ပြည်တွင်းကားတွေ အရည်ကျို ပစ်မလား….. ကားထုတ်တဲ့သူတွေ အရည်ကျို ပစ်မလား…..

the bestFebruary 13, 20121min1069

ပြည်တွင်း ထုတ်တဲ့ကားတွေ အရည်အသွေး အာမ မခံနိုင်ပါဘူး။ စနစ်တကျအသေးစိတ် အရည်အသွေး စစ်ဆေးမထားလို့ အန္တရာယ် မကင်း တဲ့ စံမမီ ကားတွေပါ ။ မသမာတဲ့သူတွေ နဲ့ ဝန်ကြီးဌာန က  ဦးဆောင်သူတွေ   

လာဘ်ပေးလာဘ်ယူ ပြီး ထုတ်လုပ်ထားတဲ့ အတွက် အများ ပြည်သူပဲ ထိခိုက်နေပါတယ်။အန္တရာယ်ကြီးပါတယ်။

ဥပဒေအရထိရောက်စွာအရေးယူနိုင်ခြင်းမရှိတာဟာ ဝန်ကြီးဌာန က  ဦးဆောင်သူတွေ ပါ နေတော့  အရေးမယူခဲ့ဘူး။ တကယ်တော့ မသိတာမဟုတ်ဘူး။ သိသိနဲ့ထုတ်နေကြတာ။

အဓိက အချက်ကတော့ လာဘ်ပေးလာဘ်ယူ တဲ့ အတွက် ပြည်တွင်းကားထုတ်လုပ်မှု ကျန်နေခဲ့တာပဲ။

အစားထိုးလဲလှယ် တဲ့ ကားဟောင်းများတွေ ထက် ဆိုးပါတယ်။ မသမာတဲ့ နည်းနဲ့ထုတ်တဲ့

အန္တရာယ် မကင်းတဲ့ ပြည်တွင်းကားတွေ အရည်ကျို ပစ်မလား….. ကားထုတ်တဲ့သူတွေ အရည်ကျို ပစ်မလား…..

9 comments

  • MTY

    February 13, 2012 at 6:28 am

    ပြည်တွင်းက ကားတွေရော..ကားထုတ်လုပ်တွေရော
    အားလုံးအရည်ကျိုပစ်သင့်ပါတယ်။
    ကားတွေကလဲအန္တရယ်များတယ်၊လူတွေလဲများတယ်။

  • kyeemite

    February 13, 2012 at 8:45 am

    အားလုံးအရည်ကျိုပစ်သင့်ပါတယ်။
    “ပြည်တွင်း ထုတ်တဲ့ကားတွေ” လို့ပြောနေကြတာကိုကရှက်စရာပါ..
    ပြည်တွင်းကထွက်တာဆိုလို့ နံပါတ်ပြားဘဲပါတယ်..

