အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ် ပြန်ထုတ်ပေး~~~~~

*အိမ်ထောင်သက် အနှစ် နှစ်ဆယ်ကျော်တဲ့ မိန်းမဟောင်းတွေကိုလည်း သက်ဆိုင်ရာ

သွားအပ်ပြီး အသက်အစိတ်ထက် မပိုတဲ့ မော်ဒယ်သစ်ကလေးတွေနဲ့ လဲယူခွင့် ပါမစ်

ပြန်ထုတ်ပေးမည်*

မှတ်ပုံတင် သက်တမ်း နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် ရှိပြီဖြစ်သော ယာဉ်အို

ယာဉ်ဟောင်းများကို ဖျက်သိမ်းပြီး မော်တော်ယာဉ် အသစ်များ တင်သွင်းခွင့် ပါမစ်

ထုတ်ပေးမည်ဟု သက်ဆိုင်ရာမှ ကြေညာသည်။

 

ကားလောက သာမက တခြား စီးပွားရေး လုပ်ငန်း များကိုပါ ရိုက်ခတ် သွားသည်။

မော်ဒယ်လ်မြင့် ကားတွေ ဈေးပြုတ် ကျသွားသည်။ အောက်ကားလေးတွေ ဈေးမြောက်လာသည်။

အလယ် ကားပိုင်ရှင်တွေကတော့ ထိုင်ငိုရမလို၊ ထပဲ ကရမလို အူလည်လည် ဖြစ်ကုန်ကြ၏။

 

ဘာမဆို ဖြစ်သွားနိုင်တယ်ဟု ဆိုရိုးစကား ရှိသော ပရီမီယာလိဂ် ဘောလုံးပွဲ

တွေလိုပါပဲ။ ဒီတစ်ပတ်တော့ အသင်းကြီးတွေ အခြေမလှဘဲ တန်းဆင်းဇုန်က အသင်