သံတွဲဈေးကို စားကျက်လုကြပြီလား

kyawkyaw11February 13, 20121min914

သံတွဲဈေးမီးလောင်ပြင်ကြီးပေါ်မှာဈေးသစ်တည်ဆောက်ရန်ဘယ်လိုစီစဉ်ကြမလဲ

ဒီလိုလူအများဒုက္ခရောက်နေတဲ့အချိန်မှာ ဈေးသစ်ဆောင်ရန်စားကျက်လုနေကြတဲ့ ဝန်ကြီး

အဖွဲ့တွေကို ပြောချင်ပါတယ်

ခေတ်မှီပြီးသာယာလှပတဲ့ဈေးကြီးဖြစ်ဘို့ဆိုဒါဘယ်လိုလုပ်မလဲ စဉ်းစားဘို့တော့လိုတယ်နော

သံတွဲသားတွေကိုငတုံးတွေလို့ထင်ပြီး မလုပ်ပါနဲ့

ဆိုင်ခန်းတစ်ခန်းကို ၂၅သိန်း သိန်း၂ဝ ပြန်သွင်း ပြန်ဆောက်ပေးမယ်ဆိုတာ တွေ စည်ပင်ကဆောက်ပြီးငွေသွင်းရမည်ဆိုတာတွေ ခေတ်ဆွေးမှာကျန်ခဲ့ပါပြီ

အိုင်တီခေတ်ကိုရောက်နေပြီ

ပုတ်ပြတ်ပေးမယ်ဆောက်ချင်တဲ့လူဆောက် မူလပိုင်ရှင်တွေကိုသူ့နေရာနှင့်သူတခန်းစီအခမဲ့ပြန်ပေး

အပေါ်ထပ်ကို ကံထရိုက်ကရောင်းစားအနည်းဆုံး သုံးထပ်လောက်ဆောက်

ဒါမှမဟုတ် ဘဏ်တွေကို ကံထရိုက်ခေါ် အပေါ်ထက်ကို ဘဏ်တွေကယူ

အောက်ထပ်တွေကို ဘီအိုတီစနစ်နဲ့ ပြည်သူတွေ ပိုင်ရှင်တွေကိုပြန်ပေး

အဓိက က ပြည်သူတွေ ငွေမကုန်ဘဲနဲ့ ဈေးဘယ်လိုပြန်ဖြစ်လာမလဲစဉ်းစားပေးပါ

မင်းပြားဈေးလိုတော့မလုပ်ပါနဲ့

သံတွဲသားတွေ င အ တွေမဟုတ်ပါဘူးဝန်ကြီးတို့

ရွာသားတို့ ကျွန်တော်ပြောတာလက်ခံတယ်ဆိုရင်

ဝိုင်းဝန်းပြီးတောင်းဆိုပေးကြပါ

 

4 comments

  • အာကြီး

    February 13, 2012 at 9:47 pm

    မီးသင်းနံ့သင်းနေတဲ့ ဒွါရာဝတီဈေးကြီး က အဆီ တဝင်းဝင်းနဲ့ အသားတုံး ခဲကြီး ဖြစ်နေရပြီလေ ၊
    အသားတုုံးကို ဟပ်မဲ့ လူတွေကလဲ များလိုက်တာ ၊ ကန်ထရိုက်ကို သူလိုချင် ငါလိုချင် အသံတွေ
    ကြားနေရပါပြီ ၊
    ဒါပေမဲ့ဗျာ ဈေးသူဈေးသားအများစု အတွက် ငဲ့ညှာသောအားဖြင့် သက်သက်သာသာ ငြင်ငြင်သာသာ
    လေး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရင် ကျေနပ်လှပါပြီ ၊
    ဝန်ကြီးများ နဲ့ စည်ပင်မှ စားဖားကြီးများ မည်သို့မည်ဖုံ ဆက်၍ ဝါးကြောဖွင့်မည်ကို စောင့်ကြည့်
    လေ့လာနေမည် ဖြစ်ပါကြောင်း ။

  • မင်းပြားဈေးလိုတော့မလုပ်ပါနဲ့

    သံတွဲသားတွေ င အ တွေမဟုတ်ပါဘူးဝန်ကြီးတို့

    ရွာသားတို့ ကျွန်တော်ပြောတာလက်ခံတယ်ဆိုရင်

    ဝိုင်းဝန်းပြီးတောင်းဆိုပေးကြပါ

    ဟုတ်ကဲ့ပါ ဘယ်လိုကူညီပေးရမလဲဗျာ။နည်းလမ်းပြောပြပါလား။

  • kyawkyaw11

    February 14, 2012 at 9:06 am

    ဖြစ်ချင်တဲ့ကိစ္စတွေကိုမီဒီယာတွေကတဆင့်
    ဝန်ကြီးချုပ်ဆီတောင်းဆိုစာတစ်ဖုံ
    သမ္မတကြီးဆီတသွယ်
    အမျိုးမျိုးအော်ဟစ်တောင်းဆိုရမှာပေါ့ဗျာ

  • minyanag

    February 15, 2012 at 11:46 am

    ပွဲလန့်တုန်းဖျာခင်း ၊ နူရာ ဝဲစွဲ ဖြစ်အောင် ဒုက္ခရောက်သူတွေကို ယာယီ ဆိုင်ခန်းဆိုပြီး
    တစ်နေရာစာကို တစ်သိန်းခုနှစ်သောင်းနဲ့ တဲကုတ် ဆောက်ပေးမတဲ့ ။
    အကာအရံ မရှိတဲ့ အဖြူထည် သက်သက်ကိုတဲ့ ။
    စည်ပင်ကတော့ ကူရ ကယ်ရမဲ့ အစား လူတွေကို ညစ်သထက်ညစ်အောင် လုပ်တော့မယ်နဲ့
    တူပါတယ် ။

Leave a Reply