သံယောဇဉ်နေ့

black chawFebruary 14, 20124min21235
DSC04853

ခင်ဗျားပဲ စဉ်းစားကြည့်ပါ ကိုနိုဇိုမိ
ချစ်သူများနေ့ တဲ့။ ကျုပ်ကတော့ အဲဒီလို မခေါ်ချင်ဘူးဗျာ။ ချစ်သူများနေ့ဆိုတာကြီးက ဘောင်ကျဉ်းလွန်းပါတယ်။
ချစ်သူမရှိတဲ့လူတွေနဲ့ မဆိုင်သလိုကြီး ဖြစ်နေတာပေါ့။ ဒီလို ခေါ်ကြရင် မကောင်းဘူးလားဗျာ။
သံယောဇဉ်နေ့
မဆိုးဘူးဗျ။ အမေကလည်း သားကို သတိရမယ်။ အဲဒီနေ့မှာ အမှတ်တရ ကဒ်လေးပို့ပေးမယ်။ သားကလည်း အမေ ကို သတိရမယ်။ အဲဒီနေ့မှာ အမှတ်တရ ကဒ်လေးတွေ ပို့ပေးမယ်။ မလှဘူးလားဗျာ။ ဟော ညီကို မောင်နှမချင်း သတိရရင်လည်း ဒီနေ့လေး က အကျုံးဝင်မယ်ဗျာ။ သူငယ်ချင်း မိတ်ဆွေ အိုဗျာ သံယောဇဉ်ရှိသူတွေ အားလုံးနဲ့ ဆိုင်တဲ့ နေ့ ဆိုရင် ဘယ်လောက်လှလိုက်မလဲ။ အဲဒီတော့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့၊ VALENTINE’S DAY လို့ လူငယ်တွေ ရင်ခုန်ကြတဲ့ ချစ်သူများနေ့ကို ကျွန်တော် တို့ အရွယ်ကြီးတွေ အတွက်ကျတော့ သံယောဇဉ်နေ့ လို့ ခေါ်ပြီး ဘယ်လိုလူတွေနဲ့ သက်ဆိုင်သလဲဆိုတာလေး စဉ်းစားကြည့်ရအောင်ပါ။
ဟုတ်ပါပြီ ကိုချောရယ်။ ခင်ဗျားအရွယ်ကြီးနဲ့ ချစ်သူများနေ့ ဆိုရင်လည်း ဝင်နွှဲဘို့ မသင့်တော် တော့ပါဘူး လို့ ခင်ဗျားပြောချင်နေတယ်မဟုတ်လား ကိုနိုဇိုမိ။ လက်ခံပါတယ်ဗျ။ အဲဒါကြောင့် ကျွန်တော်ကလည်း သံယောဇဉ် နေ့လို့ ခေါ်ဝေါ်ချင်တာပေါ့ဗျာ။ အဖြူရောင် မေတ္တာနဲ့ ချစ်ခင်ကြသူတွေကို ရည်ရွယ်တာပါဗျာ။
အဲဒီလိုသာဆိုရင် VALENTINE’s Day က တော်တော် ကျယ်ပျန့် သွားပြီဗျာ။ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမတွေအပြင် သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း သက်ဆိုင်တဲ့ နေ့တစ်နေ့ ဖြစ်သွားပြီဗျ။ ကျွန်တော့်အတွက် ဆိုရင် ရွာထဲမှာကိုပဲ ညီကိုမောင်နှမ သံယောဇဉ်နဲ့ ချစ်ခင်ရသူတွေ မနည်းလှဘူးဗျ။
သူတို့အတွက် သံယောဇဉ်နေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရပို့စ်လေး တစ်ခုရေးမယ်ဗျာ။ ဒီပို့စ်လေးက သူတို့အတွက် သံယောဇဉ်နေ့ အထိမ်းအမှတ်လက်ဆောင်လေးပေါ့ဗျာ။ ဒီပို့စ်မှာ သီချင်းပါမယ်၊ ကဗျာပါမယ်၊ စာပေဟောပြောပွဲပါမယ်၊ ဓါတ်ပုံလေးတွေပါမယ်ဗျာ။
အဲအဲ ခင်ဗျားလည်း ဖတ်ချင်ဖတ်ပေါ့ဗျာ။ နိုဇိုမိ ဆိုတဲ့ ခင်ဗျား ကလည်း ကျွန်တော် သံယောဇဉ်ရှိတဲ့ ရွာသား တစ်ဦးပေပဲ။
ကဲကဗျာလေးနဲ့ စလိုက်ရအောင်ပါ။

