အဆီကျအသားကျစ်ဆေးနည်း

htet wayFebruary 11, 20121min26721

တလောက အမျိုးသမီးတစ်လောက်က အဝလွန်နေတယ် ဆရာထက် ဆီမှာ အဆီကျဆေးမရှိဘူးလားမေးပါတယ်။အမျိုးသမီးက အဝလွန်နေပါတယ်။ ဆိုက္ကားမဆန့်အောင်ဝတာပါ။
ကျွန်တော်က အဆီအဆိမ့်ရှောင်ဖို့ ပြောပါတယ် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျည်းရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေရလာနိုင်ကြောင်းပြောတော့ နှလုံးသွေးကြောကျည်းတယ်
သွေးတိုးတယ်လို့ ဖြေပါတယ်။
တကယ် အဆီကျချင်သူတွေက ဆေးထက် မိမိကိုယ်ကို ဂရုစိုက်ရပါမယ်။ အစားအသောက်ကို ဆင်ခြင်ရမယ်။နံနက်စာကို ၁၂နာရီမထိုးမှီစားပြီး ညနေစာကို လျှော့စားရပါမယ်
နောက် လမ်းလျှောက်တာလည်း လုပ်ရပါမယ်။ အိပ်တာလည်း ဆင်ခြင်ရပါမယ်။အဓိကတော့ ဝမ်းမှန်ဆီးမှန်ပြီးအားလုံးသမမျှတမူရှိနေရပါမယ်။
ကိုယ်တိုင် ဆင်ခြင်မူ မရှိဘဲ ဆေးအားကိုးရုံနဲ့ တော့ မရနိုင်ပါဘူး။တအားအိပ် တအားစား အဆီအဆိမ့်တွေစား၊ နေရင် လည်း ဘယ်လိုမှ မပိန်နိုင်ပါဘူး။နောက် အမျိုးသမီးကိစ္စတွေ မှန်ကန်နေရပါမယ်။ဓမ္မတာကိစ္စမှန်ကန်မျှတနေရမယ်။ဒါကြောင့်တိုင်းရင်းဆေးအနေနဲ့တော့ ဦးစွားသွေးသားမှန်ကန်အောင် ထိန်းညှိပေးပါတယ်။နောက် ဝမ်း
မှန်အောင် ဆေးပေးပါတယ်။ အခိုးအပုတ်စင်အောင်ပြုပြင်ပြီးမှ အဆီကျဆေး ကိုပေးပါတယ်။ကိုယ်တိုင်လည်းဂရုစိုက် ဆေးဝါးလည်းကူ လေ့ကျင့်ခန်ူလည်းလုပ်ရင် အဝလွန်တာတွေရပ်သွားပါတယ်။အဆီကျပါတယ်။ဆရာ မကွေးဝင်းမြင့် စာအုပ်ထဲက ချက်ဆေးနည်းကို ဝါသနာရှိသူတွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။
အဆီကျ အသားကျစ်ဆေး
ရှားဇောင်းလက်ပတ် အနှစ် ၂၅ကျပ်သား
( ၎င်း ကို ဦးစွာနူးအိနေအောင်ကျိုပါ၊)
ဖလူမတောင်ဝှေးကို ၂၅ကျပ်သားကိုလည်း နူးအောင်ကျိုပါ
ထန်းညက် ၂၅ကျပ်သားကို လည်းကျိုပါ
ထို့နောက်
၁။နံ့သာနီ ၃ကျပ်
၂။ဒန့်ဒကူးနီ ၃ကျပ်
၃။ဒန့်ဒကူးဖြူ ၃ကျပ်
၄။ပန်းရင်း ၃ကျပ်
၅။ကံ့ကော် ဝစ္ဆံ ၃ကျပ်
၆။ပရုပ် ၃ကျပ်
ရ။ ကြံ့သွေး ၃ကျပ်
၈။စမှုံ မျိုး ၅ပါး ၃ကျပ်
၎င်း ဆေးအမယ်များကို လက်ကော်ရအောင် ကျိုပြီးသုံးဆောင်လို့ ရပါကြောင်း သိသမျှဝေမျှလိုက်ရပါတယ်။

