ခင်ဗျားတို ့ပြောနေတဲ့ ထောက်လှမ်းရေး (၂)

nigimi77February 12, 20121min26510

ဆန္ဒကို လှည့်ဖြားခြင်းဟာ မိုက်မဲရာကြတယ် ။

ဆန္ဒကို ရှောင်လွဲပေးဖို ့အတွက်ကို နည်းလမ်း ရှာဖွေခြင်းဟာ လူသားဆန် လိမ့်မယ် ။

ဘယ်သူတွေက ဆန္ဒကို လှည့်ဖြားအောင်မြင်ခဲ့လို ့ လူ ့အဖွဲ ့အစည်းကို တည်ဆောက်နိုင်ခဲ့ကြသလဲ ။

ဆန္ဒကို မှန်ကန်တဲ့ လူသားဆန်တဲ့ နည်းလမ်း နဲ ့ ရှောင်လွဲပေးခြင်းသာလျင် အောင်မြင်တဲ့ လူ ့ အဖွဲ ့အစည်း ဖြစ်တယ် ။

=================================

ဒီနေ ့ရဲ ့ ဖြစ်စဉ် အမှန်ကို လက်တွေ ့သိဖို ့ကြိုးစားကြည့်ပါ ။

မြန်မာနိုင်ငံရဲ ့ လက်ရှိ အနေအထားမှာ အလွန်ကျပ်တည်း ကျဉ်းမြောင်းလှတဲ့ လိုင်းကားတွေကို စီးနင်းရင်း အလုပ်အသွားအပြန်

လုပ်နေကြတာ အမျိုးသမီး ရာခိုင်နှုံး အများဆုံးပါ ။ အမျိုးသမီးများ မဆိုထားနဲ ့ အမျိုးသားများ ပါ နည်းပါးလှတဲ့ တနေ ့တာလုပ်ခ နဲ ့

လုပ်ငန်းတာဝန် ပြီးဆုံးပြီး နောက်မှာ ပန်ပန်းနွမ်းနယ်နေတဲ့ ကိုယ်ခန္ဒာ ကို သယ်ဆောင်ပြီး သူ ့ထက်ငါ အလု အယက် အိမ်ပြန်ရောက်ဖို ့

ဒါမှ မဟုတ် လိုရာခရီးကို ရောက်ဖို ့ကိုပဲ ခေါင်းထဲမှာ ရှိတယ် ။ တကယ် လက်တွေ ့ နေ ့စဉ် ကျင်လည် သွားလာနေတဲ့ လိုင်းကားစီး ခရီးသည်တွေဟာ

သဘာဝက ပေးတဲ့ အလိုအလျောက် အသိတရား အရ ရောမရောက် ရောမလို ကျင့်ဖို ့ အားထုတ်ကျတယ် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိတ်ဆွေ………………..

(၄၃) အထူးကားကို ရုံးဆင်း အလုပ်ဆင်းချိန်မှာ စီးဖူးပါသလား ။

တစ်သက်လုံး အိမ်ကား စီးခြင်း ဒါမှ မဟုတ် မွေးကတည်းက ဘယ်သွားသွား တက္ကဆီပဲ စီးတာပါဆိုတဲ့ ရံဖန်ရံခါ ခရီးသွား လူတန်းစား

အမျိုးသမီးများ ခင်များ………။

ခင်ဗျားတို ့ရဲ ့ အမျိုးသမီးထု အတွက်ကို တွေးခေါ်ပေးခြင်းဟာ အလွန် ကျေးဇူးတင်စရာ ကောင်းပါတယ် ။

သို ့သော် အပင်ကို လှဲမှ အမြစ် ပြတ်မည့် ကိစ္စကို လူမြင်ကောင်းအောင် အညွန် ့ထွက်တိုင်း ခုတ်ပြနေမယ် ဆိုရင်တော့ဖြင့်

