မြန်မာ့ရိုးရာစားစရာ(မုန့်ပျားသလက်)

padonmarFebruary 14, 20121min97245

ချိုချင်ရင် အနီရွေးပါလို့၊
အဆိမ့်လေး အဖြူပါ
ပဲပြုတ်လည်းလာ၊
နံနံသာ ထည့်ပါတော့မနှေး၊
နှမ်းထောင်းပါ မကျန်ရတယ်ကွယ်၊
ပျားသလက်တဲ့လေး။

မုန့်ပျားသလက် အဖြူ နဲ့ အနီ ကြိုက်တာစားနော်၊ဘေးမှာ နှမ်းထောင်း လည်းရှိတယ်၊ဆီလေးလည်း ဆမ်းပေးမယ်။

မီးဖိုလေးတွေ စီရရီ၊အဖြူလေးပြီးရင် အနီ။

မြန်မာ့စားစရာတွေပုံ ပြက္ခဒိန်ထုတ်ချင်တယ်လို့ သူကြီးစာဖတ်ရတော့

မြန်မာ့ရိုးရာစစ်စစ် မုန့်ပျားသလက်(မုန့်ပျစ်စလက်လို့လည်း ခေါ်တတ်ကြတယ်လေ)ကို သတိရမိပါတယ်။

ဒါနဲ့ စမ်းချောင်းမဟာဘောဂလမ်းက ရွှေရည် လက်ဖက်ရည်ဆိုင်မှာ ရောင်းတဲ့

မုန့်ပျားသလက်သည်လေးကို သွားရိုက်လာပါတယ်။

ပုံကတော့ မကောင်းပါဘူး။

ကလေးမလေးကိုလည်း လုလင်လို သရုပ်မဆောင်ခိုင်းတတ်တော့ ပုံက လှလှပပ မထွက်လာဘူး၊

idea လေးပေးချင်တာပါ။ဒါ့ပုံဆရာတွေ ရိုက်ပေးကြပေါ့။

မရေးတတ်ပဲရေးထားတဲ့ ကဗျာကိုကဗျာဆရာတွေကတော့ ရီမှာပဲ။

ကဲ ဘာပဲဖြစ်ဖြစ် မုန့်လုပ်နည်းလေး ရေးဖူးတယ်ရှိအောင်

အိမ်တွင်းမှုစာအုပ်ကကူးပေးမယ်။

(ဂီဂီကပြောတယ်လေ ဦးမာတို့ဦးကြာတို့က မုန့်လုပ်နည်း၊ဇာထိုးနည်းတွေ မရေးလို့

သများတို့ ခြောက်ရပါတယ်တဲ့)

တရားခံမဖြစ်အောင် လိုင်းပြောင်းမယ်ရွာစားရေ။

လူ၂ဝဦးစာမုန့်ပျားသလက်လုပ်နည်း

ဆန်ကြမ်း နို့ဆီဘူး ၄လုံး

ဆား စားပွဲဇွန်း ၁

ဆော်ဒါ လက်ဖက်ရည်ဇွန်း ၁

ထန်းလျက် ၂ဝ ကျပ်သား

မြေပဲဆီ ၂ ၁/၂ ကျပ်သား

ဆန်ကို တစ်ည ရေစိမ်ကြိတ်ပါ။ မုန့်နှစ်ကို ဆား၊ဆော်ဒါ ရောစပ်ပြီး

အသွင်၂မျိုးဖောက်၊

၁ မျိုးမှာ မုန့်နှစ် ရေရော၊ထမင်းရည်ပျစ်ပျစ်လို ဖောက်၊

နောက် တစ်မျိုးမှာ ကြွက်မြီးတန်းအောင် ကျိုထားသည့် ထန်းလျက်နှင့်

မုန့်နှစ်ကိုရော အနည်းငယ်ကျဲကျဲဖောက်။

အင်တွဲကို အမှုန့်ကြိတ်၊ အဝတ်ကို ထူထူထပ်ပြီး အဝတ်ထုပ်လုပ်။

(အိုး မကပ်အောင်သုတ်ဖို့ပါ၊ခေါက်မုန့်လုပ်ရင်လည်း သုတ်ရပါတယ်)

