မြန်မာပြည်တော်တော်ချမ်းသာနေပီလား

 

နိစ္စဓူဝတွေ့မြင်နေရတဲ့မြင်ကွင်းကိုကြည့်ပီးတော့ ဖြစ်ပေါ်လာတဲ့ အတွေးလေးပါ၊

ကျွန်တော်ရုံးသွားရုံးပြန်တိုင်း ရွာမသံမဏိစက်ရုံ(တကယ်တော့ သံရေကျိုစက်ရုံပါ)

ရှေ့ကဖြတ်သွားရပါတယ်..အဲဒီမှာအားလုံးသိကြပီးတဲ့အတိုင်း အခုတလော ဟော့ဖြစ်နေတဲ့ ကားဟောင်းအပ်ပွဲကြီးကို နိစ္စဓူဝတွေ့မြင်နေရ ပါတယ်…ကားတွေစီတန်းနေလိုက်ကြတာ နေ့စဉ် အစီး၁၅၀ ကျော်လောက်ရှိမယ်ထင်တယ်…အဲဒီထဲက အများစုကတော့ တော်တော်

အို တော်တော်ဟောင်းနေကြပါပီ…ဒီလိုကားဟောင်းသိမ်း ကားသစ်သွင်းခွင့်ပြုတာကို ကြိုဆို

ပါတယ်…မြန်မာပြည်မှာ အာဏာရှိသူလက်တဆုတ်စာလောက်သာ အခွင့်ထူးတွေရပီး..

သွင်းချင်တဲ့ မော်ဒယ်သွင်း..ပြည်သူကိုတော့ ကားတင်သွင်းခွင့်တွေ ပိတ်ပင်ခဲ့တာ ကြာပါပကောလား..ဒါကြောင့် ကားအိုကားစုတ်တွေကို နှစ်စဉ်ဆိုသလို ဘော်ဒီရုံပို့…

ငွေ ၁၀သိန်း ၁၅သိန်းအကုန်ခံပြင်ပီး စီးနေခဲ့ကြရတာကလား..ကားအမျိုးအစားဆိုလဲ

မြင်ဘူးနေကြလေးငါးဆယ်မျိုးလောက်ဘဲတွေ့ဘူးခဲ့ ကြတာလေ..အိုးခုတော့ ..လမ်းပေါ်

မှာတွေ့နေရတဲ့ ကားအသစ်အဆန်းတွေဆိုတာ..တစ်နေ့ တစ်မျိုးမရိုးနိုင်အောင်ပါဘဲ..

ဈေးတွေလဲထိုးကျသွားပီး…တော်ရုံလူစီးနိုင်တဲ့ အဆင့်ရောက်လာလို့ ၀မ်းသာပါတယ်..

နောက်ဒီတိုင်းဆက်သွားရင် ကားဈေးဒီထက်ကျဘို့ရှိတယ်…ဒါထားပါလေ..

ကျွန်တော်ပြောချင်တာကဒီအစီအစဉ်ကောင်းပါတယ်…ဒါပေမဲ့….

အပ်နေတဲ့ကားတွေ(သံရည်ကျိုမဲ့ကားတွေ)ကိုနေ့စဉ်ကြည့်တော့..တချို့ကားတွေဆိုနှ

မျောစရာဗျာ..“သ“ထားကြတာများ ဘော်ဒီကြောကိုစင်းလို့..ခုအပ်နေကြတာ “ဒ” အက္ခ

ရာေ၇ာက်လာပီဆိုတော့..ပိုဆိုးတယ်..အများစုသောအိမ်စီးကားလေးတွေဟာ…အကောင်း

စက်စက်ဗျာ…တစ်ကယ်ပါ..ကြည့်ရင်းနဲ့နှမျှောလိုက်တာဆိုမပြောပါနဲ့တော့…

ပြောမယ်ဆို နောက်၁၀နှစ် ၁၅နှစ် ကောင်းကောင်းစီးလို့ရသေးတယ်…

ဒီတော့ တဆက်တည်းစဉ်းစားမိတာက….ဒီလိုကောင်းနေ သုံးလို့ရနေသေးတဲ့

ကားကောင်းလေးတွေ(စုတ်ပြတ်သတ်နေတဲ့ကားတွေမပါ) ကိုအရည်ကျိုပစ်

သင့်သလား…အရည်ကျိုပစ်ရလောက်အောင် ချမ်းသာနေပီလား…မြန်မာပြည်ကကောကားထုတ်နိုင်ပီလား..(စက်မှု့ဇုံကားထုတ်တာတော့

လာမပြောနဲ့နော်..) စတဲ့ လားပေါင်းများစွာ မေးနေမိပါတယ်…

နောက်တခုက အရည်ကျိုလိုက်တော့ရော..ဘာပြန်ရလည်း..ဆောက်လုပ်ရေးလုပ်ငန်းသုံး

အရည်အသွေးအတိအကျမသိရတဲ့ သံချည်သံကွေးဘဲထွက်လာမှာမှုတ်လား…

တိုင်းပြည်ရဲ့ နိုင်ငံခြားထွက်ငွေကို ထိမ်းပေးနိုင်မဲ့ ဘာစက်ကိရိယာပစ္စည်းတွေများ

ထွက်လာမှာမို့လဲ….ဆိုတော့ခုတင်ကကျိုပစ်မဲ့ကားတွေကိုတိုင်းပြည်အတွက်

ဒီထက်အကျိုးရှိအောင်ဘယ်လိုသုံးသင့်သလဲ..ဒါကိုစဉ်းစားမိတာပါ…

ကျွန်တော်တစ်ခုပြောပါရစေ..ကျုပ်တို့အစိုးရဟာ သူဋ္ဌေးအစိုးရမဟုတ်သေးပါဘူး

အကြွေးတွေတပုံကြီးနဲ့ပါ…ဒါကြောင့်မို့ အစိုးရဋ္ဌာနတွေဆိုတာလဲသွားကြည့်လိုက်

ဘာဖက်ဆယ်လတီမှ ပြည့်ပြည့်စုံစုံမရှိ..အဓိကကတော့ ထရန်စပိုတေးရှင်းပဲ..

