“ဦးပိန်တံတား ပေါ်ကမြင်ရတဲ့တောင်သမန်”

1 ဦးပိန်တံတားပေါ်ကနေကြည့်ရင် အင်းရေပြင်အဆုံးမှာ စေတီဖြဖြူရယ် လှေကလေးတွေရယ်မြင်ရပါတယ်။
2 အဝေးမှာလှေလေးတစင်း ရေထဲငါးဆင်းဖမ်းသူက ဖမ်း ကမ်းစပ်မှာတော့ ဘဲလေးတွေ။
3 ရေထဲမှာရေဆင်းကူးသူလဲရှိပါတယ်။ ဆောင်းမနက်မို့ကောင်းကင်ကတော့ မူံပြာရီ
4 တောင်သမန်အင်းရဲ့ မြင်ကွင်းကို လှအောင်ဖန်တီးထားတဲ့အလွမ်းသစ်ပင်
5 လှေကလေးကိုလှော်မည် ဘေးမသန်းဘဲအေးချမ်းတော့မည်(ဘိလပ်ပြန်သန်းသီချင်းအမှတ်ရစရာ)
6 တောင်သမန်ခရီးသည်.............................
7တောင်သမန်သားဆိုပြီးတော့ လျှော့မတွက်ပါနဲ့နော်..........တိုးရစ်ကိုဒီလိုဒီလို ဧည့်ခံနိုင်ပါတယ်
8 ဦးပိန်တံတားကွေ့ကောက်ကောက်က ဟိုရွာထဲကို တိုးဝင်သွားပုံကလှပ
9 တံတားအောက်မှာ ရေဆင်းကူးနေတဲ့သူ ဒီအချိန်ဆိုရေနည်းတော့ သိပ်မနက်ဘူးလေ။
10 ကွန်ပစ်ဘို့ချောင်းနေတဲ့ တံငါလှေ
11 အပျော်စီးတဲ့လှေ အင်းကိုကြည့်တဲ့လှေ ဝမ်းစာရှာတဲ့လှေ
12 ငှက်သည်ကို စိတ်ဝင်စားနေတဲ့ နိုင်ငံခြားသူ
13ကွေ့ကောက်ကောက်ကိုက လှနေတာ
14 ဒါကတော့ အင်းရေထဲမှာ ပိုက်ဆွဲဘို့ ပြင်ဆင်နေကြတာလေ
15 စားချင်စရာ ပုစွန်ကြော် ငါးကြော် အကြော်စုံဖရဲသီး ကြွေးအုံးမှာ....................
16 ငှားသူကိုစောင့်နေတဲ့ ငှက်သဗ္မာန်လေးတွေ................................ တောင်သမန်ရဲ့သင်္ကေတ

“ဦးပိန်တံတားအောက်က တောင်သမန်”

 

 

တောင်သမန်အင်းကို ရောက်လို့မှဦးပိန် တံတားပေါ်လမ်းမလျှောက်ခဲ့ဘူးဆိုရင်

မပြည့်စုံဘူးလို့ဆိုနိုင်ပါတယ်။

တကယ့်ကို ဂန္ထဝင်ဆန်စွာခန့်ညားတဲ့တံတားရယ် ပဉ္စလက်ဆန်သောအလှတွေပေါင်းစုနေတဲ့ အင်းရေပြင်လို့ပြောရင်လဲရပါတယ်။

တံတားကတော့ ရှည်လျားတော့ အဆုံးထိလျှောက်နိုင်ဘို့တော့ခက်ပါတယ်။

အနောက်ဘက် အမရပူရနဲ့အရှေ့ဘက်တောင်သမန်ရွာကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောတံတားလည်းဖြစ်ပါတယ်။

