မြန်မာ နိုင်ငံတော် ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

the bestFebruary 11, 20121min895

ဝန်ထမ်းတွေ လစာ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ကုန်ဈေးနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ပြည်သူကို အကောက်ခွန်ကောက်တာ ဗြုန်းစားကြီး တိုးတက် လာပါလိမ့်မယ်။

ရွှေဈေးများ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ဂုဏ်သိက္ခာမဲ့ အကျင့်ပျက်တွေ  စီးပွားရေးလက်ဝါးကြီးအုပ်တွေ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

စားစရိတ် နေစရိတ် ခရီးစရိတ် ဖုန်းစရိတ် ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

အိမ်ဈေး အိမ်ခန်းငှားခ ကားခ ရထားခ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

စီးပွားရေးအဆင်မပြေမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

လာဘ်ပေးလာဘ်ယူကိစ္စ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

အကျင့်ပျက်ခြစားမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ငွေလဲနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ငွေကြေး ဖောင်းပွမှု ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ဆင်းရဲမွဲတေမှုနှုန်း ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။

ထိုကဲ့သို့ ဗြုန်းစားကြီး တိုးတက်လာပါလိမ့်မယ်။ အပေါ် နိုင့်ငံအကြီးအကဲများ အကောင်းမြင်စိတ်လေးတွေနဲ့ ဘက်ပေါင်းစုံက ချင့်ချိန်စဉ်းစားပြီးတားဆီးပေးပါခင်ဗျား။။

ထိုသို့ လစာနှင့်စရိတ်များကို တိုးပေးမှု ကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုများ…  ငွေကြေးဖောင်းပွနှုန်းတွေ ဖြစ်လာ မှုများ… အူမ မတောင့်သီလ မစောင့် လာမှုများ…နည်းလမ်းမျိုးစုံသုံးပြီး လိုငွေ ရှာ လာမှုများ…မလျော်ကန်သော လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများ လာမှုများ…  နောက်ဆုံးအကျင့်ပျက်၊ စာရိတ္တပျက် လမ်းကြောင်း  ရောက် လာမှုများ…ဖြစ် လာပါက   နိုင်ငံအတွက် များစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်လို့  ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီခဲ့သည့်အတွက် ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလား၊ တာဝန်ရှိလျှင် ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါပြီ။။

ဒီလိုမှ မဟုတ်ရင်တော့ ပြည်သူများပဲ နစ်နာမှာပါပဲ။

5 comments

  • စိန်ပေါက်ပေါက်

    February 11, 2012 at 7:34 pm

    ဗြုန်းစားကြီးတိုးတက်မယ်ဆိုလို ့ ပျော်ပြီး ဗြုန်းစားကြီး ပြေးဖတ်မလို ့ပဲ
    ကွန်နက်ရှင် မကောင်းတာနဲ ့ မနဲတိုးပြီး တက်ကြည့်တော့ မအိုကေတာတွေ တိုးတက်လာမှာကိုပြောတာဂိုး…

  • winkyawaung

    February 11, 2012 at 8:18 pm

    ကျွန်တော့် မိတ်ဆွေတစ်ဦးကပြောနေပါတယ်။ ငါတို့ ဝန်ထမ်း မဟုတ်ကြတဲ့ လူလတ်တန်းစားတွေ အောက်ချေလူတန်းစားးတွေ ကုန်ဈေးနှုန်းတက်ရင် ငတ်ကြတော့မယ် ထင်ပါတယ်။
    ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုတော့ ငါတို့ကို ဒီလိုနည်းနဲ့ ဆင်းရဲသူတွေကို `ပပျောက်သွားအောင်´ သတ်ပစ်ကြမယ် ထင်ပါတယ် လို့ ပြောဆိုနေပါတယ်..။

  • koyinmaung

    February 11, 2012 at 8:45 pm

    သတိထားသင့်တဲ့အချက်ပါ
    ဘာလုပ်ကွက်မှမယ်မယ်ရရမရှိသေးဘဲ
    အပြင်လုပ်ငန်းတွေမရှိသေးဘဲ
    လက်ရှိဝန်ထမ်းတွေကိုလခတွေမတရားတိုးပေးခဲ့ယင်
    ငွေဖေါင်းပွမှုဖြစ်လာနိုင်ပါတယ်……

  • အာကြီး

    February 11, 2012 at 8:53 pm

    ဒီတခါတော့ နိပ်သဟ ဆိုပြီး အပြေးလေး ဝင်ဖတ်မိတာ . . .ဗြုန်းစားကြီးတိုးတက်တော့မယ်အထင်နဲ့. .
    တက်ပါစေ တက်ကြပါစေ ၊ ဟိုမရောက် ဒီမရောက် လူတန်းစား ကျနော့် အဖို့ကတော့ လက်ရှိအားကိုး
    နေရတဲ့ လိုင်းကား တွေမှာ တိုးတက် တွန်းတက် မဖြစ်ရင်ပဲ ကျေနပ်ပါပြီလို့ . . .

  • kyeemite

    February 12, 2012 at 7:03 am

    မိစိန်ပေါက် ပြောသလိုဘဲ..ဗြုန်းစားကြီးတိုးတက်မယ်ဆိုလို ့ ပျော်ပြီး ဗြုန်းစားကြီး ပြေးဖတ်..ဗြုန်းစား
    ကြီးစိတ်ညစ်..ဗြုန်းစားကြီး ပြန်လစ်သွားပါကြောင်း..

Leave a Reply