ရန်ကုန်ဘားကမ့် ၂၀၁၂ ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်

manawphyulayFebruary 11, 20121min932

2012 Barcamp ဖွင့်ပွဲ

အန်တီစု တက်ရောက်ပြီး လူငယ်နှင့် နည်းပညာအကြောင်း ဟောပြောသွားခဲ့ပါတယ်။
“ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု
… နည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် ။ပညာဆိုတာ အလင်းရောင်ပါဒါပေမဲ့ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီးတော့ လောက ကိုပိုပြီး အကျိုးပြုပါ”
ကျွှန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်တိုး တက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေရှိတယ်။အရင်တုန်ုးက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွှန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှုရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာကိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်းမေ့လို့မရပါဘူးအတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ နောင်လာမည့်အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ဒါကြောင့်လူငယ်တွေဟာ အတိတ်နဲ့အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန် တွေ ဖြစ်ပါစေလို့”

2 comments

  • 2012 Barcamp ပွဲကို ဒေါ်စု ဖွင့်ပေးခဲ့တယ်လို့တော့ သိလိုက်ရတယ်ဗျ။
    ဒါပေမယ့် ဘယ်အချိန် ဖွင့်ပေးလိုက်တာလည်းတော့ မသိလိုက်ရဘူး။
    အခုလို ပုံလေးနဲ့တကွ တင်ပေးတာ ကျေးဇူးပါပဲ မနောရေ …

  • သားငယ်

    February 11, 2012 at 2:37 pm

    ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ ့စကားကို ထောက်ခံကြသော အားဖြင့် မျှ ဝေကြပါ. အသိပညာ
    အတတ်ပညာ တွေကို သိသလောက် တတ်သလောက် မှတ်သား မိသလောက် မျှဝေကြပါလို ့.
    ကျနော်တို ့က တော့ လေ့လာနေတဲ ့သူတွေဆိုတော့ များများ သိရပါတယ် ကျေးဇူးတင်ပါတယ်.

Leave a Reply