N+ 100212 ကွန်ကရစ်ခင်းခြင်း

natureFebruary 10, 20121min31910

လမ်းသွားရင်း ကွန်ကရစ်လမ်းခင်းနေတာတွေ့လို့ ရေးဖို့ စိတ်ကူးရသွားတာပါ။ တတ်သလောက်မှတ်သလောက် ရေးလိုက်ပါတယ်။ အတွေ့အကြုံများတဲ့ ရွာသားများက လိုတာလေးတွေကို ဖြည့်စွက်ပေးကြစေလိုပါတယ်။

ကွန်ကရစ်လမ်းတွေဟာ ခင်းပြီးရင် ၂၁ ရက်ကြာမှာ ဆွဲအားပြည့် ပါတယ်။ ဒီ ၂၁ ရက် မှာ အစိုဓါက် ရအောင် ဂုံနီကို ရေဆွတ်ပြီး အုပ်ထားပေးမှ ကွန်ကရစ်အားကောင်းပါတယ်။ အခုခင်းတဲ့ လမ်းတွေမှာ ခင်းပြီးအစိုဓါက် ထိမ်းသိမ်းမှုမျိုး မရှိလို့ လမ်းတွေ သက်တမ်း မကုန်ခင် ပျက်မှာကို စိုးမိပါတယ်။ ခင်းထားတဲ့လမ်းဟာလည်း ပလက်ဖောင်းထက်မြင့်တက်နေပါတယ်။ ကွန်ကရစ်တွေဖျော်တာရေများသွားရင် ကွန်ကရစ်အားနည်းတတ်ပါတယ်။ ရေနဲရင်လည်း လုပ်ရ ကိုင်ရခက်ပြီး လေခိုတာများတတ်ပါတယ်။ လေမခိုဖို့ vibrator ကိုသုံးရပါတယ်။ vibrator သုံးရင် တနေရာတည်းကို အကြာကြီး ထိုးရင် ကျောက်ခဲတွေအောက်ထိုင်သွားနိုင်တဲ့အတွက် တပေခြား ၅စက္ကန့် လောက်ထိုးပေးရပါတယ်။

လမ်းခင်းတဲ့အခါမှာလည်း ဖာသင့်တဲလမ်းကို် ဖာပြီး ခင်းသင့်တဲ့လမ်းကို ခင်းသင့်ပါတယ်။ ဖာရုံနဲ့အဆင်ပြေမဲ့လမ်းတွေကို ခင်းတာဟာ နိုင်ငံတော် ဘတ်ဂျက်ကို ဖြုံးတီးရာရောက်တယ်လို့ ထင်ပါတယ်။

ကွန်ကရစ်မှာ စံအချိုးတွေရှိပါတယ်။

ဘိလပ်မြေ : သဲ : ကျောက်စရစ်

၁ : ၁.၅ : ၃

၁ : ၂ : ၄

၁ : ၃ : ၆

၁ : ၂ : ၄ ဆိုတာ ကွန်ကရစ်မှာ လူသုံးများတဲ့စံအချိုးပါ။ ဘိလပ်မြေ တစ်ဆ ၊ သဲ ၂ ဆ ၊ ကျေက်စရစ် ၄ဆ ရောတာပါ။ တံတားတွေ ဆိုရင်တော့ ၁ : ၁.၅ : ၃ ကိုသုံးကြပါတယ်။ သက်သက်သာသာနဲ့ဆိုရင်တော့ ၁ : ၃ : ၆ ကို သုံးကြပါတယ် ။ အဆောက်အဦးတွေမှာ ကွန်ကရစ် ခင်းမယ်ဆိုရင် အရင်ဆုံး ဘင့်ပတ်ရပါတယ်။ ပြီးရင်သဲခင်းပြီး အပေါ်က ခဲကျိုးထပ်ခင်းပြီး အောက်အမာခံရအောင် vibrator နဲ့ ကြိတ်ရပါတယ် ။ လမ်းတွေမှာဆိုရင်တော့ ဆူးနဲ့ vibrator ပါတဲ့လမ်းကြိတ်စက်ကြီးတွေနဲ့ ကြိတ်ကြပါတယ်။့ အောက်အမာခံကောင်းကောင်းရမှ ကွန်ကရစ်မကျိုးမှာဖြစ်ပါတယ်။

