မန်းဂဇက် ရဲ့ ပထမဆုံး အလှူပွဲမှ ဓါတ်ပုံများ။

black chawFebruary 13, 20125min32339

မနေ့က မန်းဂဇက် ရဲ့ ပထမဆုံး အလှူပွဲ မှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။ ပွဲအကြောင်းကတော့ ရေးစရာမလိုတော့ဘူးထင်လို့
မရေးတော့ပါဘူး။ မန်းဂဇက် မိသားစုတွေအားလုံး ပျော်ရွှင်စေလိုစိတ်နဲ့ တင်ပေးလိုက်တာပါဗျာ။

နာရေးကူညီမှု အသင်း ရုံးခန်း။
ဘဘ ဦးသုခ ပုံတူ ကြေးရုပ်။ (ပဟေဌိ - ပုံရဲ့ ညာဘက် ထောင့်မှာ ဂျင်းပင်အပြာနဲ့ ခါးထောက်နေတာ ဘူလေးလဲ၊ အဲဒါ ဘူလေးလဲ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကိုလည်း တွေ့ခဲ့ရပါတယ်ဗျာ။ (ဗိုလ်ချုပ်မွေးနေ့ဆိုတော့ အမှတ်တရပေါ့)
ကိုဖက်တီး နဲ့ ကိုကျော်သူ အမှတ်တရ။
အလှူပြီးသွားတော့ အောင်ပွဲခံ အအေးသောက်ပွဲကြီး ကျင်းပကြပြန်ပါတယ်ဗျာ။
နာရေးကူညီမှုအသင်း ရုံး ကို လေ့လာနေကြတဲ့ မန်းဂဇက် အဖွဲ့သားများ။
မန်းဂဇက်ရဲ့ ရွာသူ အချောအလှ များ နှင့် ကိုကျော်သူ။
မန်းဂဇက်အဖွဲ့ကို ကိုကျော်သူမှ ရင်းရင်းနှီးနှီး လက်ခံ တွေ့ဆုံနှုတ်ဆက်စဉ်။ ဟဲဟဲ သတင်းစာ ထဲကလို ရေးလိုက်တာ။
AKKO ထံမှ ကိုကျော်သူက အလှူငွေ လက်ခံနေစဉ်။
ကျွန်တော် ကြိတ်ခိုက်ခဲ့ရသော ကိုကျော်သူ့ နားကပ်။
စိတ်ရှည်လက်ရှည် အချိန်ပေး ဓါတ်ပုံ အရိုက်ခံ နေသော ကိုကျော်သူ နှင့် ကျွန်ုပ်တို့၏ ရွာသူားများ။
လူချစ်လူခင်များပြီး ထင်ရှားတဲ့ ရွာသားလေး တစ်ယောက်ပါ။
အမေစုပုံကို နားကပ်ပန်ထားတဲ့ ရွာသားတစ်ဦး။ သူ ဘယ်သူလဲ...ဒန်တန့်တန်။
ဖက်တီးကက် ရဲ့ ပြိုင် ကား ကို အားကျနေတဲ့ ရွှေတိုက်စိုးနဲ့ သူရဇော်။
ငွေလာလှူတဲ့ မိသားစုတစ်ခုထံမှ ကိုကျော်သူ အလှူငွေ လက်ခံနေစဉ်။
ကိုစိန်သော့ကို သတိရစေတဲ့ နာရေးကူညီမှုအသင်းဝန်းထဲက ငှက်အိမ်လေး။ လှတယ်ဗျ။
အုပ်ထိန်းသူနဲ့ အတူ ပွဲတက်လာတဲ့ ရွှေတိုက်စိုး။ ဟုတ်မယ်ဗျ။ အုပ်ထိန်းသူ မပါရင်လည်း သူက လူဆိုး။ မန်းလေးက ကိုပေါက်တို့ ကိုသာ မေးကြည့်ပါဗျာ။

39 comments

  • blackchaw

    February 13, 2012 at 3:38 pm

    ပုံမပါတဲ့လူတွေ အနေနဲ့ ကျွန်တော့်ကို စိတ်မဆိုးကြပါနဲ့။
    ခွင့်ပြုမပြုမသေချာတာနဲ့ ချန်ထားခဲ့တာပါ။
    တကယ်လို့ ခွင့်ပြုမယ်ဆိုရင် ပုံတွေ အများကြီး ကျွန်တော့်မှာ ရှိပါတယ်။
    အက်ဒစ်လုပ်ပြီး ထပ်ဖြည့်တင်ပေးပါ့မယ်ဗျာ။

