သူရဲကောင်းတို့ရေးဆွဲသောနေ့ရက်များ

သူရဲကောင်းတို့ရေးဆွဲသောနေ့ရက်များ

…………………………………………….

နာရီရဲ့စီးချက်တွေကတဂျက်ဂျက်နဲ့

ပိုင်ရှင်မဲ့တီးချက်အလား

လောကကြီးကိုတနည်းတဖုံစိုပြေစေဖို့

ခံစားချက်တီးလုံးပမာတီးခက်နေလေရဲ့

အလားတူခံစားချက်တွေက

ဘက်ပြိုင်လောကရဲ့တစိတ်တဒေသ

ပြည်မြန်မာအလှတရားတွေကို

ကိုပိုင်”လွတ်လပ်ခြင်း”အဖြစ်ထုဆစ်စေဖို့

သမိုင်းရဲ့မိခင်တစ်ယောက်၏အားထုတ်မှု့က

“ကမ္ဘာမြေကိုတုန်လှုပ်စေနိုင်ခဲ့တယ်”

“ပြည်မြန်မာကိုပြောင်းလဲစေနိုင်ခဲ့တယ်”

“ကမ္ဘာမှာမြန်မာလို့ဝင့်ကြွားစေနိုင်ခဲ့တယ်”

ရဲစွမ်းသတ္တိအားထုတ်မှုက…………….

အံ့မခမ်းတုန်လှုပ်စေနိုင်ပြီး

ရာဇဝင်သမိုင်းမှာနေ့ပေါင်းများစွာရေးထိုးနိုင်ခဲ့ပြီ…။

အဲဒီနေ့တွေက…………………………

…………………………………………..

……………………………………………။           ။

 

လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ

One comment

  • ဇွဲမာန်(အင်းဝ)

    February 13, 2012 at 4:54 pm

    ကွယ်လွန်ပြီးသောဗိုလ်ချုပ်ကို ဤကဗျာဖြင့်ဂုဏ်ပြုသည်…

Leave a Reply