မန်းဂေဇက်ရောဂါ

shwe pontFebruary 13, 20121min21628

မန်းဂေဇက်ရောဂါ လို ့နာမည်ပေးလိုက်ရတာက ကိုယ့်အကြောင်းနဲ ့ကိုယ်ပါ။ မိတ်ဆက်စာရေးပြီးကတည်းက စာမရေးဖြစ်ဘဲ ထုံးစံအတိုင်းစာပဲ နေ ့တိုင်းဝင်ဖတ်ဖြစ်နေခဲ့တာပါ။ ဒီကြားထဲ အကြောင်းပြချက်များစွာနဲ ့စာပဲကမန်းကတန်းဖတ်ပြီး၊ စာရေးမယ်စိတ်ကူးနဲ ့ကိုယ်တိုင်မိတ်ဆက်ပြီးမှရေးချင်တဲ့အကြောင်းအရာကလည်း ခေါင်းထဲမရောက်သေးတာရယ်။ အင်တာနက်ကို သုံးစွဲတဲ့အချိန်ရယ် အကြောင်းကြောင်းကြောင့် ကြန် ့ကြာမှုများစွာနဲ ့စာဖတ်ပရိတ်သတ်ဘဝမှာဘဲသံသရာလည်နေတုန်းမှာပဲ ဒီနေ ့ ဘလက်ချောရဲ ့ မန်းဂေဇက်ရဲ ့ ပထမဆုံးစုပေါင်းအလှူပွဲ ဓါတ်ပုံများနဲ ့တကွ စည်းလုံးမှုကို မြင်ရ ချိန်မှာ ကျွန်မရောဂါအကြီးအကျယ်တက်လာပါတော့တယ်။ အဲဒါကတော့ မန်းဂေဇက်ရွာသူ ရွာသားစစ်ဖြစ် ချင်တဲ့ရောဂါပါ ။

မန်းဂေဇက် စီနီယာများကနွေးထွေးလှိုက်လှဲစွာ ရွာခံပီသစွာနဲ ့ကြိုဆိုခဲ့ကြပေမဲ့ ကျမကခဏမျက်နှာလာပြပြီးပြန်သွားတဲ့ဧည့်သည်လိုဖြစ်နေခဲ့တော့… ရွာသူရွာသားတွေ ဓါတ်ပုံကြည့်ပြီး စည်းလုံးမှုကိုအားကျတာရယ်  ဒီလို တကယ်လိုအပ်နေတဲ့လူတွေရဲ ့အခက်အခဲကိုကူညီဖြေရှင်းပြီး စိတ်ရောကိုယ်ပါကြိုးစား ပြီးလုပ်နေတဲ့ ဦးကျော်သူတို ့ကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တဒေါင့်တနေရာကနေ အားဖြည့်ကြတာလေးကို ကြည်နူးမိတာလေးရယ်ကြောင့် ဒီနေ ့တစ်ခေါက်ရွာကိုထပ်လာတာပါ ။

ဓါတ်ပုံကြည့်လိုက် နာမည်ကြည့်လိုက်နဲ ့အကုန်လုံးကိုတော့မမှတ်မိသေးဘူး။ AKKO ရယ်၊ အန်တီပဒုမ ာရယ်၊ အုပ်ထိမ်းသူနဲ ့ လာတဲ့ ကိုရွှေတိုက်စိုးရယ် ဆံပင်ကောက်ထားတဲ့နွယ်ပင်ရယ်၊ နာမည်နဲ ့လိုက်တဲ့ ကိုဖက်တီးရယ် နဲ ့တခြားသူတွေကိုတော့မှတ်မိအောင်ကြည့်တုန်း …  မျက်မှန်နက်ကြီးနဲ ့က ဘလက် ချောလို ့ထင်တာပဲ ။

