မြန်မာပြည်တကယ်ချမ်းသာနေပီလား…Rich Country…?

မြန်မာပြည်တော်တော်ချမ်းသာနေပီလား

 

နိစ္စဓူဝတွေ့မြင်နေရတဲ့မြင်ကွင်းကိုကြည့်ပီးတော့ ဖြစ်ပေါ်လာတဲ့ အတွေးလေးပါ၊

ကျွန်တော်ရုံးသွားရုံးပြန်တိုင်း ရွာမသံမဏိစက်ရုံ(တကယ်တော့ သံရေကျိုစက်ရုံပါ)

ရှေ့ကဖြတ်သွားရပါတယ်..အဲဒီမှာအားလုံးသိကြပီးတဲ့အတိုင်း အခုတလော ဟော့ဖြစ်နေတဲ့ ကားဟောင်းအပ်ပွဲကြီးကို နိစ္စဓူဝတွေ့မြင်နေရ ပါတယ်…ကားတွေစီတန်းနေလိုက်ကြတာ နေ့စဉ် အစီး၁၅ဝ ကျော်လောက်ရှိမယ်ထင်တယ်…အဲဒီထဲက အများစုကတော့ တော်တော်

အို တော်တော်ဟောင်းနေကြပါပီ…ဒီလိုကားဟောင်းသိမ်း ကားသစ်သွင်းခွင့်ပြုတာကို ကြိုဆို

ပါတယ်…မြန်မာပြည်မှာ အာဏာရှိသူလက်တဆုတ်စာလောက်သာ အခွင့်ထူးတွေရပီး..

သွင်းချင်တဲ့ မော်ဒယ်သွင်း..ပြည်သူကိုတော့ ကားတင်သွင်းခွင့်တွေ ပိတ်ပင်ခဲ့တာ ကြာပါပကောလား..ဒါကြောင့် ကားအိုကားစုတ်တွေကို နှစ်စဉ်ဆိုသလို ဘော်ဒီရုံပို့…

ငွေ ၁ဝသိန်း ၁၅သိန်းအကုန်ခံပြင်ပီး စီးနေခဲ့ကြရတာကလား..ကားအမျိုးအစားဆိုလဲ

မြင်ဘူးနေကြလေးငါးဆယ်မျိုးလောက်ဘဲတွေ့ဘူးခဲ့ ကြတာလေ..အိုးခုတော့ ..လမ်းပေါ်

မှာတွေ့နေရတဲ့ ကားအသစ်အဆန်းတွေဆိုတာ..တစ်နေ့ တစ်မျိုးမရိုးနိုင်အောင်ပါဘဲ..

ဈေးတွေလဲထိုးကျသွားပီး…တော်ရုံလူစီးနိုင်တဲ့ အဆင့်ရောက်လာလို့ ဝမ်းသာပါတယ်..

နောက်ဒီတိုင်းဆက ်သွားရင် ကားဈေးဒီထက်ကျဘို့ရှိတယ်…ဒါထားပါလေ..

ကျွန်တော်ပြောချင်တာကဒီအစီအစဉ်ကောင်းပါတယ်…ဒါပေမဲ့….