မြို့နယ်ရုံးတွေဆို ကားမပြောနဲ့ စက်ဘီးတောင်မပေးထားနိုင်တဲ့ဋ္ဌာနတွေချည်းဘဲ

များတယ်…ဒီတော့ဝန်ထမ်းတွေခမျာ(အရာရှိတွေအပါအ၀င်နော်)ဖြစ်သလိုသွား

လာလုပ်ကိုင်နေကြရတာ..အလုပ်လည်းမတွင် ၀န်ထမ်းလည်းပမ်း….ခရီးသွားလာ

လုပ်ကိုင်နေရတဲ့ဋ္ဌာနဆိုင်ရာတွေဆိုပိုဆိုးသေး…အစိုးရကသတ်မှတ်ပေးထားတဲ့

တီအေ(Travelling Allowance) ဒီအေ(Daily Allowance)တွေက ခေတ်နဲ့မလျှော်ညီ

မသွားလို့ကလဲအလုပ်မဖြစ်…ဆိုတော့ကာ..၀န်ထမ်းဋ္ဌာနတွေကိုအမျိုးမျိုးသာအပြစ်

ပြောနေကြတာ..အဲဒီလိုမပြည့်မစုံဘ၀နဲ့ အဆင်းရဲခံပီးရပ်တည်နေရတာကိုတော့

ဒီနေ့ထိဖြည့်စည်းပေးဖို့ ကြိုးစားတာမတွေ့ရသေးဘူး.. ပြောရင်းနဲ့နဲနဲတောင်လေကြောရှည်နေပီ…

(အစိုးရ၀န်ထမ်းဘ၀ဒုက္ခတွေကို ကိုယ်တွေ့ဒုက္ခများဆိုပီး သီးချားပိုစ့် တစ်ခုရေးပါအုံးမယ်)

 

ကျွန်တော့သဘောကတော့ အဲဒီလာအပ်တဲ့ကားတွေထဲက နောက်၁၀နှစ် ၁၅နှစ် ကောင်းကောင်းစီးလို့ရသေးတဲ့ကားတွေကို…ဋ္ဌာနဆိုင်ရာတွေကိုထောက်ပံ့ပေးစေ

ချင်မိတယ်..အထူးသဖြင့်..မြို့နယ်ဋ္ဌာနဆိုင်ရာတွေကိုပေါ့ ..အလုပ်လဲတွင်လာမယ်

ဝန်ထမ်းတွေလဲသက်သာမယ်..ပီးတော့ မိုတီဗေးရှင်းပေါ့..၀န်ထမ်းတွေလဲတက်ကြွလာမယ်..

တစ်ဘက်ကလဲ မကောင်းတဲ့ အကျင့်ပျက်တဲ့ ၀န်ထမ်းတွေ ထိထိရောက်ရောက် အရေးယူ..

အခုဆိုဝန်ထမ်းလစာတွေလဲတိုးပေးဘို့လုပ်နေပီကြားနေရတယ်..အချိန်ကိုက်ဘဲ..

လစာတစ်ခုထဲမရဘူးဗျ…ကျုပ်စောစောကပြောခဲ့တဲ့ ဖက်ဆယ်လတီကလည်းအရေးကြီးတယ်

IT ခေတ်ကြီးရောက်နေတာကြာပေါ့…ခုထိရုံးတွေမှာ အားလုံး ရှေးရှေးကအတိုင်းဘဲ

…ဒါကြောင့် ရုံးကိစ္စတွေများသွားလုပ်ရရင် ၁၀မိနစ်နဲ့ ပီးမဲ့အလုပ် နေ့တစ်ပိုင်းကျိုးရော..

စာဖတ်သူတွေသိပါတယ်..မြန်မာနိုင်ငံက အချို့မြို့နယ်တွေဆို မြို့လို့သာနာမည်တတ်ထားတာ

ရွာသာသာဘဲရှိတယ်…ကားဆိုတာမျိုးက မြင်ဘူးအောင်မနဲလိုက်ကြည့်နေရတုံး…

 

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျုပ်တို့ တိုင်းပြည်ဟာ…မောင်းလို့ သုံးလို့ ရနေသေးတဲ့ကားတွေကို

အရည်ကျိုပစ်ရလောက်အောင် ချမ်းသာနေပါပီလား….လို့သာမေးလိုက်ချင်တာပါဘဲ….

 

နေ့စဉ်အလုပ်သွားအလုပ်ပြန် မြင်တွေ့နေရသော အပ်ရန်တန်းစီနေသည့် ကားတန်းကြီး

ကိုကြည့်ရင်း ရင်ထဲဖြစ်ပေါ်လာသော ခံစားချက်လေး ကို ရင်ပေါ့သွားစေစိမ့် သောငှာ

တင်ပြသောပို့စ်လေးသာ ဖြစ်ပါကြောင်း နှင့် ၀ိုင်းဝန်းဆွေးနွေးပေးကြပါရန်လေးစားစွာ

မေတ္တာရပ်ခံအပ်ပါသည်။(စာရေးဆရာမဟုတ်ပါသဖြင့်..အရေးအသား ညံ့ဖြင်းခြင်းကိုသည်းခံဖတ်ပေးကြပါခင်ဗျား)

 

အားလုံးကိုလေးစားခင်မင်ပါသော…

ကြီးမိုက်

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)