မဟုတ်တော့ဘူး ပြောင်းသွားပြီ………..မန်းလေးက အာဇာနည်

1(11-2-2012)နေ့မှာတွေ့ရတဲ့ အာဇာနည်ကုန်း မန်းလေး
2 ရှင်းလင်းနေတဲ့အတွင်းမြင်ကွင်း
3 အမိူက်တွေကိ ုမီးရှို့သူက ရှို့
4 စစ်မူ့ထမ်းဟောင်းအဖွဲ့က လာရှင်းပေးတာလို့ပြောပါတယ်။
5 အခုတော့ အဝင်စမှာ တံတားလေးရှိတယ်လေ

ဒီဓါတ်ပုံတွေ ကို (11-2-2012)နေ့မနက်က ကျနော်သွားရိုက်လာတာပါ။

ဒါကတော့(24-12-2011)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။

6 24-12-2011နေု့တုံ့းက မှတ်တမ်းတင်ခဲ့တဲ့ပုံ

 

7 မပြောင်းလဲခင်က ရှူပ်ရှူပ်ထွေးထွေး
8 24-12-2011နေ့ကပုံလေးပါ
9 ရှေးရှေးကပုံ

မဟုတ်တော့ဘူးပြောင်းသွားပြီ မန်းလေးက အာဇာနည်

 

ဒီစာလေးက ကတော့ ကိုသန့်ဇော် က မနေ့က သူ့ဖေစ်ဘုတ်စာမျက်နှာမှာတင်ထားတဲ့စာစု

အာဇာနည်၁ရဦးဗိမာန် သန့်ရှင်းရေး

ဂူဗိမာန်အပေါ်မှာ ကျဆုံးခဲ့တဲ့အာဇာနည် ၁ရဦးရဲ့ ဓါတ်ပုံများကို ပြသထားပါတယ် … အသက်အငယ်ဆုံး အာဇာနည်လေးပါ ကျဆုံးချိန်မှ ၁၂နှစ်သာရှိသေးပါတယ် …

‎(10-2-2012 နံနက် ရးဝဝနာရီမှာ မန္တလေးတမ္ပဝတီရပ်မှာရှိတဲ့ ၁ရဦးအာဇာနည်ဗိမာန်က ခြုံနွယ်ပိတ်ပေါင်းများကို စိမ်းရောင်စိုအဖွဲ့နဲ့ ချမ်းမြသုခနာမှုကူညီရေးအသင်းမှ ကမကထပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ သံဃာတော်များကျောင်းသား ကျောင်းသူများ ပရဟိတလူမှုရေးအဖွဲ့များ ဘာသာပေါင်းစုံအသင်းစတဲ့ အသင်း၂ဝကျော် လာ…ရောက်သန့်ရှင်းရေး ပြုလုပ်ကြပါတယ် … မန္တလေး စည်ပင်သာယာရေးကော်မီတီမှ ဝန်ထမ်းများ မီးသတ်များ စွမ်းအားရှင်များ ကြက်ချေနီများ စစ်မှုထမ်းဟောင်းအဖွဲ့များလည်း ပူးပေါင်း ပါဝင်ကြပါတယ် ။ နံနက် ၆းဝဝနာရီမှစ၍ 10-2-1939 (၁၃၀ဝပြည့်အရေးတော်ပုံ)မှာ ကျဆုံးသွားကြတဲ့ သံဃာတော်ရပါးနှင့် အာဇာနည်၁ဝဦး စုစုပေါင်း၁ရအတွက် ရည်စူးပြီး သံဃာတော်များကိုလည်း ဆွမ်းလောင်းလှူကြပါတယ် ။

By: Thant Zaw Myoma)

 

မနေ့ကတော့ ဝိုင်းဝန်းပြီးရှင်းကြလင်းကြနဲ့အားရစရာ။

သူများတွေအသီးသီးမှတ်တမ်းတင်နေတော့ ကျနော်အသာဘေးဖယ်။

ဒီနေ့မနက် တော့ သွားပြီး ဓါတ်ပုံတွေရိုက်တော့ သန့်ရှင်းရေးဆက်လုပ်နေတဲ့အဖွဲ့ကိုတွေ့ပါတယ်။

စစ်ပြန်အမူ့ထမ်းဟောင်းအဖွဲ့လို့သိရပါတယ်။

အမိူက်တွေကို မီးရှို့လို့ သန့်ရှင်းရေးဆက်လုပ်နေကြပါတယ်။

အရင်ကမေ့ပျောက်ထားခဲ့ကြတဲ့နေရာလေးကို အခုတော့အားလုံးရဲ့ညီညွတ်စွာ

ဆောင်ရွက်မူ့တွေကြောင့် ကောင်းမွန်သပ်ရပ်လို့သွားပါပြီ။

ဒါပေမယ် တခဏမဟုတ်ဘဲ ထာဝရစောင့်ရှောက်ဘို့လိုပါတယ်လို့

အကြံလေးပေးချင်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(11-2-2012)

