မန္တလေးဂေဇက်ဧ။် ပထမဆုံးစုပေါင်းအလှူ အောင်မြင်စွာပြီးဆုံးခြင်း နှင့် ကျေးဇူးတင်ရှိခြင်း

etoneFebruary 13, 201217min38582

 

မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။

ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း  ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း  ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊  အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း ၊ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ကားပေးသုံးပါသော ကိုဘလက်ချော ၊ မနိုဗွီ နှင့် ကိုအမ်လုလင်တို့အားလည်းကောင်း ၊ အလှူခံပို့စ်ကို အချိန်ကြာမြင့်စွာ sticky လုပ်ပေးထားပါသော Admin ကိုခိုင်အားလည်းကောင်း ၊ အမှတ်တရ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပေးသူများအားလည်းကောင်း ၊ အတူလိုက်ပါ လှူဒါန်းသူများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိပါသည် ။

ကျွန်မတို့စာဖတ်သူများ၊ ရွာသူရွာသားများ ဧ။် ယုံကြည်စိတ်နှင့် တူညီစွာ ပူးပေါင်း ဆောင်ရွက်လှူဒါန်းခဲ့ကြသော အလှူတစ်ခု ပြီးမြောက်ခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်မိပါသည် ။ အတူမလိုက်နိုင်ခဲ့သော ရပ်ဝေး ရပ်နီးမှ စာရေးသူများ ၊ စာဖတ်သူများနှင့် အလှူရှင်များကိုလည်း အမျှပေးဝေ ချင်ပါသည် ထပ်တူထပ်မျှ ရကြပါစေ ။

အမျှ … အမျှ … အမျှ … 

မန္တလေးဂေဇက်ပထမဆုံးအလှူအတွက်  ကောက်ခံရရှိသော အလှူငွေနှင့် လှူဒါန်းသူများ စာရင်း

 

အမှတ်စဉ် နေ့စွဲ အလှူရှင်နာမည်  အလှူငွေ (ကျပ်)
1 7-Jan-12 Novy 20,000
2 7-Jan-12 စုံစုံ 10,000
3 7-Jan-12 အာဂ+နွယ်ပင် 15,000
4 7-Jan-12 မမ 10,000
5 7-Jan-12 ဆူး 10,000
6 7-Jan-12 FR 30,000
7 7-Jan-12 ဦးဦးပါလေရာ 15,000
8 7-Jan-12 htet way 10,000
9 7-Jan-12 fatty 10,000
10 7-Jan-12 ပဒုံမ္မာ 10,000
11 7-Jan-12 nozomi 10,000
12 7-Jan-12 M-လုလင် 10,000
13 7-Jan-12 AKKO & Etone 30,000
14 9-Jan-12 မျိုးဟန်ထွန်း 10,000
15 9-Jan-12 ဒေါ်အိအိရှိန် 30,000
16 9-Jan-12 small cat 50,000
17 11-Jan-12 fatty cat 10,000
18 11-Jan-12 ရောင်ခြည်ခ  20,000
19 11-Jan-12 water-melon 10,000
20 11-Jan-12 ရွှေမင်းသား 20,000
21 12-Jan-12 ဦးစိုးတင့် 30,000
22 15-Jan-12 TTNU & ကိုဆန်နီ 50,000
23 15-Jan-12 Pooh 20,000
24 15-Jan-12 who who 10,000
25 15-Jan-12 အန်ကယ်ကြီး 5,000
26 15-Jan-12 ကိုပေါက် 10,000
27 15-Jan-12 ကိုပေ+မဒမ်ပေ 30,000
28 15-Jan-12 ကိုစိန်သော့ 10,000
29 15-Jan-12 ရွှေတိုက်စိုး 30,000
30 15-Jan-12 rose 10,000
31 15-Jan-12 thurazaw 3,000
32 16-Jan-12 Xman 10,000
33 20-Jan-12 ကိုအောင်နိုင်+မချယ်ရီ 30,000
34 22-Jan-12 Taw Twin Pyaw 50,000
35 26-Jan-12 အမည်မဖော်လိုသူ မန်ဘာ 30,000
36 27-Jan-12 ရွာစားကျော် 5,000
37 1-Feb-12 Shwe Ei 10,000
38 2-Feb-12 ko aung 100,000
39 2-Feb-12 Big Cat 30,000
40 2-Feb-12 Oo Oo 10,000
41 2-Feb-12 ba gyi 10,000
42 3-Feb-12 Ko Myo (DOHA) 20,000
43 3-Feb-12 ကိုကျော်မွန်ခန့် 15,000
44 4-Feb-12 အမတ်မင်း 20,000
45 4-Feb-12 The Nu Aye (TNA) 50,000
46 7-Feb-12 Black Chaw 10,000
47 9-Feb-12 Wei Wei 10,000
48 11-Feb-12 ကိုစည်သူထွန်း(အင်္ဂလန်) 100,000
49 11-Feb-12 ရွှေဘိုသား 10,000
50 11-Feb-12 Wan Wan 5,000
51 11-Feb-12 မိုးကြိုးသွား 15,000
52 11-Feb-12 တညင်သား 30,000
53 11-Feb-12 အမည်မဖော်လိုသူ 70,000
54 11-Feb-12 Hui Chu (USA) 100,000
55 12-Feb-12 King 10,000
56 12-Feb-12 Ju Ju Ma 20,000
57 12-Feb-12 Pan Pan 5,000
58 12-Feb-12 Yin Nyein Nway 2,000
59 12-Feb-12 Ei Ei Moe 15,000
60 12-Feb-12 Uncle Lay 30,000
61 12-Feb-12 Chartoolan 10,000
     TTL 1,380,000