ကျွန်တော် အရမ်း ခိုက်နေမိတဲ့ ဆရာကြီး မောင်ပေါက်စည် (မန်းတက္ကသိုလ်) ရဲ့ သုံးကြောင်းကဗျာလေးတစ်ပုဒ်ကို ရွာသူား ညီအစ်ကို မောင်နှမတွေ ဖတ်ကြည့်စေချင်တယ်ဗျာ။ ဒီနေ့အတွက် လက်ဆောင်လေးပေါ့။

ဧည့်သည်

လာရောက်ခိုနား
သူပျံသွားသော်
ကိုင်းဖျား ဆတ်ဆတ် ခါသတည်း။
မောင်ပေါက်စည် (မန်းတက္ကသိုလ်)

မိုက်တယ်နော်။ ကဗျာလေးက တိုတိုလေးနဲ့ တွေးချင်သလောက်သာ တွေးပေတော့။ တွေးနိုင်သလောက်သာ တွေးပေတော့။
ဆန့်ချင်သလောက်သာ ဆန့်ထုတ်ပေတော့။

အဲဒါပြီးတော့ ဒဏ္ဍာရီ ဆိုတဲ့ မြန်မာရုပ်ရှင် ကားထဲမှာ သုံးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ပေးချင်တယ်ဗျာ။ ရေးတဲ့လူတော့ မသိတော့ဘူးဗျ။
ဇာတ်ကားအဆုံးမှာ စာတမ်းလေး ထိုးပြီး ပြီးသွားတာ။ ဖတ်ကြည့်ဗျာ။

ချစ်သူ့ နှုတ်ခမ်း
လွမ်းလို့နမ်းသော်
နမ်းရာမထင်
လွမ်းရာထင်၏
ရင်ထဲငြိပြီ
ဒဏ္ဍာရီ။

ငယ်ငယ်တုန်းက ရုပ်ရှင်ကြည့်ပြီး ကြိုက်ခဲ့တဲ့ ကဗျာလေးပေါ့။

ကဗျာပြီးတော့ သီချင်းလေးတွေဘက် လှည့်ရအောင်ဗျာ။
သီချင်း ကတော့ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေးတွေ လက်ဆောင်ပေးပါရစေ။
မဆူမညံတဲ့ သီချင်းလေးတွေကို အဓိက ရွေးထည့်ပေးလိုက်ပါတယ်။
နားထောင်ကြည့်ဗျာ။ ကြိုက်မယ်လို့ ယုံကြည်ပါတယ်။

ပထမဆုံး သီချင်းလေးက ဆယ်လီနား ရဲ့ Dreaming of You ဆိုတဲ့ သီချင်းလေးပါ။
ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းလေးပါ။ 4 shared.com က အော် လင့်လေး ပြန်ထည့်ပေးထားတယ်ဗျာ။ ဒေါင်းလို့ အဆင်ပြေမှာပါ။

http://www.4shared.com/mp3/LYJAMCxf/Selena_-_Dreaming_Of_You.htm

ဆယ်လီးနား ဆိုတဲ့အထဲ အဲဒီသီချင်းကတော့ ကျွန်တော် အကြိုက်ဆုံးဗျ။

နောက်တစ်ပုဒ်ကတော့ The Corrs အဖွဲ့ရဲ့ No Frontiers ဆိုတဲ့ သီချင်းလေးပါ။

13 The Corrs – No Frontiers [Sharon And Caroline Duet]

နောက်တစ်ပုဒ်က Chris De Burgh ရဲ့ Carry Me ဆိုတဲ့ သီချင်းလေးပါ။ ဒီသီချင်းကို နားထောင်ရင်း အိပ်ပျော်သွားတာ အကြိမ်ကြိမ်ပါ။
မယုံရင် နားထောင်ကြည့်ဗျာ။
Cris de Burgh_Carry Me (like a fire in your heart)

Chris De Burgh သီချင်းတွေထဲမှာ နားထောင်စေချင်တာတွေ အများကြီးပါခင်ဗျာ။ ဒီမှာတော့ ဒီတစ်ပုဒ်နဲ့ ကျေနပ်ပါ။

နောက်တစ်ပုဒ်က Gerard Joling ရဲ့ Hearts on Fire ဆိုတဲ့ သီချင်းလေးဗျာ။
နားထောင်ကြည့်ပေးပါ။
hearts on fire