  • Thel Nu Aye

    February 13, 2012 at 8:57 am

    ဟုတ်ကဲ့။ ခွင့်ပြုပေးတဲ့လူကြီးတွေကိုအရင်အရည်ကျိုပစ်ရပါမယ်။

  • minnannawar

    February 13, 2012 at 10:12 am

    အရည်ကျိုကြမယ်ဆိုရင် အများကြီးဘဲ။
    ၁။သိသိကြီးနဲ့ခွင့်ပြုနေတဲ့(မျက်စိမှိတ်နေတဲ့) လူကြီးဆိုတဲ့ လူကြီးများ။
    ၂။အမျိုးမျိုးခံစားခွင့်ယူပြီး တရားဝင်အောင်လုပ်ပေးတဲ့ ကညနဝန်ထမ်းများ။
    ၃။ကားအမည်အခံပဲ ကားကိုတင်သွင်းလာတာ မသိချင်ယောင်ဆောင်နေတဲ့ အကောက်ခွန်ဝန်ထမ်းများ။
    ၄။ကိုယ့်နိုင်ငံ မှာမထုတ်နိုင်မှန်းသိသိကြီးနဲ့ စက်မှုဇုံထုတ်ကား ဆိုပြီးလက်ခံထားနိုင်သောသူများ။
    စသည် စသည်တစ်ပုံတစ်ပင်…
    တစ်ချိန်တုံးက ဒေါ်လာ ၃၅၀ဝလောက်နဲ့ အပြီးအစီး running condition ဆိပ်ကမ်းအရောက် သွင်းလို့ရခဲ့တဲ့ ကားအမျိုးတော်တော်များများ ကို ဖြတ်တောက် ကပ်ညှပ်ပြီး standard test မရှိဘဲ သိန်း၁၀ဝကျော်ပေးဝယ်မှရအောင် လုပ်ကြံပေးကြတဲ့ မော်တော်ယာဉ် (မတော်တရော်ယာဉ်)ထုပ်လုပ်သူများ။
    အမှန်တစ်ကယ်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်လာလို့ အစစ်အမှန်ကုမ်ပဏီက တရားစွဲရင် အဲဒီအချိန်ကျအခုတာဝန်ရှိသူတွေဘာလုပ်ပေးနိုင်ကြမှာလဲ စဉ်းစားထားကြပါအုံး။

  • ဆူး

    February 13, 2012 at 10:20 am

    အရည်ကျိုမယ် ဆိုတော့ လက်ဝယ် ပိုင်ဆိုင် ထားသူတွေ ဘယ်လို လုပ်ရမလဲ.. သနားပါတယ်။
    သူတို့တွေ အခွန်အထပ်ထပ်ဆောင်ထားရတာ.. သိပ်မတတ်နိုင်လို့ ပြည်တွင်းထုတ်ကို ဝယ်စီးကြတာ..
    တခြား အကြံထုတ်ပါအုန်း။

  • ဦးဦးပါလေရာ

    February 13, 2012 at 10:38 am

    နဲနဲပြောမယ်နော်…..
    တကယ်တာဝန်ရှိတဲ့သူက အများကြီးမဟုတ်ဘူး….
    နဲနဲလေး…
    လက်တဆုပ်စာထဲပါ….
    ဝယ်စီးတဲ့သူတွေလဲနစ်နာပါတယ်
    အလားတူပဲ
    ထုတ်တဲ့သူတွေလဲ သိပ်အသာကြီးမဟုတ်ပါဘူး

    ရိုက်တဲ့သူတွေ… ကသာ- ပေးစား၊ တောင်းစား၊ ရိုက်စား၊ လှည့်စား၊ လဲစားသွားကြတာ..။

    ရာဇဝတ်မှု့ဆိုတာ သက်တမ်းကုန်တယ်မရှိပါဘူး။
    တနေ့တော့ ဖေါ်ထုတ်ကြပါလိမ့်မယ်။

  • ကြောင်ကြီး

    February 13, 2012 at 11:34 am

    ပြည်ပက သွင်းလာတဲ့ကားမှန်သမျှ အရည်ကျိုပစ်လိုက်ရင် ပြည်တွင်းကား အရည်အသွေး ပြသနာရှင်းသွားပါလိမ့်မယ်။
    (သတိ..မိုဟာမက် တောင်ကြီးဆီမသွားနိုင်ရင် တောင်ကြီးကို မိုဟာမက်ထံရောက်အောင်ရွှေ့ပါ။)

  • moegyothwar

    February 13, 2012 at 11:36 am

    အင်း.. ပြောရရင်စိတ်ကုန်တယ်ဗျ။

    တကယ်တော့ မရှိကိုအရှိလုပ်ချင်ကြတဲ့သူတွေကို ဝါးဖို့ စားဖို့ ချောင်းနေတဲ့ အကောင်ကြီးကြီးတွေ က အတောင်တပ်ပေးလိုက်တာလေ။