မန်းဂေဇက်အလှူကိုကြည့်ပြီး ပီတိလည်းဖြစ်၊ သာဓုလည်းခေါ်၊ နောက်တစ်ခါအလှူမှာကိုယ်တိုင်ပါဝင်ဖြစ်အောင်ကြိုးစားရင်း။ ရွာကိုတစ်ခေါက်ထပ်လာသွားပါသည်။ အိမ်ရှင်များ မြန်မာ ချစ်စရာ့ဓလေ့အတိုင်း ရွာထဲလာတဲ့ဧည့်သည်ကို ထမင်းလေးဖိတ်ကျွေး၊ ရေနွေးကြမ်း၊ လက်ဘက်သုတ်လေးနဲ ့ ခေါ်ဧည့်ခံကြပါဦး။ 😛  ဟွန် ့ ဧည့်သည်ကပြောနေရတယ်။ 😀

28 comments

  • water-melon

    February 13, 2012 at 6:53 pm

    ဧည့်သည်ကတော့ ဘာမုန့်ပါလာလဲ 😀
    ရပါတယ်ဗျာ ကျွန်တော်တို့မန်းလေးသားတွေက လက်ဖက်နဲ့ရေနွေးကြမ်း၊ ထန်းလျက်
    နေ့လည်စာ ကြက်သားကာလာသားလေးနဲ့ ဆိတ်သားစစ်အခြောက်ဖုတ်၊
    ညအတွက် ထန်းရည်စစ်လေးနဲ့ မြည်းစရာ။

    လသာသာ ညလေးမှာ
    ရွာထိပ်က မန်ကျည်းပင်အောက်
    စောင့်နေမယ် ရွှေပုံ :mrgreen:

    • စိန်ပေါက်ပေါက်

      February 13, 2012 at 7:08 pm

      စစ်သားအခြောက်ဖုတ်ကော စားမလား

    • shwe pont

      February 15, 2012 at 1:30 pm

      လာရဲဝူး သရဲကြောက်တယ်။ လသာသာမှာ မန်ကျည်းပင်အုပ်ဆိုင်းဆိုင်းနဲ ့ဆိုတော့ ကျောချမ်းစရာ 😀
      ဖရဲ ဖရဲ အဲ သရဲ သရဲ

  • kyeemite

    February 13, 2012 at 7:07 pm

    ကိုရွှေပုံရေ ဒီရွာထဲမှာ နေမယ် စိတ်ကူးရင်တော့ များအနေနဲ့ ခင်လို့သတိပေးချင်တယ် ..သိလား..
    ဖရဲသီးလုံးဝမစားပါနဲ့.. နောက်တစ်ယောက်က မိစိန်ပေါက်ပဲ…အဲ့ဒီ့ကောင်မက အရမ်းအဆဲသန်တယ်..
    နောက်..ကြောင်ကြီးကိုဂရုစိုက် သူကလည်းအလစ် ဝင်ဝင်ခုတ်တတ်တယ်…ကိုပုတို့ ကိုဖြိုးတို့တော့ ဂရုစိုက်စရာမလိုပါဘူးကွယ်…သူတို့က ရွှေပုံ့ကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး..အံစာတုံးလည်းမကစားနဲ့နော်..သူလည်းခေသူမဟုတ်ဘူး..ခင်ချင်းခင် .
    များကိုပဲခင်ပါနော်..နော်…ခင်တဲ့
    ရွာသူမ…ဒေါ်ကြီးမိုက်

    • စိန်ပေါက်ပေါက်

      February 13, 2012 at 7:11 pm

      ဟဲ့
      မသမ ကြီးမိုက်
      သူ ့ဘာသာအဝှာပြုချင်တဲ့လူပြုမှာပေါ့ ညည်းက ကြားထဲက ဘာပြုလို ့အဝှာလိုက်ပြုနေရတာလဲ

    • water-melon

      February 13, 2012 at 7:12 pm

      အမလေး ကြီးမိုက်ဆိုတဲ့ လူကြီးက ကြိတ်ပိုးကြီး
      အဲလူကြီးကမလွယ်ဘူး သိလား
      ဝေးဝေးရှောင်နော့ သိလား
      အကူအညီလို ပြောနော့
      အားမနာနဲ့
      ပိုက်ဆံတော့ မချေးနိုင်ဘူး
      ခင်တဲ့ မောင်ဖရဲ 😆

