မန္တလေးဂေဇက်ဧ။် ပထမဆုံးစုပေါင်းအလှူ အောင်မြင်စွာပြီးဆုံးခြင်း နှင့် ကျေးဇူးတင်ရှိခြင်း

etoneFebruary 13, 201217min38382

 

မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။

ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း ၊ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ကားပေးသုံးပါသော ကိုဘလက်ချော ၊ မနိုဗွီ နှင့် ကိုအမ်လုလင်တို့အားလည်းကောင်း ၊ အလှူခံပို့စ်ကို အချိန်ကြာမြင့်စွာ sticky လုပ်ပေးထားပါသော Admin ကိုခိုင်အားလည်းကောင်း ၊ အမှတ်တရ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပေးသူများအားလည်းကောင်း ၊ အတူလိုက်ပါ လှူဒါန်းသူများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိပါသည် ။

ကျွန်မတို့စာဖတ်သူများ၊ ရွာသူရွာသားများ ဧ။် ယုံကြည်စိတ်နှင့် တူညီစွာ ပူးပေါင်း ဆောင်ရွက်လှူဒါန်းခဲ့ကြသော အလှူတစ်ခု ပြီးမြောက်ခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်မိပါသည် ။ အတူမလိုက်နိုင်ခဲ့သော ရပ်ဝေး ရပ်နီးမှ စာရေးသူများ ၊ စာဖတ်သူများနှင့် အလှူရှင်များကိုလည်း အမျှပေးဝေ ချင်ပါသည် ထပ်တူထပ်မျှ ရကြပါစေ ။

အမျှ … အမျှ … အမျှ … 

မန္တလေးဂေဇက်ပထမဆုံးအလှူအတွက်  ကောက်ခံရရှိသော အလှူငွေနှင့် လှူဒါန်းသူများ စာရင်း

 

အမှတ်စဉ် နေ့စွဲ အလှူရှင်နာမည်  အလှူငွေ (ကျပ်)
1 7-Jan-12 Novy 20,000
2 7-Jan-12 စုံစုံ 10,000
3 7-Jan-12 အာဂ+နွယ်ပင် 15,000
4 7-Jan-12 မမ 10,000
5 7-Jan-12 ဆူး 10,000
6 7-Jan-12 FR 30,000
7 7-Jan-12 ဦးဦးပါလေရာ 15,000
8 7-Jan-12 htet way 10,000
9 7-Jan-12 fatty 10,000
10 7-Jan-12 ပဒုံမ္မာ 10,000
11 7-Jan-12 nozomi 10,000
12 7-Jan-12 M-လုလင် 10,000
13 7-Jan-12 AKKO & Etone 30,000
14 9-Jan-12 မျိုးဟန်ထွန်း 10,000
15 9-Jan-12 ဒေါ်အိအိရှိန် 30,000
16 9-Jan-12 small cat 50,000
17 11-Jan-12 fatty cat 10,000
18 11-Jan-12 ရောင်ခြည်ခ  20,000
19 11-Jan-12 water-melon 10,000
20 11-Jan-12 ရွှေမင်းသား 20,000
21 12-Jan-12 ဦးစိုးတင့် 30,000
22 15-Jan-12 TTNU & ကိုဆန်နီ 50,000
23 15-Jan-12 Pooh 20,000
24 15-Jan-12 who who 10,000
25 15-Jan-12 အန်ကယ်ကြီး 5,000
26 15-Jan-12 ကိုပေါက် 10,000
27 15-Jan-12 ကိုပေ+မဒမ်ပေ 30,000
28 15-Jan-12 ကိုစိန်သော့ 10,000
29 15-Jan-12 ရွှေတိုက်စိုး 30,000
30 15-Jan-12 rose 10,000
31 15-Jan-12 thurazaw 3,000
32 16-Jan-12 Xman 10,000
33 20-Jan-12 ကိုအောင်နိုင်+မချယ်ရီ 30,000
34 22-Jan-12 Taw Twin Pyaw 50,000
35 26-Jan-12 အမည်မဖော်လိုသူ မန်ဘာ 30,000
36 27-Jan-12 ရွာစားကျော် 5,000
37 1-Feb-12 Shwe Ei 10,000
38 2-Feb-12 ko aung 100,000
39 2-Feb-12 Big Cat 30,000
40 2-Feb-12 Oo Oo 10,000
41 2-Feb-12 ba gyi 10,000
42 3-Feb-12 Ko Myo (DOHA) 20,000
43 3-Feb-12 ကိုကျော်မွန်ခန့် 15,000
44 4-Feb-12 အမတ်မင်း 20,000
45 4-Feb-12 The Nu Aye (TNA) 50,000
46 7-Feb-12 Black Chaw 10,000
47 9-Feb-12 Wei Wei 10,000
48 11-Feb-12 ကိုစည်သူထွန်း(အင်္ဂလန်) 100,000
49 11-Feb-12 ရွှေဘိုသား 10,000
50 11-Feb-12 Wan Wan 5,000
51 11-Feb-12 မိုးကြိုးသွား 15,000
52 11-Feb-12 တညင်သား 30,000
53 11-Feb-12 အမည်မဖော်လိုသူ 70,000
54 11-Feb-12 Hui Chu (USA) 100,000
55 12-Feb-12 King 10,000
56 12-Feb-12 Ju Ju Ma 20,000
57 12-Feb-12 Pan Pan 5,000
58 12-Feb-12 Yin Nyein Nway 2,000
59 12-Feb-12 Ei Ei Moe 15,000
60 12-Feb-12 Uncle Lay 30,000
61 12-Feb-12 Chartoolan 10,000
     TTL 1,380,000

 

Photo : M- Lulin

 

 

photo : M- Lulin (ရွှေတိုက်စိုးရဲ့ ဟန်းမိတ်လက်ရာ အလှူငွေကဒ်ပြားလေးပါ ... အလှူရှင်တွေက သွားလှူမယ့်မနက်ထိ ဝိုင်းထည့်နေသေးတာကြောင့် ... ကားပေါ်ရောက်လို့ စာရင်းပေါင်းပြီးမှ ကမန်ကတန်း စာလုံးကပ်ရတဲ့ ... လက်ဖြစ်အမှတ်တရလေးပါ )

 

အလှူရှင်များကိုယ်စား AKKO မှ အလှူငွေပေးအပ်စဉ် (photo : M- Lulin)

 

 

 

 

 

 

 

 

 

 

(ဗျို့သဂျီး … အရင်ကဆို .. insert လုပ်ထားတဲ့  ဓါတ်ပုံကိုထောက်လိုက်တာနဲ့ …. ဘေးထောင့်ကနေ လိုတဲ့ဆိုဒ်ဆွဲချုံ့လို့ ရတယ် .. အခု မရတော့ဘူး ….   🙁     )

 

 