ပေးကားပေး၏….မရပါ ခင်များ……… ။

လူထု လှုပ်ရှားမှုများ စတင်ဖို ့ကြိုးစားခြင်းဟာ ကောင်းပါတယ် ။

လှုပ်ရှားမှုရဲ ့ ရလာဒ်က အဖြေ ဖြစ်တာကြောင့် (ငါတို ့ လုပ်နိုင်ခဲ့ပြီ)…. ဆိုတာမျိုးကိုပဲ ကြားချင်ပါတယ် ။

(ငါတို ့ လုပ်ကြည့်ဖူးတယ်) ဆိုတာမျိုးကတော့….. မျက်မမြင် ပုဏားတွေ ဆင် စမ်း သလို ဖြစ်နေပါမယ် ။

လူပေါ် လူဇော် လုပ်ဖို ့က လွယ်ပါတယ် ။ လုပ်သော်လည်း အနည်းဆုံးတော့ တစ်စုံတစ်ဦး အတွက် အကျိုးရှိတဲ့

အရာမျိုး ကျန်ရစ်စေဖို ့ လိုမှာပါ ။

ဒါဆိုရင် မေးကြည့်ပရစေ……ဝီစီ မှုတ်ခြင်းဟာ…… ပြသနာကို ဖြေရှင်းတဲ့ နည်းလမ်း ဖြစ်စေပါသလား …..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

10 comments

  • Mလုလင်

    February 12, 2012 at 12:58 am

    ဆွဲဆန့် တာလို့ပဲမြင်ကြည့်လို့ ရနေပါတယ် …. မိ ရေ။
    လေးစားပါတယ်။
    Mလုလင်

  • TTCG

    February 12, 2012 at 2:40 am

    တစ်ကယ်သာ လူသိရှင်ကြားဖြစ်စေချင်ရင် အဲ့ဒီ မိန်းကလေးက “ကယ်ကြပါဦး… လုပ်ကြပါဦး” လို့ အော်လိုက်ရုံပဲ… အဲ့ဒီလိုတောင် မအော်ချင်လို့ မအော်ရဲလို့ ဒီလိုဖြစ်နေတာ… ဒီလိုမိန်းကလေးတွေက ဝီစီရော မှုတ်မယ်ထင်လို့လား… ဝီစီမှုတ်ချင်ရင် ရှာရဦးမယ်… ဆောင်ထားရဦးမယ်… မှုတ်ရဦးမယ်… ရှုပ်ကရှုပ်နဲ့… ပါးစပ်ကအော်လိုက်တာ ပိုမမြန် ပိုမလွယ်ကူဘူးလား… ကျွန်တော့်အမြင်အရတော့ ဝီစီအိုင်ဒီယာက မယောင်ရာ ဆီလူးပဲ

  • Khin Latt

    February 12, 2012 at 3:22 am

    မိခွန်ခွန် မေးတဲ့ “ဝီစီ မှုတ်ခြင်းဟာ…… ပြသနာကို ဖြေရှင်းတဲ့ နည်းလမ်း ဖြစ်စေပါသလား ?”

    အဖြေ –
    မဖြစ်ပါ။ အတော်လေး ပေါကြောင်ကြောင် နိုင်သော နည်းလမ်း ဖြစ်ပါတယ်။
    ဘယ်မိန်းကလေးမှလဲ မှုတ်မည် မဟုတ်ပါ။

    အရီးတို့ ခေတ်မှာ ထဲ က ဘတ်စကားစီးရင် အဲဒီ ထောက်လှမ်းရေး သမား များ ပေါပေါများများ ရှိပါသည်။
    ဒါမျိုးကြုံရင် အရီးတော့ သူနဲ့ဝေးရာကနေရာကို ရွှေ့နေပါတယ်။
    အရမ်းကြပ်နေလဲ ဝေးရာကို ရွှေ့သာရွှေ့လိုက်ပါ။
    ကိုယ်ရွှေ့ရာနေရာကိုတော့ လိုက်မလာတတ်ကြပါဘူး။
    အဲဒီလိုမျိုးဆိုရင် ဘေးကလူတစ်ချို့က သတိထား မိတတ်ပါတယ်။

    အခုတော့မသိဘူး။
    အရီးတို့ခေတ်ကတော့ အဲဒီလို လူမျိုးတွေဟာ အသက်ကြီးကြီး လူကြီးတွေ ဖြစ်တာ များပါတယ်။