18 comments

  • ကဲမနေ့ကတော့ ဒီအကြောင်းကို တင်မယ့်သူရှိမယ်ထင်လို့ ဓါတ်ပုံတောင်မရိုက်ခဲ့မိပါဘူး။
    ဒီနေ့မနက်တော့ ဓါတ်ပုံသွားရိုက်ပြီးတင်လိုက်ပါပြီ။
    အောက်ကလင့်ကတော့ ဒီနေ့ရာလေးကို ကျနော်တင်ခဲ့ဘူးတဲ့ပိုစ်ပါ။
    ယှဉ်တွဲလို့ကြည့်ရအောင် ပါ။
    http://myanmargazette.net/88318/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news#comments
    (1300ပြည့်နှစ်က မန်းလေးအာဇာနည်များခေါင်းချရာနေရာ)

  • Diamond Key

    February 11, 2012 at 11:12 am

    ကိုပေါက်ရေ၊ မဟုတ်တော့ဘူး ပြောင်းသွားပြီလို့ ဆိုလို့ ရပြီ ဖြစ်တဲ့ မန်းလေးက အာဇာနည်တွေ ခေါင်းချနေတဲ့ နေရာ လေးကို ကျွန်တော်ကျောင်းသားဘဝတုန်းက တစ်ကြိမ် အလေးပြုဖို့ ရောက်ခဲ့ ဖူးပါတယ်။ ကျွန်တော်မန္တလေးကို စရောက်တဲ့ နှစ်မှာပါ။ အဲဒီနောက်ပိုင်းတော့ ရောက်ခွင့်မရတော့တာ အခုအထိပါ။ ဒီနေရာလေးကို အရင်အတိုင်းလေး အများပြည်သူ ဝင်ထွက်ခွင့်ရအောင်၊ လေးစားဂုဏပြုခွင့်ရစေချင်တာ ရင်ထဲက ဆန္ဒပါ။
    အဲဒီလို ဖြစ်စေဖို့ လူပေါင်းများစွာက ငါတို့ဖြစ်ရ ဒီလောကဝယ်၊ ဘဝသမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ၊ မာနမပါ၊ တို့စွမ်းရာဖြင့်၊ လုံလပြုခဲ့ကြဆိုသလို ကိုပေါက်ကလည်း “၁၃၀ဝ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ” ဆိုတဲ့ ပို့စ်လေးနဲ့ တစ်တပ်တစ်အားပါဝင်ခဲ့တာ ဂုဏ်ယူပါတယ်။
    အခုတော့ ကိုပေါက်တို့တွေရဲ့ စွမ်းဆောင်မှုတွေနဲ့ မဟုတ်တော့ဘူး ပြောင်းသွားပြီ ပေါ့ဗျာ။
    တစ်ကယ်ကျေနပ်မိပါတယ်။ 😀

  • koyinmaung

    February 11, 2012 at 11:43 am

    ဆရာပေါက်အရင်ကဒီနေရာကိုအမှတ်တရရိုက်ပြီးမန်းလေးဇက်ပေါ်တင်
    တင်တုန်းကလဲအားပေးခဲ့ဘူးပါတယ် ၊
    ခုလိုစုပေါင်းရှင်းလင်းသွားတာတွေ့ရလို့ဝမ်းသာစရာပါ ၊
    (ဒါကတော့(24-12-2010)နေ့မှာ ကျနော်ရိုက်ပြီး ပိုစ်တင်ခဲ့တုန်းကပုံတွေပါ။)
    ဆရာပေါက်ညွန်းထားတဲ့နေ့စွဲလေးမှားနေပါတယ်
    (24-12-2011)လို့ထင်ပါတယ် အရေးတော့မကြီးပါဘူး
    မြင်တာလေးပြောပြတာပါ….။။

  • blackchaw

    February 11, 2012 at 12:15 pm

    ဝမ်းသာဂုဏ်ယူပါတယ် ကိုပေါက်ရေ။
    အဲဒီလိုပဲ ဖြစ်ရမှာပေါ့ဗျာ။

  • ဟုတ်ပါတယ် ကျနော်စာရိုက်တာမှားသွားတာပါ
    အခုပြင်လိုက်ပါမယ်။.
    နောင်လဲအမှားတွေရင်အခုလိုပြောပြပေးပါနော်။.