82 comments

  • thuyazaw21451

    February 13, 2012 at 11:03 am

    မအိတုံရေ အဲလိုအလှူငွေပေးအပ်စဉ်မှာ သူရဇော်တစ်ယောက် အပေါက်ဝမှာ ငုတ်တုတ်လေးရှိနေပါကြောင်း………… အော ဒါနဲ့ အမှတ်တရ ရေးထားတဲ့ စာလေးတွေ Scan ဖတ်ပြီး တင်သင့်သည်ဟု ထင်မိပါကြောင်း

    • Shwe Tike Soe

      February 13, 2012 at 12:46 pm

      အဲဒါကြောင့်ပြောတာ ပန်းရောင်ဝမ်းဆက်လေးဝတ်ခဲ့ပါဆိုတာ… ဝတ်မလာတော့ ဘယ်သူမှမသိတာပေါ့.. 😀

      • etone

        February 13, 2012 at 1:12 pm

        အဟီး .. ကျွန်မတို့လည်း ပန်းရောင်ဝမ်းဆက်ဝတ်လာမယ့် ကိုကာလသားကြီးကို စောင့်ပါသေးတယ် … ။ ပန်းရောင်နဲ့တူတာ မတွေ့လို့ … မခေါ်မိလိုက်ခြင်းပါ … ။

        ကိုသူရဇော်ရေ မရို့စ်ရောက်နေတော့ … အတူတူရှိနေမယ် မှတ်တာ …… ။ နောက်ကျလို့ အပေါက်ဝက မပြန်သွားပဲ အားလုံးကို လာတွေ့တာ ကျေးဇူးတင်ပါတယ် ။

        • thuyazaw21451

          February 13, 2012 at 1:51 pm

          နောက်ကျလဲ အပေါက်ဝကလှည့်မပြန်ပဲ အပေါက်ဝက ညီလေးကို မေးပြီးမှ အမြန်ဆုံးနည်းနှင့် ပြေးဝင်လာခဲ့ရပါသည်……… မှီရုံလေးပဲနော့်……….. တစ်ခုကျန်နေသေးတယ်ဗျ မှောင်ပြီး ချောတဲ့ဦလေးကြီးလေ (13)ကြိမ်မြောက် လေ ဟဲ 😀 ဦးဘလက်ကြီးပေါ့နော် အအေးများလဲ ချိုမြပါတယ်………… ကျေးဇူးများလဲ တင်ရှိပါတယ်၊ ဂေဇက်သူ/သား အားလုံး ကို ပန်းရောင် ဝမ်းဆက် မဝတ်ပဲလာခဲ့မိသည့်အတွက် အထူးတလည် တောင်းပန်ပါကြောင်း……. ဆန်သေးပါနှင့်တူသည့် (ကိုဖက်ကပ်လေသံအတုခိုးလိုက်သည်) အစ်မကြီး မအိတုံကို ကျေးဇူးတင်ချိပါကြောင်း……………..

  • Burmese or Chinese

    February 13, 2012 at 11:29 am

    သာဓု…သာဓု…သာဓု…

  • nozomi

    February 13, 2012 at 11:41 am

    သာဓု သာဓု သာဓု ပါဗျာ

    တူသောအကျိုး အားလုံးရကြပါစေ

    ( ဒါ့ထက် စကားအတင်းစပ်ရရင်
    အမည် မဖော်လိုသူဆိုတာ သူကြီးလား ? usa က လှူတဲ့ တစ်ယောက်က သူကြီးလား?
    အဲဒါမှ မဟုတ်ရင် နောင်ဘဝ ရေစက်ဆုံကြမှာ စိုးလို့ သူကြီး မပါတာလား 😀 )

  • သာဓု … သာဓု … သာဓု
    ………………………………………….

    အန်းးးးးးး (ကလေးများ အလိုမကျ၍ အော်ဟစ်ခြင်းအနေဖြင့်ဖတ်ပေးပါရန်)
    တားတားက နောက်ဆုံးနေချင်လို့ နောက်ဆုံးမှ နောက်ဆုံးတာကို နောက်ဆုံးမဖြစ်တော့ဘူးးးးးး အဟင့် .. ဗျဲ ..

    …………………………………………
    နောက်တစ်ခါ အတူတကွသွားကြတဲ့ပွဲများရှိရင် လိုက်ချင်မိပါရဲ့
    ခင်မင်စွာဖြင့်
    ပုလင်းမထောင်တဲ့ မင်းကောင် … 😛

    • etone

      February 13, 2012 at 1:20 pm

      ကိုနိုဇိုမီရေ …

      USA က အလှူရှင်ဆိုတာက စာဖတ်သူပါတဲ့ …. အလှူမမှီမှာ စိုးလို့ … ညဘက်ကြီးဖုန်းဆက်ပြီး urgent ငွေလွှဲကာ အလှူမပါလိုက်ရမှာ စိုးလို့ .. အကြိမ်ကြိမ်ဖုန်းဆက်မေးရှာတဲ့ သူပါ ။ သဒါ္ဓတရားထက်သန်မှုကိုတော့ လေးစားမိပါတယ် ။ အိုဗာစီး ဖုန်းခချည်းပဲ အတော်ကုန်သွားမယ်ထင်တယ် … ဒီကြားထဲ ဖုန်းလိုင်းက ကြားတစ်ချက်မကြာတစ်ချက်နဲ့ … ကြာသင့်ချိန်ထက် ပိုမိုကြာသွားတယ် … ။ အားတောင် နာမိပါတယ် ။

      မောင်ကင်းရေ … ။

      ချိန်းထားတဲ့နေရာက နေပူနေပါလျှက် မတွေ့မှာ စိုးလို့ .. နေပူထဲကနေ တစ်ယောက်တည်း ထီးထီးကြီးလာစောင့်နေတဲ့ပုံလေး မျက်လုံးထဲက မထွက်သေးဘူး … ။ တကူးတကရောက်လာပြီး … အချိန်မှီလေး ပါဝင် လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ် … ။
      နောက်ဆုံးမှာ နေချင်လည်း ပြောရော့ပေါ့ …. အစ်မကလက်ခံရရှိတဲ့ အစဉ်အတိုင်း ရေးလိုက်မိလို့ပါ … ။

      • Thel Nu Aye

        February 13, 2012 at 1:34 pm

        ကိုဖက်ကက်စကားငှားပြောရရင်မောင်ကင်းကိုလဲ စိတ်ကူးနဲ့ လက်တွေ့…တက်တက်စင်အောင် လွဲပါသည်… ဟီဟိ

        • စိတ်ကူးက ဘယ်လိုပုံလေးပါလိမ့် သိချင်မိပါရဲ့
          ကျွန်တော်လည်း စိတ်ကူးထဲမှာ ရွာသူ/သားတွေကို မြင်ကြည့်ထားတယ်
          ခက်တာက မှန်းကြည့်လို့မရတဲ့ ရွာသားလားရွာသူလားမသိတဲ့ ၂ ယောက်တော့ရှိတယ်
          အဲဒါက ဘကြီးပုနဲ့ ဖြိုးလေ … 😛
          ရွာသူတွေက မိန်းကလေးတွေနဲ့တူပြီး ရွာသားတွေက ယောကျင်္ားတွေနဲ့တူမယ်လို့ စိတ်ကူးထဲမှာမှန်းထားတာ … 😛 😀

