အမှတ်တရ ခေါင်းတလားများ..

amatminFebruary 13, 20121min17518

နာရေးကူညီမှုအသင်းမှာ လှူရင်းနဲ့ ရိုက်ဖြစ်ခဲ့ကြတဲ့တချို့ပုံလေးတွေကိုတော့ ကြည့်ပြီးကြပြီထင်ပါတယ်။ နာရေးကူညီမှုအသင်းမှာ နောက်ထပ်ထူးခြားတဲ့ ဘာပုံတွေများရှိမလဲလို့ သိချင်ကြမဲ့ သူတွေအတွက် နာရေးကူညီမှုအသင်းနဲ့ဆက်စပ်နေတဲ့ ပုံလေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်..


အဲယားကွန်းပါတဲ့ခေါင်းတလားပါ.. သံဃာတော်တွေအတွက်အသုံးပြုရန်ဆိုပြီးလာရောက်လှူဒါန်းခဲ့ပေမဲ့ ပိုင်ရှင်ကအမျိုးသမီးဖြစ်ခဲ့တော့သုံးဖို့ခက်ခဲသွားတာပေါ့.ဘာကြောင့်ရယ်မသိ.စည်ပင်ကလည်းသုံးခွင့်မပေးထားပါဘူးတဲ့..


ဒီအခေါင်းမှာလည်း အအေးပေးဖို့ပလပ်ပေါက်လေးတပ်ထားပေးတယ်..


ဒီခေါင်းတလားကတော့ အကျိုးပြုဆယ်လီဘရစ်တီ များအတွက်ပါတဲ့..


အတော်လေးအိစက်ညက်ညောမဲ့ အတွင်းပိုင်း


အရောင်မတူပေမဲ့ ဒါလည်းခေါင်းတလားပဲ.


ကတ္တီပါခင်းနဲ့ လဲလျောင်းရာ

ပြောရရင်တော့ ကြည်နူးစရာအလှူကို စိတ်ရောက်နေတာနဲ့ နာရေးကူညီမှုအသင်းရဲ့လုပ်ဆောင်ချက်အကြောင်းဝန်ထမ်းတွေ ရှင်းပြနေတာကိုသေချာတောင်နားမထောင်မိခဲ့ဘူး။
စိတ်ထဲမှတ်မှတ်ထင်ထင် သတိထားမိတာလေးတွေကတော့ လာရောက်လှူဒါန်းတဲ့သူတွေက ၅မိနစ်ခြားတဦးလောက်ကိုတွေ့နေရသလို၊ ဝန်ထမ်းတွေအားလုံးကသန့်ရှင်းကြည်လင်နေကြပြီး ရှင်းပြပေးတာကလည်းတကယ့်ကိုစိတ်လက်ပါရှိကြလို့ နောက်တခါလာလှူဖြစ်ချင်အောင်ကိုဖော်ရွေကြတယ်။ နောက်ဆုံးအပေါ်က အခေါင်းတလားတွေ(tool box)အကြောင်းရှင်းပြပေးတာရော.အခေါင်းတွေကသန့်ရှင်းနေတာရောပေါင်းပြီး အခေါင်းကိုတောင်အခေါင်းလို့မမြင်နိုင်တော့တဲ့အထိပဲ..
အပြန်လမ်းမှာပြန်ခံစားရင်းတွေးမိတာကတော့..ဒီအလှူက
စိတ်ချမ်းသာ စရာကောင်းသောမွန်မြတ်တဲ့အလှူ..
ပကာသန မဖက်တဲ့ သန့်ရှင်းသောအလှူ..
လူပီသသောလူတယောက်ကို အနီးကပ်အတုယူအားကျရတဲ့ ကြည်နူးစရာအလှူ..
မမြင်ဖူးကြပေမဲ့ စည်းလုံးပျော်ရွှင်ခဲ့ရတဲ့ ပထမဆုံးအလှူ..မို့
ပြန်တွေးမိတိုင်းကို..ကျေနပ်ရပါသည်ခင်ဗျားးး

18 comments

  • blackchaw

    February 13, 2012 at 5:26 pm

    အမတ်မင်း ရေ။
    ခေါင်းတွေအကြောင်း ကိုယ် ဘာမှ မသိလိုက်ရဘူးဗျာ။
    အခုလို ဓါတ်ပုံလေးတွေနဲ့ ရေးပြတော့မှ
    စိတ်ဝင်စားစရာလေးတွေ ရှိသေးတာ သိရတယ်ဗျာ။
    ကျေးဇူးတင်ပါတယ်ဗျာ။

  • thuyazaw21451

    February 13, 2012 at 5:37 pm

    အမတ်မင်းရေ မောင်မောင်တိုက်နဲ့ ကိုကိုဖက်ကပ်တို့အတွက် တစ်လုံးစီမှားထားပေးပါ ….. အဲကွန်း… ကေတီဗွီ….. စုံစုံလင်လင်ပါတာလေးပေါ့နော်………….မှာထားပေးလိုက်ပါဗျာ…… သူရဇော် 21451

