လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော www.rfa.org

သားငယ္February 11, 20121min17912

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ရ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ရ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို် နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ “ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”

Copyright © 1998-2011 Radio Free Asia. All rights reserved.

12 comments

  • သားငယ်

    February 11, 2012 at 2:02 am

    အရေးအကြီးဆုံး အချက်လို ့ထင်ပါတယ် ဗျာ လာဘ်ပေး လာဘ်ယူစနစ်ကို အဓိက ထားပြီး တိုက်ဖျက်မှ
    ဖြစ်မှာပါ သူ က အဓိက တရားခံဖြစ်နေတာပါ လာဘ်ပိုပေးတဲ ့သူကို လုပ်ပိုင်ခွင့်တွေ ပေးတယ် အဲ့ဒီက
    နေစတာပါဘဲ အုပ်ချုပ်ရေး အရာရှိတွေ ဝန်ထမ်းတွေ နောက်ဆုံး ကျောင်းသင်ခန်းထဲ ထိတောင် ဆရာမကို
    ကန်တော့ နိုင်မှ စာမေးပွဲအောင်မယ် ဆို တဲ ့အဆင့်ထိ ကျယ်ပြန် ့နေလို ့အဓိက ထားပြီးတိုက်ဖျက်သင့်ပါ
    တယ်

  • Gipsy

    February 11, 2012 at 8:32 am

    အကျင့်ပျက်ချစား ခေါက်ရိုးကျိုးနေတာက ဋ္ဌာနတိုင်းမှာ…
    ကိုယ့်လူကို ကိုယ် အရင်ရှင်းရမှာ …
    လခတိုးပေးတာ မင်္ဂလာတပါးပါ … လက်ဖြန့်တောင်းစားနေတဲ့ ကယ်ပါ အနွယ်ဝင်
    တွေ ကို ဘယ်လို အရေးယူမလဲ တော့ စောင့်ကြည့်နေရမှာ …။

  • MTY

    February 11, 2012 at 8:37 am

    အခုကိစ္စက “လာဘ်ပိုပေးတဲ ့သူကို လုပ်ပိုင်ခွင့်တွေ ပေးတယ်”ဆိုတာထက်တောင်ပိုနေတယ်။သာမန်ကိစ္စနဲ့လဲမပေးရင်မလုပ်တော့ဘူးလက်ဖက်ရည်ဖိုးဆိုပြီးနံမည်တပ်တောင်းတော့တာဘဲ။
    လစာတိုးပြီးရင်(လုံလောက်တဲ့လစာ)ကျောသားရင်သားမခွဲခြား(ဥပဒေကရှိပြီးသား)နောင်ကြဉ်အောင်
    အပြတ်စော်သင့်ကြောင်းပါ။

  • Lwin Aung

    February 11, 2012 at 9:52 am

    Corruption is the worst matter at the democracy country. All must equal to do the action.

  • koyinmaung

    February 11, 2012 at 12:00 pm

    လခတိုးပေတာကောင်းပါတယ်
    ဒါပေမဲ့အစိုးရတချို့ဌာနတွေမှာလုပ်စရာအလုပ်မရှိဘဲ
    လခယူနေတဲ့ဌာနတွေဖျက်သိမ်းသင့်တယ်လို့ထင်ပါတယ်
    သ/မ တို့ကုန်သွယ်လယ်ယာ တို့ စားဖျော်တို့ စတဲ့ဌာနမျိုးတွေပါ….

  • jujuma

    February 11, 2012 at 1:11 pm

    လာဘ်ပေးလာဘ်ယူဆိုတာနဲ့ စိတ်ဓါတ်ရေးရာပိုင်းတွေကို ဘယ်လိုပြုပြင်ကြမလဲ..
    တခြားဌာနဝန်ထမ်းတွေ အပါအဝင် ခုဆိုရင် ကျောင်းဆရာ၊ဆရာမတွေလဲ စိတ်ဓါတ်ပိုင်း ပျက်ပြားနေကြတာတော်တော်များများတွေ့နေရပါတယ်၊ ငါ့ကျူရှင်မတတ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာတွေက အစ ကြားနေမြင်နေရတော့ တော်တော်ကို စိတ်ပျက်မိပါတယ်..
    အဲဒါတွေကိုရော ဘယ်လိုများပြုပြင်နိုင်ကြမှာလဲ…