မုန့်ဖုတ်ရန်၊

မုန့်ဖုတ်စလောင်းနှင့် အရွယ်တူ မုန့်ဖုတ်အိုးငယ်ကို ပူအောင်လုပ်။

အိုးပူလျှင် အင်တွဲမှုန့်ကို အဝတ်ထုပ်ဖြင့် ဖိသုတ်၊

မုန့်နှစ် အဖြူရည်ကို ဇွန်းဖြင့် ၅လက်မခန့် ဖြန့်ထည့်၊

အပေါ်မှ ထန်းလျက်ရည်ပါသော မုန့်ရည် ကျဲကျဲကို အဖြူနားချန်ထည့်။

နှုတ်ခမ်းသားပါးပြီး အလယ် ထူရမည်။

မုန့်အိုးကို စလောင်းအုပ်၊

၃မိနစ်ခန့်နေလျှင် အဖုံးဖွင့်

ဝါးချွန်ထိပ် အဝတ်ပတ်၊ ဆီကို တို့ပြီး မုန့်ကို ဆီရိုက်ပေးပါ။

မုန့်ကျက်လျှှင် သံယောင်းမနဲ့ ကော်ယူပါ။

(အဖြူအဆိမ့်စားလိုလျှင် ထန်းလျက်ရည်ပါ မုန့်ရည်ကျဲမထည့်နဲ့)

( ပဲပြုတ်က အဖြူရော အနီရောထည့်လို့ ရပါတယ်၊နံနံကတော့ အဖြူမှာသာထည့်ပါ)

နှမ်းလှော်ကို ဆားနည်းနည်းနဲ့ ထောင်းပြီး အဖြူမှာ ဖြူးစားပါ။

ဆွေမျိုးမေ့သွားပါမယ်။

ဝယ်စားရင် လူသက်သာပါတယ်။

ဒါပေမယ့် မြန်မာပြည်ပြန်ရောက်မှ စားလို့ရတဲ့

မြန်မာ့ရိုးရာစစ်စစ်ပါရှင့် ။

45 comments

  • Khin Latt

    February 14, 2012 at 5:32 am

    အစ်မ ပဒုမ္မာ – ကဗျာလဲ ဖြစ်သကိုး။
    သွားရည် တမျှားမျှား ကျသွားပါသည်။
    အားလုံးကို စားချင်တယ်။ သင်းခရု အကြီးကြီးပါ။

    အဖြူလေးလဲ ဇိမ်ဘဲ၊ ဇိမ်ဘဲ။
    အနီလေးလဲ ဇိမ်ဘဲ၊ ဇိမ်ဘဲ။
    (ကဗျာမရတော့ ရတာ ကိုဘဲ အော်ကာ သွားပါ၏) 😉

    • padonmar

      February 14, 2012 at 8:43 pm

      မလတ်ရေ
      ပြည်တော်ပြန်လာမယ့်သူတွေကို ( အလွမ်းပြေ ခဏပြန်ပဲဖြစ်ဖြစ်)ကြိုဆိုဧည့်ခံဖို့ ရွေးလိုက်တာလေ၊
      မလတ်ပြန်လာရင်လည်း လိုက်ဝယ်ကျွေးမယ်နော်။