ကြည့်လေလေ ကဗျာဆန်လေလေလို့ခံစားရတဲ့တံတားလဲဖြစ်ပါတယ်။

ဒီတစ်ခေါက်ကတော့ ဓါတ်ပုံရိုက်ဘို့ရောက်တဲ့အတွက် တံတားပေါ်မှာအရင်

ကထက်စာရင် ကြာကြာလေးနေဖြစ်ပါတယ်။

အဲတော့မှ ဒီတံတားပေါ်မှာလူစုံဘဝစုံကိုတွေ့ရပါတယ်။

ပန်းချီဆရာ၊အမှတ်တရပစ္စည်းရောင်းသူ၊မုန့်သည်၊

ခရီးသွားဧည့်လမ်းညွှန် အလည်လာသူ ဝမ်းစာရှာသူ အပျော်ရှာလာသူ

အမျုးိစုံပါဘဲ။

ကျနော်ကတော့ ဆောင်းနံနက်က အင်းရေပြင်ကိုငေးမောရင်းလက်ဆော့။

တံတားပေါ်တင်မဟုတ်ဘူး အင်းရေထဲမှာလဲ ခရီးသည်ပို့ဆောင်သူ ငါးမျှားသူ ကွန်ပစ်သူ

ပိုက်ချသူ အပျော်လှေစီးသူ ဈေးသည် အစုံစုံပါဘဲ။

အဲဒီထဲကမှ နေရာတကာတွေ့ရသူကတော့ မှတ်တမ်းတင်ဓါတ်ပုံဆရာနဲ့အပျော်တမ်းဓါတ်ပုံဆရာတွေပါဘဲ။

မမြင်ဘူးသူ မြင်ရ မမြင်ဘူးသူ သတိရအောင်ရယ်

စိန်ရွှေပေါက်လု တို့ အမှတ်တရရိုက်ခဲ့တဲ့နေ့ကလေးကိုအမှတ်ရနေအောင်ရယ်ပြန်လည်လို့ မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(15-2-2012)

 

17 comments

  • water-melon

    February 16, 2012 at 8:05 am

    လွမ်းတယ်တောင်သမန်
    လွမ်းတယ်ရတနာပုံ
    လွမ်းတယ်ကောင်မလေး
    ဘာဘဲဖြစ်ဖြစ်လွမ်းတယ်
    လေးပေါက်က အတိတ်ကိုပြန်သတိရအောင်လုပ်တဲ့ နေရာမှာ နှစ်ယောက်မရှိဘူး :mrgreen:

  • ဖရဲသီးရေ လွမ်းတာကတော့ မင်းတင်မဟုတ်ဘူး။
    ငါလဲလွမ်းလို့ ဒီပုံတွေတင်တာလေ။
    ဒါကြောင့်လွမ်းတောင်သမန်လို့ တင်စားကြတာ။

  • water-melon

    February 16, 2012 at 8:49 am

    ကျောင်းတက်တုန်းက
    အတူတူထိုင်ခဲ့ဘူးတဲ့ ထိုင်ခုံလေးရယ်
    အတူတူသွားစားခဲ့တဲ့ ဦးပိန်က အကြော်စုံလေးရယ်
    အတူတူလျှောက်ခဲ့တဲ့ ဦးပိန်တံတားလေးရယ်
    အတူတူခံခဲ့ဘူးတဲ့ ဦးပိန်ကလေညင်းလေးရယ်
    အတူတူဆုတောင်းတဲ့ ဘုရားပုထိုးလေးရယ်
    ဘာဘဲဖြစ်ဖြစ်လွမ်းတယ်။

  • ကြက်ဖင် ( အကယ်ဒမီ )