        • Thel Nu Aye

          February 13, 2012 at 4:02 pm

          မောင်ကင်းဆိုတော့ ခန့်ခန့်ကြီးကြီးမှတ်ပါ၏။
          ကင်းကောင်လား( လူရွှင်တော်မဟုတ်ပါ ) ဂေါ်ဇီလာ လားပေါ့လေ။

  • jujuma

    February 13, 2012 at 11:44 am

    နောက်ထပ်နောက်ထပ်လည်း ယခုကဲ့သို့ လှူနိုင်ရပါစေသားး

    ကိုနက်ရှင်ကြီးကကောင်းပေသောကြောင့် တစ်ပုံသာလျှင်မြင်တွေ့ရပါကြောင်းး

    အအေး ဒါနပြုပါသော ကိုဘလက်ချော ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းး

    • Shwe Tike Soe

      February 13, 2012 at 12:50 pm

      ဟုတ်ပဗျာ ကိုဘလက်ကြီး ဒါနပြုတဲ့ အအေးသောက်လိုက်ရတော့ ရင်ထဲမှာ ပီတိတွေဝေပြီး အေးချမ်းသွားတာပါပဲ
      ကိုဘလက်ကြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ. ပျော်ပျော်ရွှင်ရွှင် အပူအပင်ကင်းဝေးပြီး ကျန်းမာချမ်းသာစွာ နေထိုင်နိုင်ပါစေလို. ဆုတောင်းလိုက်ပါရစေဗျားးးးးးး 😀

      • etone

        February 13, 2012 at 3:36 pm

        ဦးဘလက်ချောကြီးရဲ့ မင်္ဂလာနှစ်ပတ်လည်မှန်း မသိလို့ … အမှတ်တရ စာကြောင်းလေးတွေတောင် ချမရေးဖြစ်လိုက်ရဘူး … ။
        ဦးဘလက်ကြီးတိုက်တဲ့ အအေးသောက်ပြီး …. ပူလွန်းတဲ့ နေရောက်အောက် အေးချမ်းသွားပါတယ် … ။

        နောင်နှစ်ပေါင်းများစွာတိုင်အောင် မဒမ်ဘလက်နဲ့အတူ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ဘဝနေ့ရက်များစွာကို ချောမွေ့စွာ ကျော်ဖြတ်နိုင်ပါစေလို့ … ဆုတောင်းပေးပါတယ်နော် …

  • နွယ်ပင်

    February 13, 2012 at 11:49 am

    သာဓု … သာဓု … သာဓု ပါ
    နောက်ထပ် နောက်ထပ်လည်း အခုလို လှူခွင့်ရချင်ပါသေးတယ် …

  • ကြောင်ကြီး

    February 13, 2012 at 11:50 am

    နေဇမ်းဘာအုံး…စတင်ဆော်ဩသူက ဒေါက်တာအောင်ကျော်ကျော်ဦး..ကျေးဇူးတင်ကြေးဆို သူကတင်ရမှာ…..ညည်းနဲ့သူနဲ့ ဘာဆိုင်လို့ဒုံး…။ ငါ့ဥကိုလာမလုနဲ့နော်..တရွာလုံးကို ဆပ်ဆမိုင်နာအလံ ထူပစ်လိုက်မယ်..။ 😡

  • Mလုလင်

    February 13, 2012 at 11:54 am

    သများ ပုံလဲ မပါဘူး …. သများ ဝမ်းနည်းတယ် ဒါဗြဲ ..
    မျက်နှာ တွေနဲနဲ ကွယ်နေတယ်။:oops: သည်ညည်း ခံပေးကြပါလို့ :mrgreen:
    နောက် group ပုံ လေးတွေ ကျန်ပါသေးတယ်။ email လေးတွေ ပို့ပေးကြပါလို့။
    လေးစားစွာဖြင့်
    Mလုလင်

    • Thel Nu Aye

      February 13, 2012 at 3:24 pm

      M လုလင် email ပို့လိုက်မယ်။ ဒါ့ပုံပို့ပေးပါအုံး။

  • Ma Ei

    February 13, 2012 at 11:54 am

    etone ရေ..မှတ်တမ်းလွှာလေးဘဲ ကူးထားလိုက်တော့မယ်..
    နောက်အလှူမှလိုက်တော့မယ်နော်..etone က
    ဓါတ်ပုံထဲက ဘယ်သူလဲ…သိချင်သား….

    • Novy

      February 13, 2012 at 12:09 pm

      အိတုံ ဆိုတာ Group ပုံတွေထဲက အချောဆုံးတစ်ယောက်ပေါ့

      • etone

        February 13, 2012 at 12:48 pm

        အဟီး .. အစ်မနိုဗွီ ပြောတာ ဟုတ်ဧ။် .. မှန်ဧ။် …
        ချောလွန်းလို့ ..သံဘရတ်ရှ်နဲ့ … တိုက်ချင်တယ်လို့ … ခဏခဏ ပြောခံရပါကြောင်း … ။ 😆

        အန်တီအိရေ … ကိုယ့်ချင်းကိုယ့်ချင်းတွေ … အဲ့လိုနောက်ရဘူးလေ … ။ သိချင်လျှင် နှစ်ယောက်တည်း တွေ့တဲ့အခါပြောပြမယ် .. ဆိုက်ထဲမှာတော့ မဖော်ရဘူးနော် .. ဟဲဟဲ …. :mrgreen:

    • nigimi77

      February 13, 2012 at 2:48 pm

      ဟိုဗျာ….အီးဒုံး ဆိုတာ ဟို အသားမည်းမည်း ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ ့

      အညာသူမကို ပြောတာ…….. 🙂

      ခဲ မမှန်ခင် ဒိုးပြီ………ဗရစ်ဗရစ်ဗရစ်……..