21 comments

  • htet way

    February 11, 2012 at 12:11 pm

    စိတ်ဝင်စားသူတွေ၊ အဝလွန် သူတွေ မရှင်းတာရှိပါက
    ဖုန်း0973234101 ကိုမေးပါခင်ဗျား။ဒီဆေးကို ချက်ချင်ရင် ကုန်ဈေးတန်းလမ်းမှာ ဝယ်ယူလို့ရပြီး မည်သည့်ပရဆေးဆိုင်တွေမှာ မဆိုဝယ်လို့ရပါတယ်။ ရှားဇောင်းလက်ပတ်ကတော့ အိုးနဲ့ စိုက်တာပါ
    ဖလူမတောင်ဝှေးကလည်း လွယ်လင့်တကူရနိုင်ပါကြောင်း။

  • ဆူး

    February 11, 2012 at 12:49 pm

    ဆရာထက် နည်းပေးတာ ကောင်းပါတယ်။
    ဒီထက်ပိုကောင်းတာကတော့ ဆရာထက် ဆီ မှာ ဝယ်ချင်သူတွေ စာရင်းပေးပြီး ဆေးမှာ လိုက်ရင် ပိုကောင်းလေးမလား တွေးမိတယ်။

    • Thel Nu Aye

      February 12, 2012 at 5:57 pm

      ဟုတ်ပါတယ်။ ဆရာထက်ဝေးဆီပဲစာရင်းပေးပြစေ။ ဆရာကိုယ်တိုင်ဖော်တော့မမှားတော့ဘူးပေါ့။

  • စိန်ပေါက်ပေါက်

    February 11, 2012 at 2:03 pm

    ဆရာထက်ရေ
    အပေါ်က အကိုကြီးဆူးပြောသလိုပဲ ဆရာထက်ကိုယ်တိုင် ဖော်စပ်ပြီးရောင်းရင် ဝယ်ယူအားပေးကြမည်မှာ မလွဲပင်ဖြစ်ပါကြောင်း
    ကိုယ့်ဘာသာဆေးစပ်ဖို ့က မလွယ်ဘူးခင်ည..အဲဒါကြောင့်ပါ

  • aungnng87

    February 11, 2012 at 2:30 pm

    ဟုတ်ပ..။ဆူးပြောတိုင်းအတိုင်းဆိုရင်ကောင်းမှာဘဲ။ ကိုထက်ဝေးအရင်ပြောတဲ့ နည်းလေးလုပ်ကြည့်တာမဆိုးဘူးဘဲ။ ကြားထဲမှာနေမကောင်းဖြစ်နေတာနဲ့ ခဏရပ်ထားရတယ်။

  • MaMa

    February 11, 2012 at 5:26 pm

    ဆရာထက်ဆေးဖော်ဖြစ်ရင် အားပေးမယ့်သူတွေ စာရင်းထဲမှာ တို့ထားလိုက်ပါ။ 😀

  • htet way

    February 11, 2012 at 7:22 pm

    အားပေးကြတာကျေးဇူးပါဆရာမတို့ရယ်
    ကျွန်တော်ကလည်း တိုင်းရင်းဆေးကို သုသေသနလုပ်ရတာဝါသနာကြီးပါတယ်။

  • Khin Latt

    February 12, 2012 at 4:03 am

    ဆရာထက်ရေ – တကယ်ဘဲ ဆေးဖော်ပြီး ဈေးကွက်ကိုသွင်းသင့်တယ်။
    အဲဒီလိုမျိုး တိုင်းရင်းဆေး စစ်စစ်တွေ ဆို လူတွေ အသေအချာကို အားပေးမှာ သေချာတယ်။
    ပြည်ပက လူတွေလဲ ကိုယ့်ပြည်က ဆေးတွေ ဆောင်ပြီး သုံးကြတာမှ အရမ်းဘဲ။
    အားပေးတယ် ဆရာထက် ရေ။
    အစုစပ် ဝိုင်းလုပ်ကြဖို့တောင် ကောင်းတာ။ 🙂