  • MaMa

    February 14, 2012 at 6:51 am

    ငယ်ငယ်တုန်းက စားဖူးတဲ့ မုန့်ပျစ်စလက် ကို သတိရ တမ်းတနေတာ ကြာပြီ။
    နှစ်ပေါင်းများစွာကြာပြီး ခုမှပဲ ပဒုမ္မာရဲ့ ကျေးဇူးနဲ့ စားရတော့တယ်။
    တစ်ခုထပ်ဖြည့်ပေးဦးမယ်။ အဲဒီအနီမုန့်ထဲကိုပဲ ကြက်ဥထည့်ဖုတ်စားလို့ရသေးတယ်။
    အလွန်ကောင်း။ အင်မတန်ကောင်း။
    မြန်မာမုန့်တွေက ဈေးသက်သာပြီး လွယ်လွယ်ရတော့ တန်ဖိုးမထားကြတာများတယ်။
    အမှန်တကယ် ကိုယ်တိုင်လုပ်စားကြည့်ရင်တော့ ခက်ခဲပင်ပန်းတယ်။
    နောက်ထပ် ကိုယ့်စိတ်ကြိုက် မုန့်တစ်ခုရှိသေးတယ်။
    မန်းမရွေးဆိုတာ။ ဆန်ကို ထောင်းဆုံနဲ့ ထောင်းပြီး၊ ကျော်တာလား၊ ဖုတ်တာလားတော့ မသိဘူး ကြွပ်ပွနေတာကို ထန်းလျှက်ရည်ပျစ်ပျစ်ထည့်ပြီး စေးကပ်နေတာ။ (ငယ်ငယ်က တွေ့ဖူးတာ၊ သေသေချာချာတော့ မသိဘူး) ချိုလည်း ချို၊ ကြွပ်လည်းကြွပ် မို့ တော်တော် စားကောင်းတယ်။

    • Moe Z

      February 14, 2012 at 8:39 am

      ဟုတ်တယ် မမ ကြက်ဥနဲ့က ပိုကောင်းတယ် 🙂

      အန်တီပဒုမ္မာကိုယ်တိုင်လုပ်တာလားလို့ ဟုတ်လည်းဟုတ်ဘူး
      အဖြူရောင် ၂ခု ရွေးစားသွားပါတယ် 😀

      • padonmar

        February 14, 2012 at 8:48 pm

        မမနဲ့ မိုးစက်ကို စပယ်ရှယ် ကြက်ဥနဲ့ လုပ်ခိုင်းပြီးကျွေးရမယ်။
        စားချင်ရင် ရက်ချိန်းယူထားပါ။

    • padonmar

      February 14, 2012 at 8:45 pm

      မမ
      မန်းမရွေးက ကောက်ညှင်းကို လှော်ရတယ်လို့ မုန့်လုပ်နည်းထဲမှာတွေ့တယ်။
      တောမှာတောင် သိပ်မတွေ့တော့ဘူး။

  • ပုသိမ်သူ

    February 14, 2012 at 8:23 am

    အန်တီ ပဒုမ္မာ။ ပုံပဲလားဟင်။ လိုက်များကောမကျွေးချင်ဘူးလား။ သများတို့ကလုပ်စားဖို့အိုးလဲမရှိဆိုတော့။

  • weiwei

    February 14, 2012 at 9:01 am

    ဗမာမုန့်တွေက လုပ်ရခက်တယ်နော် ….
    မုန့်နှစ်ကြိတ်ဖို့ကလဲ ခက်သေးတယ် … ဆန်ကိုရေစိမ်ပြီး ဘလန်ဒါနဲ့ ကြိတ်ကြည့်ဖူးသေးတယ် … မှုန့်နေအောင် ကြိတ်လို့မရတာနဲ့ လက်လျော့လိုက်ရတယ် … ရယ်ဒီမိတ်ဆန်မှုန့်ကို ရေဖျော်ရင်လဲ မတူပြန်ဘူး …

    မုန့်အဖြူရောင်ကိုပိုကြိုက်တယ် …

  • htoosan

    February 14, 2012 at 9:10 am

    ရန်ကုန်အင်းစိန် လမ်းမ က သံလမ်းထိပ်မှာလည်း တစ်ဆိုင်ရှိတယ် ။ ညနေမှထွက်တယ် ။ အရင် စန္ဒာမြိုင်ရုပ်ရှင်ရုံအောက်မှာ .. တစ်ခုမှ ၅ဝ ၊- နဲနဲတော့ စိတ်ရှည်ရတယ် ။ စောင့်သူများတတ်လို့။
    အဖြူ အဆိမ့်ဘဲတော့ရတယ် ။ ပဲပြုတ်က အစ ကိုယ်တိုင်ပြုတ်လုပ်တယ်လို့ ပြောတယ် ။ သူကတော့ နံနံပင်မထည့်ဘဲ ကြက်သွန်မိတ်ထည့်တယ် ။
    လုပ်တာတော့ အခုပုံမှာ ပြသလို ရွှံ့ အိုးနဲ့မဟုတ်ဘူး ။ သံအိုးနဲ့ဘဲ။
    ရောင်းသူတောင် တွေ့ရခဲလာပြီလားလို့။ 🙄