    • char too lan

      February 13, 2012 at 3:20 pm

      ပုံနားလေးကိုကပ်ရှုကြည့်လိုက် အနံ့ထွက်နေရင် etone ပဲ……. :mrgreen: သူကတန်ဖိုးကြည့်ရေမွှေးတွေသုံးတယ်လို့ပြောဒါဘာ 😉

  • FattyCat

    February 13, 2012 at 12:03 pm

    အော်ကြောင်ကြီးရယ်….
    ခက်ပါပေ့….
    သူတို့က မြေပဲစေ့လို နှစ်ခြမ်းပေါင်းမှ တစ်စေ့ဖြစ်တာ…

    • etone

      February 13, 2012 at 4:44 pm

      အံမယ် … ဟိုလူဂျီး ..သူများကိုပြောမနေနဲ့ … ။
      ခိုင်းထားတဲ့အိမ်အလုပ်တွေ မပြီးလို့ မိန်းမလစ်တုန်း … အမြန်ထွက်လာတဲ့အကြောင်း ၊ဇောချွေးများပင် ဘူးသီးလုံးလောက်ကျနေတဲ့အကြောင်း … ဖွလိုက်ရလျှင်တော့ … ဟဲဟဲ … 😀 😀

  • (ဓါတ်ပုံထဲက ဘယ်သူလဲ…သိချင်သား….)
    အဲဒါတော့သိလို့ရမယ်မထင်ဘူး။
    ကျနော်လာတုံးက(7-1-2012)နေ့က အဖွဲ့တွေဓါတ်ပုံတွေရိုက်ထားတာတောင် မတင်ပါနဲ့လို့
    ပြောထားလို့ မတင်ဘူးဗျ။
    တွေ့ဆုံပွဲအကြောင်းတောင် ပိုစ်တစ်ခုအနေနဲ့မေရးဘဲထားလိုက်တာလေ။
    ဒီတစ်ခေါက်အလှူလုပ်တဲ့ပုံမှသာ ဓါတ်ပုံတွေကို အတင်ခံတာလေ။.
    အဲတော့ ဘယ်သူ ပုံက ဘယ်သူလဲဆိုတာကို သိချင်ရင် တိုးတိုးတိတ်တိတ်မေးရင်တော့ သိရလိမ့်မယ်နော်။

  • Ma Ei

    February 13, 2012 at 12:11 pm

    ကိုပေါက်ရေ ..etone ကဘယ်တစ်ယောက်လဲဟင်..
    (တိုးတိုးလေး မေးထားသည်)။

  • Ma Ei

    February 13, 2012 at 12:35 pm

    မနိုရေ…ရွာသူ/ရွာသား တွေအားလုံး စိတ်ထားလှလို့
    လူတွေအားလုံး..အလှကိုယ်စီနဲ့ပါကွယ်..etone ကိုတော့
    အလှူအတွက်..phone ပြောဘူးလို့ မေးမိတာပါ..
    စာဖတ်ရင်း/ဓါတ်ပုံတွေကြည့်ရင်း..အားလုံးကိုခင်မိလို့
    ရွာသူ..ဖြစ်လာတာပါ…

  • aungnng87

    February 13, 2012 at 12:48 pm

    နောက်ထပ်ပုံတွေရှိရင်တင်ပေးပါဦး။ ကြည့်ရတာအားမရဘူး။

  • amatmin

    February 13, 2012 at 1:03 pm

    ဒေါ်အိတုန်ရေ..ပြောစရာ ဘာမှမရှိအောင်ပြည့်စုံလွန်းလို့ လက်ကလေးတချောင်းပဲ အသာမြှောက်ခဲ့ကြောင်းနှင့်……
    ဒါနဲ့ ဆရာ AKKO ကို နာမည်ကြီးတပ်ပေးထားပါလား.. 🙂

  • Thel Nu Aye

    February 13, 2012 at 1:42 pm

    အိတုန်ရေဓါတ်ပုံတွေကိုအမဆီလဲပို့ပေးပါအုံး။

  • Rose Minn

    February 13, 2012 at 1:52 pm

    -ကိုဘလက် လဲ မဒမ်ဘလက်နဲ့ မင်္ဂလာသက်တမ်း13 နှစ်မှသည် သားသမီးမြေးဖြစ်များနှင့်အတူ နှစ်တရာတိုင်ပါစေကြောင်း။ အအေးတိုက်သလို ဘဝမှာစမ်းရေ အလားအေးချမ်းပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ်။
    -လောလော နဲ့ပြန်သွားတာ မနိုရဲ့ ကင်ချီတောင်မမွှေးရ ၊မကြည့် လိုက်ရဘူး။ စားဖို့နေနေသာသာနော်……….။ 🙂 😀

  • kai

    February 13, 2012 at 2:05 pm

    အလှူရှင်များကိုယ်စား AKKO မှ အလှူငွေပေးအပ်စဉ် (photo : M- Lulin)

    အဲဒီဓါတ်ပုံလေးကို… Original resolution နဲ့ပို့ပေးကြပါနော..။

    ဒီလပါသွားစေချင်လို့ပါ..။ အခုသတင်းစာ.. အပြီးသတ်နေပါတယ်..။
    အဟမ်း..
    ဒီလ သတင်းစာတော့.. အားလုံးစောင့်ဖတ်ကြစေလိုပါတယ်..
    .. တော်တော်ခရီးသွားမဲ့.. “ခရီးဆန့်သတင်းစာ”ဖြစ်မှာပါ…။
    အင်တာဗျူးနဲ့..ဆောင်းပါးတွေလည်း.. ကောင်းတယ်လေ..။ :mrgreen:

    • nozomi

      February 13, 2012 at 2:19 pm

      ဆရာခိုင် သတင်းစာကို ဘယ်လို ဖတ်ရမလဲ
      တစ်စောင်ကတော့ မေးထဲကို ပို့ပေးလို့ ဖတ်ဖူးတယ် ၊ နောက်ပိုင်း မရတော့ဘူး
      ရှာဖတ်လို့ ရမဲ့ နည်းလေး ပြောပြပါဦး

      ( ကြုံတုန်းလေး တစ်ခါတည်း ပြောလိုက်ပါဦးမယ် ၊သူကြီး ပို့ပေးတဲ့ အကျီ ရပါတယ် အရောင်လဲလှတယ် ဆိုဒ်လဲ တော်ပါတယ် ၊ နောက်နှစ်တွေကျလဲ မှန်မှန်ပို့ပေးပါဦး နော..)

    • etone

      February 13, 2012 at 2:24 pm

      ဗျို့သဂျီးရေ…
      ကိုအမ်လုလင်ဆီ ဖုန်းဆက် အကြောင်းကြားပေးထားပါတယ် … ။ အခု ကိုးနက်ရှင် ဒုက္ခပေးနေလို့ … ဒီနေ့ ညကျမှ .. ပို့ပေးလိုက်ပါမယ်တဲ့ … ဒါ့ပြင် တခြားပုံတွေပါပို့ပေးပါမယ်တဲ့ သဂျီး စိတ်ကြိုက်ရွေးလို့ ရအောင်ပါတဲ့လေ …. ။

      • kai

        February 13, 2012 at 3:29 pm

        @nozomi
        သတင်းစာပီဒီအက်ဖ်တင်တဲ့..ဆာဗာက.. ပြီးခဲ့တဲ့..တပါတ်ကတင်.. လက်စွမ်းပြပြီး ကိုယ်ဖာကိုယ်အပ်ဒိတ်လုပ်လိုက်တာ.. ကြွသွားလေရဲ့…။
        ဘယ်လိုလုပ်ရမလည်း ..တွေးနေ..စဉ်းစားနေတုံး..။ 😕

