“ဆောင်းတစ်ရက်က တောင်သမန်ကို အလည်သွားခြင်း”

1 တောင်သမန်းအင်းရဲ့ မြောက်ဘက်ခြမ်းက မြင်ကွင်း
2 စိမ်းမြလယ်ကွင်း အဝေးမှာတော့ ဘုရားနှစ်ဆူ
3 မြူမူံ့မူံကြား့က တောင်သမန်ရွာနဲ့အင်းရေပြင်
4 အင်းရေညို့ညို့ ကောက်ပင်စိမ်းစိမ်း လယ်တဲလေးက ဝါဝါ
5 တောင်သမန်အင်းမြောက်ဘက်က ပုုုထိုးတော်ကြီးနားက ထန်းပင်ညိုညို
6 တောင်သမန်အနောက်မြောက်ဘက်ခြမ်းက အင်းရေပြင်
7 တောင်သမန်အသွားလမ်းမှာတွေ့တဲ့ကိုရင်နှစ်ပါး
8အင်းရေမှာငါးဖမ်းလှေလေးတွေ..............
9ရေလယ်မှာလှေငယ် ငါးဖမ်းနေကြတာပါ
10 တံတားအနောက်ဘက်က ဘုရား သူနံဘေးမှာ နာမယ်ကျော် မယ်ဇယ်ပင်တန်း
11 တောင်သမန်အင်းက မင်းသားကြီးလို့ အမည်ပေးထားတဲ့ အလွမ်းသစ်ပင်
12 အနီးကပ် အလွမ်းသစ်ပင် ကြည့်ရင်းတောင်လွမ်းလာသလိုဘဲနော်
13ဒီပုံကတော့ တင်ဘူးပါတယ် မမြင်ဘူးသူများအမှတ်တရ ကျနော်အနှစ်သက်ဆုံးပုံထဲက တစ်ပုံပါ။
14 တောင်သမန်အင်းစောင်းက ထန်းညီနောင်(ဒီပုံကတစ်ခါတင်ဘူးပါတယ်)

 

“ဆောင်းတစ်ရက် တောင်သမန်ဘက်အလည်ထွက်ခြင်း”

 

အလုပ်ပိတ်တဲ့တစ်ရက် စက်မူ့မြို့သစ်ကပြန်လာတော့ တံခွန်တိုင်အရောက်မှာ အနောက်ဘက်ဆင်းလိုက်ပါတယ်။

တောင်သမန်အင်းဘေးကဖြတ်ပြီး တောင်မြို့ဘက်ကို သွားမလို့ပါ။

အဲတော့ တောင်သမန်အင်းစောင်းကိုရောက်သွားတာပေါ.။

ဒီတောင်သမန်းအင်းစောင်း မြောက်ဘက်ခြမ်းက အင်းရေအစပ်မှာ စပါးစိုက်လေ့ရှိပါတယ်။

မြူမူံမူံ စိုက်ပြီးစ ကောက်ပင်လေးတွေကစိမ်းစိမ်း အင်းရေက ညို့မှောင်မှောင်။

အင်မတန်ကိုလှပတဲ့မြင်ကွင်းပါ။

မြင်ရသူရင်ထဲကို အေးချမ်းမူ့ကအလိုလိုနေရင်းရောက်လာသလိုပါဘဲ။

အဲဒီအင်းစောင်းမှာငါးဖမ်းနေတဲ့လှေကလေးတွေကိုငေးမောရင်းတောင်သမန်းအင်း

အနောက်ဘက်ခြမ်းကိုရောက်လာပါတယ်။

အနောက်မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ညီနောင်က အင်းရဲ့သက်တော်စောင့်

သဘွယ်မတ်မတ်ရပ်။

အင်းအနောက်ဘက်ခြမ်းရောက်တော့ အဝေးမှာ ထန်းပင်စုစုလေးတွေနဲ့ပုထိုးတော်ဘုရား။

အင်းအနောက်ဘက်က အသစ်ဖောက်ထားတဲ့မြေလမ်းအတိုင်းသွားလိုက်တော့ လမ်းမှာကိုရင်လေးနှစ်ပါး။

အင်းထဲမှာတော့ ဘဲကျောင်းတဲ့လှေကလေးတွေရှိပါတယ်။

 

တောင်သမန်အင်းကို မြူမူံမူံထဲမှာမြင်ရတဲ့ဝိုးတဝါးအလှက အင်မတန်ချစ်စရာကောင်းပါတယ်.။

ဆက်သွားတော့တောင်သမန်အင်းစောင်းကိုအရောက်။

တံတားအနောက်ဘက်မှတော့မိုးတွင်းဆိုရင်ရေလည်ခေါင်မှာရှိနေတဲ့ဘုရား။

အရှေ့ဘက်မှာတော့  “တောင်သမန်မင်းသားကြီး”လို့ဓါတ်ပုံဆရာများက သတ်မှတ်ထားတဲ့

သစ်ခြောက်ပင်ကြီးနှစ်ပင်။

မြင်မြင်သမျှလွမ်းစရာ…………………

 

