“အမရပူရမြို့အဝင်က ရှေးဘုရား စန္ဒာမုနိ”

1 မင်းကွန်းက မြသိန်းတန်နဲ့အောက်ခြေမှာဆင်သလိုလိုရှိတဲ့ ကပ်ကျော်နားက စန္ဒာမုဏိ
2 အတွင်းပုရဝုဏ်ထဲကပြိုပျက်နေတဲ့အုတ်ရိုး
3 ကဗျာဆန်ဆန် လဲနေတဲ့ထနောင်းပင်
4 ကျောင်းအနောက်ဘက်ခြမ်းမှာရှိနေတဲ့ အုတ်ကျောင်းဆောင်ဂူကလေးတွေ
5 အင်မတန်ကျယ့်ပြန့်လွန်းတဲ့ အပြင်ပုရဝုဏ်
7 နှမျောစရာ ပြုပြင်သူမဲ့
7 တောင်ဘက်ခြမ်းက ပြိုပျက်နေတဲ့နေရာ
8မြောက်ဘက်ခြမ်းက စီတန်းနေတဲ့ဂူကလေးတွေ
8-က အတွင်းထဲမှာ အရငု်ကတော့ ဆင်းတုတော်ရှိမယ်ထင်ပါတယ် အခုတော့ ပန်းတင်ခုံဘဲတွေ့တာ
9 မြောက်ဘက် မှာ ကာထားတဲ့ အုတ်ရိုး
10 ခြံနွယ်ပိတ်ပေါင်းတွေကြားထဲက ဂူပျက်များ..................
11 တောင်ဘက်ခြမ်းမှာတန်းစီနေတာဘဲ ဒါပေမယ့် အားလုံးအပျက်
12 အများအခေါ်နတ်ရေကန် ဒါပေမယ့် ပြင်ပြီးဆောက်ထားကြတာပါ
13 တောင်ဘက်ခြမ်းအရှေ့ဘက်ဒေါင့်က တောထနေတဲ့နေရာ
14 အတွင်းပုရဝုဏ်အဝင်ဝ
15 အပြင်ပရဝုဏ် အဝင်ဝ
16 စေတီတော်ကို အရှေ့ဘက်မှ ဖူးမြင်ရတာပါ

 

အမရပူရ မြို့အဝင်က ရှေးဘုရား စန္ဒာမုနိ(ကပ်ကျော်ကွေ့)

 

ဒီစန္ဒာမုနိဘုရားက

အမရပူရမြို့ှု(တောင်မြို့)ဘက်သွားတဲ့လမ်းမန်းလေးမြို့အထွက် ကပ်ကျော်ကွေ့က

ဒေါ်သီသနပ်ခါး မရောက်ခင်လေးမှာရှိတာပါ။

မန်းလေးဘက်ကလာမယ်ဆိုရင်

“မန်းလေးမြို့မှုနုတ်ခွန်းဆက်သပါ၏”ဆိုတဲ့ဆိုင်းဘုတ်နားမှာ အရှေ့ဘက်က်ိုတက်တဲ့လမ်းလေးမှာ

