သဘာဝကျကျစိုက်ပျိုနည်းအခြေခံ အကြောင်းအရာများ

Wai Aung Chan MyoFebruary 10, 20121min470

သဘာဝကျကျစိုက်ပျိုနည်းအခြေခံ အကြောင်းအရာများ

လွန်ခဲ့သောနှစ်၆ဝကျော်မှစ၍ ခေတ်ပေါ်စိုက်ပျိုးထုတ်လုပ်မှုစနစ်တွင် သီးနှံအထွက်တိုးစေ ရန်အတွက် အစိမ်းရောင်တော်လှန်ရေး (Green Revolution)ကို ဆောင်ရွက်လာရာ တောင်သူဦးကြီးများသည် ဓာတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုလာရာ သီးနှံအထွက်နှုန်းများသိသိသာသာပိုထွက်လာပါသည်။ ထိုကဲ့သို့ နှစ်ကြာရှည်စွာ တစ်စတစ်စသုံးစွဲလာမှုကြောင့် မြေဆီလွှာများပျက်စီးသွားခြင်း၊ သဘာဝဂေဟစနစ်ပျက်စီးသွားခြင်း၊ ဓါတုပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိသည့် အဖျက်ပိုးများ များပြားလာခြင်းစသည့် ဆိုးကျိုးများဖြစ်ပွားခဲ့ရပါသည်။

ယင်းကဲ့သို့ သီးနှံများတွင် ဓါတုပစ္စည်းများအလွန်အကျွန်သုံးစွဲခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်မှု မရှိခြင်းတို့ကြောင့် မြေထဲတွင်နေသော အကျိုးပြုအဏုဇီဝပိုးများ သေကြေပျက်စီး ကာ ပမာဏလျော့နည်းလာခဲ့သည်။ တောင်သူများအနေဖြင့် အဏုဇီဝပိုးများအလုပ်လုပ်ပုံကို ကောင်းစွာမသိသေးသောကြောင့် ဓာတ်မြေဩဇာနှင့် ဓါတုပိုးသတ်ဆေးများကို လွဲမှားစွာ အသုံးပြုခဲ့ကြသည်။

အဏုဇီဝသက်ရှိများ၏ အလုပ်လုပ်ပုံ

၁) ဘက်တီးရီးယားများ

ဘက်တီးရီးယားများသည် မြေထဲရှိအာဟာရဓါတ်များ အပင်မှအဆင်သင့် စုပ်ယူနိုင်အောင် ဆောင်ရွက်ပေးရုံသာမက အပင်မှလိုအပ်သော နိုက်ထရိုဂျင်ဓါတ်၊ ဖော့စ်ဖရပ်စ်ဓါတ်၊ ပိုတက်စီယမ်ဓါတ်များကိုပါ မြေတွင်ထိန်းသိမ်းပေးသည်။ ထို့ပြင် မြေကြီးမှ စွန့်ထုတ်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၀%ကို ဘက်တီးရီးယား အများစုက စုပ်ယူထားနိုင်သည်။ ယင်းတို့မှ ထုတ်လုပ်သော မြေေဆွေးဓါတ်သည် မူရင်းမြေဆွေးထက် ရာသီဥတုဒဏ်ကို ခံနိုင်ပြီ မြေထဲတွင် ကြာရှည်စွာထိ်န်းသိမ်းနိုင်စွမ်းရှိပါသည်။ ဤနည်းလမ်းအားဖြင့် အဏုဇီဝသက်ရှိများ၏ အရေအတွက်ကို ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။

၂) ဖန်ဂျိုင်းများ

ဘက်တီရီးယားများကဲ့သို မြေတွင်းရှိကောင်းကျိုးပြု ဖန်ဂျိုင်းများသည်လည်း ဖြိုခွဲရန်ခက်ခဲသော မြေဆွေးဓါတ်များကို အပင်မှစားသုံးနိုင်သောအဆင့်ရရန် ဖြိုခွဲပေးခြင်း၊ အပင်မှ စားသုံးပြီးကျန်ရှိသော အာဟာရဓါတ်များကို မြေထဲတွင် ထိန်းသိမ်းပေးခြင်း နှင့် ယင်းတို့မှ စွန့်ထုတ်သောမြေဆွေးဓါတ်များကိုလည်း အခြားအဏုဇီဝသက်ရှိများက စာသုံးနိုင်ခြင်း စသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။

