ညီမလေးအတွက် နှလုံးသားကပြောသောစကားလေးများ(4)

ညီမလေးအတွက်……….

နှလုံးသားကပြောသောစကားလေးများ(5)

…………………………………………..

 

ညီမလေးရေ…….

တခါတလေကြရင်မည်သူတစ်ဦးတစ်ယောက်နှင့်မျှ

စကားမပြောချင်တော့ဘူးဖြစ်နေတက်တယ်..။

တခါတလေကြရင်အဲဒီလိုနေရတာ

အထီးကျန်တယ်လို့ထင်နေမိပြန်တယ်။

ဒါဟာလူ့ဘဝလို့ပြောရပေမဲ့

အဲဒီလူ့ဘဝကြီးကိုကြောက်နေမိပြီညီမလေး…။

လူတွေဟာ မလိုတစ်မျိုး လိုတစ်မျိုးပါပဲ။ အမြဲလိုုလိုအလစ်ချောင်းနေကြတဲ့သူတွေချည်းပါပဲလားလို့အောက်

မေ့မိပါတယ်ညီမလေးရယ်။ ခုအကိုပြောပြနေတာတွေဟာညီမလေးလဲအဲဒီလိုကြုံတွေ့လာရင်

ခံနိုင်ရည်ရှိအောင်လို့ပြောပြနေတာပါ။ အကိုကတော့တနေ့တနေ့ဆိုသလိုပါပဲတွေ့နေရတာ

စိတ်ပျက်မိတာအမှန်ဖြစ်ပေမဲ့မတော်လှန်ရဲဘူးညီမလေးရယ်။  ဘာလိုလဲဆိုတော့

သဘာဝကိုဆန့်ကျင်ရင်ကိုယ်ပဲနစ်နာမှာမို့လို့ပါ။

ဒါကြောင့် ကြုံတွေ့

လာတဲ့လောကဓံလှိုင်းကိုရင်ဆိုင်ပြီးသီးခံနေယုံပါပဲ။ ဒါပေမဲ့…..အရှုံးပေးတာတော့မဟုတ်ဘူးနော်။

လူတစ်ယောက်ဟာလမ်းမှာကျနေတဲ့ တစ်ထောင်တန်ကိုမကောက်ပဲကျော်လွန်ခြင်းဟာရှေ့မှာတွေ့နေတဲ့

ငါးထောင်တန်ကိုကောက်ခြင်လို့ဆိုတာမှတ်သားထားပေးနော်….။

 

လောကဓံကိုရင်ဆိုင်နိုင်ပါစေ…….။

 

 

မေတ္တာဖြင့်

……………

ကိုကို

 

 

 

 

ညီမလေးရေ……

`ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်`ဆိုတဲ့စကားပုံကို

ညီမလေးကြားဖူးမှာပေါ့။  အဲဒီစကားပုံဟာ ဘာရည်ရွယ်တာလဲ

ဆိုရင် ကိုယ့်အတွက်ကြောင့် ဆရာ မိဘ ဆွေမျိုး ပတ်ဝန်းကျင်

မိတ်ဆွေ အပေါင်းသင်း မထိခိုက်စေနဲ့လို့ပြောတာပါ။ ကိုယ်က

မကောင်းမှုလုပ်နေရင်ကိုယ့်အတွက်ကြောင့်ဘယ်သူ ဘယ်သူ့သမီးက

ဘယ်သူ့တပည့်က ဘယ်နားက ဘယ်သူ့သူငယ်ချင်းက မကောင်းမှုတွေလုပ်နေတယ်။ သူတို့နဲ့

မပေါင်းနှင့် ကိုယ်ပါပြောခံနေရလိမ့်မယ်။ အမှုပတ်လိမ့်မယ်စသည်

ပြောပြီးရှောင်ထွက်ကြလိမ့်မယ်။  ဒါကြောင့်ကိုယ်အတွက်ကြောင့်

သူတပါးမထိခိုက်စေနဲ့နော်…..။

 

အရာရာကိုဆင်ခြင်နိုင်ပါစေ….။

မေတ္တာဖြင့်

…………

ကိုကို

2 comments

  • ဇွဲမာန်(အင်းဝ)

    February 11, 2012 at 8:51 pm

    အပေါ်ကဂဏန်(5) လို့ပြင်ဖတ်စေချင်

    ညီမလေးနားလည်ပါစေ…။

  • မေတ္တာဖြင့် ကူညီသူပေါ့နော်။

    ““အဲဒီလူ့ဘဝကြီးကိုကြောက်နေမိပြီညီမလေး…။
    လူတွေဟာ မလိုတစ်မျိုး လိုတစ်မျိုးပါပဲ။ အမြဲလိုုလိုအလစ်ချောင်းနေကြတဲ့သူတွေချည်းပါပဲလားလို့အောက်
    မေ့မိပါတယ်ညီမလေးရယ်။ ခုအကိုပြောပြနေတာတွေဟာညီမလေးလဲအဲဒီလိုကြုံတွေ့လာရင်
    ခံနိုင်ရည်ရှိအောင်လို့ပြောပြနေတာပါ။ အကိုကတော့တနေ့တနေ့ဆိုသလိုပါပဲတွေ့နေရတာ”””

Leave a Reply