    • Shwe Tike Soe

      February 13, 2012 at 4:03 pm

      ဦးဦးဘလက် တင်တင် ခွင့်ပြုတယ် ခွင့်လွှတ်တယ်… 😀

      • စိန်ပေါက်ပေါက်

        February 13, 2012 at 4:10 pm

        အုပ်ထိမ်းသူဆီက ခွင့်ပြုချက်ကော တောင်းထားရဲ့လား

  • Thel Nu Aye

    February 13, 2012 at 3:39 pm

    ဦးဘလက်ရေ ဒါ့ပုံတွေအတွက်ကျေးဇူးပါ။ မင်္ဂလာနှစ် ၁၂ဝ တိုင်ပါစေ။ ထမင်းပါကျွေးရင် နှစ် ၂၄ဝ လို့ဆုတောင်းပေးမလို့ပဲ။

  • thuyazaw21451

    February 13, 2012 at 3:43 pm

    ဦးဘလက်ရေ သားသားနဲ့တိုက်တိုက်က တကယ်တော့ ဖက်တီးကပ်ရဲ့ ပြိုင်ကားကို လုနေကြတာပါ… အခြားသူတွေပုံကိုလဲ တင်ပေးစေလိုပါတယ်…….. အားလုံး ဆန္ဒတွေ တစ်ထပ်တည်းကျမယ်လို့ထင်ပါတယ်……………ရွာသားလေး သူရဇော် (21451) အများစိတ်ဝင်စားကြတဲ့နံပါတ်လေး

  • Diamond Key

    February 13, 2012 at 3:46 pm

    ကိုယ်တိုင်က မရောက်နိုင်ပေမယ့် ရွာသူရွာသားအားလုံးကို တွေ့ရတာ၊ အားလုံးပျော်ပျော်ပါးပါး အလှုပြူခွင့်ရတာ ကို ကျေနပ် ပီတိ ဖြစ်ရပါတယ်ဗျာ။ ကျွန်တော့် ငှက်အိမ်လေးကို သတိရပေးတဲ့ ကိုချော ကိုလည်း ကျေးဇူးတင်ရပါတယ်။ ကျွန်တော်အိပ်လေးအတိုင်း နှစ်ထပ်၊ ဝရံတာလေးနဲ့ဗျ :mrgreen:

  • နွယ်ပင်

    February 13, 2012 at 3:49 pm

    ဦးဘလက်ရေ မင်္ဂလာနှစ်ပတ်လည်အတွက် အအေးတိုက်တာ ကျေးဇူးပါ …
    အမေစုပုံကို နားကပ်ပန်ထားတဲ့ ရွာသားတစ်ဦး တဲ့ ရွာသားဟုတ်လို့လား ရွာသူလေး စိန်ပေါက်ပေါက်
    မဟုတ်ဘူးလားဟင် ……….. 🙂

    • etone

      February 13, 2012 at 4:41 pm

      အစ်မနွယ်ပင်တော့ စတင်ဖွပါပြီ ဗျို့ .. ဟီးဟီး … ။

  • Diamond Key

    February 13, 2012 at 3:49 pm

    အဲ ………. မင်္ဂလာနှစ်လည်း ပျော်ရွှင်သာယာတဲ့ ဘဝနဲ့ နှစ် ၁၂ဝ တိုင်ပါစေလို့ …. 😀

  • စိန်ပေါက်ပေါက်

    February 13, 2012 at 3:50 pm

    များတို ့ ဒေါ်ချောကြီး
    အစစအရာရာ ကူညီပံ့ပိုးပေးခဲ့တဲ့ကျေးဇူးတွေကြောင့် ပိုပျော်စရာကောင်းခဲ့တာလဲ ပါတယ်နော့
    ကြောင်တုတ်ကြီးပြောသလို တက်တက်စင်လွဲတဲ့အထဲ ကိုချောကြီးက ထိပ်ဆုံးက
    ရွာထဲ အတည်အတံ့တွေရေးသလောက် အပြင်မှာ အတော်နောက်ပြီး ပျော်စရာဖြစ်အောင် ဖန်တီးပေးနိုင်တဲ့ လူကြီး..အဲလေ
    လူလေး ဖြစ်ပါကြောင်း (အန်ကယ်ရီးလို ့ ခေါ်ရင် အအေး မတိုက်ဘူးပြောလို ့ 😀 )
    သဂျီးနှင့် ရွာသူ၊သား အားလုံး၊စာဖတ်သူအားလုံး ကျေးဇူးပါခင်ဗျား..