        @etone
        ကျေးဇူး…

        ဒီသတင်းစာကို.. ရန်ကုန်က.. အမေရိကန်စင်တာကို… ပို့မယ်လို့.. စိတ်ကူးထားတယ်..။
        အဲဒါ.. အဆက်အသွယ်ရှိသူများရှိကြသလားသိချင်ပါတယ်…။
        အဲဒီ.. လိပ်စာလေးပေးလည်း ဖြစ်မယ်ထင်တာပါပဲ…။
        ဒီကနေ.. စာတိုက်က.. တန်းပို့လိုက်ရင်ဖြစ်မလားတော့မသိ…။

        နောင်နှစ်လက်ဆောင်ကို.. ဒီနှစ်..အခုလှူထားသူတွေစာရင်းထဲက ..မဲဖေါက်မလားလို့…။
        ကျုပ်က.. လှူတဲ့သူတွေကို..ပြန်လှု..အဲ..အဲ.. လက်ဆောင်ပေးပြီး.. သူတို့ရထားတဲ့…. ကုသိုလ်ကို..ခေါင်းပုံဖြတ်ချင်တာ…

        အာဟိ..။ 😆

        • padonmar

          February 14, 2012 at 9:35 pm

          သူကြီးတကယ်ကို မသိတာလား????????????
          American Center
          ှု(Information Resource Center)
          14,Taw Win Street
          Dagon Township
          Yangon,Myanmar
          Ph: 95-1-223106,223140
          ဖုန်းနံပါတ်တော့ မပြောင်းလောက်သေးဘူးထင်တာပဲ။

    • Mလုလင်

      February 13, 2012 at 8:01 pm

      သူကြီးရေ . Original resolution နဲ့ ပို့ပေးချင်သော်ညား လဲ . တစ်ပုံကို 7 MB နဲ့ 8 MB နား ရှိသောကြောင့် .. Edit ပြီးသား ပဲ ယူပါနော့ ..
      လေးစားစွာဖြင့်
      Mလုလင်

      • kai

        February 14, 2012 at 1:28 am

        တဝက်လောက်.. CMYK ပြောင်းပြီး ပို့ပေးပါလား…။
        ပုံနှိပ်ရင်.. CMYK မှရတာ…
        =
        အဲ..
        ပုံတွေရပါပြီ..။ ကျေးကျေး..။ ရေးပြီးတော့မှ အီးမေးလ်စစ်တော့တွေ့တာ…။ 😆

        • windtalker

          February 14, 2012 at 7:37 pm

          လက်ဆောင် တဲ့
          လောင်ဆက် တာပေါ့နော်
          ကြားခဲ့တာကတော့
          လက်ဆောင် ဆိုပြီး သွားလောင်တဲ့ လူ လဲ ကျွမ်းခဲ့ဖူးသတဲ့
          လောင်ဆက် လက်ဆောင်

  • စိန်ပေါက်ပေါက်

    February 13, 2012 at 2:48 pm

    ဒေါ်ချောက နောက်တစ်ခေါက်မှ ပေါင်းစား..အဲလေ.ပေါင်းလှူဆိုလို ့
    နောက်တစ်ခေါက်မှ ပေါင်းလှူတော့မယ်နော့်..
    စီစဉ်ကူညီသူအားလုံးကျေးကျေးပါ

  • nozomi

    February 13, 2012 at 4:12 pm

    အခု မှ စဉ်းစားမိလို့ပါ
    ရွာသားတွေ စုပေါင်း အလှူမှာ စိတ်တူ ကို်ယ်တူ တက်တက်ကြွကြွနဲ့ ဒီလောက် စည်ကားပြီး ပျော်ဘို့ ကောင်းနေရင်

    ရွာသူားတွေ ဝိုင်းချစ်ကြတဲ့

    ရွာ့အသည်းကျော် နှစ်ဦး မင်္ဂလာဆောင်ကြရင်?

    မြန်မြန်ဆောင်ပါတော့ ဗျို့
    (ငယ်စဉ် ရုပ်ရှင်မပြသေးခင် ကလေးတွေ ပြပါတော့ ဗျို့ လို့ ဝိုင်းအော်သော အသံနှင့် ဖတ်ရန်)

    • ပုသိမ်သူ

      February 14, 2012 at 8:37 am

    • etone

      February 14, 2012 at 12:57 pm

      အဟီး .. ဟုတ်ပါရဲ့ … ဝါကျွတ်အမှီ မြန်မြန်လုပ်ပါဗျို့ …. ။ (မီးပျက်ရာမှ မီးလာတဲ့အခါ ဝေးး ဟုအော်သံအတိုင်း ဖတ်ရန် ) 😀 😀

      ရောသာ အော်လိုက်ရတယ် …. ဘယ်သူတွေကိုပြောတာပါလိမ့် … 😀

      မင်္ဂလာသတင်းလေး .. ပေးရဦးမယ် …. ဒီနှစ်ထဲ ရွာထဲကတစ်ယောက် မင်္ဂလာဆောင်ပါလိမ့်မယ် … ရဟန်းခံပြီးလျှင် မိန်းမယူလို့ ရပြီမို့ … သင်္ကြန်အထိ မစောင့်နိုင်ပဲ .. ရဟန်းခံမယ်ချည်း တကဲကဲ လုပ်နေတဲ့ ကောင်လေးတစ်ယောက်ပါ … ဘယ်သူများပါလိမ့် … 😉

  • Khaing Khaing

    February 13, 2012 at 4:14 pm

    မအိတုံ ပင်ပန်းရကျိုးလေးနပ်သွားတာပေ့ါ အားလုံးကိုလေးစားချီးကျုး မိပါတယ်..ကုသိုလ်လည်းရ ဝမ်းလည်းဝတာပေ့ါ.. ကိုဘလက်ချောလှူတဲ့အအေးလေးသုံးဆောင်ပြီးတော့…မလှူလိုက်ရလို့ စိတ်မကောင်းဘူး…မမအုံကိုအဲနေ့ဖုန်းဆက်လိုက်တယ် လှူပေးပါလို့ နောက်ကျသွားတယ်

  • blackchaw

    February 13, 2012 at 4:17 pm

    အော် ဒီလူကြီး ခုတလော စိတ်ရိုင်းတွေ ဝင်နေတယ် မှတ်တယ်။
    ခင်ဗျာလေးတွေ ကုသိုလ်ရေးလုပ်နေကြရှာတာကို။
    အေးဆေးအေးဆေး။

  • Moe Z

    February 13, 2012 at 4:23 pm

    မမအိတုန်နဲ့ အလှူမှာငွေအား လူအားပါဝင်ကြတဲ့သူအားလုံးကို လေးစားဂုဏ်ယူပါကြောင်း
    အလှူအတွက်လည်း သာဓုသုံးကြိမ်ခေါ်ပါတယ်နော်
    ပုံတွေတော့မအားသေးလို့ နောက်နေ့မှကြည့်တော့မယ်။

