ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော် ( ငါ့ကား ဟောင်းသွားပြီ)

ကထူးဆန္းFebruary 13, 20121min725

မြောက်ဒဂုံရောက်တုန်း ကြုံတုန်း မင်းအောင် ကိုဝင်တွေ့လိုက်မည်ဟုစိတ်ကူးမိလိုက်သည် ။ မင်းအောင် က ကိုယ်ပိုင် ကုမ္မဏီလေးတစ်ခုလုပ်နေသူ။ သူ့ အဖေ အမေ ချန်ခဲ့သော သံလွင်လမ်း မှ အိမ်ရောင်းရျ် ညီအကိုမောင်နှမ တစ်စု အမွေခွဲခဲ့ကြပြီး သူကမြောက်ဒဂုံတွင်အိမ်ပြန်ဝယ်ကာ နေထိုင်လျက်ရှိသည် ။ ပေ ၄ဝ x ၆ဝ ကိုယ်ပိုင်ဝန်းခြံလေးများနှင့် သပ်သပ်ရပ်ရပ်ရှိသော လမ်းကလေးမှာဖြစ်သည် ။ ပိုသော ပိုက်ဆံနှင့် Nissan Sunny ၆က လေးတစ်စီးပါ ဝယ်ထားနိုင်ခဲ့သည် ။ သူကတော့ ရုံးတွင် အနေများပြီး ရုံးကားနှင့် သွားလာလေ့ရှိကာ သူ့မိန်းမက ကားမောင်း၊ သားနှင့်သ္မီး ကျောင်ပို့ ကျောင်းကြို၊ကျူရှင်ပို့ ကြို လုပ်သည် ။ မရှိမရှားဟုပင်ပြောရပေမည်။

သူ့အိမ်ခြံဝင်းလေးထဲဝင်လိုက်တော့ ငူငုူကြီးထိုင်ပြီး သူ့ကားကြည့်နေသော မင်းအောင် ကိုတွေ့လိုက်ရသည်။

ထူးဆန်း ။ ။ ဟေ့ကောင် မင်းအောင် မင်းကားဘာထိုင်ကြည့်နေတာလည်းကွ။
မင်းအောင်။ ။ ငါ့ကားဟောင်း နေပြီ ဆိုလို့ ကြည့်နေတာပါကွာ..
ထူးဆန်း ။ ။ မင်း ကလည်း မင်းကားဟောင်းရအောင် ဟိုတစ်လောက ဘဲ မင်းလုံးချိန်းလုပ်ထားတာဘဲကွ ။ အများကြီးလတ်ပါသေးတယ် ။
မင်းအောင် ။ ။ အေးလကွာ ။ မင်း လည်းသိသားဘဲ ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲ လောက်မှ ငါ လုံးချိန်းလုပ်ထားတာ ။ ကားက အများကြီးကောင်းသေးတဲ့ အပြင် ဆေးက အစ ကောင်းသေးတာဘဲကွ ။ အဲ့ဒါ ငါ့မိန်းမ က ငါ့ကားဟောင်းနေပြီ။ ကားအသစ်လဲပေးပါလုပ်နေလို့ကွာ။
ထူးဆန်း ။ ။ စက်မကောင်းလို့လား ။ မင်းမိန်းမ မောင်းနေကြဆိုတော့ စက်မကောင်းလို့ပြောတာလား။
မင်းအောင် ။ ။ မဟုတ်ပါဘူးကွာ ။ စက်လည်းကောင်းပါတယ် ။ အောက်ပိုင်းတွေလည်း ကောင်းတယ် ။
ထူးဆန်း ။ ။ အင် .ဒါဆို ဘာဖြစ်လို့လဲ။
မင်းအောင် ။ ။ ငါလည်း အစကတော့ မသိပါဘူးကွာ။ မိန်းမ ကော ကလေးတွေကော ကားဟောင်းနေပြီဆိုပြီး ပြောနေတာ တစ်လ လောက်ရှိပြီ။ ငါကလည်း ဘယ်မှာဟောင်းလို့လဲပေါ့။ မဟောင်းပါဘူးပေါ့ကွာ ။ လုံးချိန်းလုပ်ထားတော့ အများကြီး သစ်ပါတယ်ပေါ့ ။ အဲ့ဒါ ပြောမရဘူး။ ကားဟောင်းနေပြီဆို သားကပြောလိုက်၊ မိန်းမက ခနဲ့လိုက် ၊ သ္မီးက ပူဆာလိုက်နဲ့ ။ မနေ့ကမှ အကြောင်းရင်းသိတော့တယ် ။
ထူးဆန်း ။ ။ ဘာဖြစ်တာလည်း ။ အကြောင်းရင်းက ဘာလဲ။
မင်းအောင် ။ ။ ကော်ဖီသောက်လိုက်ဦးကွာ ။ အေးသွားဦးမယ် ။ မုန့်လည်း စားဦး ။
ထူးဆန်း ။ ။ အေးပါကွ ။ ပြောစမ်းပါဦး ။ စားပါမယ်၊ သောက်ပါမယ့်ကွာ။
မင်းအောင် ။ ။မင်းသိတဲ့ အတိုင်းငါက ရုံးမှာ အချိန်ကုန်တာများတော့ အိမ်နား ဘာဖြစ်နေလည်းမသိဘူးကွ။
ထူးဆန်း ။ ။ အဲ့ဒါနဲ့ ဘာဆိုင်လည်း ကွ။
မင်းအောင် ။ ။ ပြောပါ့မယ်ကွ ။ ငါက ရုံးမှ အချိန်ကုန်တာ များတော့ အိမ်နား ဘာဖြစ်နေလည်း မသိ ။ သတိမထားမိဘူးကွ ။အကြောင်းရင်းက ဟိုဘက် အိမ်ကလေကွာ ။ မင်းသိပါတယ် ။ သူတို့အိမ်က အရင် က ဖယ်မလီယာ စ လုံးနံပါတ်လေးစီးပြီး ဓါတ်ဆီထုတ်ရောင်းတယ် ကွာ။ အဲ့ဒီတုန်းက ငါကားက ၆က ဆိုတော့ ပြဿနာ မရှိဘူးမောင်ရ ။ အခု အစိုးရက ကားဟောင်းတွေ အပ် ကားသစ်တွေ ပေးသွင်းတော့ သူတို့က သူတို့ ကားဟောင်းလေးအပ်ပြီး ကားပါမစ်လျှောက်ပြီး ကားသွင်းစီးတယ်လေ ။ သူတို့ကားက လွန်ခဲ့တဲ့ တစ်လ လောက်ကထဲက ရောက်တာလေ .ရွှေငါးလေကွာ။
ထူးဆန်း ။ ။ အဲ့ဒီတော့..
မင်းအောင် ။ ။ အဲ့ဒီတော့ ငါ့ကားဟောင်းသွားတာပေါ့ကွ။
ထူးဆန်း ။ ။ ဟင် .. ဟင် ဘယ်လို..
မင်းအောင် ။ ။ ဘေးအိမ် က ကားသစ်စီးလို့ ငါ့ကားဟောင်းသွားတာ ဟေ့ သိပြီလား ..
ထူးဆန်း ။ ။ ဟင် … အဲ… အင်း..