အပ်နေတဲ့ကားတွေ(သံရည်ကျိုမဲ့ကားတွေ)ကိုနေ့စဉ်ကြည့်တော့..တချို့ကားတွေဆိုနှ

မျောစရာဗျာ..“သ“ထားကြတာများ ဘော်ဒီကြောကိုစင်းလို့..ခုအပ်နေကြတာ “ဒ” အက္ခ

ရာရောက်လာပီဆိုတော့..ပိုဆိုးတယ်..အများစုသောအိမ်စီးကားလေးတွေဟာ…အကောင်း

စက်စက်ဗျာ…တစ်ကယ်ပါ..ကြည့်ရင်းနဲ့နှမျှောလိုက်တာဆိုမပြောပါနဲ့တော့…

ပြောမယ်ဆို နောက်၁ဝနှစ် ၁၅နှစ် ကောင်းကောင်းစီးလို့ရသေးတယ်…

ဒီတော့ တဆက်တည်းစဉ်းစားမိတာက….ဒီလိုကောင်းနေ သုံးလို့ရနေသေးတဲ့

ကားကောင်းလေးတွေ(စုတ်ပြတ်သတ်နေတဲ့ကားတွေမပါ) ကိုအရည်ကျိုပစ်

သင့်သလား…အရည်ကျိုုပစ်ရလောက်အောင် ချမ်းသာနေပီလား…မြန်မာပြည်ကကောကားထုတ်နိုင်ပီလား..(စက်မှု့ဇုံကားထုတ်တာတော့

လာမပြောနဲ့နော်..) စတဲ့ လားပေါင်းများစွာ မေးနေမိပါတယ်…

နောက်တခုက အရည်ကျိုလိုက်တော့ရော..ဘာပြန်ရလည်း..ဆောက်လုပ်ရေးလုပ်ငန်းသုံး

အရည်အသွေးအတိအကျမသိရတဲ့ သံချည်သံကွေးဘဲထွက်လာမှာမှုတ်လား…

တိုင်းပြည်ရဲ့ နိုင်ငံခြားထွက်ငွေကို ထိမ်းပေးနိုင်မဲ့ ဘာစက်ကိရိယာပစ္စည်းတွေများ

ထွက်လာမှာမို့လဲ….ဆိုတော့ခုတင်ကကျိုပစ်မဲ့ကားတွေကိုတိုင်းပြည်အတွက်

ဒီထက်အကျိုးရှိအောင်ဘယ်လိုသုံးသင့်သလဲ..ဒါကိုစဉ်းစားမိတာပါ…

ကျွန်တော်တစ်ခုပြောပါရစေ..ကျုပ်တို့အစိုးရဟာ သူဋ္ဌေးအစိုးရမဟုတ်သေးပါဘူး

အကြွေးတွေတပုံကြီးနဲ့ပါ…ဒါကြောင့်မို့ အစိုးရဋ္ဌာနတွေဆိုတာလဲသွားကြည့်လိုက်

ဘာဖက်ဆယ်လတီမှ ပြည့်ပြည့်စုံစုံမရှိ..အဓိကကတော့ ထရန်စပိုတေးရှင်းပဲ..

မြို့နယ်ရုံးတွေဆို ကားမပြောနဲ့ စက်ဘီးတောင်မပေးထားနိုင်တဲ့ဋ္ဌာနတွေချည်းဘဲ

များတယ်…ဒီတော့ဝန်ထမ်းတွေခမျာ(အရာရှိတွေအပါအဝင်နော်)ဖြစ်သလိုသွား

လာလုပ်ကိုင်နေကြရတာ..အလုပ်လည်းမတွင် ဝန်ထမ်းလည်းပမ်း….ခရီးသွားလာ

လုပ်ကိုင်နေရတဲ့ဋ္ဌာနဆိုင်ရာတွေဆိုပိုဆိုးသေး…အစိုးရကသတ်မှတ်ပေးထားတဲ့

တီအေ(Travelling Allowance) ဒီအေ(Daily Allowance)တွေက ခေတ်နဲ့မလျှော်ညီ

မသွားလို့ကလဲအလုပ်မဖြစ်…ဆိုတော့ကာ..ဝန်ထမ်းဋ္ဌာနတွေကိုအမျိုးမျိုးသာအပြစ်

ပြောနေကြတာ..အဲဒီလိုမပြည့်မစုံဘဝနဲ့ အဆင်းရဲခံပီးရပ်တည်နေရတာကိုတော့

ဒီနေ့ထိဖြည့်စည်းပေးဖို့ ကြိုးစားတာမတွေ့ရသေးဘူး.. ပြောရင်းနဲ့နဲနဲတောင်လေကြောရှည်နေပီ…