Gerard Joling သီချင်းကို မြန်မာပြည်မှာ ကော်ပီလုပ်တာ တစ်ပုဒ်ပဲ ကြားဘူးပါတယ်။ ထူးအိမ်သင် ရဲ့ စကားလုံးမရှိတဲ့ ကောင်းကင် ၂ ရဲ့ မူရင်းသီချင်းက သူ့သီချင်းပါ။

မြန်မာသီချင်းတွေဘက်လှည့်ရအောင်ဗျာ။ တစ်ပုဒ်တစ်လေပါ။ ကိုင်ဇာ ရဲ့ နေဝင်မှာစိုးတယ် သီချင်းလေး။ အလွမ်းပြေပေါ့။

NayWinHmarSoDal

ကဲသီချင်းလေးတွေ ပြီးတော့ စာပေဟောပြောပွဲလေး တစ်ပွဲလောက်တော့ ထည့်ပေးဦးမယ်။
ဆရာနေဝင်းမြင့် ရဲ့ စင်္ကာပူ မှာဟော ခဲ့တဲ့ တစ်ခါသုံး လူ့အဖွဲ့အစည်း ဆိုတာလေးပါ။
အရမ်းမိုက်လို့ နားထောင်ကြည့်ကြစေချင်ပါတယ်။ လက်ဆောင်လေးတွေထဲက တစ်ခုပေါ့ဗျာ။

NayWinMyint TaKharThoneLuAPhweASee 20091220 SPore(1)

ဆရာနေဝင်းမြင့် ရဲ့ စာပေဟောပြောပွဲလေး နားထောင်ကြည့်ဗျ။ ရယ်လည်းရယ်ရတယ်။ ဗဟုသုတလေးလည်း ရတယ်။
နောက်ထပ်တော့ ဓါတ်ပုံလေးတွေဘက်လှည့်ရအောင်ပါ။
ကျွန်တော် ရိုက်ထားတဲ့ ပုံလေးတွေပေါ့ဗျာ။
လှလှ မလှလှ ကြည့်ပေးကြပါဦးဗျာ။

သစ်ပုတ်ပင်။
အင်းလျား ကန်စောင်း တစ်နေရာ။
အင်းလျား ၂။
ချစ်သူ နှစ်ဦး အတူစီးလို့ ရမယ့် လှေကလေးပါ။
အင်းလျား ၃။
အင်းလျား ကန်ထဲ ရေသောက်ဆင်းနေတဲ့ သစ်ကိုင်းတစ်ကိုင်း။
ခန့်ခန့်ထည်ထည် ရှိလှတဲ့ သစ်ပုတ်ပင်ရဲ့ အကိုင်းတွေ။
ကိုဖက်တီး နှင့် ရွာသူား တချို့။
မနေ့က ကျန်ခဲ့တဲ့ ပုံလေးပါ။ ကိုကျော်သူက အေကေကေအိုကို ပြန်ပေးနေတဲ့ပုံလေးပါဗျာ။
ကိုကျော်သူနှင့် အလှူ ပဲ့ကိုင်ရှင်များ။
ကိုကျော်သူနဲ့ ရွာသူလေးများ။

35 comments

  • Moe Z

    February 14, 2012 at 12:49 pm

    ဘဘဘလက်ရဲ့ all in one ပိုု့စ်ပါဗျို့
    သီချင်းတွေလည်းကြိုက်တယ်၊ ပုံတွေလည်းမိုက်တယ်
    ကဗျာလေးနှစ်ပုဒ်ကလည်း ရှယ်ပဲ
    သံယောဇဉ်နေ့မှာ အားပေးသွားပါတယ် 😛

  • nozomi

    February 14, 2012 at 12:54 pm

    ကျွန်တော်က ဘယ်လို ပါလာရတာတုန်း ဘဘချောရဲ့

    ချစ်သူများနေ့ထက် သံယောဇဉ်နေ့ဆိုတာတော့ ပိုကြိုက်တယ် ဗျ
    သံယောဇဉ်နေ့ဆိုတော့ ပိုကျယ်ပြန့်သွားပြီး
    ဘဘချောလို ၆ဝ ကျော်တွေလဲ ကဲ လို့ရ
    အနော်တို့လို ၂ဝ ကျော်တွေလဲ နွဲလို့ရပေါ့

    ကဗျာတွေ သီချင်းတွေလဲ ဝင်ခံစားသွားပါတယ်၊
    ဘဘအသက်နဲ့ မလိုက်အောင် ခံစားချက်ကသိပ်နုတာပဲနော်
    အင်းပေါ့လေ အသဲနုနုလေးတွေ နဲ့ တွေ့နေမှတော့…..

