မန္တလေးဂေဇက်ဧ။်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀၀ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။

ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒ္ဓါတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း ၊ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ကားပေးသုံးပါသော ကိုဘလက်ချော ၊ မနိုဗွီ နှင့် ကိုအမ်လုလင်တို့အားလည်းကောင်း ၊ အလှူခံပို့စ်ကို အချိန်ကြာမြင့်စွာ sticky လုပ်ပေးထားပါသော Admin ကိုခိုင်အားလည်းကောင်း ၊ အမှတ်တရ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပေးသူများအားလည်းကောင်း ၊ အတူလိုက်ပါ လှူဒါန်းသူများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိပါသည် ။

ကျွန်မတို့စာဖတ်သူများ၊ ရွာသူရွာသားများ ဧ။် ယုံကြည်စိတ်နှင့် တူညီစွာ ပူးပေါင်း ဆောင်ရွက်လှူဒါန်းခဲ့ကြသော အလှူတစ်ခု ပြီးမြောက်ခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်မိပါသည် ။ အတူမလိုက်နိုင်ခဲ့သော ရပ်ဝေး ရပ်နီးမှ စာရေးသူများ ၊ စာဖတ်သူများနှင့် အလှူရှင်များကိုလည်း အမျှပေးဝေ ချင်ပါသည် ထပ်တူထပ်မျှ ရကြပါစေ ။

အမျှ … အမျှ … အမျှ … 

မန္တလေးဂေဇက်ပထမဆုံးအလှူအတွက်  ကောက်ခံရရှိသော အလှူငွေနှင့် လှူဒါန်းသူများ စာရင်း

 

အမှတ်စဉ် နေ့စွဲ အလှူရှင်နာမည်  အလှူငွေ (ကျပ်)
1 7-Jan-12 Novy 20,000
2 7-Jan-12 စုံစုံ 10,000
3 7-Jan-12 အာဂ+နွယ်ပင် 15,000
4 7-Jan-12 မမ 10,000
5 7-Jan-12 ဆူး 10,000
6 7-Jan-12 FR 30,000
7 7-Jan-12 ဦးဦးပါလေရာ 15,000
8 7-Jan-12 htet way 10,000
9 7-Jan-12 fatty 10,000
10 7-Jan-12 ပဒုံမ္မာ 10,000
11 7-Jan-12 nozomi 10,000
12 7-Jan-12 M-လုလင် 10,000
13 7-Jan-12 AKKO & Etone 30,000
14 9-Jan-12 မျိုးဟန်ထွန်း 10,000
15 9-Jan-12 ဒေါ်အိအိရှိန် 30,000
16 9-Jan-12 small cat 50,000
17 11-Jan-12 fatty cat 10,000
18 11-Jan-12 ရောင်ခြည်ခ  20,000
19 11-Jan-12 water-melon 10,000
20 11-Jan-12 ရွှေမင်းသား 20,000
21 12-Jan-12 ဦးစိုးတင့် 30,000
22 15-Jan-12 TTNU & ကိုဆန်နီ 50,000
23 15-Jan-12 Pooh 20,000
24 15-Jan-12 who who 10,000
25 15-Jan-12 အန်ကယ်ကြီး 5,000
26 15-Jan-12 ကိုပေါက် 10,000
27 15-Jan-12 ကိုပေ+မဒမ်ပေ 30,000
28 15-Jan-12 ကိုစိန်သော့ 10,000
29 15-Jan-12 ရွှေတိုက်စိုး 30,000
30 15-Jan-12 rose 10,000
31 15-Jan-12 thurazaw 3,000
32 16-Jan-12 Xman 10,000
33 20-Jan-12 ကိုအောင်နိုင်+မချယ်ရီ 30,000
34 22-Jan-12 Taw Twin Pyaw 50,000
35 26-Jan-12 အမည်မဖော်လိုသူ မန်ဘာ 30,000
36 27-Jan-12 ရွာစားကျော် 5,000
37 1-Feb-12 Shwe Ei 10,000
38 2-Feb-12 ko aung 100,000
39 2-Feb-12 Big Cat 30,000
40 2-Feb-12 Oo Oo 10,000
41 2-Feb-12 ba gyi 10,000
42 3-Feb-12 Ko Myo (DOHA) 20,000
43 3-Feb-12 ကိုကျော်မွန်ခန့် 15,000
44 4-Feb-12 အမတ်မင်း 20,000
45 4-Feb-12 The Nu Aye (TNA) 50,000
46 7-Feb-12 Black Chaw 10,000
47 9-Feb-12 Wei Wei 10,000
48 11-Feb-12 ကိုစည်သူထွန်း(အင်္ဂလန်) 100,000
49 11-Feb-12 ရွှေဘိုသား 10,000
50 11-Feb-12 Wan Wan 5,000
51 11-Feb-12 မိုးကြိုးသွား 15,000
52 11-Feb-12 တညင်သား 30,000
53 11-Feb-12 အမည်မဖော်လိုသူ 70,000
54 11-Feb-12 Hui Chu (USA) 100,000
55 12-Feb-12 King 10,000
56 12-Feb-12 Ju Ju Ma 20,000
57 12-Feb-12 Pan Pan 5,000
58 12-Feb-12 Yin Nyein Nway 2,000
59 12-Feb-12 Ei Ei Moe 15,000
60 12-Feb-12 Uncle Lay 30,000
61 12-Feb-12 Chartoolan 10,000
     TTL 1,380,000

 

Photo : M- Lulin

 

 

photo : M- Lulin (ရွှေတိုက်စိုးရဲ့ ဟန်းမိတ်လက်ရာ အလှူငွေကဒ်ပြားလေးပါ ... အလှူရှင်တွေက သွားလှူမယ့်မနက်ထိ ၀ိုင်းထည့်နေသေးတာကြောင့် ... ကားပေါ်ရောက်လို့ စာရင်းပေါင်းပြီးမှ ကမန်ကတန်း စာလုံးကပ်ရတဲ့ ... လက်ဖြစ်အမှတ်တရလေးပါ )

 

အလှူရှင်များကိုယ်စား AKKO မှ အလှူငွေပေးအပ်စဉ် (photo : M- Lulin)

 

 

 

 

 

 

 

 

 

 

(ဗျို့သဂျီး … အရင်ကဆို .. insert လုပ်ထားတဲ့  ဓါတ်ပုံကိုထောက်လိုက်တာနဲ့ …. ဘေးထောင့်ကနေ လိုတဲ့ဆိုဒ်ဆွဲချုံ့လို့ ရတယ် .. အခု မရတော့ဘူး ….   :(     )

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!