မန်းဂေဇက်အလှူပွဲကြီးအောင်မြင်စွာပြီးဆုံးပါပြီ …

fattyFebruary 12, 20121min46454

ကြည့်မြင်တိုင် RC 3 ရှေ့မှာဆုံရပ်လုပ်ပြီး လူစုခဲ့ကြပါတယ်။ အဲဒီကမှ ကားကူညီပေးသူတွေဆီကကားနဲ့
လိုက်ပါသူတွေမျှတင်ပြီး ကိုကျော်သူတို့နာရေးကူကူညီမှုအသင်းရှိရာကိုထွက်လာကြပါတယ်။
အားလုံးလှူဒါန်းငွေ တဆယ်သုံးသိန်းကျော်ပါ … ။ ထူးခြားတာလေးတွေကတော့
မန်းဂေဇက်မှာရေးနေကြသူမှားသာမက စာဖတ်သူများပါ ပါဝင်လိုက်ပါ အားပေးကြခြင်းပါဘဲဗျာ ..။
ကဲကျနော်ကတော့သတင်းလေးဘဲရေးတာပါ အပြည့်အစုံကိုတော့တယောက်ယောက် က တင်ပေးကြပါအုံးလို့ ..။

အဲ ကိုဘလက်ချောကြီးကတော့ ၁၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အထိမ်းအမှတ်အနေနဲ့
ကားလဲအကူအညီပေးသဗျ။ ကျနော့ကို ထမင်းလဲကျွေးသဗျား အားလုံးကိုအအေးနဲ့ ဒါနပြုပါသဗျား ။
ပိုပြီးစာစုံသွားအောင် ဝိုင်းဝန်းရေးသားပေးကြပါ။ ပိုစ်သပ်သပ်တင်ချင်တင်ပေးကြပါလို့ … ။

အလှူငွေပေးအပ်လှူဒါန်းသည့် group ပုံ ကျနော်ထံတွင်မရှိပါ ။ လုလင် တို့ကိုချောတို့ထံတွင်ရှိမည်ထင်ပါသည်။ တင်ပေးကြပါရန်မေတ္တာရပ်ခံပါသည်။

54 comments

  • စိန်ပေါက်ပေါက်

    February 12, 2012 at 4:11 pm

    သွက်လှချည်လား ဦးဖတ်ရဲ့
    ကျန်ရှိနေတဲ့သတင်းများ ကိုအိတုံတို ့ ဒေါ်ချောတို ့ ဒေါ်လင်လု တို ့ ထပ်တင်ပေးကြဦးမယ်ထင်ပါတယ်.
    တစ်ဖျပ်ဖျပ်နဲ ့ ဝိုင်းရိုက်ကြလို ့ ဦးကျော်သူကြီး မျက်လုံးကျိန်း သွားပါကြောင်း

  • ဆူး

    February 12, 2012 at 4:12 pm

    အလှူတော့ ပြီးမြောက်သွားပြီပေါ့။ ဝမ်းသာ အားရ ရှိလှပါတယ်။
    နောက်ထပ် အလှူတွေ ဖြစ်မြောက်အောင်လည်း ကြိုးစားကြတာပေါ့။
    ဒီတခေါက်မှာတော့ ဆူး အလုပ်များနေလို့ မလိုက်နိုင်ဘူးဖြစ်ခဲ့တယ်။
    ပုံလေးတွေ ကြည့်ရတာ ဆူး မတွေ့ဖူးသေးတဲ့ အဖွဲ့ဝင်တွေ အများကြီးပဲ။
    နောက်တကြိမ်များ အလှူလုပ်ခဲ့မယ် ဆိုရင်တော့ မိဘမဲ့ ကလေးတွေကို ထောက်ပံ့ပြီး ကြည့်ရှု့ပေးထားတဲ့ ကျောင်းတွေကို လှူစေချင်ပါတယ်။

    အရိပ်မဲ့ပန်းတွေ အရိပ်လိုသလို ရေလည်း လိုအပ်တယ် ထင်ပါတယ်။

    အကြံပြုခြင်းသက်သက်ပါ.. ဒီတကြိမ်တော့ ထင်သလောက် သိပ်မကူညီနိုင်ခဲ့ဘူး။ နောက်များတော့ ပိုပြီး ကူညီနိုင်အောင် ကြိုးစားပါ့မယ်။ အခုလိုပဲ အကြောင်းအကျိုး တိုက်ဆိုင်စွာနဲ့ မအားတာမျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်။