အမာခံရပြီးရင် level ညှိပြီး တောသစ်နဲ့ ကျောက်ပုံးရိုက်ရပါတယ်။ ကျောက်ပုံးရိုက်တဲ့တောသစ်တွေဟာ အဆောက်အဦးပြီးသွားရင်တော့ အများစုက ထင်းဈေးနဲ့ပဲပြန်ရောင်းရပါတယ်။ အခုနောက်ပိုင်းသံနဲ့ရိုက်ထားတဲ့ကျောက်ပုံးတွေကိုတွေ့ရပါတယ်။ သံနဲ့ ရိုက်ထားတဲ့ကျောက်ပုံးတွေဟာ ပြန်သုံးလို့ရလို့ အလေအလွင့်မရှိထပ်သုံးလို့ရပါတယ်။ ဒါပေမဲ့အလုပ်မရှိလို့ထိမ်းသိမ်းထားတဲ့အချိန်မှာ သံချေးမတက်အောင် ဂရုစိုက်ဖို့လိုပါတယ်။

ကျောက်ပုံးရိုက်ပြီးရင် ငါးမူးလုံးသံဇကာကွက်တွေကို ခင်းရပါတယ်။ ကွန်ကရစ်တွေ ကျိုးသွားသော်လဲ တွဲနေအောင်ပါ။ အောက်ခြေ ဖောင်ဒေးရှင်းအမာခံစိတ်တိုင်းကျ ကြိတ်ထားသူ တချို့ကတော့ ငါးမူးလုံးသံဇကာကွက်ကို မထည့်ကြပါ။

အဆောက်အဦးတွေမှာကွန်ကရစ်လောင်းရင် အောက်ခြေမှာ မိုးရေကာ ဖျင် (ဝါတာဖလူး) ကိုခင်းခြင်းဖြင့် လောင်းတဲ့ကွန်ကရစ်တွေရေများရင် ဘိလပ်မြေရည်တွေ အောက်ကိုစိမ့်ဝင်ပြီး ကွန်ကရစ်အားနည်းတာကို ကာကွယ်နိုင်ပါတယ်။ ကွန်ကရစ်လောင်းပြီး အောက်ခံမြေသားစိုရင် ကွန်ကရစ်အစိုဓါက်တော်တော်နဲ့မပျောက်တာကိုလည်း ကာကွယ်ပါတယ်။

ကုန်တင်ကားအနင်းခံနိုင်ဖို့အတွက် ကွန်ကရစ်ထုကို အနဲဆုံး ၆လက်မခွဲလောက် လောင်းပေးရပါတယ်။ လမ်းဆိုရင် ကွန်ကရစ်လောင်းပြီး အပေါ်မျက်နှာပြင်ကို ရေစီးကောင်းအောင် ဘေးဖက်ကို slope စောင်းပေးထားရပါတယ်။ ရေမဝပ်မှ ကွန်ကရစ်သက်တမ်းကြာရှည်ခံပါတယ်။ ကြမ်းပြင်ခင်းတယ်ဆိုရင်တော့ အညီခင်းရပါတယ်။ အဆောက်အဦးဆောက်မယ်ဆိုရင်လမ်းထက် ၂ပေ ၃ပေလောက်မြှင့်ထားသင့်ပါတယ်။ ဒါမှ ရေရှည်မှာ မိုးတွင်းလိုမျိုးမြောင်းပိတ်ရင် အဆောက်အဦးထဲကို ရေမဝင်မှာဖြစ်ပါတယ်။

ကွန်ကရစ်လောင်းပြီးရင် ၂၁ရက် လောက် အစိုဓါက် ထိမ်းပေးထားနိုင်မှ ကွန်ကရစ်အားကောင်းပါတယ်။ တချို့ကတော့ ကွန်ကရစ်ပေါ်မှာ သဲပါးပါးခင်းပြီး ရေလောင်းထားတတ်ကြပါတယ်။ တချို့ကတော့ဂုံနီအိတ်ကို ရေဆွတ်ပြီး အပေါ်က ဖုံးထားတတ်ကြပါတယ်။