(အစိုးရဝန်ထမ်းဘဝဒုက္ခတွေကို ကိုယ်တွေ့ဒုက္ခများဆိုပီး သီးချားပိုစ့် တစ်ခုရေးပါအုံးမယ်)

 

ကျွန်တော့သဘောကတော့ အဲဒီလာအပ်တဲ့ကားတွေထဲက နောက်၁ဝနှစ် ၁၅နှစ် ကောင်းကောင်းစီးလို့ရသေးတဲ့ကားတွေကို…ဋ္ဌာနဆိုင်ရာတွေကိုထောက်ပံ့ပေးစေ

ချင်မိတယ်..အထူးသဖြင့်..မြို့နယ်ဋ္ဌာနဆိုင်ရာတွေကိုပေါ့ ..အလုပ်လဲတွင်လာမယ်

ဝန်ထမ်းတွေလဲသက်သာမယ်..ပီးတော့ မိုတီဗေးရှင်းပေါ့..ဝန်ထမ်းတွေလဲတက်ကြွလာမယ်..

တစ်ဘက်ကလဲ မကောင်းတဲ့ အကျင့်ပျက်တဲ့ ဝန်ထမ်းတွေ ထိထိရောက်ရောက် အရေးယူ..

အခုဆိုဝန်ထမ်းလစာတွေလဲတိုးပေးဘို့လုပ်နေပီကြားနေရတယ်..အချိန်ကိုက်ဘဲ..

လစာတစ်ခုထဲမရဘူးဗျ…ကျုပ်စောစောကပြောခဲ့တဲ့ ဖက်ဆယ်လတီကလည်းအရေးကြီးတယ်

IT ခေတ်ကြီးရောက်နေတာကြာပေါ့…ခုထိရုံးတွေမှာ အားလုံး ရှေးရှေးကအတိုင်းဘဲ

…ဒါကြောင့် ရုံးကိစ္စတွေများသွားလုပ်ရရင် ၁ဝမိနစ်နဲ့ ပီးမဲ့အလုပ် နေ့တစ်ပိုင်းကျိုးရော..

စာဖတ်သူတွေသိပါတယ်..မြန်မာနိုင်ငံက အချို့မြို့နယ်တွေဆို မြို့လို့သာနာမည်တတ်ထားတာ

ရွာသာသာဘဲရှိတယ်…ကားဆိုတာမျိုးက မြင်ဘူးအောင်မနဲလိုက်ကြည့်နေရတုံး…

 

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျုပ်တို့ တိုင်းပြည်ဟာ…မောင်းလို့ သုံးလို့ ရနေသေးတဲ့ကားတွေကို

အရည်ကျိုပစ်ရလောက်အောင် ချမ်းသာနေပါပီလား….လို့သာမေးလိုက်ချင်တာပါဘဲ….

 

နေ့စဉ်အလုပ်သွားအလုပ်ပြန် မြင်တွေ့နေရသော အပ်ရန်တန်းစီနေသည့် ကားတန်းကြီး

ကိုကြည့်ရင်း ရင်ထဲဖြစ်ပေါ်လာသော ခံစားချက်လေး ကို ရင်ပေါ့သွားစေစိမ့် သောငှာ

တင်ပြသောပို့စ်လေးသာ ဖြစ်ပါကြောင်း နှင့် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန်လေးစားစွာ

မေတ္တာရပ်ခံအပ်ပါသည်။(စာရေးဆရာမဟုတ်ပါသဖြင့်..အရေးအသား ညံ့ဖြင်းခြင်းကိုသည်းခံဖတ်ပေးကြပါခင်ဗျား)

 

