင် မလုပ်နိုင်မချင်း အပြင်အပ ဗဟိဒ္ဓလောကမှာ ငြိမ်းချမ်ရေး မရရှိနိုင်ပါဘူးး။

Where ignorance is our master, there is no possibility of real peace.

မောဟ မင်းမူတဲ့ နေရာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်ချေ မရှိပါဘူး။

Whether one believes in a religion or not, and whether one believes in rebirth or not, there isn’t anyone who doesn’t appreciate kindness and compassion.

ဘာသာတရားကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ ဘဝတစ်ဖန် ပြန်လည်မွေးဖွားခြင်းကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မေတ္တာအကြင်နာ နဲ့ သနားကရုဏာကို တန်ဖိုးမထားတဲ့သူရယ်လို့ မရှိပါဘူး။

With realization of one’s own potential and self-confidence in one’s ability, one can build a better world.

ကိုယ့်ရဲ့ဇကို နားလည်ပြီး ကိုယ့်ရဲ့အရည်အသွေးကို ယုံကြည်တယ်ဆိုရင် ပိုကောင်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်နိုင်ပါတယ်။

လူသားအားလုံး ရွှင်လမ်းချမ်းမြေပါစေ။

(အသောက အသောက အသောက ၏ facebook စာမျက်နှာမှ ဖြစ်ပါသည်။)

 

4 comments

  • ever

    February 10, 2012 at 4:00 pm

    အေးဗျာ၊ မြန်မာ အစွန်းရောက်တယူသန် ထေရဝါဒီတချို့ အတုယူဖို့ကောင်းတယ်ဗျာ။
    ဒီနေ့ခေတ်လူတွေက အသိအမြင်တွေကျယ်လာကြပြီဗျ။ အရင်လို ပြောတိုင်း စွတ်ယုံတော့တာမဟုတ်ဘူး။
    ကမ္ဘာမှာ နှိုင်းယှဉ်လေ့လာစရာတွေက များလာပြီ။
    ထေရဝါဒီတွေ သဘောထားကြီးကြီးနဲ့ ကိုယ့်အရည်အသွေး ကိုယ်မြှင့်ဖို့တော့ လိုပြီနဲ့တူတယ်။

  • koyinmaung

    February 10, 2012 at 4:26 pm

    ကိုပါကြီးရေ..ခုလိုတန်ဘိုးရှိတဲ့
    ဒလိုင်းလားမားရဲ့ဒဿနစာစုတွေဖတ်ရတဲ့အတွက်ကျေးဇူးပါ
    (တတ်နိုင်ရင် တစ်ပါးသူတွေကို ကူညီပါ။ မကူညီနိုင်ဘူးဆိုရင် အနည်းဆုံး ဒုက္ခမပေးပါနဲ့။)
    ဒီစာပိုဒ်ကိုတော့အကြိုက်ဆုံးဘဲဗျို……

  • kai

    February 10, 2012 at 4:43 pm

    http://myanmargazette.net/12088/
    “တိဘက်က ဘုန်းတော်ကြီးလား” ဆိုတာ.. Related posts: မှာပေါ်နေတယ်..
    အဲဒါကို ဆက်ဖတ်ကြဖို့ တိုက်တွန်းပါတယ်..။

  • ကိုငြိမ်းအေး

    February 12, 2012 at 9:19 am

    (We can live without religion and meditation, but we cannot survive without human affection.
    ဘာသာတရား မရှိလည်း ရှင်သန်နိုင်ပါတယ်။ ကမ္မဋ္ဌာန်းတရား မရှိလည်း ရှင်သန်နိုင်ပါတယ်။ လူသားဆန်တဲ့ ခံစားချက် မရှိရင်တော့ မရှင်သန်နိုင်ပါဘူး။) ဆိုတာလေးကို ဖတ်ရတော့ . . . . . . .

    လူသားဆန်တဲ့ ခံစားချက်ဖြစ်ဖို့ကတော့ တကယ့်လူပီသတဲ့လူတွေ ဖြစ်ဖို့လိုတယ်လို့ ထင်မိပါတယ်။
    တကယ့်လူပီသတဲ့လူတွေ ဖြစ်ဖို့ကတော့ လူသားတွေဆောင်ထိုက်တဲ့ အသိပညာတွေနဲ့ ရပ်တည် ရှင်သန်နေမှသာ ဖြစ်မှာပါ။

Leave a Reply