 

Photo : M- Lulin

 

 

photo : M- Lulin (ရွှေတိုက်စိုးရဲ့ ဟန်းမိတ်လက်ရာ အလှူငွေကဒ်ပြားလေးပါ ... အလှူရှင်တွေက သွားလှူမယ့်မနက်ထိ ဝိုင်းထည့်နေသေးတာကြောင့် ... ကားပေါ်ရောက်လို့ စာရင်းပေါင်းပြီးမှ ကမန်ကတန်း စာလုံးကပ်ရတဲ့ ... လက်ဖြစ်အမှတ်တရလေးပါ )

 

အလှူရှင်များကိုယ်စား AKKO မှ အလှူငွေပေးအပ်စဉ် (photo : M- Lulin)

 

 

 

 

 

 

 

 

 

 

(ဗျို့သဂျီး … အရင်ကဆို .. insert လုပ်ထားတဲ့  ဓါတ်ပုံကိုထောက်လိုက်တာနဲ့ …. ဘေးထောင့်ကနေ လိုတဲ့ဆိုဒ်ဆွဲချုံ့လို့ ရတယ် .. အခု မရတော့ဘူး ….   🙁     )

 

 

82 comments

  • ဦးဦးပါလေရာ

    February 14, 2012 at 11:53 pm

    မလိုက်ဖြစ်ခဲ့တာကို တော်တော်နှမြောမိပါတယ်။
    နောက်အလှူအတွက် ခေါင်းစဉ်လေး စပြီးစဉ်းစားကြပါဗျို့…..
    အဲတာမှ ဆေးလိပ်ဘိုးထဲကဖဲ့ပြီး ဇီးကွက်ရုပ်စုဗူးထဲ ထည့်စုနှင့်ရအောင် .. 😛

  • Khin Latt

    February 15, 2012 at 5:13 am

    တုံတုံ လေးက တကဲ့ချစ်စရာလေး။ တကယ်ပြောတာပါ။
    ဆေးခန်းမှာ လူမမာတွေ က တုံတုံ ကို တွေ့တာနဲ့ ရောဂါတစ်ဝက်ပျောက် ရောဆိုတဲ့ ဂရုဏာ မျက်နှာလေးကိုလဲ ပိုင်တယ်။
    သား AKKO ကတော့ ဆေးခန်းမှာ တွေ့တာနဲ့ တစ်ခါထဲ ထွက်ပြေးချင်အောင်ကို ခန့်တာကလား။
    ရောဂါတွေ ထွက်ပြေးမှာကို ပြောတာပါကွယ်။ 😀 jk

    ချစ်ခင်စွာဖြင့်
    အရီးလတ်

  • ရွှေဘိုသား

    February 15, 2012 at 10:08 am

    မအိတုံ နဲ့ ကAKKO ကိုကြိုပြောထားမယ်နော် ကျနော့် အိမ်သူသက်ထား မပေါ့မပါး ဖြစ်လာရင် ရွာသားအချင်းချင်း ကူညီနော် ပိုက်ပိုက်မရှိဘူးဗျ ဖြစ်တယ်မလား

    • etone

      February 15, 2012 at 11:05 am

      အံမယ် … မျိုးစေ့တောင် မချသေးပဲ … အသီးသီးချင်နေပြန်ပါပြီ … ။ အိမ်သူသက်ထားရအောင် အရင်ရှာလိုက်ဦး … 😀

  • manawphyulay

    February 15, 2012 at 1:25 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ရှင်။ ခုမှ ခရီးက ပြန်လာလို့ ပါဝင်ကုသိုလ်မယူနိုင်တာ နောက်တစ်ခါ လိုက်ဖြစ်အောင် လိုက်မယ်နော်….