    February 16, 2012 at 9:28 am

    အင်းထဲမှာ ဘဲကျောင်းတော့ ဘဲတွေချီးပါမယ် သေးပေါက်မယ် အင်းရေဘဲရီးဒါးတီးညစ်ပတ်တယ် နိုးဂွတ်
    ကမ်းစပ်က ခရုတွေအကုန်လုံး ဘဲစာဖြစ်သွားတော့ကောင်းတယ် ဘဲရီးဂွတ်
    ခရုဆိုတာ စပါးဖျက်ပိုးတစ်မျိုးဘဲ
    ဘဲတွေချီးပါတဲ့အတွက် ငါးတွေအစာနည်းနည်းပါးပါးစားရမယ်
    ဒီရေတိမ်တိမ်လေးမှာ ကွန်ပြစ်ငါးဖမ်းတယ်
    ပိုဆိုးတာက ပိုက်ဆွဲတယ်
    ဒီတော့ ဘဲလင့်ဖြစ်သွားအောင် ဥပုသ်နေ့တိုင်း ဒီအင်းထဲမှာ ငါးလွှတ်ပြီးကုသိုလ်ယူတဲ့
    အလေ့အထတွေဖြစ်အောင်မြှောက်ပေးရမယ်
    တံတားတစ်ဖက်တစ်ချက်မှာ ဆယ်ပေလောက်အနက် တစ်ဧက ကန်တစ်ကန်စီတူးထားသင့်တယ်
    တိုင်ထောင်မှတ်ထားပြီးငါးမဖမ်းရဇုံလုပ်ထားသင့်တယ်
    ဒါမှ ငါးရစ်ငါးတွေအောင်းနေနိုင်ပြီး ငါးမျိုးပွားနိုင်မှာ ( ကန်လုံခြုံရေးခိုးဖမ်းရင်တော့သိဘူး )
    ဒီအင်းကြီးကိုဘဲ ပတ်ပြီးဓာတ်ပုံတွေရိုက်နေကြတာ
    ဒီအင်းတိုးတက်ရေးတွက်ဘယ်သူမှ မန်းတာမတွေ့လို့
    မန်းကြည့်တာ

  • စိန်ပေါက်ပေါက်

    February 16, 2012 at 10:12 am

    နံပတ် ရ က ပုံမှာ ဘယ်ကောင်လဲမသိဘူးကွာ
    ခွေခွေလေး အိပ်နေတာ…

  • Diamond Key

    February 16, 2012 at 10:57 am

    တစ်ချိန်က ပထမဆုံးရောက်ဖူးတဲ့ တောင်သမန်၊
    ဟိုးတုန်းက နွေမှာကုန်းမြေ၊ မိုးမှာရေနဲ့ တောင်သမန်၊
    ရှေးရှေးတုန်းက ကိုပေါက်ကြီးတို့တွေရဲ့ နှစ်ယောက်တွဲလေးတွေနဲ့ တောင်သမန်၊
    အခုတော့ တက္ကသိုလ်ကြီး အနားရောက်လို့ ေxာ်မရှိတဲ့ ဘဲ ထန်းတောထဲ၊ ဘဲမရှိတဲ့ေxာ် တံတားပေါ်ဆိုတဲ့ တောင်သမန်၊
    ပြည်တွင်း ပြည်ပ ဧည့်မစဲတဲ့ ချစ်စရာ တောင်သမန်၊
    တေးရေး၊ ပန်းချီ၊ ဒါ့ပုံကျော်တို့လို လူတွေရဲ့ တောင်သမန်၊
    မနေ့တနေ့ကလို စိန်ရွှေပေါက်လု တို့ အမှတ်တရရိုက်ခဲ့တာလည်း တောင်သမန်ပါပဲ။ :mrgreen:

  • Khaing Khaing

    February 16, 2012 at 11:13 am

    ကိုပေါက်ရေ.. ဦးပိန်တံတားကို ရုပ်ရှင်ထဲမှာရော ဓာတ်ပုံတွေထဲမှာရော ကိုပေါက်တင်ပေးလို့ရောမြင်ဖူးပါတယ်…ဒါပေမယ့်ကံမကောင်းတာက မန္တလေးကို 2ခါရောက်ဖူးတယ် 2ခါလုံး မရောက်လိုက်ရဘူး…ဒီတစ်ခါရောက်ရင် ကိုပေါက်ကိုလိုက်ပို့ခိုင်းရမယ်…ကိုပေါက်ရေ ရေကူးရတာမောသွားလို့ အကြော်လေးတက်စားလိုက်ဦးမယ်…:)

  • ကိုကြင်ဖက်ရေ
    ကန်ကြီးသာယာအောင်လုပ်ဘို့အတွက်အားလုံးသတိရအောင် ပုံတွေတင်ပေးနေပါ၏။
    မန်းရုံနဲ့မပြီး လူကြီးနားပေါက်မှာ ပြင်စရာရှိတာတွေပြင်နိုင်ပါလိမ်မယ်နော်။
    ကျေးဇူးတင်ပါ၏။