    • padonmar

      February 14, 2012 at 9:03 pm

      ကိုထူးဆန်းရဲ့ ဆိုင်က ပိုသက်သာတယ်။
      ကျွန်မရိုက်ပြတဲ့ဆိုင်က တစ်ခု ၁၀ဝ ပေးရတယ်။
      သူက ဆီသန့်သုံးတယ်၊လက်ဖက်ရည်ဆိုင်ဆိုတော့ ပန်းကန်ဇွန်း ခက်ရင်းလေးတွေ သန့်သန့်ရှင်းရှင်းနဲ့ စားရပါတယ်။

  • blackchaw

    February 14, 2012 at 9:16 am

    မုန့်ပျားသလက် ဆို အနီရောင်ပဲ ကြိုက်တယ် အစ်မရေ။
    ထန်းညက်အရသာချိုချိုလေးနဲ့ ခင်ဗျ။
    ၅ ခုလောက် ပါဆယ် ထုတ်ပေးပါခင်ဗျာ။

    • ဒီပို့စ် တက်လာကတည်းက
      သရေယိုမှာစိုးလို့ မကြည့်ဖြစ်သေးဘူး
      အိမ်ပြန်ခါနီးမှ ကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်
      အခုလာကြည့်တော့
      တော်တော်များက ပါဆယ်တောင်ဆွဲလို့ ကုန်တောင်ကုန်ပြီပဲ
      ဗျို့
      ဦးလေးဘလက်
      ဒီနေ့က ဘာနေ့ညာနေ့ဆိုတော့ မဒမ်ဘလက်နဲ့ ၁ ခုတည်းက တစ်ဝက်စီခွဲပြီးစား
      ဒါမှ ရိုမက်တစ် ဆန်မှာ
      ကျန်တဲ့ ပါဆယ် လေးခု ကျွန်တော်ယူသွားပြီဗျ
      ကျွန်တော်လည်း အနီရောင်ကြိုက်တယ် …
      ရှလွတ် .. (သရေသိမ်းသံ) … 😛

      • padonmar

        February 14, 2012 at 9:08 pm

        မောင်ကင်း
        တစ်ယောက်ထဲ ၄ခုဆိုရင် မင်းထိန်းထားတဲ့ ဘော်ဒီလေး အလှပျက်သွားပါအုံးမယ်ကွယ်။

    • padonmar

      February 14, 2012 at 9:06 pm

      ကိုဘလက်
      ပါဆယ်၅ခုတော်ပြီလား။

  • ဆူး

    February 14, 2012 at 9:23 am

    ပုံလေးမြင်မှ အဲဒီ မုန့်မျိုး ဆူး မစားဖူးဖူး ဖြစ်နေတယ်။
    အဲဒါ ရောင်းတဲ့ ဈေးသည်လည်း သိပ်မတွေ့တာဘူးဘူး။
    ပွဲဈေးတန်းမှာတော့ ရေမုန့်တို့ မုန့်သိုင်းချုံတို့ အာပုံ တို့လောက်ပဲ တွေ့ဖူး စားဖူးတာ..
    အရသာ ဘယ်လို ရှိပါ့ အန်တီရေ..
    ဆန်ကြမ်းဆိုတော့.. မုန့်က အေးရင် မာမယ် ထင်တယ်နော်။

  • K@oru

    February 14, 2012 at 9:26 am

    စမ်းချောင်းလမ်း ပဒုံမာကွင်းဒေါင့် …
    ယခင် စဥ့်အိုးတမ်း မငယ် ကြက်သားလိပ် ကြော်ဆိုင် ရှေ့
    မှာ ရှိပါတယ်ချင့် ….။
    သွားစားကြည့်ကြပါချင့်…

    ခင်တဲ့ ….