ဝင်းဦးရဲ့ အင်းကြီး တောင်သမန်သီချင်းကိုတောင်နားထဲကြားယောင်မိသလိုလို

………………………………………………

 

ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့

(14-2-2012)

9 comments

  • MaMa

    February 14, 2012 at 9:32 am

    ၁ ရယ် ၆ ရယ်ကို အကြိုက်ဆုံးပဲ။
    သဘာဝရဲ့ စုတ်ချက်တွေကို သဘောကျတယ်။ 🙂

  • သူများအတွက်တော့ မသိဘူး။
    မန်းလေးသားဖြစ်တဲ့ကျနော့်အဘို့ကတော့ တောင်သမန်အင်းဆိုတာ
    အမြဲတမ်း ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းတွေကို တွေ့နေရတဲ့နေရာတစ်ခုပါ။
    နွေမိုးဆောင်း အမြဲတမ်းပြောင်းလဲနေတဲ့အလှတရားတွေ ကို တွေ့နေရတဲ့နေရာလဲဖြစ်ပါတယ်။

  • Moe Z

    February 14, 2012 at 10:11 am

    သုံးရာသီလုံးရောက်ဖူးတယ် လေးပေါက်ရေ
    အင်းထဲမှာရေပြည့်တဲ့အချိန် အလှဆုံးလို့ထင်တယ်
    နွေရာသီ ရေခမ်းတဲ့အချိန်ဆိုလွမ်းစရာကြီး
    နံပါတ် ၁၃ ပုံ မိုးစက်လည်းကြိုက်တယ် ကူးသွားပြီ

  • Shwe Tike Soe

    February 14, 2012 at 10:35 am

    လေးပေါက်မိုက်တယ်ဗျာ ဗျူးလေးတွေက အရမ်းမိုက်တယ် ကျွန်တော် ဒီတစ်ခေါက် အဲဒီ ကိုမရောက်လိုက်ဘူးဗျာ….

  • အချိန်အစိုးမရတဲ့
    ကိုကိုရွှေတိုက်စိုး။
    ခေါ်ပါသဗျာ ပေါ်မလာအလုပ်တွေများတာကြောင့်
    စိန်ပေါက်ရွှေ လုလင်ရိုက်တာနဲ့
    လွဲရက်လေခြင်း။

  • သားသားတို့အကြိုက်
    မွန်းလိုက်
    အဲလေ မှားလို့
    နံပါတ်(၂)နဲ့ (၅)ကိုသဘောကျတယ်
    နံပါတ်(၂)မှာက စိမ်းစိုနေတဲ့မြင်ကွင်းနဲ့ ကောင်းကင်ရဲ့ ပြာလွင်နေမှုကို တကယ်ရောက်ရှိနေသလို ခံစားမိတယ်
    နံပါတ်(၅)မှာတော့ စေတီနဲ့ ထန်းပင်ကို တွဲကြည့်မိရင်း မကောင်းဘူးဆိုတာသိနေလျှက်နဲ့ တစ်ခါတစ်လေလုပ်မိတာကို ပြန်ပြောင်း သတိရမိစေတယ် …..

  • စိန်ပေါက်ပေါက်

    February 14, 2012 at 2:19 pm

    ကောင်းသဗျာ
    စိမ်းစိမ်းစိုစိုလေးတွေနဲ ့ မျက်စိအေးလှပါဘိ..
    အမကြီးဟာ ကြည့်ရှုအားပေးသွားတယ်နော်..(ပုံတွေကိုကြည့်တာပါ)

  • blackchaw

    February 14, 2012 at 2:22 pm

    အပေါ်ဆုံးလေးပုံနဲ့ နံပတ် ၁၃ ပုံလေး ကြိုက်မိပါတယ်ဗျာ။

  • 13ပုံကတော့ ကျနော်ကင်မရာစကိုင်တဲ့အချိန် ပလိပ်က ပြန်အလာ လမ်းမှာဝင်ရိုက်လာတာပါ။
    ဇန်နဝါရီ 2011မှာရိုက်ထားတာပါ။
    ကျနော်ကိုယ်တိုင် အနှစ်သက်ဆုံးပုံတစ်ပုံပါ။
    ရင်ကိုအေးမြရစေသားဆိုတာနဲ့လိုက်ဖက်တယ်ထင်ပါတယ်။

Leave a Reply