    • shwe pont

      February 15, 2012 at 1:32 pm

      အခင်လုံးနဲ ့ခင်ချင်လို ့ရွာထဲရောက်လာတာလေ
      နာမည်က ကြီးမိုက်ဆိုတော့… ငယ်ငယ်တော့ လိမ္မာခဲ့သေးတာလို ့ ဆိုလိုတာလား အမ 😀

  • ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူးလို့ မပြောဘူး
    အကြောင်းသိချင်ရင် ပေါင်းကြည့်
    ဒီနည်းလမ်းကို မကြိုက်ရင်လည်း
    လူကို မယုံရင်နေဗျာ
    ဘွဲ့တွေကို ယုံပြီး ပုံအပ်လိုက်ပါ
    ဘီလျံ သိန်းဂဏန်းလောက်မှ လိမ်ပြေးမယ့်
    ပုလင်းမထောင်တဲ့ မင်းကောင် … 😛

  • padonmar

    February 13, 2012 at 9:27 pm

    ကိုရွှေပုံ့ရယ် ကိုယ့်ကိုကိုယ် ဧည့်သည်လို့ သဘောမထားပါနဲ့ ၊
    အိမ်ရှင် တွေချည်းပါပဲ၊
    ဧည့်သည်က သူကြီးတစ်ယောက်တည်း။

  • MaMa

    February 13, 2012 at 9:58 pm

    ကို -လား မသိ၊ မ- လား မသိတဲ့ ရွှေပုံ့ရေ-
    အင်းးးးးးးးး မသိတာပဲ ကောင်းပါတယ်။

    ရွာထဲရောက်လို့-
    ကို- လား၊မ- လား သိသွားရင်တော့……..
    ကို – က မ- ဖြစ်သွားမယ်။
    မ- က ကို- ဖြစ်သွားလိမ့်မယ်။ 😆

  • Mလုလင်

    February 14, 2012 at 1:23 am

    ကျွန်တော့ စိတ်ထင် ကိုကြီးရွှေ ရဲ့ ပထမ ဆုံး ပိုစ့် က .. မိတ်ဆက် တဲ့ပိုစ့် လား လို့ ပါ
    မျက်မှန် နက်ကြီး နဲ့ က ဆိုလို့ .. အဲ့နေ့က လွှတ် ပဲများထားတဲ့ သုံးယောက် ရှိပါ့။ မျက်မှန် နက် ကြီးတွေနဲ့ ပေါ့ .. 🙁 ဓာတ်ပုံ ကြီးတက်လာမှ . ရှက်ထှာ …

    • shwe pont

      February 15, 2012 at 1:35 pm

      Mလုလင်ကို နာမည်နဲ ့တကွဖော်ပြထားလို ့သိလိုက်ပါတယ်။
      ကျမရဲ ့ပထမပို ့စ်က မိတ်ဆက်တဲ့ပို ့စ်ဟုတ်ပါတယ်။
      ဒါနဲ ့ဘယ့်နှယ် ကိုကြီးရွှေဖြစ်သွားရတာတုန်း 🙁

  • Khin Latt

    February 14, 2012 at 5:49 am

    ရွှေပုံ့ရေ – မနေ့ က မဝေက အာလူးဆနွင်းမကင်း၊ ဒီနေ့ မပဒုမ္မာက မုန့်ပျားသလက်။ နဲ့ဧည့်ခံတယ်။
    ရွာထဲက သူငယ်ယောင်ဆောင်ထားတဲ့ သူငယ်မ လေးတွေက အတော်လက်သွက်တော့ ကုန်သွားမယ်။
    မြန်မြန်လေးလာစားကွဲ့။
    ရွာထဲကို အားတိုင်းလာလည်ဖို့ ထပ်ပြီးဖိတ်ခေါ်ပါတယ်။ 🙂

    • shwe pont

      February 15, 2012 at 1:40 pm

      ကျေးဇူးပါ မခင်လတ်

  • K@oru

    February 14, 2012 at 6:36 am

    ကြိုဆိုပါတယ် မရွှေပုံ့ရယ်….