    အားလုံးပဲ ဆက်လက်ချီတက်ကြစို့နော်။

    • Shwe Tike Soe

      February 12, 2012 at 8:49 pm

      ဟုတ်ကဲ့ပါနောက်တစ်ခါအလှူအတွက် အခုကတည်းက ကြိုတင် စဉ်းစားထားပါတယ်ဗျာ..
      အစ်မ နောက်တစ်ခါတော့လိုက်ခဲ့ပါဗျာနော…

  • kai

    February 12, 2012 at 4:23 pm

    အင်တာနက်တက်တော့… ဒါကိုအရင်တွေ့ရတာမို့… မင်္ဂလာရှိပါ့ဗျာ…
    နာရေးကူညီမှုအသင်းကြီးက.. အလှူငွေတွေကို.. လိုအပ်တဲ့နေရာတွေမှာ.. စံနစ်တကျသုံးစွဲနေတာဖြစ်တာမို့.. အဲဒီကိုလှူတဲ့အလှူကို.. မွန်မြတ်သော အလှူလို.. အသိအမှတ်ပြုပါတယ်…
    ပြည်ထောင်စုနေ့..ဖေဖော်ဝါရီ ၁၂မှာ.. အလှူပြီးမြောက်အောင်မြင်တယ်.. မှတ်ထားလိုက်မယ်နော….။
    သာဓုပါခင်ဗျား…။ 🙂

    အခုလ.. ပုံနှိပ်သတင်းစာထဲထည့်မှာမို့.. ဓါတ်ပုံနဲ့.. သတင်းလေးရေးပြီး.. editor@myanmargazette.net ပို့ပေးစေလိုပါတယ်..။
    အားလုံး သာဓုခေါ်နိုင်ကြဖို့ပါ…။

  • ရွာစားကျော်

    February 12, 2012 at 4:39 pm

    သာဓုပါဗျား သာဓု သာဓု
    နောက်ထပ် အလှူများမှာလည်း စုပေါင်းပါဝင်ချင်ပါသေးတယ်ဗျာ

  • MaMa

    February 12, 2012 at 4:39 pm

    ဦးဖက်ရေ- ကိုယ်တိုင်မလိုက်နိုင်တော့ သတင်းပဲ နားထောင်နေရတာ။ အခုလိုတွေ့ရတော့ မနာလိုတောင် ဖြစ်သွားပြီ 😀
    အဲ- မှားလို့။ စုပေါင်းညီညာစွာဖြင့် အောင်မြင်သွားသောအလှူကို သာဓုခေါ်သွားပါသည်။ 🙂

    • Shwe Tike Soe

      February 12, 2012 at 9:05 pm

      ဟဲဟဲ မလိုက်တဲ့သူကတော့ ကိုယ်တိုင်ကိုယ်ကြမဟုတ်ပဲနဲ. သူများဓာတ်ပုံလေးပဲ ကြည့်ပြီး ကြည်နူးရတာပေါ့ ဟဟဟဟဟ….

      အလကားစတာနော်… နောက်တစ်ခါလိုက်ခဲ့ပေါ့အစ်မရယ်နော 😀

  • water-melon

    February 12, 2012 at 4:41 pm

    ပထမခြေလှမ်းတော့ အောင်မြင်ပြီ
    နောက်လဲများများလှူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    အယ် ကိုရွှေတိုက်စိုးကြီးက ထင်းနေတာဘဲ 😀
    နောက်လှူရင်လည်း ပြောအုန်းနော့
    ဒီတစ်ခေါက်မလိုက်ရလို့ စိတ်ဆိုးတယ်။
    ညစာစားပွဲကို မန်းလေးက ရေဘဲတွင် လေးပေါက်က ဧည့်ခံဖြစ်ကြောင်း 😆
    ဦးကျော်သူနားက ဘာကြီးလဲ နားကပ်လား