    • ဆူး

      February 14, 2012 at 10:06 am

      မငယ် ဆိုင်တော့ ပိတ်သွားရှာပြီ။ စိလုပ်တန်း ကို ပြန်ပြေးသွားတယ်။

      • Thel Nu Aye

        February 14, 2012 at 1:24 pm

        ဟင်ပိတ်ပြီလား။ သများကဂေဇက်ကလူတွေခေါ်ကျွေးမလို့ဟာ။ စိတ်မကောင်းပါဘူး။

      • padonmar

        February 14, 2012 at 9:15 pm

        ဆူးရေ
        အေးရင်တော့ မာတာအမှန်ပဲ။
        ဆန်ကြမ်းနဲ့ လုပ်မှလည်း စားကောင်းတယ်တဲ့။

        ဟိုအပြောင်းအလဲများတဲ့ သူငယ်မညွှန်တဲ့ ဆိုင်က (မငယ်ဆိုင်ရှေ့)
        ဘိန်းမုန့်နဲ့ တွဲလုပ်တဲ့ ဆိုင်ဖြစ်မယ်။
        သူက တစ်ခု ၅ဝ ပဲ။သူလည်း စားကောင်းတယ်။
        နောက်နေ့မှ ဘိန်းမုန့်သွားရိုက်လိုက်အုံးမယ်။
        ရွှေရည်က အရင် မုန့်လုပ်တဲ့ ချာတိတ်မလေးက ချည်ထည် ယူနီဖောင်းနဲ့ ခေါင်းစည်းလေးအုပ်ပြီးလုပ်တယ်။
        သန့်သန့်လေး။
        အဲဒီကောင်မလေး ရှိအုံးမယ်ထင်ပြီး သွားရိုက်တာလေ။

  • amatmin

    February 14, 2012 at 9:45 am

    အဖြူရောင်ကို ပိုကြိုက်တယ် ဒါပေမဲ့ နံနံပင် ပါတာတော့ မကြိုက်ဖူး.
    အိမ်သူသက်ထား ရခဲ့ရင် လုပ်ကျွေးခိုင်းလို့ ရအောင်အကုန်မှတ်သွားပါ၏.. 😛

    • Thel Nu Aye

      February 14, 2012 at 1:25 pm

      ဟာဟ။ လုပ်ခိုင်းမှာလား။ လုပ်ကျွေးမှာလား။ ရှင်းအောင်ပြော။

    • padonmar

      February 14, 2012 at 9:18 pm

      အမတ်မင်း ကြော်ငြာ ဝင်နေပါသည်။
      အမတ်မင်းကတော် တွင်ရှိရမည့် အရည်အချင်းမှာ
      (၁) မုန့်ပျားသလက်ကို နံနံပင်မထည့်ပဲ လုပ်တတ်ရပါမည်။

  • နွယ်ပင်

    February 14, 2012 at 9:52 am

    အန်တီ ပဒုမ္မာရေ …အရင်က နွယ်ပင်တို့ အိမ်ကို အညာက အမျိုးတွေလာရင် ခဏခဏ လုပ်ကျွေးဖူးတယ်
    ဆိုင်က ဝယ်စားတာထက် အိမ်မှာလုပ်စားတာက ပိုကောင်းတယ်နော် … နောက်ပြီး
    မုန့်ပျားသလက်လုပ်ရင် မြေအိုးလေးနဲ့ လုပ်တာပိုကောင်းတယ်လို့ လူကြီးတွေကပြောကြတယ်
    ဒါပင်မဲ့ အခု နွယ်ပင့် လက်ချက်နဲ့ မြေအိုးတွေကွဲကုန်လို့ မြေအိုးလေးနဲ့ လုပ်မစားဖြစ်တော့ဘူးလေ ….