    အပေါ်က စိန်ပေါက်ပေါက်တို့ တသိုက်ကလွဲရင် ရွာသူား တွေက
    တည်တည်တံ့တံ့နဲ့ ချစ်တတ်ခင်တတ်ကြပါတယ်ကွယ်….
    😛

    ခင်တဲ့

  • Ma Ei

    February 14, 2012 at 9:13 am

    ရွှေပုံ့ရေ…မန်းဂေဇက်ရောဂါရထားတာကြာပေမဲ့..
    10/2/12..မှအသည်းအသန်ဖြစ်ပြီး..တရားဝင်ရွာသူစာရင်းဝင်ဖြစ်ပါတယ်..
    အားလုံးကို ခင်မင်ပါတယ်..

  • ဆူး

    February 14, 2012 at 9:29 am

    ရွှေပုံ့ အနေမကျုံ့ရအောင် အကျန်တော့ ပေးချင်တယ်။ အားနာလို့ပါ.. 😀
    ရွာထဲမှာ ပိုစ်တခု တင်လိုက်တယ် ဆိုကတည်းက ကိုယ်ပိုင် မြေတကွက် ရသွားပြီ။ လုပ်ချင်ရာသာ လုပ်ပေတော့.. ပိုစ်များများ တင်ရင် မြေကွက် ကြီးကြီး ရတယ်လို့ သဘောထား.. သဂျီးတောင် ပိုစ်မတင်လို့ မြေပျောက်နေတယ် ကြားတယ်။ ဟိဟိ

    • shwe pont

      February 15, 2012 at 1:37 pm

      ဆူး
      မန်းဂေဇက်မြေကွက်ကရောင်းစားလို ့ရလားဟင် မြေဈေးကောင်းနေတော့ ခုနေထုတ်လိုက်ရင် ဟန်ကျမလားလို ့ 😛

  • etone

    February 14, 2012 at 11:16 am

    မရွှေပုံ့ရေ .. ဂေဇက်ရောဂါစွဲတာက … ဆေးစွဲတာထက် ပိုဆိုးတယ် … ။
    မနက်စောစော ဝက်ဘ်ဆိုက်ဖွင့်မရလျှင်ကို လူက ဒေါသထွက်နေတာ … ။ တစ်ခါတစ်လေ …ရသ စာရေးသူတွေ အရေးသားကောင်းလွန်းလို့လည်း … အဲ့ဒီပို့စ်ထဲမှာ ကိုယ်တိုင်ဝင်ခံစားမိပြန်ရော … တစ်ချို့သတင်းတွေတင်တာ မြန်လွန်းတော့လည်း … အချိန်နဲ့တပြေးညီ ဘာတွေ ဘယ်မှာဖြစ်နေတယ် သိရပြန်ရော … ။

    ဂေဇက်စွဲတဲ့ရောဂါကတော့ … အင်တာနက်သုံးနေသရွှေ့ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး .. မရွှေပုံ ့ရေ … အဲ့ဒါကိုယ်တွေ ့ .. 😛

  • အသစ်အသစ်များအားလုံးကို
    ရောက်ပြီးသား အဟောင်းဟောင်းများက
    လက်ကမ်းကြိုဆိုပါတယ်။
    တစ်ခါတစ်လေ ရွာဆူရင်တော့ နေသာသလိုကြည့်ကြက်ပြီး ချောင်ကပ်နေပါနော်။
    လင်းလင်းသီချင်းထဲကလို
    (နေတတ်သလို……………နေပါတော့……………………..)

  • နွယ်ပင်

    February 14, 2012 at 11:54 am

    ဂေဇက်ရောဂါစွဲတာ မရွှေပုံ့တင် မဟုတ်ပါဘူး နွယ်ပင်တို့ပါ စွဲနေတာပါ
    မနက်မိုးလင်းလို့ Computer ဖွင့်တာနဲ့ အရင်ဆုံးတန်းဖွင့်မိတာက
    ဒီဆိုဒ်ကိုပဲ တစ်နေ့ တစ်လေလေးများ မအားလို့ မကြည့်ဖြစ်ရင်
    မနေနိုင်မထိုင်နိုင်ကိုဖြစ်လို့ .. ဟိုနေသွားလည်း လက်ကကင်မရာတစ်ကိုင်ကိုင်
    ဒီနေရာသွားလည်း လက်က ကင်မရာတစ်ကိုင်ကိုင်နဲ့ ရွာထဲကို မျှဝေချင်တဲ့စိတ်က
    ကြီးလွန်းနေပြန်ရော … မရွှေပုံ့လဲ ရွာထဲကို အချိန်ရတိုင်းလာလည်ပါလို့ ဖိတ်ခေါ်ပါတယ်နော် ….

