“မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”

1 မနက်ငါးနာရီခွဲကျော်ကျော်လောက် မှ မြင်ရတဲ့ မန်းလေးတောင်အရှေ့ဘက်ခြမ်း
2 ဓါတ်တော်တိုက်မရောက်ခင်စောင်းတန်းနားလေးက နေရိုက်ထားတာပါ
3မိုးမင်းမီမြင်ရတဲ့ ကျုံးနဲ့နန်းတော်
4 နံနက်ခင်း မိုးသောက် ရှမ်းရိုးမအလှ
5 မန်းလေးတောင်ကနေမြင်ရတဲ့ စန္ဒာမုနိနဲ့ကုသိုလ်တော်
6ဒါကတော့ ကုသိုလ်တော်
7နံနက်ခင်းမြူထုကြားမှာမြင်ရတဲ့ထုံးဖွေးဖွေးစေတီလေးပါ
8နည်းနည်းလေး လင်းစပြုတော့ စောင်းတန်းတွေကို မြင်လာရပါတယ် ဝိုးတဝါးပေါ့

 

9 မြူမူံရီရီ မီးခိုးလေးက တအူအူ ချောင်းကလေးနဲ့ဆိုတော့လွမ်းစရာ
10 ကျုံးရေပြင် ကျောက်တော်ကြီးနဲ့ နန်းတွင်း ဝိုးတဝါးမြင်ကွင်း
11 ကျနော်အနှစ်သက်ဆုံးမြင်ကွင်းလေးပါ
12 ရှးိရိုးမနောက်ကနေ ထွက်ပေါ်စပြုလာတဲ့နေမင်း

 

 

“မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်”

 

မန်းလေးတောင်ကို ကျနော်အကြိမ်များစွာ ရောက်ဘူးပါတယ်။

ဟိုငယ်စဉ်ဘဝကတော့ ခြေလျင်အပြေးအလွှားတက်။

ခြေလျင်တက်တာတောင်

တစ်ခါတစ်လေ စောင်းတန်းကတက်။

တစ်ခါတစ်လေ တောလမ်းကတက်။

တစ်ခါတစ်လေလူရှင်းတဲ့ဂေါက်ကွင်းဘက်အနောက်စောင်းတန်းကတက်။

ပျော်စရာကောင်းခဲ့တဲ့အချိန်တွေပါဘဲ။

ဒါပေမယ့် မန်းလေးတောင်ကို မနက်အာရုံမတက်ခင်တော့တစ်ခါမှ မရောက်။

တိုက်တိုက်ဆိုင်ဆိုင်လုလင်ရောက်တဲ့အချိန် မန်းလေးတောင်ကိုစောစောသွားဘို့ချိန်းလိုက်ပါတယ်။

ငါးနာရီလောက် စောစောထွက်။

လုလင်တည်းတဲ့12လမ်းဝင်ခေါ်။

မန်းတောင်ပေါ်ကို အပြေးအလွားတက်ကြပါတယ်။

ဘိုးဘိုးကြီးနန်းရှိတဲ့ အရှေ့ဖက်စောင်းတန်းကတက်။

နေကထွက်လာတော့ မှီအောင်အပြေးအလွားတက်ကြရတာ

အပေါ်လဲရောက်ရော အတော်မောနေပါတယ်။

ဒါပေမယ့် လှပတဲ့မြင်ကွင်း မြူမူံတွေဝေစီနဲ့မြင်ကွင်းတွေက

ရင်တွင်းအမောကိုပြေစေပါတယ်။

သိစေချင်တာကတော့မြန်မာပြည်အတွင်းမှာလဲလှပသောမြင်ကွင်တွေရှိတယ်ဆိုတာကိုပေါ့။

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(16-2-2012)

19 comments

  • Ma Ei

    February 17, 2012 at 8:46 am

    ကိုပေါက်ရေ ဓါတ်ပုံပြပွဲ လုပ်ပါတော့….
    ပြပွဲနံရံမှာ ဆိုဒ်အကြီးနဲ့သာ ကြည့်ခွင့်ရချင်ပါဘိတော့တယ်…

  • water-melon

    February 17, 2012 at 8:50 am

    လေးပေါက်ရိုက်မှဘဲ
    ဒို့မန်းလေးတော်တော်လှတယ်ဆိုတာ သိတော့တယ်
    စောစောထရိုက်ချင်တယ်။ စိတ်ကထချင် လူကမနိုးလို့။
    လေးပေါက်ရေ
    မနေ့ကလည်း ဦးပိန်
    ဒီနေ့လည်း မန်းလေးတောင်၊ကျုံး၊စန္ဒာမုနိနဲ့ကုသိုလ်တော်
    အတူတူလည်ခဲ့ဘူးတဲ့ နေရာတွေကြည့်ဘဲ။
    လွမ်းတယ်ဗျာ။
    ငိုတောင်ငိုချင်လာပြီ။