    • padonmar

      February 14, 2012 at 10:02 pm

      နွယ်ပင်
      အခု အိမ်ကအိုးတွေတော့ မခွဲနဲ့တော့နော်။

  • Shwe Tike Soe

    February 14, 2012 at 10:41 am

    ဟုတ်တယ် မမပဒုမ္မာ အဲဒါပေမယ့် ရန်ကုန်က မုန်.ပျားသလက်နဲ. မန်းလေးက ဟာနဲ.တူဘူးဗျာ မန်းလေးမှာဆို အရည်ပါးနဲ.လေ..
    အခုဟာက မန်းလေးမှာ ဆို ပုံပုံလေး လို.ခေါ်တယ် ပဲပြုတ်နဲ.လေ..
    မန်းလေးက မုန်.ပစ်သလက်လို. ခေါ်တာ… မယုံရင်လေးပေါက်ကိုဖုန်းဆက်မှာလိုက် ပို.ပေးလိမ်.မယ် :D..
    ချည်ငံစပ်ဆို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပဲပြုတ်၊ ဆူးပုတ်ရွက် နဲ. အုံးသီး ခြစ်ပါပါတယ်.. အနီးကတော့ ထန်းလျက်ရည်နဲ. အချိုပေါ့.. ပုံပုံကတော့ ပဲပြုတ်သပ်သပ် ပဲ ဆိုဒ်အသေးပေါ့……
    ပြောရင်းစားချင်လာပြီးးးးးး လေးပေါက်ရေ. ကျွန်တော် ကိုဝယ်ကျွေးပါလား ဟိဟိ 😛

    • padonmar

      February 14, 2012 at 10:04 pm

      တိုက်တိုက်ရေ
      အဲဒီချဉ်ငံစပ်တောင် စားကြည့်ချင်လာပြီ၊
      ကီးမားခေါက်မုန့်လိုမျိုးထင်တယ်။

  • စိန်ပေါက်ပေါက်

    February 14, 2012 at 11:12 am

    အကိုရေ
    ပျားသလက်ပြီးရင်
    ပုဇင်းသလက်တို ့
    လိပ်ပြာသလက်တို ့
    ပိတုန်းသလက်တို ့လဲ တင်ပေးပါဦး

    • padonmar

      February 14, 2012 at 10:05 pm

      မိပေါက်နော်
      မုန့်ထဲက ပိတုန်းတကယ်တုပ်လိုက်မှ ဟုတ်ပေ့ဖြစ်နေမယ်

  • nozomi

    February 14, 2012 at 2:10 pm

    မုန့်ပျားသလက် ဆို သိပ်ကြိုက် အန်တီလေး ရေ
    အနီလဲ ကြိုက် ၊ အဖြူလဲ ကြိုက် ၊ အဖြူထဲကြက်ဥဖောက်ထည့်လဲကြိုက်
    ရွာထဲက တစ်ယောက်ယောက်ကများ မုန့်ပျားသလက်ကျွေးမယ်ဆိုလို့ကတော့ ရန်ကုန်အတွင်းဘယ်နေရာဖြစ်ဖြစ်လာစားမည်ဖြစ်ပါကြောင်း

    နောက် အညာမှာ စားရတဲ့ မုန့်ပေါင်းလဲ ကောင်းတယ်ဗျ
    မုန့်နှစ်ကိုယောက်သွားလေးနဲ့ခြစ် ပြီးပေါင်းထားတော့ မွ နေတာပဲ ၊ အဲဒီအပေါ် ပဲလေးဖြူး ဗူးသီးကြော်လေးနဲ့သာစားလိုက်ရ ရင်
    ဂလု ဂလု ဖြစ်သွားပါကြောင်း
    အန်တီလေး ရေ

    • padonmar

      February 14, 2012 at 10:08 pm

      ကိုနို
      တကယ်လာစားမှာလား။
      မုန့်ဖိုးက တစ်ခုမှ ၁၀ဝရယ်၊ကားဆီဖိုးနဲ့ မကာဘူး၊
      မလိမ်တတ်ဘူးဆို။

      မုန့်ပေါင်းတို့ ရေမုန့်တို့ အခုစားချင်ရင် ကျိုက်ဝိုင်းဘုရားပွဲစပြီနော်၊သွားစားလို့ရတယ်။

  • pooch

    February 14, 2012 at 3:10 pm

    မန်းလေးက ချဉ်ငန်စပ် ကြက်ဥထဲ့ထားတဲ့ မုန့်ပျားသလက်ကို စားမိရင် လျှာလည်သွား စေရမယ်။ 😀