    • ရွာသူလေး ချိန်ပေါက်ပေါက်ကို အပြတ်ခိုးကြည့်ထားတယ်
      စိတ်ကူးထဲလည်း မြင်တယ်
      အိမ်မက်ထည်းလည်း ထည့်မက်ပြီး … ငှဲ .. ငှဲ (လူကြမ်းရီနည်းနှင့်ရီပါသည်) … 😛

        • စိန်ပေါက်ပေါက်

          February 13, 2012 at 4:06 pm

          တယ်
          ဘယ်လိုဖြစ်
          တစ်ယောက်ထဲ ရွစိတက်နေတယ်
          ဦးကျော်သူ ့နားက သံလျက်ဆွဲပြီး ထိုးထည့်လိုက်ရ ဂိန်တောင် မအော်နိုင်ပဲနေဦးမယ်

          ပြောသာပြောရတာ
          များလဲ အဲဒီ သံလျက်နားကပ်ကြီးခိုက်နေတာ
          ဦးကျော်သူကြီး သနားလို ့ အလစ်မဖြုတ်ခဲ့တာ
          ဟီး.ဟီး.

  • Shwe Ei

    February 13, 2012 at 4:01 pm

    ဒီကွန်နက်ရှင်နဲ့ ဒီလောက်ပုံတွေအများကြီး ရအောင်တင်ပေးတဲ့ ဦးချောကို တော့ ဆယ်ခါပြန်လေးစားသွားဘီ 🙂

  • Shwe Tike Soe

    February 13, 2012 at 4:09 pm

    တွေ.လားတွေ.လား ပုပုလေးနဲ.ချောတာဆိုလို. တို.တစ်ယောက်ပဲပါတယ်… ဟိဟိဟိ 😛 😀
    ရွာသူလေးတွေ ဓာတ်ပုံမှာ အစိမ်းရောင်းဝမ်းဆက်နဲ. ကောင်မလေး ချစ်စရာကောင်းလိုက်တာ အဲဒါဘူလေးလဲဟင်.. ဟိဟိ ရှလွတ်

    • ရွှေ မင်း သား

      February 13, 2012 at 9:00 pm

      ဘေးမှာဘော်ဒီကပ်နဲ့ မိုက်တယ်ကွာ ဘယ်အချိန်က ရာထူးတက်သွားတာလဲတောင် မသိလိုက်ဘူး

  • FattyCat

    February 13, 2012 at 4:31 pm

    သေချာကြည့်ထားကြ….အရပ်မညီမှာစိုးလို့….သေချာ ဖြတ်စက်သွားပြီး အထက်ရော၊ အောက်ရောသွားတိ လာတာ….
    ကိုရွှေနဲ့ အုပ်ထိန်းသူတို့က စက်ရုံကထွက်သလို၊ ပုံစံခွက်နဲ့သွန်းသလိုနဲ့ တစ်ပုံစံထဲပဲ…

  • Shwe Tike Soe

    February 13, 2012 at 4:32 pm

    ဦးဘလက်ရယ် သားဖြင့် မန်းလေးရောက်တုန်းက ဘာမှကို မဘာရပါဘူးဗျာ…. အဟင့် အထင်မလွဲပါနဲ.နော်..
    မန်းလေးရောက်တုန်းက နေ.တိုင်းဥပုဒ်စောင့်တာပါဗျာ…. ၁၂နာရီကျော်ရင် အဖတ်လုံးဝမစားဘူးလေ…. 😀