အားလုံးကိုလေးစားခင်မင်ပါသော…

ကြီးမိုက်

8 comments

  • the best

    February 12, 2012 at 8:58 am

    ကျုပ်တို့ တိုင်းပြည်ဟာ ကားတွေကို အရည်ကျိုပစ်ရလောက်အောင် ချမ်းသာနေပါပီလား တော့မသိပါ…
    လက်ရှိတွင် ကိုယ်ကျုိုးစီးပွါးအတွက်နိုင်ငံတော်ကိုပါ အရည်ကျိုပစ် မီးရှို့ ဖျက်ဆီးပစ်တဲ့ သူတွေ ပေါ်လာပြီ။

  • htoosan

    February 12, 2012 at 9:19 am

    ကိုယ့်လူတွေ အကြောင်းကိုယ် သိလို့ ဖြစ်ပါလိမ့်မယ် .. ဌာန ဆိုင်ရာတွေကိုပေးလိုက်လို့ ကတော့ နောက် တစ်ပါတ် တစ်လ ဆို အရည်ကျိုရမဲ့ အဆင့်ပြန်ရောက်ကြမှာဘဲလေ ..
    ဌာနဆိုင်ရာကားတွေ ကြည့်လိုက်ရင် ကောင်းတဲ့ ကား ဘယ်နှစ်စီးများတွေ့မိပါသလဲ .. ကိုယ်ပိုင်ကားသာ ကိုယ်သပြီး ဌာနဆိုင်ရာ အများပိုင်ဆို …..ဆို ….. ဆိုးပါ့ ………. 😀 🙄

  • စိန်ပေါက်ပေါက်

    February 12, 2012 at 10:44 am

    ဒေါ်ကြီးမိုက်ရေ
    ရှင်းမဲ့ရှင်း အကုန်ရှင်းပစ်တာကောင်းမယ်ထင်ပါတယ်..
    အရည်ကျိုတဲ့အထဲ ကားကောင်းပါလဲ နဲမယ်ထင်ပါတယ်..
    သေချာတော့မသိပါဘူး..သေချာတာကတော့ ကားပွဲစားတွေတော့ တော်တော်ခိုင်သွားတယ်ဂျ
    နောက်မှ ပြန်လာလည်ဦးမယ်..
    ခုတော့ အလှူသွားစား..အဲလေ.သွားလှူရဦးမယ်..

  • water-melon

    February 12, 2012 at 10:47 am

    ရှင်းမဲ့ရှင်း ရွာထဲက ဂျော်လကြီးလိုလို အခြောက်လိုလို ဟာမျိုးတွေကိုရောရှင်းပစ်
    ရှင်းလို့မရရင်လဲ ပါကင်ထုတ်ပြီး တရုတ်ပြည်ပို့လိုက် 😀

  • kyeemite

    February 12, 2012 at 11:45 am

    the best says:

    ကျုပ်တို့ တိုင်းပြည်ဟာ ကားတွေကို အရည်ကျိုပစ်ရလောက်အောင် ချမ်းသာနေပါပီလား တော့မသိပါ…
    လက်ရှိတွင် ကိုယ်ကျုိုးစီးပွါးအတွက်နိုင်ငံတော်ကိုပါ အရည်ကျိုပစ် မီးရှို့ ဖျက်ဆီးပစ်တဲ့ သူတွေ ပေါ်လာပြီ။

    မှန်လိုက်တာ ဆရာကောင်းရယ်…ဒါပေမဲ့ ဆင်းရဲတဲ့ဘဝကလာလို့လားမသိ…အသုံးချလို့ရသေးတာကို
    လွှတ်ပစ်ရမှာကိုတော့ နှမျှောနေတာအမှန်ဘဲ…

    မိစိန်ပေါက်ရေ…အလှုအတွက်ကြိုပီးသာဓုခေါ်ပါတယ်…ကောင်းလေစွ..ကောင်းလေစွ..ကောင်းလေစွ..