    • etone

      February 15, 2012 at 1:47 pm

      ဟိုးတစ်ခေါက်က အချိန်ကပ်ပြီး ချိန်းလိုက်လို့ ဖုန်းနံပါတ်မသိလို့ အစ်မမနောကို မပြောဖြစ်တာ ..ဒီတစ်ခေါက်လည်း .. ကြိုပြောထားပါလျှက် … အိမ်က ခိုင်းလို့ နယ်သွားရမယ်ဆိုတော့ …. မတွေ့ဖြစ်ပြန်ဘူးပေါ့ …. ။ လက်လှမ်း မှီသလောက် အလှူက အကြိမ်ကြိမ်လုပ်ကြဦးမှာပါ .. လက်တို့ပါဦးမယ် .. 🙂

  • fatty

    February 15, 2012 at 5:51 pm

    ကွန်မင့်တွေဖတ်ရတာ တမျိုးထပ်ပြီးကြည်နုုးရပါတယ်ဗျာ

  • မိုက်ကယ်ဂျော်နီငပွ

    February 15, 2012 at 10:37 pm

    ဘာဘဲဖြစ်ဖြစ်ပါဗျာ
    ဒီလိုလက်တွေ့ကျတဲ့ လုပ်ဆောင်မှု့လေးတစ်ခုကို ဆောင်ရွက်နိုင်ခဲ့တဲ့
    သက်ဆိုင်သူတွေကို အသိမှတ်ပြုပြီး အကြောင်းကြောင်းကြောင့် ပူးပေါင်းပါဝင်ခြင်းမပြုမိတဲ့
    ကိုယ့်ကိုယ်လည်း အလွန်ညံ့ဖျင်းသူတစ်ယောက်အဖြစ် ဝန်ခံပါတယ်ဗျာ
    သဒ္ဓါသဘောလေးမှာ ကိုယ့်စိတ်က သဒ္ဓါဆိုတာဖြစ်လို့ ကိုယ့်အသက်ဇိဝိန်ကိုပေးလှူခြင်းက
    အကြောင်းတစ်မျိုးသွားပါတယ်
    သူတစ်ပါးကို အလှူ၌ စိတ်အားထက်သန်စေခြင်းဟာ လူသာမန်တို့လုပ်နိုင်ခဲတဲ့ သဘောလေးလို့တော့
    ဆိုခြင်ပါတယ်ဗျာ
    အထူးဆိုခြင်တာကတော့ လက်တွေ့လုပ်ဆောင်နိုင်သူတွေကို အထူးအသိမှတ်ပြုပါ၏ ဆိုတာပါ
    ဒါနဲ့
    ဒေါက်တာခင်ဗျား
    ဘယ်တော့ အိုက်စခရင်းတွေ ဘာတွေကျွေးမှာလဲခင်ဗျ 😀 😀 😀

    • ကြက်ဖင် ( အကယ်ဒမီ )

      February 16, 2012 at 9:10 am

      ငခြောက် !!!!!
      ပြောတော့ မိုးလားကဲလား
      တွေ့တယ်မှတ်လား ဒေါက်တာက ဘယ်လိုလုပ်သွားသလဲဆိုတာ
      နောက်တစ်ခါကြရင် ခင်ဗျား ဗမာငွေတစ်သိန်းငါးထောင်ထည့်
      တစ်သိန်းက ခင်ဗျားနာမည်
      ငါးထောင်က ကျုပ်ရဲ့နာမည်

  • နည်းသည်များသည် အဓိကမဟုတ်
    သိသည် မသိသည် အဓိကမဟုတ်
    ဟိုမှာဒီမှာ အဓိကမဟုတ်
    အချင်းချင်း ယုံကြည်ခြင်းနှင့်တူညီသောစိတ်ရှိခြင်းသည်သာ အဓိက။
    ထို့ကြောင့်………………………………………………………..

  • ရွှေဘိုသား

    February 16, 2012 at 9:12 pm

    မအိတုံ အထင်သေးတာလား နောက်တစ်ခါတွေ့ဆုံပွဲရှိလို့ရင်တော့ နဂါးမှန်းသိအောင် ဘယ်တစ်ယောက် ညာတစ်ယောက်ချိတ်ခဲ့မယ်

Leave a Reply