    • စိန်ပေါက်ပေါက်

      February 12, 2012 at 4:44 pm

      အရိန္ဒမာ သံလျက်ဟဲ့ 😆
      လကားပြောတာ…
      ရွှေသံလျက်လေး ဖြစ်ပါကြောင်း

    • Shwe Tike Soe

      February 12, 2012 at 8:51 pm

      အော်မယ် ဗြဲတီး နင် က မလိုက်ရလို.စိတ်ဆိုးရအောင် မန္တလေးကနေ လာပြီးလိုက်မလို.လား…
      နောက်တစ်ခါလှူရင် မလိုက်လို.ကတော့ ဟင်းဟင်း… 😀

  • water-melon

    February 12, 2012 at 4:46 pm

    မျက်မှန်ကြီးတပ်ပြီး ဖုန်းပြောနေတာ မောင်ကြီးလုလင်လားဟင်။
    ဦးကျော်နဲ့စကားပြောနေတာ မတုံနဲ့ ဦးဘလက်လား :mrgreen:

  • Mလုလင်

    February 12, 2012 at 4:50 pm

    အလှူငွေ ပေးတဲ့ ပုံ ကို အိတုံ နဲ့ ဦးပေါက် တို့ စီ ပို့ပြီးကြောင်း ….

  • ပို့ပေးတဲ့ပုံလဲ ဖြန့်ဝေပြီးပါကြောင်း။
    ဝမ်းသာပါကြောင်း။.
    နောက်ထပ်လှူဘို့ ထပ်မံကြိုးစားကြရအောင်ဟု တိုက်တွန်းလိုက်ပါကြောင်း။
    ဂေဇက်ရှိလူများကို ဂေဇက်ပေါ်တွင် ဓါတ်ပုံနှင့်တကွမြင်ရ၍ တင်ပေးသူကိုကျေးဇူးတင်ရှိပါကြောင်း။
    ကိုပေါက် မတွေ့ဘူးသေးသော သူများကိုလည်း မြင်တွေ့ရ၍ ဝမ်းသာပါကြောင်း
    …………..ကြောင်းx1000000000

  • စိန်ပေါက်ပေါက်

    February 12, 2012 at 5:10 pm

    ဒေါ်လုလင် ရှဲလိုက်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ၂ စောင်ကို Edit လုပ်၍ ပို ့စ်ထဲတွင် ဖြည့်ထည့်ထားပေးစေလိုပါဂျောင်း
    😀

    • Mလုလင်

      February 12, 2012 at 5:24 pm

      နောက် တစ်ပိုစ့်တွင် ပါလာနိုင်ကြောင်း။အိတုန် မှ မန်းဂဇက် ကိုယ်စား ကျေးဇူးတင် လွှာ သဘောမျိုး ရေးမယ်ထင်ကြောင်း

  • koyinmaung

    February 12, 2012 at 5:11 pm

    ဝမ်းသာလိုက်တာဗျာ
    ဒီအလှူမှာမပါနိုင်သေးပေမဲ့
    နောက်လှူမဲ့အလှူကိုတော့ပါဝင်နိုင်အောင်ကြိုးစာပါ့မယ်
    ရွာသူရွာသားတို့စည်းစည်းလုံးလုံးတွေ့ရတာကြည်နူးစရာပါ
    သာဓုခေါ်ပါတယ်………….

  • nozomi

    February 12, 2012 at 5:26 pm

    မလိုက်နိုင်တဲ့ အတွက် တောင်းပန်ပါတယ်

    စီစဉ်တဲ့သူ ၊သွားလှူတဲ့ သူ အားလုံးကို ကျွန်တော်ရွာလေးက အခုလို ကောင်းတဲ့ ကိစ္စတွေမှာလဲ စည်းစည်းလုံးလုံး အောင်အောင် မြင်မြင် လုပ်နိုင်တယ် ဆိုတာ ပြပေးကြလို့ ကျေးဇူးတင်ပါတယ်

    အဲဒီပွဲမှာ ရိုက်ထားတဲ့ ပုံလေးများရှိရင်လဲ မျှဝေပေးကြပါဦးခင်ဗျာ

  • ဝမ်းမြောက်ဖွယ်သတင်းပါဘဲဗျ။အားလုံးနဲ ့ထပ်တူ ဝမ်းသာရပါတယ်ဗျာ။
    နောက်များ ကြုံကြိုက်ရင်ကိုယ်တိုင်ပါဝင်နိုင်အောင်ကြိုးစားပါမယ်။
    အားလုံးအတွက် သာဓုပါနော်။