    ရှက်ဖို့ကောင်းတာက ပြည်ပကအဆင့်မြင့်ကားတွေက်ို သူတို့ဘဲထုတ်သလို အယောင်ပြထုတ်လုပ်ရေး လုပ်သူတွေရယ်… ဌာနတွေက စားဖားတွေရယ်…မူဝါဒကို လိုသလိုဆွဲသုံးနိုင်အောင်လုပ်နိုင်တဲ့ အဆင့်ရောက်နေတဲ့ ဝန်ကြီးဆိုသူတွေရယ် ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ လုပ်ကြံမှု့လို့ဘဲပြောချင်ပါတယ်။

    ဘယ်သူတွေနစ်နာလဲ… ပြည်သူတွေနဲ့နိုင်ငံတော်ပါဘဲ။ ကားခိုးထုတ်တဲ့တိုင်းပြည်ဖြစ်အောင်လုပ်ခဲ့ကြ တာလေ။ တိုယိုတာက အဆင့်မြင့်အရာရှိတယောက် နဲ့တွေ့တုံးကဘာပြောတယ်ထင်လဲ .. ကောင်လေး တဲ့ ငါတို့ကားတွေထုတ်ဖို့နှစ်ပေါင်း ဆယ်နဲ့ချီကြိုးစားခဲ့ရတာတဲ့… ကားမှာတပ်ထားတဲ့ မူလီတလုံးရဲ့သက်ရောက်မှု့ ဘယ်လောက်ရှိလဲ လေ့လာပြီးမှ ထုတ်ခဲ့တာတဲ့။ ဒါတောင်မှ ခဏခဏပြသနာတွေတက်လို့ရှင်းနေရတဲ့အချိန်မှာ မင်းတို့တိုင်းပြည်က ငါတို့ကားတွေ ကိုပြည်တွင်းထုတ်ပြောနေတာ.. သနားဖို့ကောင်းတယ်တဲ့။ တစုံတခုပြသနာရှိလာရင် ငါတို့တာဝန်ကင်းတယ်တဲ့။ မင်းတို့တိုင်းပြည်မှာ Consumer Rights ကောင်းကောင်းပေါ်လာရင်တော့ အခုပြည်တွင်းထုတ်ဆိုတဲ့ကားတွေဝယ်စီးတဲ့သူတွေအတွက် ငွေတွင်းဘဲတဲ့။ စွဲလိုက်ကြ တရား.. ရလိုက်မဲ့လျှော်ကြေးတွေတဲ့… ကဲ.. ကောင်းကြသေးလား

    ညောင်ပင်မှာ ဆိုင်းဘုတ်တင်… ကားထုတ်လုပ်ရေးဆိုပြီး ပြည်သူကိုလိမ်ခဲ့တဲ့သူတွေ၊ လိမ်ချင်အောင် မူပြင်ပေးတဲ့သူတွေ၊ မသိချင်ယောင်ဆောင်ပြီးနှာစေးနေခဲ့သူတွေအတွက် ထိုက်တန်တဲ့ သက်ရောက်မှု့ တခုတော့ရှိစေချင်ပါတယ်။ ဒါမှလဲ Business Ethic ကိုနောင်လာနောင်သားတွေ နားလည်သွားအောင် လို့ပါ။

    အခုတော့ မြို့ထဲသွားရင်တွေ့နေကြဖြစ်တဲ့ ရှမ်းစတား၊ DBM လို၊ TMလို နံပါတ်မြင့် ပြည်တွင်းထုတ် အမှိုက်တွေကို အစိုးရက ဘယ်လိုဖြေရှင်းမလဲဆိုတာ အရမ်းသိချင်နေပါတယ်။

    အင်း.. ကျနော့်အမြင်ကတော့ အားလုံးကိုသာ အရည်ကြိုပစ်လိုက်ရင်ဘယ်လောက်ကောင်းမလဲလို့။

    • the best

      February 23, 2012 at 9:29 am

      အားလုံးကို အရည်ကြိုပစ်လိုက် ပါ။
      အောင်တောင်း ဆိုးသိန်း အရင် အရည်ကြိုပစ်လိုက် ပါ။

Leave a Reply