    ပုံတွေကတော့ ကွန်မကောင်းတာနဲ့ မမြင်ရဘူး ဗျို့
    အမှန်အတိုင်း ဝန်ခံရရင်တော့ ဒီနေ့က ချစ်သူများနေ့တို့ သံယောဇဉ်နေ့တို့ထက်
    ကျွန်တော့အတွက်ကတော့ မိန်းမဆေးလိမ်းပေးတဲ့ နေ့လို့ ပြောချင်တော့တာပဲ ဘဘချောရေ
    ကျွန်တော့ကျောကုန်းနာနေလို့ မနက်က မိန်းမ ဆေးလိမ်းပေးလို့သာ ဒီနေ့ ရွာထဲဝင်နိုင်တာ
    ဒါကြောင့် ဖေဖော်ဝါရီ ၁၄ က မိန်းမဆေးလိမ်းပေးတဲ့နေ့လို့ ပြောတာ ဗျို့

  • စိန်ပေါက်ပေါက်

    February 14, 2012 at 1:18 pm

    အကဲခတ်ကြည့်နေတာ
    ဒီအဒေါ်ကြီးခုတလော အရမ်းနုရွနေတယ်နော..
    ပန်းလေးတွေကော..သံယောဇဉ်လေးတွေကော ဘယ်လင်တိုင်းတွေကော..လုပ်နေတာ.လုပ်နေတာ
    သိပ်မရိုးဘူး အန်တီဘလက်ရေ
    အူးဘလက်ကို ကြည့်ထိမ်းထားဦး 😀
    @ mr.nozomi
    ဟေဟေ့..
    သူတစ်ပြန်ကိုယ်တစ်ပြန် ဖဲ့နေကြပါကလား
    သတိလဲထားဦး..
    အိမ်ပြန်မှ ဦးနိုကြီးလို မိန်းမရိုက်တာခံနေရဦးမယ်..
    ကျောကုန်းတောင် ဆေးလိမ်းရတယ်ဆိုပါကလား 😆

    ကိုချောရေ
    သီချင်းတော့ အီးဂလိပ်လိုတွေမိုလို ့..သများလဲ ဘိုလိုမတတ်တော့ မဒေါင်းတော့ပါဘူးဗျာ
    ပြည့်ပြည့်စုံစုံဘာသာပြန်ပေးရင်တော့ ဒေါင်းမယ်.
    ညှင်း..ညှင်း..

    သိပ်လဲ မကြပ်ကြနဲ ့ဦး..
    ဦးကျော်သူ ့ဖေ့စ်ဘွတ်မှာ သများခေါင်းလေးထွက်နေတာမြင်ပြီး ကွိုင်ရှာခံနေရလို ့

  • blackchaw

    February 14, 2012 at 1:39 pm

    အော် ဆရာ နို နဲ့ ဆရာပေါက်ဖေါ်ရယ်။
    ရေးခဲ့ဘူးတဲ့ ကဗျာလေးတွေ ပြန်ရှာရင်း
    တွေ့လာလို့ ဆက်တိုက်ကြီး နုနေသလို ဖြစ်နေတာပါ ဆရာတို့ရေ။
    ကဗျာဖတ်ရင် အပြင်က ရုပ်ကြီးကို ထည့်ထည့် မဖတ်ကြပါနဲ့ ဆရာတို့ရယ်။
    ကျွန်တော်က နဂိုကတည်းက သီချင်းရေးခဲ့ဘူးတယ်လို့ ပြောထားပါတယ်။
    သီချင်းရေးတယ်ဆိုတော့ ကဗျာနဲ့လည်း နည်းနည်း နီးစပ်တယ်လေ။
    အဲဒါကြောင့်ပါဗျာ။

    စကားမစပ်
    ကိုနိုဇိုမိ ရေ။
    မိန်းမက ကြုံရာနဲ့ တွယ်တာပဲလားဗျာ။
    ဆေးတောင်လိမ်းယူရတယ်ဆိုတော့လေ။
    အသက်တွေလည်း ရနေပါပြီဗျာ။ ကဲတာလေးတွေ နည်းနည်းလျှော့လိုက်ပါဗျာ။ 😀 😀 😀