ကွန်ကရစ်တစ်ကျင်းကို ဘိလပ်မြေ ရအိတ်ခန့် ကုန်ပါတယ်။ တစ်ကျင်းဆိုတာ- ၁၀’ x ၁၀’ x ၁’ = ၁၀ဝ ကုဗပေ (တစ်ကျင်း) အလျှားဆယ်ပေ ၊ အနံဆယ်ပေ ၊ အမြင့် တစ်ပေ ကိုခေါ်တာပါ။

နံရံ အုတ်စီမယ်ဆိုရင်တော့ ၁ : ၄ နဲ့စီတတ်ကြပါတယ် ။ နံရံစီရင် တစ်ကျင်းကို် ဘိလပ်မြေ ဘယ်နှစ်အိတ်ကုန်သလဲတော့မသိပါ။

အခုအခါ ကွန်ကရစ်အုတ်တွေလည်း ပေါ်လာတာမို့ တခါတည်း ကွန်ကရစ် နံရံတခါတည်းလောင်းရင် ဘယ်လိုနေမလဲလို့စဉ်းစားမိပါတယ်။ ကျောက်ပုံးရိုက်ရတာ တော်တော်ခက်မယ်ထင်ပါတယ်။

နောက်တခုစဉ်းစားမိတာက ဂိုထောင်တွေဆောက်တဲ့အခါမှာ အပေါ်ပိုင်းကို သွပ်ပြားကာသင့်ပါတယ်။ သွပ်ပြားကာခြင်းအားဖြင့် လေပြင်းတွေတိုက်ရင် သွပ်ပြားလိုင်းတွေနဲ့ တွေ့တဲ့အခါ လေရဲ့ direction ပြောင်းသွားစေနိုင်ပြီး အမိုးပွင့်တာကို သက်သာစေနိုင်မယ်လို့ထင်ပါတယ်။ ခေါင်မိုးသွပ်တွေကိုလည်းသိပ်ပါးတာ မမိုးသင့်ပါဘူး။ သွပ်ပြားသိပ်ပါးရင် လေပြင်းတိုက်တဲ့အခါ အဖျားက သွပ်အစလေး လန်သွားတာနဲ့ တခြားသွပ်တွေကို အတွဲလိုက်ဆွဲခွါတတ်ပါတယ်။ သွပ်ပြားထူရင် အစလန်ဖို့ခက်ပါတယ်။ ဒါကြောင့်နာဂစ်တိုက်တုန်းက ကန်ထရိုက်ဆောက်တဲ့ဈေးတွေ တော်တော်များများ အမိုး လန်ကုန်တာပါ။

 

 

https://myanmargazette.net/90448/creative-writing

 

10 comments

  • Harumoto

    February 10, 2012 at 10:30 pm

    ၁း ၂း ၄း ဆိုတာ စံအချိုး ဖြစ်တဲ့
    ဘိလပ်မြေ ၁ ဆ သဲ ၂ဆ ကျောက် ၄ ဆ နဲ့
    ကွန်ကရိ ဖျော်တာကို ပြောချင်တာထင်ပါရဲ့
    ခုတော့ ခေတ်ပြောင်းပြီ ကိုကိုရေ…
    သည်းလေးတို့ ခေတ်လေ ကိုကိုရဲ့
    ဘယ်လမ်းဖြစ်ဖြစ် သည်းလေး က စံလေ..
    ရန်ကုန်က ကွန်ကရိ လမ်းတွေ က သည်းလေး ချည်းဘဲ…
    တကယ်တော့ သည်းလေး ဆိုတာ နားထောင် ကောင်းအောင် ခေါ်တာ
    သဲ ၄ သဲ၄ မှ အမှန်ပါ
    ဘိလပ်မြေ ၁ ဆ ကို သဲ ၄ ဆ ရောပြီး ခင်းထားတဲ့ လမ်းမို့
    သဲ ၄ လမ်း သဲ၄လမ်း သည်းလေးလမ်း ဆိုပြီး တမြို့လုံး ကျော်ပါပြီ ကိုကိုရယ်…
    မိုး မကြီးခင်ထိတော့ သည်းလေးတို့ မပျက်သေးပါဘူး လေ..
    ရေ မမြှုပ် ခင်ထိတော့ သည်းလေးတို့ လှ နေအုံးမှာပါ နော်…