  • htet way

    February 12, 2012 at 7:12 pm

    ကောင်းလေစွ ..ကောင်းလေစွ …ကောင်းလေစွ။
    အားရဝမ်းသာ ရှိလိုက်တာ
    နောက်လည်း ဂေဇက်က ထပ်မံလုပ်ဆောင်စေလိုကြောင်း

  • Shwe Tike Soe

    February 12, 2012 at 8:58 pm

    ဟုတ်ပါတယ်ဗျာ အခုလို အလှူမျိုးလှူရတာ အခုအချိန်ထိ ပီတိဖြစ်တာ မကုန်သေးဘူး… ဒီလို အလှူဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီ လှူတန်းအားပေးကြသော စာဖတ်သူ နှင့် ရွာသူ၊ရွာသားများ…
    တကူတက ပြည်ပကနေ ခက်ခက်ခဲခဲ လှူတန်းပေးကြသော ရွာသူ၊ရွာသားများ …. မလိုက်နိုင်ပေမယ့် ပြာရီးပြာယာ အလောတကြီး အလှူငွေမထည့်လိုက်ရမရှိရလေအောင် ကြိုးစားပန်းစားလာလှူကြသူများ …
    အားလုံးအားလုံးကို ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ပါတယ်ခင်ဗျာ……………
    နောက်လဲ တကယ်လို အပ်နေသော နေရာများတွင် ဒီထက်ဒီထက် အလှူများ လုပ်အုံးမှာဖြစ်တာကြောင့် ဝိုင်းဝန်းကူညီ အကြံပေးကြပါအုံးဗျာ……
    ကျွန်တော်ဘဝမှာ ကြည်နူးမှူအရဆုံး အကြောင်းအရာလေးတစ်ခုပါပဲဗျာ……. 😀

  • ngapwagyi

    February 12, 2012 at 9:08 pm

    သာဓု သာဓု သာဓု ပါဗျာ
    ကျွန်တော်က နယ်ကဆိုတော့ စိတ်သွားတိုင်းကိုယ်မပါနှိင်ဘူးဗျာ..
    log in ဝင်ရတာပျင်းလို့ စာဝင်မရေးပေမယ့် အမြဲဝင်ဖတ်နေပါတယ်..

  • ဦးဦးပါလေရာ

    February 12, 2012 at 10:05 pm

    သုံးလေးရက်လောက်ရွာနဲ့အဆက်ပြတ်နေရာက
    ပြန်ဝင်ဝင်ချင်းဖတ်ဖြစ်တဲ့ ပိုစ့်ပါပဲ

    အလွန်ဝမ်းသာအားရရှိလှပါတယ်။

    နောက်အခေါက်တွေမှာ လိုက်ဖြစ်ဖို့ကြိုးစားပါ့မယ်။

    ဓါပုံထဲက အလှူရှင်တွေနဲ့လဲ ခင်မင်ချင်ပါကြောင်း….။

  • unclegyi1974

    February 12, 2012 at 10:12 pm

    ဂေဇက်ရဲ့ပထမဆုံးစုပေါင်းအလှူအောင်မြင်စွာပြီးမြောက်ပါကြောင်းမှတ်တမ်းတင်ပါတယ်
    တလတကြိမ်လောက်စုပေါင်းလှူနိုင်ရင်ပိုကောင်းမယ်လို့အကြံပြုပါတယ်
    ကိုယ်တိုင်မလာရောက်နိုင်သော်လည်းကိုယ်တိုင်ရောက်ရှိသကဲ့သို့ခံစားပြီးသာဓုခေါ်ဆို
    လိုက်ကြောင်းပါဗျာ

  • moegyothwar

    February 12, 2012 at 10:18 pm

    ” နေပြည်တော်ခေါ်လေတိုင်းပြေးရတဲ့” ဘဝမို့ ဒီပွဲလေးကို ကိုယ်တိုင် မတက်နိုင်ပေမယ့်.. ညနေမှာဆိုဒ်ထဲ ဝင်ကြည့်ပြီး သာဓုခေါ်မိပါတယ်ဗျာ…. အကျိုးဆောင်ပေးတဲ့သူတွေရော.. ပါဝင်လှုဒါန်းသူတွေရော ဘဝဆက်တိုင်း အောင်မြင်မှု အပေါင်း၊ ငြိမ်းချမ်းမှု့အပေါင်း ပိုင်ဆိုင်နိုင်ကြပါစေဗျာ