    အကြံပြုရရင်တော့ ကားစပါယ်ရာ တွေ သတိလေးနဲ့ ပါတ်ဝန်းကျင်ကို လေ့လာပြီး မိန်းကလေးတစ်ယောက် ဟိုရွှေ့ဒီရွှေ့ လုပ်နေရပြီဆိုရင် မသိမသာ အော်သတိပေးသင့်လဲ ပေးပေါ့။
    ဒါဟာလဲ customer service ပေးခြင်း တစ်မျိုးလို့ စိတ်မှာ တွေးရင် ကုသိုလ်တောင် ရပါသေးတယ်။ 😀

  • bigchef

    February 12, 2012 at 9:44 am

    ရှုပ် တယ် ဗျာ .ဂုန် နီ အိပ် ချုပ် တဲ့ အပ် သာ ဆောင် ထား။

  • စိန်ပေါက်ပေါက်

    February 12, 2012 at 1:16 pm

    ချောင်ချောင်ချိချိ စီးခွင့်ရရင် အေဘေးထောက်လှမ်းရေးတွေ ဘာမှလုပ်လို ့မရပါဘူးဗျာ..
    ချောင်ချောင်ချိချိစီးလို ့ရအောင်သာ စီမံပေးကြဘာ
    ဘာတွေကြောင်နေကြသလဲ
    ဟိုတစ်ခါလဲ အမျိုးသမီးစီး သီးသန် ့ထုတ်မယ်
    ခုလဲ ဝီစီမှုတ်မယ်..နဲ ့
    ဘာတွေတုန်း….ဘာတွေတုန်း..
    အာရုံတွေဘဲ..အာဂဉာဏ်ကြီးရှင်တို ့ရဲ့

    စဂါးမစပ်
    အမရီးရဲ့ အဗာတာက ဘာပုံကြီးလဲဟင် 🙄

  • Harumoto

    February 12, 2012 at 4:37 pm

    ဟိုအရင်ခေတ်ထဲက N T P နှိုက် တွန်း ပွတ် ဆိုတာ ကြားခဲ့ဖူးတာ
    ခေတ် တွေကြာခဲ့ ပြောင်းခဲ့လို့ မရှိတော့ဘူးထင်တာ.
    သောင်းကြမ်းနေကြတုန်းလား
    အောက်တန်းကျလွန်းပါတယ်
    တွယ်ချိတ် ကြီးကြီး နဲ့သာ မညှာတမ်းတွယ်ပေးကြ
    အသံမထွက်ဘဲ ဆော်ပလော်တီးမှ မှတ်သွားကြမယ်.
    အဲ…မိန်းခလေးတွေကလဲ ဘစ်စကားစီးမယ်ဆို
    အတို အပြတ် မဝတ်ကြဘို့တော့လိုတယ်