  • ဆူး

    February 11, 2012 at 11:08 am

    သည်းလေး ဆိုတာ သဲ ၄ မှန်း အခုမှ သိတော့တယ်။
    အဲဒါကြောင့် ကားဖြတ်တာများတဲ့ လမ်းတွေက ချိုင့်ပေါက်တွေ ဖြစ်ချင်နေတာ.. သတိတော့ထားမိတယ်။ တွေးတော့ မတွေးမိဘူး အခုမှ သိတော့တယ်။

  • blackchaw

    February 11, 2012 at 12:40 pm

    ကိုနေးချားရေ။
    ဘာစာမှ မတွေ့ဘူးဗျာ။
    ကော်နက်ရှင်ကြောင့်လား မသိဘူး။ 😀

  • ဆူး

    February 11, 2012 at 12:57 pm

    ကွန်ကရစ် ခင်းခြင်း ဆိုလို့ စကားမစပ်.. နေပြည်တော် လမ်းက ကွန်ကရစ်ခင်းထားတာ အရမ်းအိပ်ငိုက်တာပဲ.. မိုင် ၃ဝလောက် စီးပြီးရင် ၁ဝမိုင်လောက် သတိလွတ်ပြီး အိပ်ပျော်သွားလိုက်သေးတယ်။ ကိုယ်တိုင် မမောင်းလို့ တော်သေးတယ်။ မိုင် ၅ဝ နောက်ပိုင်း မိုင် ၂၀ဝ ပြည့်တဲ့ အထိတော့ မအိပ်ငိုက်တော့ဘူး။

  • nature

    February 11, 2012 at 7:22 pm

    ကော်နက်ရှင်မကောင်းတော့ ရေးထားတာတွေ update လုပ်ရင်း ပျောက်ကုန်လို့ နောက်ထပ် ရေးတင်ပေးပါမယ် ။ နောက်တခါဆိုရင်တော့ word ထဲမှာ save လုပ်ပြီးမှပဲတင်တော့မယ်။

  • unclegyi1974

    February 11, 2012 at 11:15 pm

    ကိုနေရေနံရံကိုကွန်ကရစ်လောင်းချင်ရင်ရပေမဲ့
    ဘသိတာကအပြင်မှာလုပ်ပြီးမှနံရံကိုတခါတည်းတပ်တာလို့သိပါတယ်ကွယ်

  • nigimi77

    February 12, 2012 at 3:56 am

    Jetty မှာတော့ တန် ၇ဝ အလေးချိန်ရှိတဲ့ Vent Tower တွေကို ခံနိုင်မည့် ပြေးလမ်းကိုတော့

    လုပ်ဖူးတဲ့ အတွေ ့အကြုံတော့ ရှိပါရဲ ့ ။ တစ်ကျော့ပြန် လုပ်ကွက်လေးလည်းရအောင်

    အငံဓါတ်ပါတဲ့ ပင်လယ်ရေလေးလည်း လုံလုံလောက်လောက် ထည့်ဗျင်း လိုက်တာပေါ့နော ။ 🙂

    သဲလေး မလုပ်နဲ ့….သဲဈေးကလဲ ၂၁ ကျင်းကို ၁ပုံးနဲ ့ ၈ ပုလင်းဗျ ။

    လောလောဆယ်တော့ ကတ္တရာ ခင်းနေတဲ့ အတွက် Bitumen ကို ဘယ်လောက် “ခို” ရမလဲ

    ဆိုတာပဲ ခေါင်းစားနေတယ် ။ သောက်ရေးထဲ…ဟို…ရေငံပိုင် မောင်ရှင် ကလည်း ကွက်ကျန်

    Bitumen တွေကို လာနှိုက်နေသေးတယ် ။

  • nature

    May 5, 2012 at 1:15 am

    ဒီပိုစ်ကိုရေးတဲ့အချိန်မှာစခင်းနေတဲ့ ဗဟိုလမ်းရွာမပရိယတ္တိ ဘုန်းကြီးကျောင်းနားကကွန်ကရစ်လမ်းရဲ့မျက်နှာပြင် အနည်းငယ်စတင်ပျက်စီးစပြုနေပါပြီ။ ဒီအချိန်လေးအတွင်းမှာ ပျက်စီးတာကတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။