  • weiwei

    February 12, 2012 at 10:36 pm

    အလှူအောင်မြင်မှုအတွက် ဝမ်းသာပါတယ် … နောင်လဲ အကျိုးရှိမယ့်နေရာတွေမှာလှူတဲ့အခါ တတ်နိုင်သလောက် ပါဝင်သွားပါ့မယ် …
    ဓါတ်ပုံနဲ့တကွမြင်ရတော့ ပိုပြီးစိတ်အားပိုထက်သန်သွားတာပေါ့နော် … ကြည်နူးမှု ကူးစက်တယ် …

  • Khin Latt

    February 12, 2012 at 10:40 pm

    သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။
    နောက်တစ်ခါ အလှူ မှာ ဒါထက်ပိုပြီး လှူနိုင်ပါစေလို့ လဲ ဆုတောင်းပါတယ်။
    အလှူရှင်အားလုံး လဲ ပေး၍မကုန် လှူ၍မခန်း ပဒုမ္မာရွှေကြာ ပန်းကဲ့သို့ ရွှင်လန်းကြပါစေ။
    (အစ်မ ပဒုမ္မာ အမည်ကို သတိတရ သုံးခွင့်ပြုပါ။ )
    ပုံ နဲ့ လူအမည်လေးတွေ တွဲသိရရင်တော့ အတိုင်းအထက် အလွန်ပါဘဲ။
    ဒီလို သတင်း နဲ့ ပီတိများကို မျှဝေ ပေးလို့ ကျေးဇူးပါ ဦးဖက်ရေ။

    • Mလုလင်

      February 12, 2012 at 10:50 pm

      ဘယ်လိုဘယ်လို တွဲသိသွားတာ တုန်း အရီးလတ် ရဲ့ . .. .

      • Khin Latt

        February 13, 2012 at 4:23 am

        မသိသေးလို့ သိရရင်ကောင်း မယ် လို့ ပြောတာ မောင်လုလင်ငယ်သွေး ရေ့။
        မင်းလဲ အဲဒီထဲ ကတစ်ယောက် ဘဲ မဟုတ်လား။ 🙂

  • ကိုဖက်
    နေ့လည်ကကြည့်တော့ ပုံတွေက အကောင်း
    အခုတော့ပျက်နေသလို။
    ဘာမှားနေလဲမသိဘူးနော်။
    ဖျက်ရင်လဲ အပြီးသာဖျက်လိုက်ပေါ့ကိုဖက်ရာ

  • Foreign Resident

    February 13, 2012 at 6:51 am

    သာဓု သာဓု သာဓု ပါဗျာ ။
    အဘ သင်္ဘောတက်သွားပါပြီ ။
    အဲဒါကြောင့် ဒီပွဲကို မလာနိုင်ခဲ့တာပါ ။

    အများနှင့် စုပေါင်းလုပ်ရတဲ့ ကိစ္စတွေဟာ ထင်သလောက် မလွယ်ကူပါဘူး ။
    အခက်အခဲတွေ အတိုက်အခံတွေ ညှိနှိုင်းမှုတွေ အနစ်နာခံရမှုတွေ အများကြီးရှိပါတယ် ။

    အောင်မြင်အောင် စုစည်းနိုင်ခဲ့တဲ့
    AKKO, E Tone, Shwe Tike Soe, U Fat & Ko Pauk တို့ကို
    ကျေးဇူးတင် အသိအမှတ်ပြုပါတယ် ။

    သာဓု သာဓု သာဓု ပါဗျာ ။

  • maungmoenyo

    February 13, 2012 at 8:01 am

    မင်္ဂလာရှိလိုက်တဲ့ သတင်းလေးဗျာ…။
    ကလောင် ထက်ရုံမက၊ စေတနာတွေပါဝင်းလက်လို့…။

  • kyeemite

    February 13, 2012 at 8:40 am

    ဝမ်းသာလိုက်တာဗျာ
    ဒီအလှူမှာမပါနိုင်သေးပေမဲ့
    နောက်လှူမဲ့အလှူကိုတော့ပါဝင်နိုင်အောင်ကြိုးစာပါ့မယ်
    ရွာသူရွာသားတို့စည်းစည်းလုံးလုံးတွေ့ရတာကြည်နူးစရာပါ
    သာဓုခေါ်ပါတယ်………….

