1 နံနက်ခင်းအလှ ရှမ်းလေးကျွန်းက ဖိတ်ခေါ် လွမ်းစရာနော်

2 စိမ်းလွင်လွင် ရေပြင်မှာ အရိပ်ဆင်းပါလို့ ချောင်းပြင်မှာ တော့ မြူငွေ့ ဆင် လွမ်းချင်ရင်လာခဲ့ပါ့လေး။

3နေထွက်စရေပြင် လှေကလေးရဲ့ အရိပ်ထင် သဘာဆေးရောင်က စိုလွင်

4အရုဏ်တက်စ ကမ္ဘာမြေ ကို နုတ်ခွန်းဆက်သ ရောင်သွေးစိုကြွ

5 နေရောင်ခြည် ကအခ ရေပြင်မှာအရိပ်ကျ တံတားအိုငိုချင်းချ

6နွေရက်ပေမို့ ကြွေရွက်ဝါ မြေမှာခတော့ လွမ်းစိတ်ကပို ဘယ်ဆီကိုမှန်းမသိ။

7 ပင်ထနောင်း နွေအပြောင်းမို့ ၀ါထိန်ထိန် စိမ်းရောင်ဆင် ထန်းပင်မြင့် အလှကိုယ်စီတင့်။

8 စိမ်းနဲ့အ၀ါ ဆန့်ကျင်စွာ တူယှဉ်တွဲ ရွက်ဝါကြွေ မြေမှာကြဲ လွမ်းတတ်နိုင်ဘဲ။

9 ညနေခင်းဆည်းဆာ ပြန်ထွက်ခွာအလင်းတွေသိမ်းပါလို့ အလွမ်းတွေဆင်။

 

10 လယ်ကွင်းပြင် ကောက်ပင်တွေ စိုစိုစိမ်းရယ်နဲ့ ပန်းနုဆင် နုတ်ဆက်ခန်းမှာ လွမ်းရမှာလား။

11 သူရိန်ရှင် နုတ်ဆက်ခန်းမှာလ ပ န်းဆီရောင် လက်ဆောင်ကမ်းပါလို့ မြင်ရသူ ဘ၀င်ပန်းပါလို့ လွမ်းစေတော်မူ။

 

သဘာဝဆေးခြယ်ရောင်စုံကမ္ဘာဝယ်

 

တစ်နေ့ တစ်နေ့ နေ၀င်လိုက် နေထွက်လိုက် နဲ့သဘာဝကြီးက သူ့အလိုအလျောက်အတိုင်း မောင်းနှင်နေပါတယ်။

သဘာဝကြီးက အလိုအလျောက်ပြောင်းလဲနေတယ်ဆိုပေမယ့်

နေ့စဉ်နဲ့ အမျှ မတူညီတဲ့ အရောင်အသွေးတွေ အဆင်တွေနဲ့ ကမ္ဘာလောကကြီးကို

ဆေးရောင်တွေခြယ်ပေးနေပါတယ်။

ဒီသဘာဝပေးအပ်တဲ့အလှအပတွေကို ကျနော်တို့က မြင်မိလို့ ခံစားမိတာလဲရှိ။

သတိမထားမိလို့ မခံစားလိုက်ရတာလဲရှိ။

မြင်ပေမယ့်လဲ မခံစားနိုင်မိတာလဲရှိ။

လူတွေ ဘယ်လိုသဘောထားထား သဘာဝကြီးကတော့ သူ့အလုပ်သူလုပ်နေမှာအမှန်ပါဘဲ။

သူဖန်တီးပေးလိုက်ရတဲ့အတွက် ဘာတောင်းဆိုမူ့မှမလုပ်တာလဲအမှန်.။

 

ကျနော်တို့တစ်တွေကတော့ ကိုယ်ဖန်တီးလိုက်တာလေးကို သူများက သတိမပြုရင်ဘဲဖြစ်ဖြစ်

မနှစ်သက်ရင်ဘဲဖြစ်ဖြစ် မသိကျိုးကျွံပြုနေရင်ဘဲဖြစ်ဖြစ်

“ငါ့မှာတော့ လုပ်လိုက်ရတာ သူတို့ကတော့………………………”

ဆိုတဲ့ မချင့်မရဲနဲ့ မကျေနပ်စိတ်ကလေးတွေ ပေါ်လာတတ်ပါတယ်။

အသိအမှတ်အပြုခံချင်တယ်ဆိုတာ လူ့သဘာဝကိုး။

အဲတော့လဲ တစ်ခါတစ်ရံ စိတ်ဆင်းရဲရတတ်ပါတယ်။

အကောင်းဆုံးကတော့ သဘာဝတရားကြီးလိုစိတ်ဓါတ်မျိုးထားနိုင်ရင်အကောင်းဆုံးပါဘဲ။.

အသိမှတ်ပြုချင်ပြု မပြုချင်နေ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရုံဘဲဆိုတာလေးပေါ့။

ကဲ ကြိုးစားကြည့်လိုက်ကြရအောင်ဗျာ။

 

 

ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့

(12-2-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။

   Send article as PDF