  • ရွာစားကျော်

    February 11, 2012 at 3:47 pm

    ကောင်းတဲ့အစီအစဉ်တခုပါ လာဘ်ပေးလာဘ်ယူတွေပပျောက်စေချင်ပါပြီ
    တချို့ဝန်ကြီးဌာန လက်အောက်က နယ်စပ်ကို အလှည့်ကျသွားကြတဲ့
    အရာထမ်းတွေများဆို တခေါက်ဆိုဆိုသလောက် ရာကျော်ပြန်ပါလာတတ်သတဲ့
    လူသိမှာစိုးလို့ အိမ်မှာတော့ ဘာတန်ဖိုးကြီးပစ္စည်းမှ ထင်ထင်ပေါ်ပေါ် မထားရဲ တဲ့အဖြစ်များ
    ရှိနေကြောင်း သိရကြားရတာတွေရှိပါရဲ့..
    ကလေးများရဲ့အနာဂတ် ပညာရေးကိုအလေးမထားပဲ ငွေရလိုမှုနဲ့ပိုက်ဆံနောက်လိုက်နေကြတဲ့
    ပညာရေးဝန်ထမ်းများလည်းများစွာ သိမြင်ကြားနေရပါတယ်ဗျာ..
    CDMA 450Mz မိုဘိုင်းဖုန်းတွေ Compny တွေကိုမပေးခင် ဌာနက ချထားပေးတုန်းကလဲ
    လက်မှတ်ထိုးကြေး၊ နံပါတ်အပူးကြေးနဲ့ ထောသွားသူများ ရှိသေးတယ်
    ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ
    မပြောချင်ဘူး မပြောချင်ဘူး ပြောကိုမပြောချင်ဘူး.. ဟွန့်

  • lusoegyikoko

    February 11, 2012 at 5:22 pm

    လာဘ်ပေးလာဘ်ယူတယ် အစိုးရ ပစ္စည်းတယ် ဆိုတာမှာအမျိူးမျိူးရှိပါတယ်။အိမ်မှာစားစရာမရှိ အစိုးရပိုင်
    ကိုခိုးတယ်။လာဘ်ယူတယ်။အိမ်ကသားသမီးကို စက်ဘီးလေး ဝယ်ပေးချင်လို့ အနွေးထည်းလေးဝယ်ပေး
    ချင်လို့ ခိုးတယ်၊လာဘ်ယူတယ်။ဒီအထိတော့ မဆိုးသေးဘူး။လက်ခံမယ်ဆို လက်ခံလို့ ရတယ်။ဒါပေမဲ့ အိမ်ကမိန်းမ စိန်နားကပ် အသစ်ဝယ်ချင်လို့ ၊အိမ်ကသားကို စင်ကပူကျောင်းထားဖို့၊
    ရွှေတောာင်ကြားမှာ မြေကွက်ဖို့ အစိုးရပိုင်ကို ခိုးတယ် အာဏာအလွဲသုံးစားလုပ်တယ်။အခုလာဘ်ပေးလာဘ်ယူတာကိုတိုက်ဖျက်မဲ့လူတွေ(အစိုးရအဖွဲ့)ကတချိန်ကဘယ်လိုလူမျိူးတွေပါလဲ။

  • pu ma

    February 11, 2012 at 8:00 pm

    အဆီအနှစ်များများစားထားတဲ့သူတွေကိုအရင်ရှင်းသင့်တယ်

  • unclegyi1974

    February 11, 2012 at 11:09 pm

    လဒ်ပေးတာမဟုတ်ရပါဘူးကွယ်ကျေးဇူးဆပ်တာပါ
    လဒ်ယူတာမဟုတ်ပါဘူကွယ်အကန်တော့ခံတာပါ

  • the best

    February 12, 2012 at 12:48 am

    လစာတိုး ပြီးရင် လာဘ်ပေးလာဘ်ယူတွေ ပပျောက် ပါပြီ ။
    ခြင်းပေး ခြင်းယူပဲ လုပ်ကြမှာပါ။

  • taungpawthar

    February 12, 2012 at 4:44 pm

    တိုးရင်လဲ ထိထိရောက်ရောက်တိုးသင့်တယ် ထင်ပါတယ် သိပ်မကြာ သေးပါဘူး တိုးထားတာ နှစ်သောင်း တဲ့ ခုလဲ ဘယ်လို လာ ဦးမလဲ မသိဘူး အနည်းဆုံး တော့ စားလောက် အောင်လေး တော့ တိုးမှ ဖြစ်မယ် လာဘ် မစား တဲ့သူ တွေ မှန်မှန်ကန်ကန် နဲ ့လုပ်နေသူ တွေ ကျ တော့ လစာ လေးတခုပဲ အားကိုးနေရတာ ပါ အိမ်(ဇာတိမြေ) မပြန်နိုင် ကြတာ လည်း ကြာပါပြီ နာမည်ကြီး ထမင်းငတ်တော့ မဖြစ်ပါစေနဲ ့ဗျာ

Leave a Reply