၃) ပရိုတိုဇိုးဝါးများ

ပရိုတိုဇိုးဝါးများသည် ဘက်တီးရီးယားများကို စားသောက်သာ အဏုဇီဝဖြစ်ပါသည်။ ၎င်းတို့အတွက် လိုအပ်သော နိုက်ထရိုဂျင်ပမာဏမှာ ဘက်တီးရီးယားအတွက် လိုအပ်သော ပမာဏထက် ၁ဝဆခန့်နည်းပါးသောကြောင့် စားသောက်ပြီးပိုသော နိုက်ထရိုဂျင်များကို အပင်မှ စားသုံးနိုင်မည်ဖြစ်ပါသည်။ အပင်များမှ စားသောက်သော နိုက်ထရိုဂျင်ဓါတ်ပမာဏများ၏ ၄၀%​ ~ ၈၀%သည် ပရိုတိုဇိုးဝါးများက ဘက်တီးရီးယားများကို စားသောက်ပြီး ရရှိလာသောနိုက်ထရိုဂျင်များဖြစ်ပါသည်။

၄) အကျိုးပြု နီမတုတ်များ

အကျိုးပြု နီမတုတ်များသည် ဘက်တီးရီးယား၊ ဖန်ဂျိုင်း နှင့် ပရိုတိုဇိုးဝါးများကို စားသုံးသော အဏုဇီဝသက်ရှိဖြစ်သည်။ ၎င်းတို့၏ နိုက်ထရိုဂျင်စားသုံးမှုသည် ဘက်တီးရီးယားများထက် အဆ ၁၀၀၊ ပရိုတိုဇိုးဝါးများထက် ၁ဝဆ လျော့နည်းမှုကြောင့် ယင်း ဘက်တီးရီးယား၊ ဖန်ဂျိုင်းနှင့် ပရိုတိုဇိုးဝါးများကို စားသောက်ပြီး ပိုသောနိုက်ထရိုဂျင်ဓါတ်များကို အပင်မှ စားသုံးနိုင်မည်ဖြစ်သည်။

၅) တီကောင်များ

တီကောင်များသည်လည်း ဘက်တီးရီးယားများ၊ ဖန်ဂျိုင်းများကို စားသောက်ပြီး အသက်ရှင် နေထိုင်သော သက်ရှိများဖြစ်ပါသည်။ ၎င်းတို့သည် အမြစ်များဆီသို့ ရေရောက်ရှိမှုကို အားပေးရုံသာမက လေရှုဘက်တီးရီးယားများရှင်သန်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အောက်ဆီဂျင်ကိုလည်း မြေကြီးအတွင်း တည်ရှိစေရန် ပြုလုပ်ပေးသည်။ ထို့အပြင် ၎င်းတို့၏သွားလာမှုကြောင့် ဖြစ်တည်လာသော လှိုင်ခေါင်းများသည် မြေဆီလွှာဖွဲ့စည်းမှု အားကောင်းစေပါသည်။ တီကောင်များမှ စွန့်ထုတ်လိုက်သော တီကျစ်စာများသည် သာမန်မြေဆီလွှာထက် နိုက်ထရိုဂျင် ပါဝင်မှု ၄ဆ ခန့် မြင့်မားသောကြောင့် စိုက်ပျိုးရေးအောင်မြင်မှုတွင် လွန်စွာ အရေးပါသော မြေဩဇာတစ်မျိုး ဖြစ်ပါသည်။

 