  • blackchaw

    February 13, 2012 at 8:53 am

    ကိုဖက်ရေ။
    ပုံလေးတွေ တင်ဖို့ ကြိုးစားနေပါတယ်ဗျာ။

  • etone

    February 13, 2012 at 8:59 am

    ဒါကြောင့် လေးဖက်ကြီးတစ်ယောက် ဟိုနားကရိုက် ဒီနားကရိုက်နဲ့ လုပ်နေတာကိုး … ။ လျှပ်တပြတ်ရိုက်ချက်တွေပေါ့ … 🙂
    ဒါနဲ့ … စိန်ပေါက်ပေါက်ပုံ မပါသေးပါလား … သမီးမှာ ရှိတယ် .. ပို့ပေးလိုက်မယ်နော် …. ဒါမှ လူစုံသွားမှာ ဟဲဟဲ … ။ 😛

    မနေ့ကတည်းက ကိုအမ်လုလင်ဆီက ပုံတွေရတယ် .. ပို့စ်တင်မလို့ .. ကော်နက်ရှင် လုံးဝ လုံးဝမကောင်းတာကြောင့် .. ဒီနေ့မှပဲ တင်ရတော့မယ် .. ။

    ဒီပို့စ်လေးကနေ … ပါဝင် လိုက်ပါသူအားလုံးကို .. ဂရုပုံလေးတင်ဖို့ …. ခွင့်တောင်းလိုက်ပါတယ်နော် …. … ။ ခွင့်ပြုလိမ့်မယ်လို့လည်း ထင်ပါတယ် … ။

    • inz@ghi

      February 13, 2012 at 9:08 am

      တင်ပါချင့် ..
      သများလည်း သများယောင်းမ (ဒေါ်စိန်ပေါက်) ကို
      မြင်ဖူးဂျင်နေဘာဒယ်ချင့် ….

      😀

      စမ်းချောင်းသား အန်တီဖက် နဲ့ သများ ဘာလို့များ
      မသိခဲ့တာလည်း အတော် အသဲယားပါတယ်ချင့်
      (အန်တီဖက်က သများကိုများ သိနေမလား …မဆိုနိုင်…)

      ထားတော့ …သများမြန်မြန်ပြန်လာပီး …
      နောက်ထပ်နောက်ထပ်သော အလှူတွေမှာ တစ်တပ်တစ်အား
      ပါဝင်လိုပါကြောင်း ….

      ခင်တဲ့
      ဖားတပိုင်းငါးတပိုင်းဆယ်လီဗျစ်တီ
      သများ…။

      • နွယ်ပင်

        February 13, 2012 at 9:55 am

        လေးဖက်ရဲ့ လျှပ်တစ်ပြတ်ရိုက်ချက်တွေပေါ့ …
        Etone ရေ … ကိုအမ်လုလင်ဆီက ပုံတွေအစ်မဆီပို့ပေးပါဦးနော် .
        နောင်လဲ အကျိုးရှိမယ့်နေရာတွေမှာ အခုလိုပဲ စုပေါင်းအလှူလေး ထပ်လုပ်ဖိုကို
        တိုက်တွန်းလိုက်ပါတယ်

  • amatmin

    February 13, 2012 at 9:18 am

    လူရောစိတ်ပါ အပင်ပန်းခံစုရုံးအောင်မြင်အောင် ကြိုးစားခဲ့သော.ဦးဆောင်ပေးသူများအား လေးစားပါ၏..
    ဝမ်းမြောက်ကြည်နူးစွာလည်း သာဓုဝင်ခေါ်သွားပါတယ်ချင့်..အဲမှားလို့ ဗျ.
    ပေါက်ဖော်နဲ့ တခေါက်ပဲတွေ့ရသေးတယ်.ဘဝပြောင်းချင်သွားပီ.. 😛