  • မီးလေး

    February 13, 2012 at 4:54 pm

    ဓါတ်ပုံတွေကြည့်ရတာ ပျော်စရာကြီး …. ဦးချော ပဟေဌိဖွဲ့ထားတဲ့ ဂျင်းပင်အပြာနဲ့က ပေါက်စိန်မ ဖြစ်ရမယ် … မနွယ်ပင်နဲ့ etone ကိုတော့ မှန်းလို့ရပြီ … ကျန်တဲ့သူတွေတော့ မှန်းလို့ရဘူး …. 😀

  • water-melon

    February 13, 2012 at 5:11 pm

    ပျော်စရာကြီးနေမှာ
    အယ် စိန်ပေါက်ပေါက်က အခုမှ ကလေးလေးဘဲရှိတာဘဲ
    နာ့ထက်တောင်ငယ်မယ်ထင်တယ်
    ဟေ့ရောင် စိန်ပေါက်ပေါက် ရန်ကုန်လာရင် တွေ့မယ်ကွ။

  • မွန်မွန်

    February 13, 2012 at 6:56 pm

    ဟေ့
    နာလည်း မလိုက်နိုင်လိုက်ပေမယ့် အားလုံးကို တိတယ်နော်.. အင်ဖော်မေးရှင်း အတိအကျရထားတယ်….

    လူချစ်လူခင်များပြီး ထင်ရှားတဲ့ ရွာသားလေး တစ်ယောက်ပါ။
    (တူကတော့ လူနဲ့လိုက်တဲ့ နာမည်ပိုင်ရှင် FATTY CAT…) ဟုတ်တယ်ဟုတ်…:)

  • mandalarthu

    February 13, 2012 at 7:28 pm

    အားရစရာကြီးနော်…..စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ ့ မန်းဂေဇက် ရွာသူရွာသားတွေ စုပေါ်င်းလှူတာကို မြင်ရတာ…ဒီတခေါက်တော့ မလှူဖြစ်လိုက်တာ…နောက်တခေါက်ကိုတော ့အားခဲထားပါတယ်……။
    အားပါးပါး…ဂေဇက်ရွာသူတွေက တကယ်ချောတာဘဲ….စာရေးကောင်းကြသလို လူတွေကလည်း အလန်းစားတွေပါလားနော်….မန်းဂေဇက် အတွက် ဂုဏ်ယူစရာဘဲ..။အဆင်းရော အချင်းပါ ပြည ့်ဝကြလို ့ပါ။
    ပရဟိတ စိတ်ထားတွေကလည်း မြင် ့မြတ်ကြတော ့တို ့သူကြီးတော ့မော်နေမှာဘဲနော်……။
    ဓာတ်ပုံ တွေကို ကြည ့်ပြီး အခုတောင် ပြေးလှူချင်စိတ်ပေါက်လာပြီ။
    ပုံတွေ ပြည ့်ပြည ့်စုံစုံ တင်ပေးတဲ ့ကို ဘလက်ချောကြီး ကို လည်း အထူး ကျေးဇူးတင်ပါတယ်။
    လှူဒါန်းဖြစ်အောင်စတင် ခဲ ့တဲ ့အိတုန်ကို လည်း တကယ်ချီးကျူးပါတယ်။
    တီရှပ် အနက်နဲ ့ မျ က်မှန်နဲ ့လူကတော ့ကို ဘလက်ချောကြီးဆို တာ ……..
    အားလုံးရဲ ့ အလှူ အတွက် ဝမ်းမြောက်စွာနဲ ့.သာဓုပါနော်။

  • MaMa

    February 13, 2012 at 10:15 pm

    မလိုက်ဖြစ်တဲ့လူတွေမှာ ဒါ့ပုံလေးတွေကြည့်ပြီး အားကျနေရတာ။
    မမြင်ဖူးတဲ့လူတွေကိုလည်း သိချင်
    မြင်ဖူးတဲ့လူတွေကိုလည်း ကြည့်ရ နဲ့မို့ ……
    ကိုင်းးးးးးးး ရွားစားရေ- အဲ တံခါးစောင့်ကြီးရေ-
    ဒ့ါပုံတွေ တင်ပေးပါဗျို့………….
    😆