  • K@oru

    February 14, 2012 at 1:41 pm

    the day of than-yaw-zin 😀

  • Shwe Ei

    February 14, 2012 at 1:41 pm

    ဦးချောပေးတဲ့ valentine လက်ဆောင်ကိုတော့ ကြိုက်သွားဘီ။ အဓိ္ဓပါယ်ရှိသော valentine day (သံယောဇဉ်နေ့) ဖြစ်သွားဘီဗျာ။ လက်ဆောင်အားလုံး ကော်ပီကူးသွားတယ်နော။

  • Shwe Tike Soe

    February 14, 2012 at 1:55 pm

    ဟဟဟ ဦးဘလက်ကြီးက အသက်ကြီးပေမယ့် မပျက်စီးသေးပါလား စိတ်ကူးကတော့အရမ်းလန်းတယ်ဗျာ.. မိုက်တယ်..
    သံယောဇဉ်နေ. သိပ်ကောင်းတဲ့ အဓိပ္ပာယ်လေးပဲ ဦးဘလက် ကြိုက်တယ်ဗျာ…
    ကဗျာလေးတွေလဲမိုက် ပုံလေးတွေလဲမိုက် အဲဒါကြောင့်ဦးဘလက်ကြီးက ကြည့်ရတာကိုက တက်ကြွလန်းဆန်းနေတာကိုး ဟဟဟဟ

  • Rose Minn

    February 14, 2012 at 1:59 pm

    ကိုဘလက်ရေ ဒီပို့စ်ကိုဖတ်ပြီးလွမ်းသလိုလို၊ ဆွေးသလိုလို နဲ့ ကြည်ကြည်နူးနူးလဲဖြစ်သွားပြန်တယ်။ ကဗျာကလေး နှစ်ပုဒ်စာလုံးကတော့ လွန်ခဲ့တဲ့ 96 လောက်ကတည်းက rose ရဲ့ ကဗျာမှတ်စုထဲမှာ ရှိခဲ့တာကြာပါပြီ။ ကြိုက်လို့ကူးယူထားခဲ့တာ ဘာမှန်းတော့မသိဘူးပေါ့။ အခု ကိုဘလက်ပြောတော့ပြန်သတိရသွားတယ်။ ရွာသူရွာသားတွေမျက်နှာ ကြည့်ရတာ ပျော်စရာကောင်းပေမယ့် ကိုဘလက်ရဲ့ တက္ကသိုလ်ကရှုခင်းရိုက်ချက်တွေက ပြင်းလွန်းလို့ ဆွေးတဲ့ ခံစားမှုုဖြစ်မိတယ်။ ဒီနှစ်ကတော့ ရွာထဲကမောင်နှမတွေ နဲ့ Valentine’s Day ကိုဖြတ်ကျော်ရတာပေါ့။ Banny ဖြိုးရဲ့ တကိုယ်တော် Valentine မဟုတ်တော့တဲ့ အတွက် ကိုဘလက်ကို ကျေးဇူးတင်လျှက်။

  • နွယ်ပင်

    February 14, 2012 at 2:12 pm

    ကိုဘလက်ရဲ့ သံယောဇဉ်နေ့လေးကို အားပေးသွားပါတယ်
    နွယ်ပင်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်နဲ့ ကိုဖက်တီး နှင့် ရွာသူား တချို့ဆိုတဲ့
    ပုံလေးကိုလည်း ကူးယူသွားပါတယ်ရှင် ….

  • သံယောဇဉ် ….. ???????????????????????????????????
    မေတ္တာ ??????
    လူရွှင်တော်ထင်တယ် ….
    ငါမသိဘူး
    ဘာတွေလဲ ??????
    အနှစ်မပါတဲ့ အချစ်မှာ
    သစ္စာဆိုတာ ရှိမှန်းတောင်မသိ …..
    အမေ့ပါးက သနပ်ခါးကို သတိရမိရင်
    သစ်ပုတ်အောက်မှာ
    အချစ်ပျောက်ရှာတဲ့
    ငါကိုယ်ငါ
    မုန်းမိပြီကွာ …..