  • kai

    February 12, 2012 at 11:20 am

    ဆေးအမယ်ထဲ.. ရ။ ကြံ့သွေး ၃ကျပ် ဆိုတာတွေ့တယ်..
    တကယ့်ကြံ့သွေးလား.. တခုခုကိုညွှန်းတာလား သိချင်လို့…

    ကြံ့ဆိုတာမျိုးက..ရှားပါးသတ္တဝါလေ…။ မွေးယူဖို့လည်း အင်မတန်ခက်တာမျိုး..
    အဲဒီအကောင်သွေးနဲ့ဆိုရင်တော့.. မဖြစ်နိုင်ရေးချ..မဖြစ်…။

    =
    ဆေးကို ယုံကြည်တယ်ဆိုရင်. စမ်းသပ်ခံမဲ့.. လူတရာကို.. အခုဆေးတိုက်ပြီး….တနှစ်လောက် သုတေသနပြု.. ရလဒ်ကို စာထုတ်ဖို့ကောင်းတယ်..
    . အဲဒီသုတေသနရလဒ်နဲ့.. ငွေထည့်ဝင်.. ရှယ်ရှာပါမယ့်သူတွေရှာလို့ရတယ်..။
    လုပ်ကြည့်ပါလား… 🙂
    ၁၀ဝမှာ ၆ဝက.. အဆီကျအသားကျစ်သွားတယ်ဆိုရင်.. ကျုပ်လည်း အစုစပ်ပါမယ်..။

  • water-melon

    February 12, 2012 at 4:53 pm

    ဆရာကရဝေး အနော့ အရပ်ရှည်ချင်လို့
    အခု အရပ်က ၅ ပေ ၉ ဖြစ်နေတယ်
    ၆ပေ ကျော်အောင် ဘာဆေးစားရမလဲ ဆရာထက်။
    အဆီကျဆေးက ဆရာထုတ်ရောင်းရင် မိုက်တယ်ဗျ
    ဒါနဲ့ တင်းတိပ်နဲ့ မှဲ့ခြောက်ပျောက်ဆေးလေး ပြောပြပါအုန်း။

  • htet way

    February 12, 2012 at 6:48 pm

    ကျေးဇူးပါသူကြီးမင်းခင်ဗျား။
    ပရဆေးဆိုင်ကိုသွားရင် ဆိုင်ကနေ ကြံ့သွေး အတွက် အစားထိုးပေးပါလိမ့်မယ်။
    ကျွန်တော်က ရှေးယခင်ဆေးနည် မှန်ကိုဖေါ်ပြပေးတာပါ။
    ကျွဲသွေးကို အစားထိုးပါတယ် တခါတရံမှာ ပရဆေးတွေကို အစားထိုးရတာရှိပါတယ်။
    ဆေးထုတ်တာက ရှယ်ယာမလိုလောက်ပါဘူး။တစ်နှစ်လည်း မလိုလောက်ပါဘူးခင်ဗျာ။
    ကျွန်တော်က စမ်းသတ်ထားပါတယ် အခုလည်း မရောင်းသေးပါဘူး။
    ပိန်ဆေးမဟုတ်ပါဘူးခင်ဗျာ။ အဆီကျ အသားကျစ်ဆေးပါ။စနစ်တကျ ဆောင်းပါး
    ပါအတိုင်းနေထိုင် မယ်ဆိုရင် ဆေးလည်းသောက်မယ်ဆိုရင် ကျပါတယ် ဗိုက်လည်း အတိုင်း
    အတာတစ်ခုထိချပ်ပါကြောင်းလက်တွေ့ စမ်းသတ်ပြီးထားပါကြောင်းနှင့် လိုအပ်သော
    အချက်များလည်း ထပ်မံဖြည့်စွက် နေပါကြောင်းရိုသေစွာ ပြန်ကြားလိုက်ပါတယ်ခင်ဗျား။
    သူကြီးမင်းရဲ့ အကြံပြုချက်ကိုလည်း ဂုဏ်ယူစွာ လက်ခံပါတယ်။