  • Rose Minn

    February 13, 2012 at 9:33 am

    မနေ့က ရွာသူရွာသားတွေနဲ့ တွေ့ရတာ အရမ်းပျော်ခဲ့တာ။ ကိုယ်လှူရတဲ့ အလှူကို တကယ်ဝမ်းသာရတာ မဆုံးဘူး။ တွေ့ရတာ ပထမဆုံးဆိုပေမယ့် အရင်က တွေဖူးတဲ့မျက်နှာတွေလိုပဲ မစိမ်းနေခဲ့ပါဘူး။ ဦးဆောင်ပြီး အပင်ပန်းခံခဲ့တဲ့ သူငယ်ချင်းတွေကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းထပ်ပြောပါမယ်။ ကုသိုလ်ကောင်းမှုတွေအတွက်လဲ သာဓု သာဓုသာဓုပါ။

  • တညင်သား

    February 13, 2012 at 9:48 am

    မိမိတို့ရဲ့ ချွေးနဲစာထဲမှ တက်နိင်သလောက်လှူတန်းကြကုန်သော် ရွာသား/သူ အပေါင်းတို့ဧ၊၊် အလှူအတွက် သာဓု..သာဓု..သာဓု..
    တစ်ဦးတစ်ယောက်ထဲ လှူတန်းနိင်ကြမယ်မှန်း သိရှိပေမဲ့လဲ စုပေါင်းညီညာချင်းရဲ့ အကျိုးကျေးဇူးကိုပေါ်လွင်စေတာမို့
    နောက်ထပ်များ လှူတန်းနိင်ခဲ့ရင် ဒီထက်မကသော ရွာသား/သူ များပါဝင် နိင်ရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်၊၊
    ဖတ်မိသူ အပေါင်း သာဓုခေါ်စေချင်သောအလို့ငှ……အမျှ..အမျှ…အမျှ ယူတော်မှုကြကုန်လော်…………

  • thuyazaw21451

    February 13, 2012 at 9:56 am

    အားလုံးမတွေ့ရပေမယ့် ရွာသူ/ရွာသား တော်တော်များများ နဲ့အတူတကွ အလှူလုပ်လိုက်ရတာ စိတ်ထဲမှာ တော်တော်လေးပျော်ရွှင်ကြည်နူးမိပါတယ်…………ရွာသူ/ရွာသားများဟာလဲ တစ်ဦးကို တစ်ဦး တရင်းတနှီးဆက်ဆံခဲ့ကြတယ်………တစ်ရွာတည်းသားချင်းတွေ ခုလို အောင်အောင်မြင်မြင် လေး ပြီးဆုံးသွားခဲ့ပါတယ်……….. အနော် သူရဇော် အလှူကို အချိန်မှီရောက်ပါလျက် အဝင်ဝမှာပဲ ထိုင်ဆောင့်နေမိပါကြောင်း…………(အမှတ်တရ) ပြီးမှသာ အထဲမှာ စုံစုံလင်လင်ရောက်ရှိနေကြောင်း သိရှိခဲ့ရပါသည်ခင်ဗျား……….မှတ်ချက်။ ။ ကိုဖက်တီးကတ်၊ ကိုရွှေတိုက်စိုးတို့ ပြောသလို ပန်းရောင် ဝမ်းဆက်မဝတ်မိသည့်အတွက်များလားလို့ စဉ်းစားရင်း…………..

  • FattyCat

    February 13, 2012 at 10:08 am

    နောက်ကျနေလို့ ပြိုင်ကားလေးကို အကြမ်းမောင်းရင်း အမီလိုက်ခဲ့ရပါတယ်…
    နောက်တစ်ခါ ထပ်ဆုံကြဦးမည်ပေါ့…

  • ကြောင်ကြီး

    February 13, 2012 at 10:09 am

    ဦးဘလက် တည်ခင်းဧည့်ခံတဲ့ ထမင်းဝိုင်းပုံလေးတွေပါ ကြည့်ချင်တယ်ဗျာ…။ ဟင်းဖတ်လုနေတဲ့ ပုံတွေေတော့ မပါစေနဲ့ပေါ့…။