    ( ကိုဘလက်ရဲ့ နာမည်ဆန်းတဲ့ သံယောဇဉ်နေ့ကို ခံစားမိရင်း ချော်တောငေ့ါပြီး မဆိုင်တာရေးမိရင်ခွင့်လွှတ်ပါ)
    (ခင်တဲ့ ညီငယ်)

  • pooch

    February 14, 2012 at 2:49 pm

    ကြည့်ရတာ ကိုဘလက်အတော်ပျော်နေပုံရတယ်။

    ကိုဘလက်ရေ နောက်ကျနေပေမဲ့ ဆုတောင်းလေးပေးချင်လို့ပါ။
    “၁၃ နှစ်မြောက်မင်္ဂလာ နှစ်ပတ်လည်မှသည် ယနေ့မှစ အနှစ်တရာ တိုင်ပါစေလို့”

    သံယောဇဉ်နေ့လို့ အမည်ပေးထားတာလေးကို သဘောကျတယ်
    ဒါပေမဲ့ သီချင်းတွေ ကဗျာတွေ ဓာတ်ပုံတွေ ဝေဆာသလောက် ချောကလက်လေးတွေဘာလို့
    မပါတာလဲဟင် :mrgreen:

    ဖြစ်နိုင်ရင် ပါဆယ်ထုပ်ပြီး တရွာလုံးကို ပို့ပေးစေချင်ပါတယ်။ သံယောဇဉ်နေ့ ဆိုတဲ့ အမည်နာမကို တရားဝင်ကင်ပွန်းတပ်တဲ့အနေနဲ့ပါ။ 😆

  • Novy

    February 14, 2012 at 3:08 pm

    သံယောဇဉ်နေ့တဲ့လား
    ကဗျာဆန်လိုက်တာ ကိုမည်းချောရယ်
    သစ်ပုတ်ပင်ကြီးကို ကြည့်ပြီး
    တစ်ခါတုန်းက တက်ကသိုလ်ဆီ ဆိုတဲ့ သီချင်းလေးတောင်
    ဆိုမိပါတယ်

    PS
    ကိုကျော်သူနဲ့ ရွာသူလေးများ ကို
    ဘယ်အချိန်ကများရိုက်လိုက်ပါလိမ့်

  • ဘယ်သူတွေ ဘယ်လို ဘာကို တိုင်းတိုင်း
    ကျုပ်တို့ရဲ့ ကိုဘလက်ကတော့
    သူ့ရင်ထဲက သန့်စင်တဲ့အချစ်တွေကို
    အတိုင်းအဆမရှိဖွင့်လှစ်ပြလိုက်ပါပြီ။
    ကျနော်လက်ခံထားတာကတော့
    လောကကြီးမှာအချစ်နဲ့ပါတ်သက်လာရင်ပေတံအားလုံးကျိုးတယ်ဗျာ။

  • K@oru

    February 14, 2012 at 3:26 pm

    တထုထုတော့ တထုထုဘဲ …
    သများလည်း သတိထားမိလယ်…

    တူ ခုတလော တိတ်တိတ် နုနေတယ်…

    သများ မတော့ ဒီရက်ကလေး တောင်
    ဒေတာတွေကြားထဲ …ဝက် အဟွာမကြောက်ဆိုသလို
    နွားလို ရုန်း …ပျားလိုအလုပ်ရှုပ် … ရင်း
    ဖားလို ရွာထဲ လာလာ အုံးအွမ်နေရပါကြောင်း …

    😀

  • blackchaw

    February 14, 2012 at 4:11 pm

    မယ်ပုချ် ရေ။
    နှစ်ရက်ကျော်သွားပေမယ့် ပေးတဲ့ ဆုနဲ့ ပြည့်ပါမှာပါ ဗျာ။ 😆

    ကိုပေါက်ရေ။
    ကျွန်တော် က ရွာသူရွာသားတွေကို လက်ဆောင်လေး ပေးဖို့ ရည်ရွယ်တာပါ။
    လိုရင်းကို မရောက်ဘူး ဖြစ်သွားပုံရတယ်ဗျ။
    ပစ်မှတ်ကို မထိသော ပို့စ်တစ်ခုပေါ့ဗျာ။
    ကျွန်တော် လိုချင်တဲ့ ပါဖောမန့် ရဲ့ တစ်ဝက်ကိုတောင် မရလိုက်တဲ့ ပို့စ်ပါဗျာ။ :mrgreen:

    ဂီဂီ ရေ။
    ခုတလော နုနေတာ မဟုတ်ရပါဘူးဗျာ။
    တကယ်ကို ငယ်တုန်းက ရေးခဲ့တဲ့ သီချင်းလေးတွေ၊ ကဗျာလေးတွေပြန်တွေ့ပြီး
    အလွယ်တကူ ပို့စ် ပြန်တင်ဖြစ်နေတာပါ။
    အများကြီး ကျန်နေသေးပေမယ့် တင်တောင် မတင်ရဲတော့ဘူးဗျာ။
    အသက်အရွယ်က ကန့်လန့်ကြီး ဖြစ်နေပြီဆိုတာ လက်ခံလိုက်ရပါပြီဗျာ။
    ဒီပို့စ်လေးကတော့ ချစ်သူများနေ့ ဆိုတဲ့ ၁၅၀ဝ နေ့ ကလေးကို
    သံယောဇဉ်နေ့ ဆိုတဲ့ ၅၂၈ နေ့လေး အဖြစ်
    တတ်နိုင်သလောက် လုပ်ကြည့်တဲ့ သဘောပါ။
    မတူတဲ့ အတွေးလေးကို ချပြကြည့်တဲ့ သဘောလေးပါ။
    ကဲ အားလုံးပဲ။ ဒီပို့စ်လေးကို ဖတ်ရင် ဘလက်ချော ရဲ့ ရုပ်ကြီးနဲ့ မဖတ်ကြပါနဲ့လို့
    တောင်းပန်ပါရစေခင်ဗျာ။ 😆 😆 😆

    • pooch

      February 14, 2012 at 4:20 pm

      အလကားစတာပါ ကိုဘလက်ရယ် ရှိသေးရင်တင်ပါ။ ဒီလူ ဒီလူတွေ ဒီလိုစနေကြကို သိရဲ့သားနဲ့။
      ကဗျာလေးတွေ ဖတ်ရတာ ပျော်ပါတယ်။ 😀

    • စိန်ပေါက်ပေါက်

      February 14, 2012 at 4:21 pm

      အမကြီးကလဲ
      များတို ့က ချစ်လို ့စတာကို
      ဟာဗျဲ. ဟာဗျဲ..
      ဆက်တင်ပါဦးတော့

  • blackchaw

    February 14, 2012 at 4:23 pm

    မယ်ပုချ်ရေ။
    မဒမ်ဘလက်ကပါ အနေအထိုင်မတတ်လို့ဆိုပြီး
    ကောနေပြီဗျ။ အဲဒါ….။ 😆

    • nozomi

      February 14, 2012 at 4:42 pm

      ဖတ်တဲ့သူတွေက အခုမှ ကောခံရတယ် သနားပါတယ်လို့ မြင်နေဦးမယ်
      လူကြီးနော် မသိတာ ကြနေတာပဲ
      မိန်းမ မကြောက်ဘူးဆိုတာ သက်သေပြဘို့ စုထားတာလေးတွေ ဆက်တင်ပါ ဒါဗျဲ

  • amatmin

    February 14, 2012 at 4:23 pm

    သံယောဇဉ်နေ့ အကြောင်းကို သံယောဇဉ်စိတ်ဖြင့် ဝင်ဖတ်ရင်း
    အထီးကျန် သစ်ပုတ်ပင်ကြီးအား သဘောကျသွားပါ၏..ထန်းလျက်ခဲလေးဝါးရင်းပေါ့ 🙂
    ကိုဘလက်ရေ..အကိုတွေးမိတာလေးက အတော်လှပါတယ်ဗျာ။

  • E.T

    February 14, 2012 at 4:50 pm

    အရင်တစ်ခါ ဓာတ်ပုံထဲမှာလည်းပါဘူး။ ဒီတစ်ခါဓာတ်ပုံထဲမှာလည်းပါဘူး :'(

  • blackchaw

    February 14, 2012 at 5:04 pm

    အီးတီက ဘယ်သူ့ပုံ တွေ့ချင်လို့လဲ။

  • alinsett

    February 14, 2012 at 5:46 pm

    ကို ဘလက် ရေ..။
    သံယောဇဉ်နေ့ ဆိုတဲ ့စကားလုံးလေးကို သုံးတာ သိပ်ကောင်းပါတယ် ။
    ကျွန်တော်လည်း..အဲဒီလို ခေါ်တာပဲ.သဘောကျတယ် ။