    • etone

      February 13, 2012 at 5:01 pm

      မိုးဇက်ရေ .. ဟက်ပီး ဘတ်ဒေးပါ … အောင်မြင်တဲ့နေ့ရက်များဆီ မြန်မြန်လျှောက်လှမ်းနိုင်ပါစေနော် … ။

  • ရွှေဘိုသား

    February 13, 2012 at 5:16 pm

    ရွာသူရွာသားတွေ စည်းလုံးကြောင်းအလှူတန်းကို အသိတစ်ယောက်မှမပါပဲ အွန်လိုင်းမှသိ အွန်လိုင်းမှခင်ကာ စိတ်တူကိုယ်တူပြုလုပ်ကြကြောင်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ ဒီနေ့ပဲ အလုပ်ကလူတွေကို ကြွားနေတာ အရမ်းပဲ ပျော်ပါတယ်ဗျာ အောင်အောင်မြင်မြင်ဖြစ်မြောက်သွားလို့ ဦးစီးဦးဆောင်ပြုလုပ်ကြတဲ့ ရွာသူရွာသားများနှင့် အလှူရှင်အပေါင်းကိုရော အကြောင်းကြောင့် ကြောင်းမလာနိုင်ကြတဲ့ရွာသားများ စေတနာရှင်များကိုပါ အထူးပဲ ဂုဏ်ပြု သာဓုခေါ်ပါတယ်ဗျာ။

  • ရွှေဘိုသား

    February 13, 2012 at 5:40 pm

    ကျနော်ရွှေဘိုသား များများလှူချင်ပါတယ် သူကြီး အခုစာရင်းအတိုင်းဆို ပြည်ပအလှူရှင်တွေ ပိုလှူနိုင်တယ် သေချာတာတော့ မြန်မာနိုင်ငံတွင်းကအလှူရှင်တွေလည်း စေတနာတော့အများကြီးရှိတယ် အများကြီးပိုလှူချင်တယ်မှာသေချာတယ် ပြည်တွင်းမှာက သိတဲ့အတိုင်းဆိုတော့ ကျနော့်ကိုလည်း ပြည်ပလာလို့ရအောင် ဗီဇာလုပ်ဖို့ပိုက်ဆံလေးနဲ့ လေးယာဉ်လက်မှတ်ကလေးရယ် အလုပ်အကိုင်ကလေးရယ် ကူညီပါဗျာ ဟဲဟဲ

  • တုံကလေးရေ
    မန်းလေးက ရွာသူတစ်ယောက်က လှူမယ်လို့ ဒိနေ့ နေ့လည်လှမ်းဖုန်းဆက်ထားပါတယ်။
    နောက်တစ်ခေါက်အတွက်အစီအစဉ် စမယ်ဆိုရင် လက်ခံပြီး ဘယ်ပို့ပေးရမယ်ဆိုတာပြောပါ။
    ဒါမှမဟုတ် မန်းလေးဘဏ်ကနေအကောင့်ထဲကို လှမ်းထည့်ရင်အဆင်ပြေမလား ။
    နောက်တစ်ခေါက်အတွက် ရှိရင် ရှိသလို လှူထားချင်တဲ့သူတွေရှိလာပါပြီ။
    ဘယ်လိုပုံစံနဲ့ဆက်လုပ်ကြမယ်ဆိုတာ တိုင်ပင်ထားကြရအောင်ပါ။

    • etone

      February 15, 2012 at 9:29 am

      လေးပေါက်ကြီးရေ …. ဟိုးတနေ့က အစ်မ မန္တလာသူ ဖုန်းဆက်ပါတယ် …ငွေကြိုထည့်ထားလို့ရအောင် ဘယ်လို အစီစဉ်ရှိသလဲပေါ့ …. ။ သူများငွေတွေကို လက်ထဲမှာ ကြာကြာကြီး သိမ်းမထားချင်တာကြောင့် … အနားနီးမှ ကောက်ပါမယ်လို့ပဲ ပြောလိုက်ပါတယ် … ။

      အခုလိုမျိုး တစ်လခွဲလောက် အချိန် ယူပြီး … လက်လှမ်း မှီသလောက် ကောက်တာမျိုးပဲ လုပ်မယ် စိတ်ကူးထားတယ် … ဒုတိယ တစ်ကြိမ်ကို လနည်းနည်း ခြားပြီး … အချိန်ကွာဟပြီးမှ လုပ်မယ် စိတ်ကူးတယ် …. ။ အလုပ်က တိုင်ပတ်နေတဲ့ အချိန်၊ ခေါင်းနောက်နေတဲ့ အချိန်တွေဆို … ငွေဝင်လာတဲ့ စာရင်း တိတိကျကျ မလုပ်နိုင်၊ မထုတ်ပြနိုင် မှာ စိုးလို့ လေ ။

      လေးပေါက်ရေ .. ဒီတစ်ခါအလှူကိုတော့ … ရန်ကုန်မြို့မှ မဟုတ်ပါဘူး .. ဘယ်မြို့ ..ဘယ်ပြည်နယ်မှာမဆို … အရမ်းဆင်းရဲ ၊ စုတ်ပြတ်သတ်နေတဲ့ နေရာမျိုး၊ တကယ်လိုအပ်နေတဲ့ နေရာမျိုးကို လေ့လာပြီး လှူဒါန်းကြမယ် စိတ်ကူးတယ် … ။ သမီးတို့ အဖွဲ့တွေက တခြားဆိုက်တွေလို .. ခရီးစရိတ်ဆိုတာမျိုး အလှူငွေထဲက ထုတ်မသုံးတာကြောင့် …. ကိုယ်တိုင် လိုက်လံလှူဒါန်းချင်သူတွေ …. ကားခ ကိုယ့်စရိတ်ကိုယ်ရှင်းစနစ်သုံးမယ် စိတ်ကူးထားတယ် … ။ ပြောမယ့်သာပြောတာ လေးဖက်ရေ…. အားလုံးက ရုံးချိန်ပြည့် အလုပ်လုပ်ကြရတော့ … အလှူရှင်ရော ၊ ကောက်ခံသူတွေပါ .. ပိတ်ရက်လေးတွေမှာ လှူပ်ရှားကြရတာ … ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး ဟိုချိန်းဒီချိန်းလုပ်ကြတာ … အခက်ခဲလေးတွေလည်း ရှိပါတယ် … ။. ဒါပေမယ့် … ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်က လုပ်ပေးကြတော့ …. နောက်ဆုံး အဆင်ပြေပြေဖြစ်သွားခဲ့တယ်လေ … ။ 🙂