    ဖရဲသီးရေ..ဒေါသတွေ လျှော့ပါဗျာ…အချိန်တန်ရင်အလိုလိုရှင်းသွာပါလိမ့်မယ်…
    အားပေးဖတ်ရှု့တဲ့အတွက် အားလုံးကို ရှဲရှဲပါ…

  • MTY

    February 12, 2012 at 4:37 pm

    နှမြောတတ်တဲ့စိတ်နဲ့ကြည့်ရင်တော့..ဟုတ်ပါ့ဗျာနှမြောစရာကြီးဘဲ။ခက်နေတာကနှမြောတယ်ဆို ပြီးခဏပြောသလိုဌာနဆိုင်ရာတွေပေးဖို့ကလဲစဉ်းစားစရာတွေအများကြီးပေါ့လေ၊ပြောချင်တာက တစ်ခြားနေရာတော့မသိဘူးNGOမှာတစ်နှစ်တစ်ခါယာဉ်တစ်စီး၊စက်စသည်ပြင်ဆင်ထိန်းသိမ်းမှု၊ ကြံ့ခိုင်ရေးကသိန်းချီပြီသုံးတာ၊(ပျက်လို့ပြင်တာဟုတ်ဘူးနော်)ဌာနဆိုင်ရာတွေပြင်ဆင်စရိတ်ကတစ်နှစ်လုံးဘယ်လောက်ပါလိမ့်၊

  • koyinmaung

    February 12, 2012 at 5:35 pm

    နယ်နှင်တယ်ဆိုယင်ပိုကောင်းမယ်လို့ထင်ပါတယ်
    တရုတ်ပြည်မှာဆိုမြို့ကြီးတွေတော့မပြောတတ်ပါ
    ကျနော်တို့နေတဲ့ဒေသမှာတော့မော်စီတုန်းလက်ထက်က
    ထွန်စက်ကိုတောင်နောက်တွဲနဲ့ကျောက်ပြားတွေကျောက်တုံးတွေတင်ဆွဲနေတာ
    ကားကိုယ်ထည်မှာတရုတ်နီကူဘိုတာထပ်မောင်နေတာတွေ့နေရပါတယ်
    လုပ်ငန်းအဆင်ပြေဘို့ကိုအဓိကထားတယ်လို့ထင်မိပါကြောင်း…..

  • The Best ပြောသလို ဖျက်ဆီးနေသူတွေရှိနေတယ်ဆိုတာ မြို ့တိုင်းမှာရှိတဲ့ဈေးတွေမီးလောင်နေတာသာ ကြည့်ပါတော့ဗျာ။
    ဒီနေရာလေးသဘောကျတယ်ဗျ။တွေးပေးထားလို ့ပါ……..

     
    “””ကျွန်တော့သဘောကတော့ အဲဒီလာအပ်တဲ့ကားတွေထဲက နောက်၁ဝနှစ် ၁၅နှစ်
    ကောင်းကောင်းစီးလို့ရသေးတဲ့ကားတွေကို…ဋ္ဌာနဆိုင်ရာတွေကိုထောက်ပံ့ပေးစေ
    ချင်မိတယ်..အထူးသဖြင့်..မြို့နယ်ဋ္ဌာနဆိုင်ရာတွေကိုပေါ့ ..အလုပ်လဲတွင်လာမယ်
    ဝန်ထမ်းတွေလဲသက်သာမယ်..ပီးတော့ မိုတီဗေးရှင်းပေါ့..ဝန်ထမ်းတွေလဲတက်ကြွလာမယ်..
    တစ်ဘက်ကလဲ မကောင်းတဲ့ အကျင့်ပျက်တဲ့ ဝန်ထမ်းတွေ ထိထိရောက်ရောက် အရေးယူ..
    အခုဆိုဝန်ထမ်းလစာတွေလဲတိုးပေးဘို့လုပ်နေပီကြားနေရတယ်..အချိန်ကိုက်ဘဲ..”””

Leave a Reply