  • စိန်ပေါက်ပေါက်

    February 11, 2012 at 1:56 pm

    ဪ..
    တော်သေးတာပဗျာ
    ကိုယ့်အစီအစဉ်နဲ ့ ရှင်းကြတာလား..သူများခိုင်းလို ့ရှင်းကြတာလား..
    ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ရပ်ပါ အဒေါ်ရေ
    ကျေးဇူးတင်..ကျေနပ်မိပါကြောင်း

  • ဘယ်သူမှ မခိုင်းဘူးပေါက်ကျော်မရဲ့.။
    သူကြီးပြောတာကို မခံနိုင်လို့ ကိုယ့်ဘာသာကိုယ်စုလုပ်တာအေရယ်။
    အဲတော့ မန်းစည်ပင်လဲ မနေနိုင်တော့ ဘူး တစ်တပ် တစ်အားဝင်ပါရတာပါဘဲအေ။
    ဘာဖြစ်ဖြစ် ကောင်းသွားတာက တော့ အတိအကျပါဘဲ ပေါက်ကျော်မရေ………….
    ပေါက်ကျော်မရဲ့။……………………..

    • စိန်ပေါက်ပေါက်

      February 11, 2012 at 7:48 pm

      ဟေး..
      ဒါမှ တို ့သဂျီးကွ
      ဗယာကြော်….အဲလေ..ဗရာဗို
      (ဟိုအတိုရီးစကား ခဏငှားသုံးတာ)

  • pooch

    February 11, 2012 at 8:27 pm

    လေးပေါက်ပစ်လိုက်တဲ့ ခဲတလုံးကတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ ချက်ကောင်းကို ထိသွားပြီ ။
    ဝမ်းသာပါတယ်လေးပေါက်။

  • အဲလိုတော့ပြောလို့မရပါဘူး။
    သူတို့လဲ သူတို့အစီအစဉ်နဲ့ သူတို့ဖြစ်မယ်ထင်ပါရဲ့။
    ဒါပေမယ့် ဒီမတိုင်ခင် ကိုယ်ကလဲ ပိုစ်တင်ပြီး သတိပေးလိုက်တော့ ကိုယ်လဲ ဒီအထဲ
    သဲတစ်ပွင့်စာလောက်တော့ ပါဝင်တယ်လို့ ခံစားရပါတယ် မယ်ပုရေ။

  • MaMa

    February 11, 2012 at 9:59 pm

    ကိုပေါက်ရေ-
    ကိုယ့်ကြောင့် ကောင်းတဲ့အပြောင်းအလဲလေး တစ်ခုကို မြင်ရတော့ ရရှိတဲ့ ဝမ်းသာကျေနပ်မှုက နောက်ထပ်အကျိုးဆောင်ဖို့ အားတွေဖြစ်လာမယ်ထင်ပါရဲ့။ 🙂

  • TTNU

    February 11, 2012 at 10:28 pm

    ကိုပေါက်ရေ…
    ဂျာနယ်ထဲမှာဖတ်ရကတည်းက
    ကိုပေါက်လက်ရာတော့ အရာထင်ပြီလို့တွေးမိနေတာ။

    Congratulations!!!

  • မာမီရေ စိုင်းခမ်းသီ သီချင်းစာသား လေးလိုပါဘဲ။
    “ကိုယ်တစ်ယောက်ထဲကြောင့် တော့ မဟုတ်ဘူး”

  • unclegyi1974

    February 11, 2012 at 10:39 pm

    သူများတိုင်းပြည်တွေမှာလိုပန်းခြံလှလှလေးလုပ်လု်ိက်
    လူတွေအပန်းဖြေစရာနေရာတခုလည်းရထာဝစဉ်လည်းသန့်ရှင်းသွား
    အမြဲတန်းလည်းအမှတ်တရဖြစ်နိုင်ငံခြားသားတွေလည်းသွားစရာနေရာတခုတိုး
    ဘယ်လောက်ကောင်းလိုက်မလဲ

  • Khin Latt

    February 11, 2012 at 11:00 pm

    Wowwww…..
    ကိုပေါက် အုတ်ခဲကြီး က တကယ်ကြီးကို ထိ သွား ပေတာပေါ့။
    အများကြီး အားကြီး ကို ဂုဏ်ယူပါတယ် ဗျို့။
    ဒေသန္တရ ဗဟုသုတ ခေါင်းပါးလေတော့ မန္တလေးမှာ အဲဒီလို အာဇာနည်ကုန်း ရှိတာတောင် အရင်မသိခဲ့ဘူး။ အခုမှ သိရှိခွင့် ရတာပါ။
    အားလုံးအတွက် ကျေးဇူးတင်ပါတယ် ကိုပေါက် ခင်ဗျား။

    လေးစားခင်မင်စွာဖြင့်
    ကိုလတ် 😉

  • ဒီမှာဆိုရင်တော့ အဲဒီနားမှာ အရင်ဆုံ့းကွမ်းယာဆိုင်လေး တစ်ဆိုင်ရောက်လာမှာအသေအချာပါဘဲ။
    အဲဒီနောက်မှာ မုန့်ဈေးတန်းလေးဖြစ်သွားမှာ အမှန်ဘဲနော်။

  • Mလုလင်

    February 12, 2012 at 12:55 am

    ဂုဏ်ယူပါတယ်။

Leave a Reply