  • windtalker

    February 14, 2012 at 12:19 pm

    ရွှေပုံ ့
    အနေမကျုံ ့ရအောင်
    ဖေ မုန် ့ပြမယ်
    ရွှေပုံ ့ ထကွယ်
    မုန် ့စားဖို ့။

    • shwe pont

      February 15, 2012 at 1:40 pm

      windtalker ရေ ခဏလေး အိမ်သယ်ဖို ့ကျွတ်ကျွတ်အိတ်လေးပါယူလိုက်ဦးမယ် ဟီး

  • ရွှေပုံ့ရေအနေမကျုံ့ပါနဲ့
    ဂေဇက်ဆို ဒီရွာကြီးဟာဖြင့်
    လာလိုသူအကုန်လက်ခံပါသကွဲ့
    လှမ်းခဲ့ပါဗျား။

  • aungnng87

    February 14, 2012 at 5:13 pm

    ရွှေပုံ့ .တွေ့လား ..ဒို့ရွှာကဘယ်လောက် ခင်စရာကောင်းလည်း ဧည့်ဝတ်ကြေလည်းဆိုတာ…

  • အင်း .. ရောဂါ .. ရောဂါ …
    ကျုပ်လည်း လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ရွာသား အစစ် ဟုတ်ခဲ့ဖူးဗျာ။
    ရွာထဲမှာ ပို့စ်တွေတော့ တင်ခဲ့တယ်။ ဒါပေမယ့် ဧည့်ပို့စ်လို့ ပြောရမှာပါပဲ။ ကိုယ့်တင်ခဲ့တဲ့ပို့စ်ကို ဘယ်သူတွေ မန့်မှန်းလည်း မသိ၊ ကိုယ်ကလည်း ဘာမှ ပြန်ပြီး မပြောတတ်ခဲ့ပါဘူးဗျာ။ အဲ … ဘယ်သူ မန့်မှန်း မသိဆိုမှ အဲဒီတုန်းက Kai ဆိုတာ သဂျီးမှန်းကို မသိခဲ့တာဗျ။ အခုတော့ ရွာထဲက လူအတော်များများကို သိနေပါပြီ။ ( အပေါ်က အံစာတုံး ကစားနဲ့ဆိုတဲ့ လူကိုတော့ သိဝူးထားလိုက် … 😀 😀 )
    ရွာထဲနေရတာ အခု ကျုပ်ပျော်နေပြီဗျို့။ ရွာထဲ တစ်နေ့ မဝင်ရ၊ မဖတ်ရရင် နေကိုမနေနိုင်တော့တာ။ အဲဒါ ကျုပ်ရဲ့ ရောဂါပဲ …။

    ခင်မင်စွာဖြင့်
    အံစာတုံး

  • ရွှေဘိုသား

    February 14, 2012 at 9:37 pm

    ထမင်းလေးဖိတ်ကျွေး၊ ရေနွေးကြမ်း၊ လက်ဘက်သုတ်လေး တစ်ခုမှမရှိဘူး ဘောပွဲရှုံးလို့ ညစ်ညစ်နဲ့ထောင်ထားတဲ့ BE ပဲရှိတယ် ကြိုက်ရင် ဝင်မောလေ

  • surmi

    February 15, 2012 at 12:11 am

    မိန်းမကပြောတယ် —ညညအပြင်မထွက်နဲ.တဲ.၊ကျုပ်ကလဲမထွက်ပါဘူး။
    ရွာထဲမှာဘဲ ညညသန်းကောင်ကျော်အောင်လျောက်လည်ခဲ.တယ်။
    ခုတော. အိပ်ရေးပျက်လို.မျက်တွင်းဟောက်ပက်—
    ဒါပေမဲ.——–ရွာထဲမှာပဲ တဝဲလည်လည်——

Leave a Reply