မြင်သမျှတွေ့သမျှ နဲ့ စိတ်ထဲရှိတာပြောကြည့်မလို့ဗျာ…

kaunglayFebruary 11, 20121min1167

မြင်သမျှတွေ့သမျှ နဲ့ စိတ်ထဲရှိတာပြောကြည့်မလို့ဗျာ…
၁. မော်တော်ပီကယ်မရှိတဲ့အချိန်ဆို တစ်လမ်းမောင်းတွေမှာ လမ်းပြောင်းပြန်မောင်းကြတယ်ဗျာ (သတိပေးဆိုင်းဘုတ်ကိုမမြင်တာများလား)…

၂. မတက်ရဆိုတဲ့ ဂုံးကျော်တံတားလည်း ညဆို တက်ကြတယ်ဗျာ…….

၃. ကွမ်းထွေးရင်လည်း နောက်လှည့်မကြည့်ပဲ စည်းကမ်းမရှိ ထွေးချင်သလို ထွေးကြတယ်ဗျာ…
၄. လမ်းမှာတပ်ထားတဲ့ အချက်ပြမီးတွေ ကောင်းကောင်းမမြင်ရဘူး မီးနီသလား၊ဝါသလား၊စိမ်းပြီလားဆိုတာသေချာကြည့်ယူရတယ်(ပျက်နေရင်ပြင်/မကောင်းရင်လဲဖို့လိုတယ်လေ)..

၅. တံခါးဖွင့်ပြီးဝင်လာပေမယ့် လူတော်တော်များများ တံခါးပြန်ပိတ်ပေးဖို့ကို ဝန်လေးကြတယ်
၆. Toilet သုံးပြီးရင်လည်း  ရေလောင်းခဲ့ပေးဖို့ကို မလုပ်ကြဘူး(ကိုယ့်အိမ်မှာဆိုရော အဲလိုနေတာလားမသိ)

၇. လူတော်တော်များများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြဘူး (မသိလု့ိပဲလား)..

၈.ရေမြောင်းထဲကို စည်းကမ်းမဲ့အမှိုက်သရိုက်တွေ ပစ်ချကြတယ်(ရေမြောင်းကမပိတ်ဘဲ နေမလား)
စည်ပင်ကလည်းလမ်းမကြီးတစ်ချို့ကိုသာမြောင်းဆည်ကြတယ်..(ကျန်ရှိနေတဲ့ရေမြောင်းတွေကဒီအတိုင်းပဲထားတော့မလား)….

၉.လိုင်စင်မဲ့ဆိုင်ကယ်တွေအရမ်းများလာတယ် ဖမ်းမလား၊လိုင်စင်ချပေးမလား(တစ်ခုခုလုပ်ဖို့ လိုအပ်လာတယ်ထင်တာပဲ.. Accident ဖြစ်ရင် ဘယ်လိုလိုက်ကြမလဲ/အရေးယူကြမလဲ)

၁၀.လမ်းတွေကျဉ်းပေမယ့်လည်း ကား/ဆိုင်ကယ်တွေ အရမ်းများလာတယ်..

စကားလုံးသတ်ပုံအမှားပါရင်ခွင့်လွှတ်ပေးကြပါ..
စိတ်ထဲရှိတဲ့အနည်းအကျဉ်းလေးကို ဖွင့်ထုတ်လိုက်တာပါ.။

7 comments

  • TTNU

    February 11, 2012 at 9:26 pm

    Kaunglay ရေ…

    မောင်ရင်တင်ပြထားချက်တွေ အမှန်ပါပဲ။လူတွေ လုပ်ချင်သလိုလုပ်နေကြတာ
    ကြာပြီ။ စည်းမရှိ ကမ်းမရှိ လုပ်ချင်တာလုပ်ပြီး ဘာမှမသိသလို ဟန်ဆောင်နေကြတယ်။

    အချို ့ပုဂ္ဂိုလ်တွေက ဒီလူတွေကို စည်းကမ်းလိုက်နာအောင် လေ့ကျင့်ပေး
    ရမယ်လို့ ပြောကြတယ်။ ပညာပေးရမယ်လို့ အော်ကြတယ်။

    သူများလေ့ကျင့်ပေးတဲ့အထိ၊ ပညာပေးတဲ့အထိ စောင့်နေတတ်တဲ့ လူတွေ
    ကိုယ်ပိုင်အသိစိတ်နဲ့ ဘယ်တော့များ ဘယ်လို စောင့်စည်းကြပါ့မလဲနော်။