  • water-melon

    February 13, 2012 at 5:39 pm

    အခေါင်းတွေမြင်တော့ ဝမ်းနည်းတယ်ဗျ
    ကိုယ်လဲတစ်နေ့နေ့တစ်ချိန်ချိန်မှာ အခေါင်းထဲဝင်ရမှာဆိုတော့
    သံဝေဂရမိတယ်။
    ကျေးဇူး အမတ်မင်း။

  • Rose Minn

    February 13, 2012 at 5:43 pm

    အမတ်မင်းရေကျေးဇူးပါ။ တကယ် rose မသိလိုက်လို့။ တကယ်မသိလိုက် ရတာကို သိသွားပါတယ်။ အပေါ်ဆုံးက ပုံကိုသိတယ်ကားဂိုထောင်ထဲမှာမို့လို့ နောက်ပိုင်းပုံတွေကို မသိလိုက်ဘူး။

  • စိန်ပေါက်ပေါက်

    February 13, 2012 at 5:52 pm

    အမှတ်တရ ဘယ်သူယူမလဲ
    လိပ်စာလေးသာပြော အခမဲ ပေးမယ်တဲ့ 😀
    ရှင်းပြနေတုန်း မရှိလိုက်လို ့..ခုမှသိရတယ်ဗျား..
    တိုင်းကျူး ဒေါ်ကြီးမတ်

  • Mလုလင်

    February 13, 2012 at 7:19 pm

    တကယ် ကို တရား ရစရာ ပါပဲ ဗျာ
    လေးစားစွာဖြင့်
    Mလုလင်

  • padonmar

    February 13, 2012 at 11:15 pm

    အမတ်မင်းက တကယ် လေ့လာရေးဆင်းလိုက်တာပဲ။
    ကျေးဇူး

  • MaMa

    February 14, 2012 at 6:51 am

    မျက်မမြင်ဆင်စမ်းသလို (ရမ်းပြောတာကို ဆိုလိုတာ မဟုတ်ပါ) နာရေးကူညီမှုအသင်း အလှူမှာ တစ်ယောက်တစ်မျိုး ရှု့ထောင့်တွေနဲ့ ပြောပြကြလို့ မလိုက်ရတဲ့လူတွေတောင် တကယ်ရောက်သွားရသလို အသိအမြင်တွေ စုံသွားရတယ်။
    အော်- ဒီလို သူမတူတဲ့ အသိအမြင်တွေကြောင့်လည်း အမတ်မင်း (ရိုးရိုးအမတ်မဟုတ်ဘူးနော်…… အမတ်မင်း) ဖြစ်တာပေ့ါ။
    လွှတ်တော်မတက်ပဲ လျှောက်သွားနေလို့ ………..
    ထုချေလွှာတင်ဖို့သာ စဉ်းစားပေတော့ :mrgreen:

  • amatmin

    February 14, 2012 at 9:05 am

    @ ကိုဘလက်၊ မိပေါက်ဖော်၊ အန်တီပဒုမ္မာ၊ မRose၊ Mလုလင်၊ ကိုသူရဇော်
    အကုန်လုံး ကိုကျေးဇူးပါဗျာ.. အပေါ်ကရေးထားတဲ့ အလှူအပေါ်ခံစားမိတာက
    ဒီလူတွေကို တွေ့ဖူးပြီးသွားမှ ဖြစ်လာရတာပါ… 🙂

    @ ဖရဲသီးရေ.
    အခေါင်းတွေထဲ မရောက်ခင် မန်းလေး သို့ ရန်ကုန် တနေရာမှာတော့ ဆုံကြဦးမယ်လေ..

    @အန်တီမမရေ..တကယ်သာ လိုက်လာဖြစ်ခဲ့ရင် ဒိထက်ပိုစုံသွားမှာဗျ..
    လွှတ်တော်မှာက တနေ့မှ ၁၆၀၀ဝ ပဲရလို့မကိုက်တာနဲ့ ရွာလည်ပစ်လိုက်တာလေ.. 🙂

    ရွာသားငထူအမတ်မင်း

  • Moe Z

    February 14, 2012 at 9:14 am

    အားပေးသွားပါတယ် ကိုအမတ်မင်းရေ
    မရွေးတော့ပါဘူး ဘယ်နေရာမှာ ဘယ်လိုပုံနဲ့သေမယ်မှန်းမှမသိပဲ
    တောမှာဆိုရင်တော့ ဒီအတိုင်းမြေမြှုတ်ခံရမယ်