    • ကြောင်ကြီး

      February 13, 2012 at 10:56 am

      ကျွဲသွေးမရ ကြောင်သွေးတော့ မလုပ်နဲ့နော် ဆရာဝေး…။ အခြား တနင်္လာနံ အကောင်တွေ အများကြီးရှိတယ်။ :mrgreen:

  • nature

    February 12, 2012 at 7:40 pm

    ….ဆေးကို ယုံကြည်တယ်ဆိုရင်. စမ်းသပ်ခံမဲ့.. လူတရာကို.. အခုဆေးတိုက်ပြီး….တနှစ်လောက် သုတေသနပြု.. ရလဒ်ကို စာထုတ်ဖို့ကောင်းတယ်…
    လုပ်ဖြစ်ရင်စာရင်းထဲမှာထည့်ထားပေး ဆရာထက်ရေ။ 🙂

  • unclegyi1974

    February 12, 2012 at 11:16 pm

    ကဲဒီလိုလုပ်ရအောင်
    သူကြိီးကငွေထုတ်
    ကိုထက်ကဆေးဖော်
    မန်ဘာတွေကဆေးအစမ်းခံမယ်
    ဆေးဖော်ပြီးရင်မန်ဘာတွေကိုဝေလိုက်
    ရလဒ်ကိုအမှန်အကန်ပြန်ပို့မယ်
    အောင်မြင်ရင်ဘကမှတ်ပုံတင်ပြီးမူပိုင်လုပ်ိမယ်
    ကောင်းတယ်ဟုတ်

    နောက်တခုကြံသွေးဆိုတာကိုထက်ကတကယ့်ကြံသွေးလို့ပြောတာ
    ဘနားလည်တာကကြံသွေးကပရဆေးတမျိုးအေးတဲ့အရပ်မှာထွက်တဲ့ပစ္စည်း
    ဘနားလည်မှုလွဲတာလည်းဖြစ်နိုင်ပါတယ်

  • padonmar

    February 12, 2012 at 11:30 pm

    ဆရာထက်
    စနစ်တကျ သုတေသနလုပ်ဖို့ စာရင်းဇယား၊လိုအပ်မယ့် အချက်အလက်တွေ စုဆောင်းမယ်ဆိုရင် ကူပေးချင်ပါတယ်။
    (အဲဒီထဲမှာ မူလ အလေးချိန်၊နေထိုင်စားသောက်ပုံ စနစ်ကျမကျ ၊အပတ်စဉ် ပေါင်ချိန် စတာတွေ ပါထည့်လုပ်မှ အမှန်သိရပါမယ်)

  • ဆူး

    February 13, 2012 at 11:05 am

    လူ ၁၀ဝ အတွက် ၁နှစ်စာ ဆိုရင်တော့ ဆေးဖိုး မနည်းဘူးနော်။
    အဖွဲ့ အစည်း မတောင့်တင်းရင် ဘယ်တတ်နိုင်မလဲ။
    စိတ်တူ ကိုယ်တူ ပူးပေါင်းပေးမဲ့သူတွေ ရှိအုန်းမှနော်.. တွေးကြည့်လိုက်တာ အဆင့်တွေ အများကြီးပဲ..