    • nigimi77

      February 12, 2012 at 9:56 pm

      ကိုရင် ကို အရင်က သတိမထားမိပေမဲ့ ကွန်ကရစ် ဖျော်တဲ့ သဲ ၄ အကြောင်းနဲ ့

      ပါတ်သပ်ပြီး သတိထားမိသွားတယ် ။

      ။။။။။။။။။။။။။။။။။။။။။။။။

      ပထမဦးဆုံး ပြောချင်တာကတော့ မိန်းကလေးတွေ အတိုအပြတ် မဝတ်ဖို ့လိုတယ်

      ဆိုတဲ့ စကားရပ်ကို လုံးဝ မထောက်ခံပါဘူး ။

      ။။။။။။။။။။။။။။။။။။။။။။။။။

      မြင်မိတာ ပြောပါမယ် ။

      လောလောဆယ် မြန်မာပြည်က အမျိုးသမီးတွေဟာ ငါ့ ပစ္စည်းကို ကြည့်ကြဟဲ့လို ့…

      လက်ယပ်ခေါ်သူဟာ ရာခိုင်နှုံး အလွန်ကို နည်းပါတယ် ။

      လူ ့သဘာဝ အရ မိမိပိုင် အလှတရားကို ဖော်ထုတ်ပြချင်တာ အပြစ်မရှိပါ ။

      တိရိစာ္ဆန် တွေ တောင်မှ သဘာဝတရားက ပေးထားတဲ့ တစ်ဖက်သား အပေါ် စွဲဆောင်

      မှုဖြစ်စေတဲ့ အမြင် အကြား အနံ ့ အသံ စတာတွေကို ထုတ်ဖော်ကြပါတယ် ။

      ဒါဟာ သဘာဝ တရားပါ ။
      ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

      ဝတ်စား ဆင်ယဉ်ရာမှာ ရာသီဥတုနဲ ့ကိုက်ညီဖို ့လိုအပ်တယ် ။

      အလွန်ပူအိုက်တဲ့ ရာသီဥတုမျိုး ရှိတဲ့ အထူးသဖြင့် ရန်ကုန် လို မြို ့မျိုးမှာ

      အမျိုးသမီးတွေ အတို အပြတ်ဝတ်တာဟာ

      ၁။ ကျန်းမာရေး နဲ ့ညီညွတ်တယ်

      ၂။ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်

      ၃။ အခြား မလိုုအပ်သော ကရိကထတွေကို နည်းပါးစေတယ်

      ၄။ တစ်ဖက်သား (ကျား၊မ) ကို မိမိ၏ သဘာဝပေး ခြေ ၊ ပေါင် ၊ တင် ၊ ခါး ၊ ရင်
      သူမတူ အလှတို ့ကို ကြွားဝါခြင်းဖြင့် ကိုယ်ပိုင် ယုံကြည်ချက် ၊ ခံယူချက်တွေ
      တိုးပွားလာတယ်

      ၅။ ဖော်တာလေး တခုနဲ ့ ဖာမဟုတ် သလို လုံတာလေး တခုနဲ ့ပဲ အမျိုးကောင်းသမီး
      မဟုတ်ဘူး ဆိုတာကို သူတို ့တွေ ကောင်းကောင်း နားလည်ကြတယ်
      ဖော်ထားတဲ့ အမျိုးသမီးတိုင်း ဖာ မဟုတ်သလို ဖုံးထားတဲ့ အမျိုးသမီးတိုင်းလည်း
      အမျိုးကောင်း သမီး မဟုတ်ဘူး

      ၆။ ဖော်တာ ဖုံးတာက စံ မဟုတ်ဘူး …. တွေးခေါ်စဉ်းစားမှု ဘယ်လောက်ရှိတယ် ဆိုတာ
      က စံ ဖြစ်တယ် ။

      ၇။ အမျိုးသမီးကောင်းတွေ ဖာလို မဝတ်မစားပေမဲ့ ဖာတွေ အမျိုးသမီးကောင်းလို ဝတ်စား
      လာကြတယ် ဆိုတာ သိဖို ့လိုတယ် ။

      သူတို ့ရဲ ့ အလှနဲ ့ သူတို ့ရဲ ့ သဘာဝကို ဖော်ပြတာ အပြစ်မဟုတ်ဘူး ။

      အဲဒီ အလှတွေကို တပ်မက်ပြီး အမျိုးကောင်းသားတွေ မဟုတ်တရုပ်လုပ်တာ အပြစ်မဟုတ်

      ဘူး ။

      မဟုတ်တရုပ် လုပ်ချင်တဲ့ အခါ အခြေအနေ အချိန်အခါ အခွင့် အရေး ဆိုတာ ရှိမှ

      မဟုတ်တရုပ်ကို လုပ်လို ့ရမယ် ။

      ဒီတော့ ……

      မဟုတ်တရုပ် လုပ်လို ့ရစေမဲ့ အကြောင်းတရားတွေကို ပဲ ပြုပြင်ပြောင်းလဲမလား

      မလွန်ဆန်နိုင်တဲ့ သဘာဝအရ မဟုတ်တရုပ် လုပ်ချင်တဲ့ လူတွေကို ဝီစီမှုတ် အချက်ပေး

      ဆွမ်းကြီးလောင်း ထောင်ထဲထည့် လုပ်မလား ။

      ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

      အရင်ကတည်းက အခုထိ ဒီ အတိုင်းပါပဲ ။

      ဘိန်းပင်ကို ဖျက်ဆီး ဘိန်းရောင်းသူကို နိုပ်ကွပ်ရမှာကို…..ဘိန်းစားသူကို နိုပ်ကွပ်တယ် ။