  • ဆူး

    February 14, 2012 at 9:17 am

    အခေါင်းတွေ က သပ်ယပ်တယ်နော်။ တကယ်လူသေရင် နာရေးကူညီမှု အသင်းမအပ်ပဲ ကိုယ်တိုင် အခေါင်းမှာရင် သစ်ကလည်း ပိုးကိုက်ပါသေးတယ်။ ဦးလေး တယောက်က အရပ်ရှည်တော့ အခေါင်းထဲမှာ မဆန့်ချင်လို့ ခေါင်းလေးတောင် စောင်းနေတယ်။ ၆ပေ လုပ်ပေးရင် လွတ်ရက်သားနဲ့ ဆိုဒ်ခိုးတာ.. ဈေးကလည်း ရှယ်ကြီးတယ်။ အဲဒါမျိုး ဘယ်သူမှ ကိုယ်တိုင် မလုပ်တော့.. သူတို့ ပါးစပ်ထဲတင် ဈေးဖြစ်နေတော့တာပေါ့။

    • K@oru

      February 14, 2012 at 9:22 am

      လက်နှက်ချသွားတဲ့ ….ဂတ်တူဆိုဂျီးရေ..
      အပေါ်ကမန့်သွားတဲ့ …ကိုရင်မိုးဇီးလေး ဆိုရင် ပျဉ်စပ်ရတာ သိပ်ကုန်မှာ မဟုတ်ပါဝူးကွယ်….
      ပျဉ်သိပ်မစပ်ရတော့ သစ်ပင်သိပ်မခုတ်ရဘူးပေါ့ ခိခိ ….
      သည်တော့ ဂရင်းဖြစ်တယ်ပေါ့နော ….
      (မှတ်ပလားတွ ကိုရင်မိုးဇီး….. နာ့ဝို သမသွားလို့ လက်စားလာချေတာ….)

      ဒက်ဂလောက်…ဒက်ဂလောက်…

      • E.T

        February 14, 2012 at 9:53 am

        ကြားတာတော့ ညီလေးဇိက ၄ပေ၈လက်မ ဆိုလား 😛 စီးတဲ့ဒေါက်ကတော့ ၈ လက်မတဲ့ 😀

      • ဆူး

        February 14, 2012 at 10:01 am

        လက်နက်ချတာ မဟုတ်ဘူး.. အိပ်မောကျနေတာ.. ဟောက်တောင် ဟောက်နေတယ်။

  • windtalker

    February 14, 2012 at 12:21 pm

    ရှေ ့မှာ သေခြင်းရဲ ့တံခါးများ
    ဘေးမှာ ငပေကမြင်း ခိုး ရောင်းစား

    • စိန်ပေါက်ပေါက်

      February 14, 2012 at 2:30 pm

      ဟေ့လူ
      ဘာဖြစ်နေတာလဲ
      လူကြီးတွေအိပ်နေတယ်…တိတ်တိတ်နေ

  • etone

    February 14, 2012 at 3:16 pm

    ကိုအမတ်မင်းရေ ..ကျွန်မလည်း အဲ့ဒီ ခေါင်း တလားကြီး တွေ လိုက်ရှာကြည့်တာ မတွေ့ ခဲ့ရဘူး … တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် … ပလပ်ပေါက်ထိုးရတဲ့ အပေါ်ဆုံးက ခေါင်းကြီးကိုတော့ ချာတူးလေး ဗွီဒီယိုရိုက်လာလို့ မြင်ခဲ့ရတယ် …. ။

    ငယ်ငယ်တုန်းကတော့ .. သေတယ်ဆိုတာကြားလျှင် …ခေါင်းနား အလောင်းနား ကပ်ဖို့မပြောနဲ့ … အဝေးကနေတောင် မကြည့်ရဲဘူး … နောက်ပိုင်း ဆယ်ကျော်သက်အရွယ်ရောက်မှ အသုဘတွေ လိုက်ပို့ရင်း … သေတယ်ဆိုတာ ဒါပါလား လို့ နားလည်ခဲ့ပြီး ကြောက်ဖို့ကောင်းတယ် မထင်တော့ဘူး .. ။

    တစ်ချို့ လူတွေရှိသေးတယ် … အသုဘက ယပ်တောင်ကမ်းလျှင် မယူပဲ လမ်းလွှင့်ပစ်တာကို … အသုဘပို့ပြန်လာလျှင် အိမ်ထဲဝင်ထဲအခါ ခြေလက် အရင်ဆေးတာတို့ .. တရော်ကင်ပွန်းနဲ ့ခေါင်းလျှော်တာတို့ .. စုံနေတာပါပဲ … ။ တစ်နေ့သေကြရမှာပဲလေ …. ဒီနေ့ရှင်နေပေမယ့် မနက်ဖြန်သေချင်သေနိုင်တာပဲမို့ … လူသေလည်း ကြောက်စရာမကောင်းတော့ဘူး … ။

  • ရောင်နီ ဦး

    February 18, 2012 at 11:15 am

    မြင်ရတာသံဝေဂါရရစရာပဲနော်။တစ်နေ့ကိုယ်လဲဒီလမ်းပဲသွားရမှာနော်။

Leave a Reply