  • စိန်ပေါက်ပေါက်

    February 17, 2012 at 10:10 am

    မိုက်ဒယ်ဗျာ
    လေးလေးပေါက်ရဲ့ အမြင့်ပျံ ရိုက်ချက်များပေါ့
    ဗဲဒီးဂွတ်
    ရိုက်ချက်တွေပျင်းလာသလို ရေးချက်တွေလဲ မသေးတဲ လောက်လောက်ပေးကွ
    ဘယာကြော်

  • ကျနော် ကတော့ မန်းလေးကို တစ်ခါမှ ရောက်ဖူးပါဘူး။
    အခုလို မန်းလေး တောင်ပုံတွေကို မြင်ရတော့ မန်းလေးကို သွားချင်မိသွားတယ်။
    မန်းလေးကို ရောက်အောင်လည်း သွားဦးမှာပါ။ အဲဒီမှာ အသိတော့ ရှိတယ်။
    လေးပေါက်ရဲ့ ပုံတွေထဲမှာ လေးပေါက် အနှစ်သက်ဆုံး မြင်ကွင်းပုံလေးနဲ့ “ဒါကတော့ ကုသိုလ်တော်” ပုံလေးကို အကြိုက်ဆုံး ဖြစ်ပါကြောင်း ….. ။

  • အသိမရှိလဲလာပါ။
    ဖရဲပေရွှေစိန်ပေါက်ပု တို့က အမြဲတမ်း ဝဲလ်ကမ်းပါဘဲ။
    ကြိုတော့ပြော…………..
    ရှောင်ချိန်ရအောင်လို့။
    တိန်……………………

  • K@oru

    February 17, 2012 at 12:07 pm

    ဗျို့ အန်တီပေါက် ..
    ရှေ့လထဲမှာ ..ဘာဘီကျူ သားစားကျူးတဲ့ ရှက်ကီ သမား ဂျာပု
    ငတိ တကောင် မန်းလေး လာမယ် သတင်းအတိအကျ ရထားတယ်ချင့်
    ဆိုင်ကယ် ခွမယ်ချည်း ကြွေးကျော်နေတယ်ချင့် ..လုံအောင်ပုန်းပါချင့်..

    သများကတော့ သင်္ကြန်လောက်မှ စစ်ကိုင်းဘက်သွား ရိပ်သာဝင်ဖို့ လာရင်ကောင်းမလား
    တွေးနေပါတယ်ချင့် ….။

    😀
    ခင်တဲ့
    လုံမလေးခါအိုလု။

    • Diamond Key

      February 17, 2012 at 3:08 pm

      ကိုပေါက် မနက်ရောက် မန်းတောင်အောက်၊
      အားမရလို့ အပြေးသနော် မန်းတောင်ပေါ်၊
      အပြေးတစ်ပိုင်း ရိုက်စုံညီတဲ့ အလှမ်းမဝေးပေါင်၊
      မြူငွေ့ဆိုုင်း မိူင်းမူံရီတဲ့ မန်းလေးတောင်၊
      😛

  • လာချင်သူလာ ဆိုင်ကယ်ခွချင်တယ်ဆို အဆင်ပြေပါ၏။
    မန်းလေးမှာခွဘို့ ဆိုင်ကယ်ပေါ ပါ၏။
    စစ်ကိုင်းသွားရင် စစ်ကိုင်းလိုက်မှာပေ့ါကွ။

  • mandalarthu

    February 17, 2012 at 10:33 pm

    ဦးပေါက်ေ၇
    နံပါတ်(၁၁)ပုံကို အကြိုက် ဆုံးပါဘဲ။ တောင်ပေါ်မှာဆောင်းအကုန် နွေအကူးမမှာ မြူခိုုးလေးတွေ ဝေနေတာကို
    အမိအရ အချိန်လု ရိုက် နိုင် တာ အရမ်းတော်တာဘဲနော်..ဦးပေါက် ေ၇။ အားကျမိပါရဲ ့။
    ဓာတ်ပုံ ပြပွဲ ဖွင့်ဖြစ်ရင် ဒီကနေ ဖိတ်လိုက်ပါဦးနော်။

  • ဒီ ပိုစ် အ ဟောင်းကို ပြန ်ဖတ် မိ တော့ ရွာသူ ရွာသား အဟောင်း တွေ အား ကောင်း မောင်းသန်နဲ့ပိုစ်တွေ တင်ကြ ကော် မင်း တွေပေး ကြ တဲ့ ခေတ် ကို သတိ ရ မိ တယ်

  • kai

    January 10, 2014 at 5:50 pm

    မြန်မာ့အလှအပတွေနဲ့.. ဓါတ်ပုံဆရာတွေအတွက်… ရွှေခေတ်ရောက်အောင်… ဒီနှစ်ထဲလုပ်နိုင်မယ်ထင်မိတယ်..
    မျှော်.. :mrgreen:

Leave a Reply