မြေဆီလွှာတစ်ခု၏ အာဟာရဓါတ်ပြည့်ဝမှု၊ ထိန်းသိမ်းမှုတို့ကို မြေကြီးထဲရှိ အဏုဇီဝသက်ရှိ များက အဓိကနေရာမှ တာဝန်ယူထိန်းညှိဆောင်ရွက်ပေးနေပါသည်။ ထိုအဏုဇီဝပိုးများသည် မြေကြီးထဲရှိ အာဟာရဓါတ်များကို အပင်မှ အလွယ်တကူ စားသုံးနိုင်ရန် ပြုလုပ်ပေးသည့်အပြင် ၎င်းတို့ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရှိ အတူနေရန်သူများ၏ စားသောက်ခံရခြင်းဖြင့် အပင်၏ပတ်ဝန်းကျင်တွင် အာဟာရဓါတ်များ တိုးပွားစေပါသည်။

ထို့ကြောင့် မြေဆီလွှာတစ်ခု၏ အရည်အသွေးသည် ပတ်ဝန်းကျင်ရှိ အဏုဇီဝပိုးများနှင့် ၎င်းတို့ကို စားသောက်သော သဘာဝရန်သူများ၏ အရည်အတွက်အနည်းအများပေါ် မူတည်နေပါသည်။ ဘက်တီးရီးယားကဲ့သို့ အကောင်ငယ်အဏုဇီဝပိုးများမည်မျှပင်များစေ၊ ၎င်းတို့ကိုစားသောက်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများလုံးဝမရှိလျှင်သော်၎င်း၊ လိုအပ်သည်ထက် အရည်အတွက်နည်းပါလွန်းလျှင်သော်၎င်း၊ အပင်အတွက် အဓိကလိုအပ်သော အာဟာရဓါတ်အချို့၏ ရာခိုင်နှုန်းအများစုကို ၎င်းဘက်တီးရီးယားများကသာ စုပ်ယစူစားသောက်ထားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ကိုစားသောက်သော တနည်းအားဖြင့် ၎င်းတို့၏ သဘာဝရန်သူဖြစ်သော ပရိုတိုဇိုးဝါး၊ နီမတုတ်ကဲ့သို့ အဏုဇီဝပိုးကြီးများသည်လည်း မြေကြီးအတွင်း အသက်ရှင်လှုပ်ရှား ရုန်းကန်နေရန်လိုအပ်ပေသည်။ ထို့နည်းတူ ဘက်တီးရီယားများမရှိခဲ့လျှင်လည်း အပင်အတွက်လိုအပ်သော အဓိကအာဟာရဓါတ်များကို ထိန်းသိမ်းပေမည့်သူ မရှိသောကြောင့် အပင်မှာ အာဟာရဓါတ်ချို့ယွင်းပြီး မကြာခင် သေဆုံးပေလိမ့်မည်။

တနည်းအားဖြင့်ဆိုရသော် မြေကြီးအတွင်း အဏုဇီဝပိုးငယ်များနှင့် ၎င်းတို့၏သဘာဝရန်သူ ပိုးများ ဟန်ချက်ညီညီလှုပ်ရှားရုန်းကန်ရင်း အပင်အတွက် အဓိကလိုအပ်သည့်အာဟာရ ဓါတ်များကို ထုတ်လုပ်ပေးနေကြခြင်းဖြစ်သည်။

ကိုဝေအောင် (သစ်မွှေးချစ်သူ)
0949348896, 095136753, 0949275907, 0973070035
email: waiaungchanmyo@gmail.com,

အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- အမှတ်(၁၅၃၆)၊ ထူပါရုံ (၁၆)လမ်းအရှေ့၊ (၁) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

သစ်မွှေးခြံလိပ်စာ- ပျဉ်ထောင်းချောင်းကျေးရွာ၊ နတ်စင်ကုန်းမှတ်တိုင်၊ (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်၊ ထမလုံမရောက်ခင် ၂မှတ်တိုင်အလို)၊ ( ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ သန်လျင်-ကျောက်တန်းကားလမ်းမကြီးမှ နတ်စင်ကုန်းမှတ်တိုင်တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……