  • moe minthar

    February 13, 2012 at 7:06 pm

    အခုလိုတင်ပြပေးလို.့ကျေးကျေးပါ။

  • water-melon

    February 13, 2012 at 7:45 pm

    အမ်း ကျွန်တော်မလိုက်ရလို့ စိတ်ဆိုးတယ်
    နောက်တစ်ခါကျရင် အနောလည်းလိုက်မယ် 😀
    စိတ်ကြည်နူးလိုက်တာဗျာ
    နောက်ထပ်လဲလှူချင်ပြီ။
    မန်းလေးလာလှူပါလားဟင်
    လေးပေါက်က ဆီဒိုနားမှာ အခန်းငှားပေးမယ်တဲ့။
    ကိုပေက ရေကြက်မှာ ထမင်းကျွေးမှာတဲ့
    ကျွန်တော်ကတော့ ဖရဲသီးကျွေးမယ်။

  • Khin Latt

    February 13, 2012 at 9:56 pm

    ထင်တာ ရွှီးရရင်
    – အညိုရောင် မြန်မာ ဝတ်စုံလေးနဲ့က အစ်မပဒုမ္မာ (အစ်မ သာခေါ်ရ ကြည့်ရတာ နုနုလေး – မုသားလုံးဝ မပါ)
    – အကျား ဝမ်းဆက် ဆံပင် ဖြန့်ချ ထားတာ တုံတုံ
    – ဆံပင် အကောက် ချည်အကျင်္ီ လက်ပြတ် လေးက တစ်ပင်ထဲ နွယ်လေး
    – အကျီင်္ အပြာ မျက်မှန် လေးနဲ့ အတော်လေး မျက်နှာ ချို ပုံရတဲ့ နှမငယ် က သဲနု
    – မနို က အကျီင်္ အဆင် အပွင့် လေး နဲ့ ထင်ရဲ့။
    ကျန်သူ တွေ တော့ မှန်းမ ရ။ လွဲ ရင်လဲ ခွင့်လွှတ် ပါခင်ဗျ။

    အားလုံး က စိတ်လဲ လှ၊ လူလဲလှ၊ သဘောကောင်း မနော ကောင်း ပုံလေးတွေ ချည်းဘဲ။
    ဒါကြောင့် လဲ ဒီမှာ တူတာစု နေကြတာ ထင်ပါ့။
    ပြုသမျှ ဒါန ကို ကိုယ်တိုင် မပါဝင်နိုင် ခဲ့ပေမဲ့ လှိုက်လှဲစွာ သာဓု သာဓု သာဓု အနုမောဓနာ ခေါ်ပါတယ်။
    ဒီလူ တွေ နဲ့လဲ အခွင့်ကြုံရင် အပြင်မှာ တကယ်ကြီး တွေ့ချင်ပါတယ်။ 🙂

    • ပုသိမ်သူ

      February 14, 2012 at 8:44 am

      အရီးလတ်ရေ ကျန်တဲ့သူတွေအားလုံးမှန်ပေမဲ့ ”အကျီင်္ အပြာ မျက်မှန် လေးနဲ့ အတော်လေး မျက်နှာ ချို ပုံရတဲ့ နှမငယ် က သဲနု” ကတော့မှားကြောင်းပါ။ အဲဒါရင်ငြိမ်းရယ်။ သများကတော့ပခုံးလေးပဲပါတယ်။ ဟင့်။ ဦးဖက်ပိုစ့်ထဲမှာတော့သများအပြည့်ပါပါကြောင်း။

      စကားအတင်းစပ်။ ဦးဘလက်ပေးထားတဲ့နာမည်ကြိုက်လို့ပြောင်းထားပါကြောင်း။ ကိုနက်ရှင်မကောင်းသေးလို့ကောင်းရင်နာမည်ပြောင်းမုန့်ကျွေးမည်ဖြစ်ပါကြောင်း။

    • etone

      February 14, 2012 at 8:45 am

      ဟီးဟီး အရီးလတ်… တချို့ဟာမှန်ပြီး .. တချို့ဟာ မှားနေသေးတယ် ..ဟီးဟီး … 😀 😀 😀

      စာတွေရေးရင် ခင်မိခဲ့တဲ့ အရီးလတ်နဲ့လည်း အခွင့်ကြုံရင် ဆုံချင်ပါသေးတယ် … ။

  • Mလုလင်

    February 14, 2012 at 12:35 am

    Group Photo များကို သူကြီး ဦးခိုင်၊ ETone နဲ့ ရွှေတိုက်စိုး တို့ စီပို့ပြီးကြောင်း

    လေးစားစွာဖြင့်
    Mလုလင်

  • blackchaw

    February 14, 2012 at 8:47 am

    ခရီးထွက်နေပြီဖြစ်တဲ့ ကိုသစ်မင်းရဲ့ ကွန်းမန့်လေးပါ etone ရေ။

    မြတ်အလှူသို့
    ဖေဖော်ဝါရီလ ၁၂ရက်နေ့ဆိုတဲ့ ပြည်ထောင်စုနေ့မှာ အလွန်မွန်မြတ်သောအလှူကို
    ရွာသူရွာသားများက ဆရာ(ဒေါက်တာ)ကိုအေကေကေအို၊မဧတုန်တို့ဦးဆောင်မှုနှင့်
    ပြီးမြောက်ခဲ့လို့ ဝမ်းသာကြည်နူးရပါတယ်။
    အရမ်းအဓိပါ္ပယ်ပြည့်ဝသော “ဤတွေ့ဆုံပွဲ” မျိုးကိုဖန်တီးနိုင်စွမ်းသူအားလုံးကိုလွန်စွာ
    လေးစားချီးကျူးမိပါတယ်။
    စည်းလုံးနိုင်မှုအင်အားနဲ့ အများရဲ့ညီညွတ်မှုအတွက် အဓိကထားပြီးချီးကျူးမိတာကိုပြောလိုပါတယ်။
    အလှူရှင်များနှင့် အလှူကူများ၊အလှူနှင့်ပါတ်သက်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းစွာ
    လိုအင်များပြည့်ဝကြပါစေလို့ အားလုံးကိုလေးစားစွာဆုမွန်တောင်းအပ်ပါသည်ခင်ဗျား။

    —————————–

    • etone

      February 15, 2012 at 9:39 am

      ခရီးထွက်တာတောင် အီးမေးလ်ကနေ ကော့မန့်လှမ်းရေးပေးတဲ့ကိုသစ်မင်းကိုရော …. ကော့မန့် တင်ပေးတဲ့ ကိုဘလက်ချောကိုပါ … ကျေးဇူးအများကြီးတင်ပါတယ် … ။

      ဒီအလှူဖြစ်မြောက်အောင် ဦးဆောင် လှူပ်ရှားသူများထဲမှာ … ကိုပေါက်(မန္တလေး) နှင့် ရွှေတိုက်စိုးတို့လည်း ပါပါသေးတယ် … ။ သဒါ္ဓတရားနဲ့ ယုံကြည်စိတ်ကို အချိုးချပြီး စုပေါင်းအင်အားနဲ့ ဝိုင်းကူပေးကြတဲ့ စာဖတ်သူ ၊ ရွာသူ ၊ ရွာသားတို့ရဲ့ အားပေးပူးပေါင်းကူညီမှုတွေကြောင့်လည်း …. အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာပါ … ။