5 comments

  • Thel Nu Aye

    February 13, 2012 at 2:21 pm

    အခုတော့မော်ဒယ်မြင့်ကားတွေကဟောင်းသွားပြီး သူတို့အဆို နို့ညှစ်တဲ့ကားတွေကကောင်းသွားပြန်ရော။ သင်္ခါရပေါ့။

  • kyeemite

    February 13, 2012 at 3:02 pm

    သင်္ခါရသဘောတရားမို့
    ဝင်ဘာမှမပြောချင်တော့ပါဘူးဗျာ…ကျွန်တော်တို့ရပ်ကွက်ထဲမှာဒီလိုဘဲရှိတယ်……ကျွန်တော်တို့ရပ်ကွက်ထဲမှာဒီလိုဘဲ…

  • kai

    February 13, 2012 at 3:22 pm

    ထူးပေသည့်ဆန်းရာသော်ပေါ့…။
    အဲဒါကို..Relativity Theory လို့ပြောရမှာ…

    နှိုင်းရ.. တခုရှိတော့.. သတ်မှတ်ချက်တခုထွက်ရော…

    ပြောရရင်.. ကျုပ်ကားလည်း ဟောင်းသွားပြီပေါ့နော်…
    ၂၀၁၁ မိုဒယ်က.. သူများအတိုက်လည်းခံထားရသေး..
    .. အခု ၂၀၁၂ဆိုတော့.. ဟောင်းပြီပေါ့…။
    ပိုဆိုးတာက.. အဲဒီဟိုက်ဘရစ်အမျိုးအစားကားကို… ၂၀၁၂မှာ ထပ်မထုတ်တော့ပဲ.. နစ်ဆန်းကုမ္ပဏီက.. ရပ်ဆိုင်းတယ်တဲ့..။
    ဆိုတော့…. ဟောင်းပြီးရင်း…ဟောင်း…။ 😕

    • Thel Nu Aye

      February 13, 2012 at 3:40 pm

      အောင်မယ်ငီးသဂျီးရယ်။ သများတို့က 2002 မော်ဒယ်တောင်တော်တော်သစ်လှပြီဟာ။ သဂျီးလို ၂၀၁၁ မကပ်နိုင်ပါဘူးဟူးဟူးဟူး။

  • windtalker

    February 14, 2012 at 8:36 pm

    ကိုထူးဆန်းရေ ၊ ကျွန်တော့် အတွက်ကတော့
    ငါ့မယား ဟောင်းသွားပြီ မဖြစ်ရင် ပြီးတာဘဲ
    ဟီဟိ

Leave a Reply