    ကြာဦးမယ်ထင်ပါရဲ ့ကွယ်။ 🙁

  • MaMa

    February 11, 2012 at 10:36 pm

    အားပေးပါတယ် ကောင်လေးရေ။ အမှန်တွေချည်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်နဲ့ ပြုပြင်ကြဖို့လိုပါတယ်။
    ကဲ ပြောနေကြာတယ်။ ကိုယ်တတ်နိုင်သလောက် ကိုယ့်စည်းကိုယ်လုံအောင် ကြိုးစားပါ့မယ်လို့… 🙂

  • kyeemite

    February 12, 2012 at 6:45 am

    အားလုံလဲမြင်နေကြပါရဲ့ ဒါပေမဲ့ အတ္တကြီးပီး ကိုယ့်ဆန္ဒနောက်ကိုယ်လိုက်နေကြတော့ အများအတွက်
    နိုင်ငံအတွက် ထည့်မစဉ်းစားကြတော့တာဘဲ..“Everybody know, but nobody care” ဆိုတာလိုပေါ့..
    လူတစ်ဦးချင်းစီရဲ့ အသိစိတ်ဓာတ်နဲ့ ပြုပြင်ကြဖို့လိုပါတယ်။ Ma Ma စကားနားထောင်ကြစို့….
    ပို့စ်တင်တဲ့ kaunglay ကိုကျေးဇူးတင်ပါတယ်…ဆက်လုပ်ပါ ကောင်လေး..အားပေးပါတယ်

  • water-melon

    February 12, 2012 at 10:53 am

    ဒို့ပြည်က လူတွေက ဒဏ်ကြေးများများတောင်းမှဖြစ်မယ်နော့။
    စည်းကမ်းဆိုတာ သူတို့ကတော့ ဘာမှန်းတောင် မသိဘူးထင်တယ်
    အောက်ခြေတန်းစား အလယ်တန်းစား အထက်တန်းစားတွေကိုရော သင်ပြပေးရမည် ဖြစ်ကြောင်း။
    တစ်ဦးချင်းသာ ပြုလုပ်သွားမယ်ဆိုရင် အကောင်းသာဗျ
    ဒါပေမဲ့လည်း မထင်ပါ၊

  • အတိအကျပြောရမည်ဆိုရင်တော့
    တစ်ဦးတစ်ယောက်ခြင်းစီက စလို့ ပြင်ရမှာပါ။
    မပြင်ဘဲ ဒီအတိုင်းဆိုရင်တော့
    ………………………………………………
    ထူးအိမ်သင်ရဲ့ သီချင်းလို အရင်အတိုင်း လိုပါဘဲ။

  • ၉.လိုင်စင်မဲ့ဆိုင်ကယ်တွေအရမ်းများလာတယ် ဖမ်းမလား၊လိုင်စင်ချပေးမလား
    (တစ်ခုခုလုပ်ဖို့ လိုအပ်လာတယ်ထင်တာပဲ.. Accident ဖြစ်ရင် ဘယ်လိုလိုက်ကြမလဲ/အရေးယူကြမလဲ)
    ထပ်တိုး။။လိုင်စင်မဲ့ကားတွေများလသည်။ဘယ်သူတာဝန်ယူ အာမခံထားသလဲမသိရပါ။

  • kaunglay

    February 14, 2012 at 4:08 pm

    တစ်ချို့အကြောင်းအရာတွေကို ပုံနှင့်တကွ တင်ချင်တယ်ဗျာ….
    ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြဘူး …ကိုယ့်အသက်ကိုမှ မနှမြော..
    လမ်းပြောင်းပြန်စီးတဲ့သူလည်းစီး အရေးယူမယ့်သူကလည်းမရှိ … ထမင်းစားသွားသလား ဘာလဲပေ့ါ သတိထားမိသလောက် အချိန်တိုင်းမရှိတာနေမှာပါ.. ရှိပြန်တော့လည်းအရိပ်မထွက် ရေးစရာများဆက်လက်ရှာဖွေနေပြီး
    ကိုယ်တိုင်လည်း သတိရှိရှိ မမေ့မလျော့ ဆုံးမပြင်ဆင်နေပါကြောင်း

Leave a Reply