  • Khin Latt

    February 13, 2012 at 10:23 pm

    သများ လဲ အဲဒီ “ကျွန်တော် ကြိတ်ခိုက်ခဲ့ရသော ကိုကျော်သူ့ နားကပ်” ကြီး ကို ကြိုက်တယ်။
    ပုံလေးတွေ အတွက်ကျေးဇူးပါဟေ့။ ထပ်တင်ပါဦး ဟေ့။
    အစ်မ ရဲ့ ညီမ များမှ တစ်ချို့ ဖြစ်တဲ့ မမ၊ ဝေဝေ နဲ့ ဆူး တော့ မပါဘူး နော်။
    အခွင့်သင့်ရင် အပြင်မှာ တကယ်ကြီး တွေ့ကြတာပေါ့။ 🙂

    • MaMa

      February 13, 2012 at 10:31 pm

      ကိုယ့်ညီအမချင်း သတိတရ မေးဖော်ရတာနဲ့တင် သွေးသောက်ညီအမ ဖြစ်ရတာ တန်သွားပြီ။
      (ဘယ်အချိန်က သွေးသောက်လိုက်သလဲတော့ မမေးနဲ့။ ရွာထဲမှာတင် ရေးရင်းပြောရင်း သွေးသောက်ဖြစ်သွားတာ) 🙂

      (အခွင့်သင့်ရင် အပြင်မှာ တကယ်ကြီး တွေ့ကြတာပေါ့။ 🙂 )
      တကယ်ပဲ တွေ့ချင်ပါတယ် မလတ်ရေ။

  • Mလုလင်

    February 14, 2012 at 1:54 am

    ကိုယ့်ပုံကို ဒီလို ထင်ထင်ရှားရှား ကြီး (main subject) တစ်ခု အနေနဲ့ တွေ့ရတော့ အဟီး .. ရှက်စရာ ကြီး ..
    ဘာပဲပြောပြော ဦးဘလက်ချော ရေ ကျေးဇူးပါဗျာ။

  • bigchef

    February 14, 2012 at 4:56 am

     ဓာတု ဓာတု ဓာတု ဓာတ် ပုံတွေကို ဦးကျော်သူfacebook မှာတွေ ့တွေ  ့ ချင်း ရွာ ထဲ ကို ပြေး ကြည့် မိ တယ်။ရွာ ထဲ မှာ ကို ဘ လက် က တင် ထား တာ တွေ့ လိုုက်တယ်။ပျော် တာ ပေါ့ ။ ကိုယ် ့ရွာ သား တွေ ကို တွေ့ ဘူး ပြီ လေ။ဦး ဖက် က ခန့် ချော ကြီး။ဟိန်း စိုး ကြီး နဲ့ တူတယ် ။ ရွာ သူ တွေ လဲ အ လန်း သား။ ကိုယ် တိုင် ပါ ဝင် လှူ ဒန်းခွင့်မ ရ ပေ မဲ့ဝမ်း သာ ပီ တိ ဖြစ် ရ ပါတယ်။နောင် နောင် များ ကျ ရင် ကိုယ် တိုင် ကိုယ် ကျ မပါ ဝင် နိုင်တောင် အ လှူ  ငွေ ပါ ဝင် နိုင် အောင် အတ် နိုင် ဆုံး ကြိုးစားပါ့ မယ်။ခုတော့ သူ များ လှူ တာ ကို ပဲကြည့် ပြီး ဝမ်း မြောက် ရ မှာ ပေါ့။

  • kyeemite

    February 14, 2012 at 9:23 am

    ကျုပ်တော့ မပါဝင်ဖြစ်ခဲ့ပေမဲ့..ဓါတ်ပုံလေးတွေကြည့်ရတော့အပျော်တွေကူးစက်သွားပါကြောင်း..
    ရွာသူရွာသားအချို့ပုံ့များအား မြားမှတ်မိပါကြောင်းနှင့်..လမ်းတွေ့ရင်နှုတ်ဆက်မည်ဖြစ်ပါကြောင်း..
    အားလုံးကိုခင်တဲ့..မြား

  • etone

    February 14, 2012 at 10:32 am

    အဟီး .. အခုမှ ကြည့်မိတယ် …ရွှေတိုက်စိုးတစ်ယောက် ဥစ္စာခြောက်နေလိုက်ပုံများ … အအေးပုလင်းကြီးလက်ထဲလွတ်သွားမှာ စိုးလို့ အမိရကို ကိုင်ထားတယ် .. ဟီးဟီး … 😛