      ကွမ်းလုပ်ငန်းကိုရပ်တန် ့ ကွမ်းရောင်းသူကို အရေးယူရမှာကို ….ကွမ်းစားသူတွေ စည်းကမ်းရှိ

      ဖို ့ပြောတယ် ။

      အချိန်တိကျမှု မရှိ ၊ အစီးရေ နည်းပါး ၊ ကျဉ်းမြောင်း မြို ့ပြစနစ် ၊ ကျဉ်းမြောင်း လမ်းဖွဲ ့စည်းမှု

      ငါအရင်တက် ငါ အရင်ရောက် ကားစီးစနစ် ၊ သူရော ငါပါ အားလုံးနဲ ့ သက်ဆိုင်တဲ့ အကြောင်း

      အရာတွေကို နည်းလမ်းရှာပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာကို စဉ်းစားမှု အလျည်း မရှိပဲ

      မယောင်ရာ ဆီလူး ရူးကြောင်ကြောင် ပေါတောတော လှုပ်ရှားမှုတွေက

      လူပေါ်လူဇော် လုပ်နေတယ် လုပ်ချင်တဲ့ လူတွေ ရှိနေတယ် ။

  • sealion

    February 12, 2012 at 5:47 pm

    ဝီစီ ရောင်းကောင်းအောင်လုပ်ခြင်းလော ..ညီမ ဝမ်းကွဲလေး တွေ ပြောပြဘူးတယ် ထောက်လှမ်းရေးနဲ ့မတွေဘူးတဲ ့လူမရှိသလောက် ဒါလောက်ဆို ဒီကိစ်စ ဘယ်လောက်ကြီးသလဲဆိုတာ…သူတို ့ ကတော့ အုပ်တို ့ တွယ်ချိတ်တို ့နဲ ့ဗျင်းတာပဲ တဲ့ ..ကားထဲမှာ လက်နှစ်ဘက်လုံး က မအားရအောင် တွယ်ထားတဲ ့ထဲ ဘက်ကလက်နဲ ့ဝီစီ ကို ထုတ်ပြီး မုတ်မလဲ ..ကားပေါ်တက်ထဲ က ဝီစီ ကို ပါးစပ်မှာ တပ်ပြီး တက်မှ ရမယ် …ထောက်လှမ်းရေးတွေ ရဲ ့ စိတ်ဓါတ် တွေ က သူတို ့ ရဲ ့ အပြုအမှု ကို ပြင်အောင်လုပ်နို်င်မှ ကောင်းပါမယ်

  • ကိုနီဂိမိရဲ ့မေးခွန်းသိပ်ကောင်းပါတယ်။ဗျ။ဒီစာသားလေးကိုကြိုက်လို ့ပါ။

    ဆန္ဒကို မှန်ကန်တဲ့ လူသားဆန်တဲ့ နည်းလမ်း နဲ ့ ရှောင်လွဲပေးခြင်းသာလျင် အောင်မြင်တဲ့ လူ ့ အဖွဲ ့အစည်း ဖြစ်တယ် ။

  • pu ma

    February 12, 2012 at 9:48 pm

    တို့များငယ်ငယ်ကကျောင်းတက်တုန်းကအမေကထမင်းချိုင့်ကို
    သွားခါနီးမှပူပူထည့်ပေးတယ်တကယ်ပူကျစ်နေအောင်နော်
    ဟင်း….ကပ်လာတဲ့ကောင်တော့တစ်ချက်ထဲတွန့်သွားအောင်ပညာပေးခဲ့တာလေ
    ခုလဲဒီနည်းလေးကိုဖြန့်ဝေလိုက်ပါတယ်

Leave a Reply