  • htet way

    February 13, 2012 at 2:48 pm

    ဒေါက်တာ ကူမယ်ဆိုရင်တော့ တအားအဆင်ပြေမှာပါ။
    ဆေးထုတ်ရောင်းဖို့တော့ အစီအစဉ်မရှိပါဘူး။ကိုယ်လည်းမတတ်နိုင်ဘူးလေ။
    ဒါပေမယ့် အမျိုးသမီး၃ယောက်ကို
    ၁။ နံနက်စာ စားပြီးတိုင်း ရေနွေးသောက်ရန်။
    ၂။ နံနက်စာကို ၁၂နာရီ မထိုးမှီ စားရန်
    ၃။ ညနေစာတစ်ပုဂံပဲစားရန်
    ၄။အဆီအဆိမ့် လျှော့ရန်နှင့်ညနေတိုင်းလမ်းနာရီဝက်လျှောက်ပါရန်
    ၅နေ့လည်မအိပ်ရန် နံနက်စောစောအိပ်ယာထရန် ရေတစ်ဝသောက်ရန်ပြောပြီး ဆေးကျွေးခဲ့ပါတယ်။
    ညစဉ် ဗိုက်နှင့်ကျောကိုဆေးနှင့် သံပုရာရည် ရောစပ်လိမ်းရန် ဗိုက်စည်းရန်ပြောဆို
    ခဲ့ ရာ ထူးထူးခြားခြားဗိုက်ချပ်ခဲ့ပါတယ် ဒေါက်တာရေ..။
    လူတစ်ရာတော့ ဆူးပြောသလိုဆေးဖိုး ကျခံစမ်းရန် မဖြစ်နိုင်ပါကြောင်း

    • kai

      February 13, 2012 at 3:08 pm

      ဆရာထက်ရေ..
      အဲဒီဆေးမျိုးက.. နိုင်ငံခြားကို.. အထူးသဖြင့့် ဖွံ့ဖြိုးပြီးနိုင်ငံတွေက.. အမျိုးသမီးတွေကို.. ဒါရိုက်ဟစ်နိုင်တာပါ..။
      အဲဒါဆို.. လူသားနဲ့စမ်းသပ်အောင်မြင်ပြီးကြောင်း.. ဘေးထွက်ဆိုကျိုးမရှိကြောင်း.. ဘာညာ… အသိအမှတ်ပြု.. စာတွေလိုတာပေါ့…။
      တက္ကသိုလ်ကျောင်းတွေ.. စမ်းသပ်ခန်းတွေဆီကထုတ်ပေးတာမျိုးတွေပေါ့…။

      မြန်မာ့တိုင်းရင်းဆေးမညံ့ကြောင်းလည်း ပြနိုင်… လူသောင်းပေါင်းများစွာကိုလည်း.. စိတ်ချမ်းသာရာရစေနိုင်တာမို့.. ကောင်းတဲ့..သမာအာဇီဝ..ကုသိုလ်ရတဲ့အလုပ်ပါ….။

      နည်းနည်း.. အားစိုက်ပြီး.. စံနစ်တကျ… လုပ်ကြည့်စေလိုပါတယ်..။
      ဒေါက်တာပဒုမ္မာတို့လို.. ဆရာဝန်တွေကူရင် ပိုမြန်မြန်မှန်မှန် ဖြစ်မှာပါ…။
      လူ၁၀ဝ ဆေးဖိုးဘယ်လောက်ကျမလည်း တွက်ကြည့်ပါလား..
      ကြားထဲက.. လူ၁ဝယောက်ကို.. သုသေသနလုပ်ထားတာနဲ့စပြီး.. ဆေးဖိုးအတွက်.. ကုန်ကျမှာကို.. အစုစပ်ခေါ်… ပြီးမှ… ၁၀ဝစာကို စမ်းသပ်လည်းရတာပဲ…
      တဆင့်ဆီ.. တင်သွားလည်း ရတာပေါ့..။
      =
      လွန်ခဲ့တဲ့.. ၅နှစ်လောက်က.. အယ်လ်အေမှာ.. တရုတ်ကုမ္ပဏီတခု.. တရုတ်တိုင်းရင်းဆေး(ပိန်ဆေး)ကို.. ယူအက်စ်မှာ.. ပြန်သုတေသနပြုပြီး.. ပါကင်ကောင်းကောင်းနဲ့… ရောင်းတာမြင်ဖူးတယ်..။
      ပိုင်ရှင်ကိုယ်တိုင်က..MD ( Medical doctor) ဆရာဝန်လေ..။
      ကြည့်ရင်းနဲ့ကို…၄-၅နှစ်နဲ့.. ဘေးအခန်းတွေငှား..တလွှာလုံးအခန်းတွေငှား.. နောက်ဆုံး.. တခြားနေရာပြောင်းသွားတဲ့အထိ.. ကြီးကျယ်သွားတာပဲ…။
      .. ဂျပန်ကားလေးကနေ… Maybach ကိုပြောင်းစီးတာ…မျက်မြင်ပဲ..။ Maybach တောင်မှ..သူ့ဆေးတွေကုန်တင်သလိုတင်ပြီး.. လိုက်သွားနေတာလေ…။