  • laypai

    February 14, 2012 at 10:43 am

    ဘာရေး ရမှန်း မသိတော့ လောက်အောင် ပျော်ရ ကြည်နူးရပါတယ်။

    ခုလို ပါဝင် လှူဒါန်း ကိုယ်တိုင် တက်ရောက် ခဲ့သူ အားလုံး ခုလို ပျော်ရွှင်ချမ်းမြေ့ ခြင်း ပီတိ အရသာ ကို ရင်ခွင်မှာ ထာဝရ သိမ်းပိုက် ထားနိုင်ပါစေ လို့ လှိုက်လှဲစွာ သာဓု သုံးကြိမ် ခေါ်ရင်း ဆုတောင်းပေးပါတယ်။

    အားလုံးကို ချစ်ခင်လေးစားလျက်။

  • aungnng87

    February 14, 2012 at 3:38 pm

    ဟဲ့ Mလုလင်ဆိုသူက အချောပါလား…. ဘယ်မလဲစိန်ပေါက်ပေါက်။ ထင်ထင်ရှားရှားပြစမ်းကွယ်…ဟိုအဖြူလေးဝတ်ထားတဲ့တယောက်လည်း မိုက်တယ်နော်…ဒါပေမဲ့ အားလုံးအားလုံးလှပါ၏.။

    • pan pan

      February 17, 2012 at 7:54 pm

      လုင်က အပြင်မှာရုပ်ဆိုးတယ်
      စိန်ပေါက်ပေါက်က နားကပ်နဲ့ဟာကြီး
      ကျန်တဲ့လူအားလုံးကတော့ လှကြပါတယ် 😛

      • K@oru

        February 17, 2012 at 8:31 pm

        ဟယ် ..ပန်ပန်ပါလား …
        ဘယ်ပျောက်နေတာတုန်းချင့် …
        သများမှာတော့ သတိတွေရ လို့ ….
        လူဇိုး…
        ;D

        • Mလုလင်

          February 20, 2012 at 11:54 am

          သူ ရေကူး ကျင့် နေတယ် . ဒေါက်ဖိနပ် က လဲ ၆ လက်မ ထက် .. ပိုမြှင့် လို့ မရတော့ ဘူးလေ …

  • စိန်ပေါက်ပေါက်

    February 14, 2012 at 3:47 pm

    အပေါ်ဆုံးပုံမှာလေ
    ကုလားထိုင်ပေါ်နှပ်နေတာ

  • windtalker

    February 14, 2012 at 8:35 pm

    မဘလက် နဲ ့ကိုပေါက်ပေါက် တို ့က ချစ်ကြည်နူးစွာနဲ ့ပဟေဋ္ဌိဝှက်တိုင်း ကစားနေကြတာကလားဟင် ။

  • ကိုရင်စည်သူ

    February 20, 2012 at 12:12 pm

    အလှူပွဲမှာ လူစုံတက်စုံတွေလိုက်ရဘီ…
    ဒေါ်စုနားကပ်ပန်ထားတာ… ငပေါက်ဖော်များလား… 😆 🙄
    အားလုံး ပီတီဖြစ်နေတဲ့ အပြုံးတွေကို ခံစားမိပါတယ်ခင်ညာ…
    ဓါတ်ပုံရိုက်ပြီး အပင်ပန်းခံတင်ပေးတဲ့ ကိုဘလက်လည်း..
    ကျနော်တို့ကို ဘလက်လေဘယ်များများတိုက်နိုင်ပါစေ… 😛 😛

    • စိန်ပေါက်ပေါက်

      February 20, 2012 at 12:21 pm

      တွမ်
      ဟိုညက တစ်လုံး ဖင်ကပ်တောင် ကျန်တော့မယ်မထင်ဘူးနော်..
      ဆွဲပလိုက်ပြီမလား.
      ကောင်းတယ်..ကောင်းတယ်

  • kotun winlatt

    February 20, 2012 at 12:47 pm

    သာဓု..သာဓု…သာဓုပါဗျာ…
    ရွာသူားတွေ ဒီထက်မကလှူဒါန်းနိုင်ကြပါစေ….
    ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးးရှိကြပါစေ..လို့
    ဆုမွန်းကောင်းးးတောင်းလိုက်ရပါတယ်ခင်ဗျာ…။

Leave a Reply