ပုသိမ်ကြီးမြို့နယ်မှာ ကြိုးဖုန်းလိုင်းအသစ်တွေ ချပေးနေ

yannaingechJune 4, 20101min570

ပုသိမ်ကြီးမြို့နယ်မှာ ဝ၂-၅၈… နဲ့စတဲ့ ဖုန်းအသစ်တွေချထားပေးနေတယ်လို့ သိရပါတယ်။ ၄.၆.၂၀၁ဝ သောကြာနေ့က ဖုန်းကြိုးတွေ သွယ်တန်းနေတာ တွေ့ရတဲ့အတွက် စုံစမ်းကြည့်တဲ့အခါမှာ ပထမအသုတ် ဖုန်းအလုံး ၂ဝ အတွက် ကြိုးတွေ သွယ်တန်းနေတာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ဖုန်းတစ်လုံးလျှင် ကျပ် ၇၀၀၀၀ဝိ/- (ခုနစ်သိန်း) ခန့်ကျသင့်မှာဖြစ်ကြောင်းနဲ့ မည်သူမဆို လာရောက်လျှောက်ထားနိုင်ကြောင်း ပြောပြပါတယ်။

ပုသိမ်ကြီးမြို့နယ်ကို မန္တလေးမြို့နယ်စည်ပင်သာယာရေးကော်မတီက မြို့တွင်းမြို့နယ်တစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲသတ်မှတ်ပြီးနောက်ပိုင်းမှာ လမ်းများပြုပြင်ခြင်း၊ မီးကြိုးများ အသစ်ပြန်ဆွဲပေးခြင်းများ ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ မြို့တွင်းမြို့နယ်တစ်ခ ု ဖြစ်လာပြီ ဖြစ်တဲ့အတွက် ရေ၊ မီး၊ လမ်း၊ ဆက်သွယ်ရေး၊ ကျောင်း၊ ဆေးရုံ၊ ဈေး စသည်တို့မှာ ယခင်ကထက် ပိုမိုကောင်းမွန် အဆင့်မြင့်လာလိမ့်မည်ဟု ဒေသခံများက မျှော်လင့်နေကြပါတယ်။