      အင်မတန်အလားအလာကောင်းတဲ့.. စီးပွားရေးပါ..။
      တကယ်မှန်တယ်ဆိုတာသေချာရင်..
      စံနစ်တကျ.. မားကက်တင်းကောင်းကောင်လုပ်တတ်ဖို့ပဲလိုတာပါ..။

  • ဆူး

    February 13, 2012 at 3:49 pm

    မားကတ်တင်း နည်းပညာကို လေဒီဂီဂီ ကို ခန့် ထားပြီးတော့ ရှောက်သီးဆေးပြား ရောင်းတဲ စိန်ပေါက်ပေါက် ကို ရှောက်သီးဆေးပြား ရောင်းတဲ့ အဆင့်ကနေပြီးတော့ အဆီကျဆေး ရောင်းတဲ့ အဆင့်ကို မြှင့်တင်ပေးလိုက်လည်း မဆိုးဘူး။ သမီးယောင်းမတွေ တူတူ လက်တွဲ လုပ်လို့ အဆင်ပြေနိုင်တယ်။

  • htet way

    February 13, 2012 at 7:58 pm

    သူကြီးမင်းကိုယ်တိုင် အကြံပြုတာ ဂုဏ်ယူပါတယ်
    ဆက်လက်ပြီး ကျွန်တော် သုသေသနပြုပါအုံးမယ်
    လောလောဆယ် ကျွန်တော်တင်ပြတာတွေကတော့အမှန်တွေပါပဲ
    အဆီကျတာ ကတော့ လူတိုင်းဒီအတိုင်ဖြစ်ရမယ်လို ပြောလို့ မရပါဘူး
    အများစုကို သူကြီးမင်းပြောသလို ဖြစ်အောင်တော့ စမ်းကြည့် လုပ်ကြည့်ပါ့မယ်
    လောလောဆယ် ဒီနေ့ပဲ ဆေးတစ်ဖုံချက်လို့ ဗိုက်ရွှဲ သူ အမျိုးသမီး ၅ဦးကို
    သေချာ သင်တန်းပေးပြီး စားစေခဲ့ ပါတယ်။
    ရှိတာလေးပြောင်သွားပါကြောင်း ။ မှာတဲ့ အတိုင်းလုပ်ပါရန်ပြောဆိုရတာလည်း
    အသံပြာခဲ့ပါကြောင်း ။

  • padonmar

    February 16, 2012 at 12:26 am

    ဆရာထက်
    သုတေသနလုပ်ဖို့ ဇယားပုံစံလေး post တင် ထားတယ်။
    ပိုနားလည်တဲ့သူတွေ အကြံပေးကြဖို့ပါ။
    ဆရာထက်လည်း ကိုယ်လိုချင်တာနဲ့ ကိုယ်အောင်စိတ်လွတ်ကိုယ်လွတ် ပြင်ပါ

Leave a Reply