  • kai

    May 5, 2012 at 5:22 am

    အင်တာနက်က နှိုက်လာတာ.. မြန်မာ့ရှေးဟောင်းနည်းတွေနဲ့.. 🙂 လွဲနေကောင်းလွဲနေလိမ့်မယ်..။

    နှိုက်နိုင်ကြစေသတည်း.. :mrgreen:

    Concrete Mixing Ratios

    Concrete Mix Ratio

    Concrete is made up of a ratio of mixed cement, sand, and aggregates or gravel. When mixed with water cement becomes a paste that chemically sets hard. However cement alone is not strong enough and so sand and gravel are mixed in for strength and bulk or volume.
    Concrete mixing Ratio

    There are many different types of concrete and uses but the most common are high strength and water tight, general use and foundations.

    High Strength Concrete Mix Ratio

    Cement = 1 part.
    Sand = 2 parts.
    Stone or gravel = 3 parts.

    This concrete mix ratio will give you high strength concrete plus water tight properties making it great for ponds, and structural uses such as concrete panels and building slabs.

    General Use Concrete Mix Ratio

    Cement = 1 part.
    Sand = 2.5 parts.
    Stone or gravel = 3 parts.

    This concrete mix ratio will give you concrete that is great for paths, floors, general land scraping, and driveways.

    Foundations and large volume Concrete Mix Ratio

    Cement = 1 part.
    Sand = 3 parts.

    concreting aggregate or gravel
    Stone or gravel = 5 parts.

    Foundations are the main use for this concrete mix ratio where a large amount of concrete is used to fill up strip footings trenches. This concrete mix is used in house foundations, to make solid and stable, when filling from bed rock to ground level.
    Mortar Mix Ratio

    Mortar is a mix of sand, cement, lime and water. When mixed properly it forms a bond between masonry surfaces such as bricks and concrete blocks of all different sizes.

    Cement (using General purpose cement) = 1 part.
    Sand = 6 parts.
    Lime = 1 part.

    Cement and Concrete Tips
    Types of cement

    All of the concrete mix ratios above use type GP or General Purpose Portland cement. However type GP and Type GB are the most common types.

    Type GP – General Purpose Portland cement.
    Type GB – General Purpose Blended cement.
    Type HE – high Early Strength Cement – or rapid set.
    Type LH – low heat cement – used on large structure such as building and dams.
    Type SR – Sulphate Resisting cement – use in salty areas.
    Type SL – Shrinkage Limited cement.

    All of these types have different properties and have a different purpose and are made to have different end results.

    Some of the types above all contain additives such as: fly ash, silica fume, and ground slag that change the workability of the cement and the end result.

    When laying a path or slab it is best practise to compact the concrete by removing the air from the concrete. This is done by placing a vibrator pole into the concrete at the time of laying to release the air bubbles which in turn increases the density and strength of the concrete.
    http://www.renovationrobot.com.au/concrete/concretemixratio.html
    ==
    http://www.asminternational.org/content/CityOfMaterials/pdfs/16-%20Making%20Concrete%205.09.10.pdf

    အပေါ်ကပီဒီအက်ဖ်ကတော့.. အရှည်ပေါ့..။

  • windtalker

    May 5, 2012 at 9:20 am

    ကိုချားရဲ့ ပိုစ့် ကို လမ်းတံတား နဲ့ ဆောက်လုပ်ရေး အကြီးအကဲများ ဖတ်စေချင် သဗျား။
    သဂျီး ကတော့ နှိုက်သာနှိုက် ဆိုဘဲ။ အားပေးကြမ်းပုံ

Leave a Reply