  • Uncle Lay

    February 13, 2012 at 10:15 am

    ကြည်နူး ဝမ်းမြောက်ရပါသည်….။နောက်ထပ် နောက်ထပ် အစီအစဉ်တွေ စောင့်မျှော်နေပါတယ်….။

  • Khaing Khaing

    February 13, 2012 at 10:29 am

    ဝမ်းသာကြည်နူးစရာအရမ်းကောင်းပါတယ်…ကျွန်မက memberဝင်တာမကြာသေးတော့အလှူကို မထည့်လိုက်ရဘူး … သူငယ်ချင်းကိုဖုန်းဆက်လိုက်တယ်…မမှီတော့ဘူး…ငွေအမောက်ကို အလှူငွေ စာရွက်မှာ ရိုက်ပြီးသားတဲ့…နောက်အလှူတွေကြရင် ပါဝင်လှူဒါန်းပါမယ်…အခုတော့ သူများအလှူကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်နေပါတယ်…လူကသာ မရောက်ပေမယ့် စိတ်ကတော့ အဲဒီနေရာမှာ ရှိနေပါတယ်….

    • etone

      February 13, 2012 at 11:28 am

      အမ် … ဘယ်သူ့ကို ပြောတာလဲဟင် … ကျွန်တို့ ဆီ .. ဖုန်းဝင်မလာတာတော့ အသေချာပါပဲ …။
      အလှူငွေ ထည့်ဝင်သူတွေ သွားတဲ့ မနက်ထိ ရှိသေးတာကြောင့် ငွေမောက့်ကို စာရွက်မှာ ရိုက်ခဲ့တာ မဟုတ်ပါဘူး … ။ သွားနေတဲ့ လမ်းရောက်မှ .. စာရင်းတွက်သူကတွက် … ၊ စာရွက်ပေါ် ကပ်သူက ကပ်နဲ့ … လုပ်ကြရတာမျိုးပါ … ။

      ဒီတစ်ခါ မပါနိုင်ပေမယ့် .. နောက်အကြိမ်များမှာ ထည့်ဝင်လှူဒါန်းနိုင်ပါတယ် … ။ ဒုတိယ အကြိမ်ကိုတော့ … အချိန်နည်းနည်း ကွာဟပြီးမှ စီစဉ်မယ် တွေးထားကြပါတယ် … ။

  • အလှူငွေအားလုံးပေါင်းက တစ်ဆယ့်သုံးသိန်းကျော်တဲ့ … သာဓု သာဓု သာဓု
    သားသားကြိုက်ကြိုက် (၁၃)ဂဏန်းက
    ဒါကြောင့် ၁၃ ရက်နေ့မှာ လာရေးတယ် …
    မိအိတုန်နဲ့ မနွယ်ပင်ပဲ သိတယ် … ကိုုကိုဘလက်က ကြောပေးထားတယ်ဗျို့ ….
    မီမီးလေးချိန်ပေါက်ပေါက်ရဲ့ပုံကြည့်ချင်တယ် …. တင်ပေးကြပါဂျ ….
    😛

  • ဒါနရှင် ရွာသူား အပေါင်းအား လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်သွားပါတယ် ခင်ဗျာ …
    သာဓု … သာဓု .. သာဓု
    ဒီအလှူမှာ မပါဝင်နိုင်ခဲ့ပေမယ့် နောက် အလှူများကျရင်တော့ ပါဝင်နိုင်အောင် ကြိုးစားပါ့မယ် ခင်ဗျ။
    ပြီးတော့ အထက်က ကိုကင်း ပြောသလိုပဲ အူးရေး ချိန်ပေါက်ပေါက်ရဲ့ ပုံကို သများလည်း ကြည့်ချင်လို့ တင်ပေးကြပါဦးလို့ ….. 😀 😀

  • Burmese or Chinese

    February 13, 2012 at 11:31 am

    သာဓု…သာဓု…သာဓု…

  • Ma Ei

    February 13, 2012 at 11:39 am

    လိုက်ချင်ပေမဲ့ မလိုက်ဖြစ်ခဲ့ပါ…ပုံကြည့်ပြီး ဝမ်းသာကြည်နူးမိပါသည်။
    etone ..နှင့်တကွ အလှူဖြစ်မြောက်အောင်ကူညီတဲ့သူများကိုကျေးဇူးတင်ပါတယ်။
    အားလုံးရဲ့ အလှူအတွက် သာဓု ခေါ်ပါတယ်..မအိရဲ့ အလှူကိုလဲ
    အားလုံးကို အမျှပေးဝေပါတယ်..

Leave a Reply