ခင်ဗျားတို ့ပြောနေတဲ့ ထောက်လှမ်းရေး (၁)

nigimi77February 12, 20121min922

မဟုတ်တရုတ် လုပ်ရင် ဝီစီမှုတ်မယ် ဆိုတဲ့ ဗော်လန်တီယာများ ၊ လိင် ခွဲခြားမှု အခွင့်ကောင်း ယူလိုသူ အမျိုးသမီးများ ။

လူ ့သဘာဝ ပါတ်ဝန်းကျင်အား ငြိုးနွမ်း အရုပ်ဆိုးစေသော မယောင်ရာ ဆီလူး လူထင်ပေါ် များ ။

သို ့ …………………… ။

================================================

သူတောင်းစား အစာဝရင် ………. ဆိုတဲ့ စကားက ရှိခဲ့တယ် ။

ခေတ်ကာလတွေက ပြောင်းခဲ့ပြီ ။

သူတောင်းစား မဟုတ်လည်းပဲ……အစာ မဝခဲ့ရင်လည်းပဲ……. အတွေ ့ အထိကို လွန်ဆန်နိုင်တဲ့ လူသားရှိခဲ့ရင်… ပုံမှန်မဟုတ်တဲ့

လူတစ်ယောက်လို ့ပဲ ယူဆရမယ် ။

အတွေ ့အထိ ဆိုရာမှာ ………

၁ ။ တစ်ဦး သဘောတူ အတွေ ့အထိ

၂ ။ နှစ်ဦး သဘောတူ အတွေ ့အထိ

၃ ။ တစ်ဦိး သဘောတူ အခြေအနေ တွန်းပို ့ အတွေ ့အထိ်

၄ ။ နှစ်ဦး သဘောတူ အခြေအနေ တွန်းပို ့ အတွေ ့အထိ်

၅ ။ နှစ်ဦး နှစ်ဖက် ရှားပါး သဘောမတူ အခြေအနေ တွန်းပို ့ အတွေ ့အထိ်

ဒီလို သရုပ်ခွဲကြည့်မယ် ။

နံပါတ် (၁) အရ တစ်ဦး သဘောတူ အတွေ ့အထိ ဆိုရာမှာ အတွေ ့အထိကို လိုချင်တဲ့ သူဟာ

အမျိုးသား တွေလို ့ပဲ ပုံသေ မှတ်ယူလို ့မရဘူး ။ အဲဒီ အမျိုးသားတွေနဲ ့ အတူ တိုက်ရိုက် အချိုးအစားကျတဲ့

အမျိူးသမီးတွေ ရှိတယ် ဆိုတဲ့ အမှန်တရားကို ဝန်ခံရဲဖို ့လိုအပ်တယ် ။

ဒါကို ဖုံးကွယ်ချင်တယ် ဆိုရင် ဒီထက်ပိုပြီး ရှင်းလင်းတဲ့ သာဓက တွေနဲ ့ ပြောရလိမ့်မယ် ။

ကျား ၊ မ လိင် မခွဲခြားပဲ ပြောရမယ် ဆိုရင် လူတိုင်း ဟာ ဆန္ဒ ရှိတယ် ။

ဆန္ဒကို သိက္ခာလို ့ အမည်တတ်တဲ့ ဟန်ဆောင်မှု နဲ ့ ဖုံးကွယ်တယ် ။

လူတွေ ရိုင်းစိုင်းစဉ် ကာလမှာ သိက္ခာနဲ ့ဖုံးကွယ်မှုဟာ သဘာဝကျတယ် ။

လူတွေ ယဉ်ကျေးစ ပြုနေချိန်မှာ သိက္ခာနဲ ့ ဖုံးကွယ်မှုဟာ လိမ်ညာမှု ကျတယ် ။

လူတွေ ယဉ်ကျေးပြီးနောက်မှာ သိက္ခာနဲ ့ ဖုံးကွယ်မှုဟာ လူ ့အဖွဲ ့အစည်း တစ်ခုလုံးကို စော်ကားမှု ကျတယ် ။

ဗိုက်ဆာနေတာကို ဆာတယ်လို ့ ပြောတာဟာ ရိုးသား ပွင့်လင်းမှုပဲ ။

ဗိုက်ဆာနေတာကို မဆာသေးပါဘူးလို ့ ပြောတာဟာ ဟန်ဆောင်ဖို ့ ကြိုးစားနေတဲ့ အခြေအနေတစ်ခုပဲ ။

ဗိုက်ဆာနေတာကို အိမ်မှာ စားခဲ့ပြီးပြီလို ့ ပြောတာဟာ လိမ်ညာမှု တစ်ခုပဲ ။

အရာရာဟာ မိမိ ဆန္ဒကို ရှင်းလင်းစွာ ဖော်ပြမှသာ ပြသာနာ တစုံတစ်ခုကို ဖြေရှင်းစရာ နည်းလမ်းကို ရှာတွေ ့မယ် ။

================================================

2 comments

  • စိန်ပေါက်ပေါက်

    February 12, 2012 at 1:19 pm

    အူးလေး..အူးလေး..
    ၂ ဦး ထပ်ပိုပြီး သုံးဦး လေးဦး သဘောတူတာတွေ လဲထည့်ရေးဦးလေ
    ဂယ်ဘဲ
    ရုပ်ရှင်လေးဘာလေး မကြည့်ဘူးလား မသိဘူး

  • “”လူတွေ ရိုင်းစိုင်းစဉ် ကာလမှာ သိက္ခာနဲ ့ဖုံးကွယ်မှုဟာ သဘာဝကျတယ် ။
    လူတွေ ယဉ်ကျေးစ ပြုနေချိန်မှာ သိက္ခာနဲ ့ ဖုံးကွယ်မှုဟာ လိမ်ညာမှု ကျတယ် ။””
    မမစိန် ပြောတာလေးလဲ ရေးပေးလိုက်ပါ အကိုရာ။ကျေးဇူးပါနော်။

Leave a Reply