  • စုံ စုံ

    February 14, 2012 at 11:28 am

    etone ရေ လူကိုယ်တိုင်မလိုက်နိုင်ခဲ့ပေမယ့်
    ဒီလိုပုံလေးတွေပြန်ကြည့်ရတော့လဲ အရမ်းဝမ်းသာမိပါတယ်
    ရွာသူားတွေအများကြီးနဲ့ပျော်စရာကြီးဘဲနော်
    ဒုတိယအကြိမ်မြောက်လှူဒါန်းမှုမှာလဲ ပါဝင်ချင်ပါသေးတယ်

    • etone

      February 14, 2012 at 2:03 pm

      ဟီး .. ပျော်စရာကြီး .. လာသာလာခဲ့ …. ရုံးကခွင့်တစ်လလောက်ယူပြီး ….. ရန်ကုန်တစ်မြို့လုံးလျှောက်သွားကြမယ် … ။ဟဲဟဲ 😀

      လေးပေါက်ရေ … ဒီအလှူ စလုပ်ဖြစ်တာရော ၊ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တာတွေရောက … မန္တလေးအပိုင်းဘက်ကို တာဝန်ယူပေးတဲ့ .. လေးပေါက်ကြီးရဲ့ စေတနာတွေကြောင့်လည်း ပါပါတယ် …. ။ ဘယ်နှစ်သိန်းတော့ ရပြီဟေ့ လို့ … အားပေးရင်း မမောနိုင်မပမ်းနိုင် အလှူငွေ လိုက်ကောက်ပေးခဲ့တာပါ … ။

  • padonmar

    February 14, 2012 at 9:51 pm

    ရွာသူရွာသားတွေက အားလုံး ကိန်းကြီးခန်းကြီးမရှိပဲ တွေ့လိုက်တာနဲ့ ခင်ခင်မင်မင်ရှိကြလို့လည်း ပျော်ဖို့ကောင်းတာပါ။
    စာတွေဖတ်ပြီး ရင်းနှီးနေတော့ မြင်လိုက်တာနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေလိုဖြစ်သွားကြတာပါပဲ။
    (မလာလိုက်တဲ့သူတွေ မနာလိုအောင်ရေးပြနေတာ ဟဲဟဲ)
    ကိုကျော်သူကတောင် ကျွန်မတို့ တအုံးအုံးနဲ့ ခေါ်ကြပြောကြ ဓာတ်ပုံရိုက်ကြတာကြည့်ပြီး အရင်ကတည်းက သိကြတာလားလို့ ဗျူးနေသေးတယ်။
    အရင်က တစ်ခါနှစ်ခါ ဆုံဖူးတဲ့သူတွေလည်းပါ တစ်ခါမှ မမြင်ဖူးတဲ့သူတွေ လည်းပါပါတယ်၊ဒီမှာ လာစောင့်နေကြတဲ့သူတွေလည်း ရှိပါတယ်လို့ ဖြေခဲ့ရတယ်။

    နာရေးကူညီမှုရဲ့ facebook ကပုံက မျက်နှာတွေမကွယ်ဘူး။
    သူ့ ဓာတ်ပုံဆရာက နေရာကောင်းယူထားလို့ဖြစ်မယ်။
    ကျွန်မတို့ canteen ထဲမှာ အအေးသောက်နေတဲ့ပုံက သူလာရိုက်သွားတာလား။

    လုလင်ရဲ့ ဂုဏ်ပြုလွှာကို လက်တွေဝိုင်းကိုင်ပြီးပေးနေတဲ့ idea လေးကလည်း အလန်းလေးပါပဲ။

    ကဲ နောက်တစ်ခေါက် ထပ်လှူဖို့စကြရအောင်။
    အော် လက်ဖွဲ့လည်း စုထားပါတယ်ဗျို့။

  • ရွှေဘိုသား

    February 14, 2012 at 9:58 pm

    လက်ဖွဲ့လည်း စုထားပါတယ်ဗျို့ ကျနော့်အတွက်လား အန်တီ ပဒုမ္မာ ရှေ့က ကားက ကန့်လန့်လုပ်နေလို့ ကျနော်က စက်ကနှိုးပြီးသား အဆင်သင့်ပဲ

  • padonmar

    February 14, 2012 at 10:01 pm

    အော် ကျွန်မတူမလေးတွေ အိတုံ၊နွယ်ပင်၊ပန်ပန်၊ရင်ငြိမ်း တို့ကလည်း မြန်မာဝတ်စုံလေးတွေနဲ့လှနေကြတော့
    အရင်တင်ခဲ့တဲ့ မြန်မာမလေးတွေpostကို သူတို့ပုံလေးတွေနဲ့ edit လုပ်ရရင်ကောင်းမလားလို့။ 😀
    ဒို့ ဒေါက်တာ YKKO ကြေးအိုးကလည်း စတစ်ကော်လာနဲ့ ခန့်ခန့်ငြားငြားပါနော်။
    နွယ်ပင်က မြန်မာလို ဝတ်ရင် မလှမှာစိုးလို့ ဆိုတာ ဒီစတိုင်လေးကလည်း တစ်ယောက်သောသူသာမက တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် ဖြစ်သွားလိမ့်မယ်။

  • zaw min

    February 14, 2012 at 10:12 pm

    အလွန်ပင်ဝမ်းသာအားဖြစ်ရပါ၏။။။တကယ်ကို့ ကြည်နူးစရာကောင်းတဲ့ ပုံတွေပါပဲဗျာ…အခု မပါလိုက်ရပေမယ့် နောက်လာမယ့် ပရဟိတ အလှူတွေမှာပါဖြစ်အောင်ကြိုတင်လှူထားပါ့မယ်…
    အခုတော့…သာဓု..သာဓု..သာဓု ပါဗျာ…

  • padonmar

    February 14, 2012 at 10:15 pm

    တိုက်တိုက်ရဲ့ အုပ်ထိန်းသူကို နာမည်ကျန်ခဲ့လို့၊မြန်မာလိုလှတဲ့ထဲ သူကလေးလဲပါပါတယ်။

    • Shwe Tike Soe

      February 15, 2012 at 11:41 am

      ဟဲဟဲဟဲ တော်ပါသေးရဲ.. မပါလို.ကတော့ နောက်တွေ.ခေါ်တော့ဘူး နော် အစ်မ 😀

  • surmi

    February 14, 2012 at 11:04 pm

    ကြည်နူးစရာမြင်ကွင်းလေးပါ——အပျော်တွေကူးစက်စေပါတယ်–
    ပုံတွေတင်ပေးသလို ဖြစ်စဉ်ပြ သရုပ်ဖော်မှတ်တန်းလေးရေးပေးနိုင်ရင် ပိုကောင်းမှာ
    ခုတော. — အဝေးကပဲ—–

Leave a Reply