    • Moe Z

      February 14, 2012 at 3:37 pm

      တကယ်လား မမပူးချ် လက်တွေ့မှယုံမှာနော် 😀

    • Thel Nu Aye

      February 14, 2012 at 4:29 pm

      ယုံဘူး။ ဝယ်ကျွေး။

    • padonmar

      February 14, 2012 at 10:09 pm

      နန်းမတော် မယ်ပုချ်
      ကိုပေါက်လာရင် ပါဆယ်ပို့လိုက်နော်။

  • koaung

    February 14, 2012 at 7:44 pm

    ဒါမျိုးလေးနဲ့ရေနွေးကြမ်းနဲ့ အဖော်လုဎ်လိုက်ရရင် ဗိုက်ပြည့်သွားမှာအမှန်ပဲဗျာ 😀

    • padonmar

      February 14, 2012 at 10:10 pm

      ကိုအောင်
      မြေပဲကျွန်းက ပြန်ရောက်ရင် အသံပြုလိုက်ပါ၊
      ရေနွေးကြမ်းမက လက်ဖက်ရည်ပါတိုက်ပါမယ်။

      • koaung

        February 15, 2012 at 2:15 pm

        ကျေးကျေးပါ မမပဒုံမာခင်ဗျား

  • windtalker

    February 14, 2012 at 8:59 pm

    ဒီမုန် ့က စကားတောင်စား တို ့လက်ထက်ကတဲက လုပ်စားခဲ့တာကလား

  • padonmar

    February 14, 2012 at 10:13 pm

    မောင်ကြီးပေ
    နှစ်မလေးတို့ကို စကားတောင်စားပုံ ပြောပြနော်။(တကယ်တောင်းဆိုတာပါနော်)

  • အကြံကောင်းရပြီ။
    နောက်တစ်ခါ ရွာထဲက ရွာသူတွေကိုစု မုန့်လုပ်။
    ရွာသားတွေက ရောင်း
    နိဗ္ဗာန်ဈေး တန်းလုပ်ကြမယ်……………………
    သူကြီးက အရင်းထုတ်ပေးလိမ့်မယ်။
    သဘောတူရင်လက်ခုပ်တီးပါ။

    • Thel Nu Aye

      February 15, 2012 at 8:33 pm

      ဖယောင်းဖယောင်းဖယောင်း ( လက်ခုတ်တီးသံ )

  • padonmar

    February 14, 2012 at 11:21 pm

    ကိုပေါက် ရွာသူတွေကိုစုပြီး မုန့်လုပ်ပစ်မယ်။ဘုရားကယ်တော်မူပါ။
    ဟိုဘက်မှာလည်း ကြီးမိုက်က သံရည်ကျိုစက်ပို့မယ်တဲ့။
    သနားကြပါ။

  • လူသားပေါက်စီဆိုရင်မဆိုးဘူး
    တစ်ခါမှလည်း မစားဖူးဘူး
    ရောင်းရင်း စားလိုက်ရမယ်
    ငှဲ လျောင်း ငှဲ လျောင်း … 😛
    မသဲနုအေးက သဘောတူတယ်ဆိုတော့ သူ့ကို အရင်မုန့်လုပ်ရမယ် … 🙂 😛 😀

    • Thel Nu Aye

      February 15, 2012 at 8:59 pm

      ဟင့်သများကို ဒေါ်စိန်ပေါက်က ဦးသဲနုအေးတဲ့။ သများကရွာသား။ လုပ်ချင်းလုပ်ဒေါ်စိန်ပေါက်အရင်လုပ်။ သူကရွာသူဖြစ်တာတော်တော်တောင်ကြာပေါ့။ သူ့အရင်လုပ်ပါဗျို့။

  • ကြောင်ကြီး

    February 18, 2012 at 11:13 am

    မုန့်ပျားသလက်
    အကျွန်ုပ်ကျားမက်
    လုပ်စားတရက်
    ဟုတ်သွားရက်စ်…။
    မုန့်ပျားသလက်ကတော့ ဖေးဗရိတ်ပဲ အန်တီပဒုမ္မာရေ…။ သို့ပေသိ ရန်ကုန်မှာတောင် အလွယ်ရှာမရဘူး…။ ဒီမှာ ကုလားဆိုင်တွေမှာတော့ ရယ်ဒီမိတ်အမှုန့်ထုပ်တွေ့တယ်။ လုပ်ဖို့အိုးကလည်း ရှိသေးတယ်ဆိုတော့ လွယ်ပါဘူး…။

Leave a Reply