  • Ma Ei

    February 16, 2012 at 1:18 pm

    ဦးပိန်တံတားနဲ့ တောင်သမန်အင်း..
    ရေမရှိတဲ့ တောင်သမန်..
    ရေအပြည့်နဲ့တောင်သမန်..
    တောင်သမန်ထဲက အလွမ်းသစ်ပင်…
    ရေပြင်ထဲက စေတီတစ်ဆူ…
    မမြင်ဘူးသူ မြင်ရ …မြင်ဘူးသူ သတိရအောင်..
    ကိုပေါက်ရဲ့ ဓါတ်ပုံတွေက ပြုစားနိုင်ပါတယ်…

  • alinsett

    February 16, 2012 at 9:02 pm

    အမောပြေ သွားပြီ။ ရှုခင်းလေးတွေ အတွက် ကျေးဇူးပါပဲ။

  • captainamerica

    February 16, 2012 at 9:31 pm

    ကိုပေါက်ရေဒါ့ပုံတွေကူးသာွးဒယ်ဗျို. တော်တော်ကြိုက်လွန်းလို.ဒက်စတော့ဘက်ဂရောင်း
    လေးလုပ်ချင်လို.

  • ကြိုက်တယ်ဆိုရင် ကျနော်အပင်ပန်းခံရကျိုးနပ်ပြီဗျာ။
    မြန်မာပြည်မှာလှပသောရူ့ခင်းတွေကို လူအများမြင်ဘူးစေချင်လို့ပါ။

  • ရောင်နီ ဦး

    February 18, 2012 at 10:37 am

    လှလိုက်တာဗျာ။သာသာယာယာလေးနော်။အားပေးနေမှာပါဗျ။

  • Mလုလင်

    February 20, 2012 at 11:23 am

    အမှတ်တရ ပါပဲ … ဦးပေါက်ရေ ….
    ဦးပေါက်/ ဦးစိန်သော့ နဲ့ ကို ရွှေမင်းသား တို့ ကို လဲ သတိရတယ် ဗျာ .. နေပြည်တော် မှာ သောင်တင် နေတုန်းမို့ .. မန်းလေး တက်ဖြစ်တော့ဘူး ဗျာ ..
    လေးစားစွာဖြင့်.
    Mလုလင်

  • ရှေးဟောင်းတံတားတစ်ခုဖြစ်တာရယ်၊မရောက်ဖူးတဲ့နေရာတစ်ခုဖြစ်လေတော့ ရောက်ဖူးချင်မိတယ်။
    အော် ငွေကလဲမရှိလိုက်တာ။ရောက်ဖူးချင်ပေမယ့် အလုပ်နဲ ့ဘဲပိနေတော့ ကိုပေါက်ရေ ရောက်ဖြစ်ဖို ့
    တော့မလွယ်လှပေမယ့် အကိုကျေးဇူးကြောင့်ရောက်နေရသလိုပါဘဲဗျာ။

  • ကျနော်လဲခင်ဗျားလိုပါဘဲ ကိုထွဋ်ရေ.
    ဟိုအရင်ကဆိုရင် ကိုယ်မရောက်ဘူးသေးတဲ့နေရာဆိုရင်
    စာအုပ်ထဲမှာပါတဲ့ဓါတ်ပုံလေးတွေကို ဖြတ်သိမ်းရ။
    ကွန်ပြူတာပေါ်လာတော့သူများရိုက်ထားတာလေးတွေကို လိုက်စုရ။
    အခုတော့ကိုယ်က ဖန်တီးသူထဲမှာပါသွားတော့ ကြည်နူးတယ်ဗျာ။
    တစ်နေ့မဟုတ်တစ်နေ့တော့ရောက်လာမှာပါ။
    ငွေဆိုတာထက် ရောက်ဘို့အခွင့်ကြုံရင်ပေါ့။

Leave a Reply