ပေါ့။

ကျနော်မိတ်ဆွေတစ်ယောက်ရဲ့ ဦးလေးတစ်ယောက် နာရေးသွားပို့တဲ့တစ်ရက်ပေါ့။

နာရေးအိမ်မှာလူတွေများနေ ကျနော်ကလဲရောက်တာနည်းနည်းလေးစောနေပါတယ်။

အဲဒါနဲ့ သူတို့အိမ်နားမှာ ဘုရားမုဒ်ဦးအပျက်ကြီးတွေ့တော့ဝင်ကြည့်မိလို်က်ပါတယ်။

အထဲရောက်မှ ဒီဘုရားဝင်းကြီးက တံတိုင်းနှစ်ထပ်ဆိုတာ သိရပါတယ်။

ဝင်းကြီးကအကျယ်ကြီး ပထမတံတိုင်းက တော့ အုတ်ရိုးရှိပါသေးတယ်။

အဲဒီကွင်းအကျယ်ကြီးထဲမှာ ဇီးသီးခြောက်တွေလှမ်းထားတာတွေ့ရပါတယ်။

ဆက်ဝင်လိုက်တော့ ဒုတိယ တံတိုင်း။

အဲဒီဒုတိယတံတိုင်းကတော့ ဂူဘုရားပုံစံတူလေးတွေကိုစနစ်တကျတန်းစီပြီး

ဘုရားပါတ်ပါတ်လည်မှာ လေးဘက်လေးတန်တည်ထားတာပါ။

အခုတော့အားလုံးက ပြိုပျက်လို့နေပါပြီ။

လက်ရာကတော့ အမရပူရခေတ်လက်ရာလို့ထင်ပါတယ်။

ထင်ပါတယ်လို့ပြောရတာ ကျနော်က သမိုင်းသုတေသီမဟုတ်လို့ပါဘဲ။

ကျောင်းဝင်းထဲကိုလှည့်ပါတ်ကြည့်လိုက်တော့ “နတ်ရေကန်”ဆိုတာကိုတွေ့ရပါတယ်။

ကန်ကအနက်ကြီးလှေခါးအဆင့်ဆင့်နဲ့ဆင်းသွားရတာပါ။
(ဒီကန် ကိုတော့ပြင်ထားပါတယ်)။

ကျနော်က နာရေးသွားတော့ ကင်မရာမပါတော့ ဓါတ်ပုံမရိုက်ခဲ့ရပါဘူး။

အဲဒါနဲ့အားတဲ့တစ်ရက်မှာတော့ သွားပြီးဓါတ်ပုံရိုက်ဖြစ်ပါတယ်။

ကျယ်ပြန့်လှတဲ့ ပုရဝုဏ်ထဲမှာ ဂူဘုရားအပျက်လေးတွေက အများကြီး။

တောင်ဘက်ခြမ်းမှာ ထနောင်းပင်ကြီးက ဘုရားပေါ်လဲကျနေတာ ကဗျာဆန်ဆန်။

ဒီပုံတွေရိုက်ပြိးပေမယ့် ချက်ခြင်းမတင်ဖြစ်ပါဘူး။

တစ်ခါ မင်းလုလင်တို့ မန်းလေးလာတော့ ရွှေမင်းသားရယ်ကိုစိန်သော့ရယ်လုလင်ရယ်

သုံးယောက်သား အဲဒီနေရာကိုသွားရိုက်ကြပါတယ်။

ကျနော်ကတော့ပါမသွားပါဘူး။

သူတို့ အဲဒီဘုရားကပုံတွေရိုက်ထားတာထဲက လေးယောက်အတူတင်မယ့်ပုံထဲမှာ

ဘယ်ပုံပို့မယ်ဆိုတာမသိတော့ မတင်ဘဲခဏစောင့်ခဲပါတယ်။

အခုတော့ တင်ဖြစ်သွားပါပြီ။

ရှေးသမိုင်းအမွေအနှစ်လို့ယူဆတာကြောင့်အသစ်ဖြစ်အောင်တော့

ပြန်မဆောက်စေချင်ပါ။

သန့်ရှင်းသပ်ရပ်အောင်ရှင်းလင်းပြီး နိုင်ငံခြားဧည့်သည်များကိုဝင်ရောက်လေ့လာစရာ

နေရာတစ်ခုဖြစ်အောင် ပြုပြင်ထိန်းသိမ်းထားမယ်ဆိုရင်

ကောင်းမှာဘဲလို့တော့ တွေးမိပါတယ်။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(13-2-2012)

 

9 comments

  • ဒီဘုရားထဲက ထနောင်းပင်ကြီးအောက်မှာ မင်းလုလင်က ဝမ်ချိုင်း ဒူးပျံကျွေးနေတဲ့ပုံကို
    ရို်က်လာခဲ့တာလေ။

  • Shwe Tike Soe

    February 13, 2012 at 1:55 pm

    အမှတ် ၁၄ က ပုံ ကမိုက်တယ်ဗျာ အရိပ်လေးက အေးနေမှာပဲနော်.. ဖျားလေးခင်းပြီး အိပ်လိုက်ရလို.ကတော့… 😀

  • Mလုလင်

    February 13, 2012 at 7:20 pm

    သွားတုန်းက နံပါတ် 12 ပုံကို သွားရိုက်တာ .. ဆေးသုတ် ထားလို့ .. မရိုက်ခဲ့ရဘူး …. 🙁

  • ဟုတ်တယ် ကျနော်လဲရိုက်သာရိုက်ခဲ့တာ သိပ် မကြိုက်ဘူး။
    မှတ်တမ်းအနေနဲ့သာတင်ပေးလိုက်တာလေ၊
    ဆက်လာမယ် တောင်သမန် မန်းလေးတောင် ရန်ကင်းတောင်

  • pooch

    February 13, 2012 at 8:54 pm

    လောက်ပေး အနော်ဖြင့် တခါမှကို မရောက်ဖူးဘူး။ ကောင်းရော ဘာလို့မရောက်ဖြစ်တာလဲ မသိဘူး။
    ကပ်ကျော်သွားတာမှတ်တာပဲ။

  • အထက်ပိုင်းကို သိပ်မရောက်တော့
    ပုံတွေကနေပဲ ငေးကြည့်နေမိတော့တယ်
    အခါအခွင့်ကြုံရင် လှမ်းချင်ပါသေးရဲ့ဗျာ
    နံပါတ်(၂)ပုံလေးထဲမှာ အတွေးက ရောက်နေလေရဲ့
    ကျေးဇူးပါ
    ကိုပေါက်

  • အခု မန်းလေးဂေဇက်ကြောင့် အောက်သား နဲ့အထက်သား ဘော်ဘော်တွေဖြစ်ကုန်ပြီနော်။
    လာခဲ့ပေတော့ လူစုပြီးရင်။

  • စိန်ပေါက်ပေါက်

    February 14, 2012 at 11:06 am

    အန်တီပေါက် ခုတလော အန်းဒိတ်တွေ ပြန်ဆွနေသလိုပဲ
    ကောင်းပါလေ့ဗျား…
    လမ်းကြုံရင် ဂျမ်းပုံကို ခေါ်ပြီး လာပါဦးမယ်
    ပုံ၊
    အလယ်သား

Leave a Reply