    ကိုကျော်သူတို ့နဲ ့ရွာသူရွာသားတွေ ကို တွေ ့ရတာ ကျေနပ်စရာ..ဝမ်းသာစရာပါပဲ။

    ကဗျာ လေး နှစ်ပိုဒ်ကိုလည်း…နှစ်သက်ပါတယ် ။

    ချစ်ခင်သော…
    အလင်းဆက်

  • htet way

    February 14, 2012 at 8:03 pm

    သံယောဇဉ် နေ့ဆိုတာလည်းကောင်းပါတယ်
    ရာကုတ်က ရာခေလကို ချစ်လို့ ရနှစ်ကျွန်ခံပြီး သူ့အဖေဆီမှာတောင်းခဲ့တယ်
    အကြီးမဟာလေကိုရတော့ မနှစ်သက်ဘူး ရာခေလကိုပဲချစ်တယ်
    ဒါကြောင့်နောက်ရနှစ်ဆက်ပြီးကျွန်ခံပြန်ရော..သမ္မာကျမ်းစာထဲကအကြောင်းပါ
    .ဒါလည်းသံယောဇဉ်ပေါ့ ဗျာ။
    ကိုဘလက်ချောကြီးက ideaသိပ်ကောင်း နေတယ်နော်
    လေးစားပါတယ် အခုလိုအားထုတ်တာလည်းကောင်းတယ် စေတနာပေါ့
    နောက် စကားမစပ် အပေါ်ကပုံတွေထဲမှာ လက်ထဲရေသန့်ဗူးကိုင်ထားတဲ့
    အကျီင်္ အနက်လေးနဲ့ ဗျာ ကောင်မလေးက အဆိုတော်လား မော်ဒယ်ဘက်ကလား
    တက္ကသိုလ်က ဆရာမလေးလား မေးကြည့်တာပါ ။ဟို ဝမ်ဆက်နဲ့ ဆရာမလေးက
    လည်း မြင်ဖူးသလိုရှိသလားလို့ ရုပ်ရှင်ဘက်ကလား ဟိုမျက်မှန်နဲ့ လူကြီးကတော့
    ဒါရိုက်တာဆိုရင် ပြောပေးစမ်းပါဗျာ ကျွန်တော်မှာ ဝတ္ထုတွေရှိတယ်လို့
    ကြိုက်ရင် အလကားယူသုံးးပါဗျာနော်….။ဆရာဘလက်ကျန်းမာပါစေ

  • windtalker

    February 14, 2012 at 8:20 pm

    လေးစားပါတယ်
    အကိုကြီး
    ညီလေး
    အားပေးသွားပါတယ် ခင်ဗျ

  • Khin Latt

    February 14, 2012 at 8:38 pm

    မှန်လိုက်တဲ့ ခေါင်းစဉ်လေး ကိုဘချော ရယ်။ (အတို ဘဲ သုံးတော့မယ်)
    လက်မ အမြင့်ကြီး ထောင်ပြသွားပါတယ်။

    တကယ်တော့ ဒီနေ့ ဟာ ချစ်သူတွေ၊ လင်မယား တွေ မှ အထူးချစ် ရမဲ့ နေ့ မဟုတ်ပါဘူး။
    ကိုယ် သံယောဇဉ် ရှိတဲ့ သူ အားလုံးကို လဲ သန့်စင်တဲ့အချစ် လေးတွေ ပေးနိုင်ပါတယ်။
    ကျွန်မ လဲ ကိုဘချောရဲ့ Post ကို မှီပြီး ရွာသူ ရွာသား အပေါင်း (+ မချော) ကို ကျွန်မ ရဲ့ မေတ္တာ သန့်သန့်လေး ကို ပို့သလိုက်ပါတယ်။
    အားလုံး ရွှင်လန်း ချမ်းမြေ့ပါစေသောဝ်။

    Happy Valentine’s Day Everyone!!! 🙂
    ကမ္ဘာကြီး လဲ သန့်ရှင်းသော အချစ်စစ် လူလူချင်း စာနာမှု များဖြင့် အေးချမ်းပါစေ။

    လေးစားခင်မင်စွာဖြင့်
    အစ်မလတ်

    စကားအတင်းစပ်ရရင် ကျွန်မတော့ ငယ်တုန်းကတော့ ပလေတိုးနစ် အချစ် ဆိုပြီး ရူးခဲ့ကြသေးတယ်။
    တကဲ့ ဖြူဖြူလေးပေါ့။ 😆

  • MaMa

    February 14, 2012 at 8:58 pm

    ကိုဘလက်ရေ- စကားလုံးလေးတစ်လုံးကို အလှဆုံး အသုံးပြုပြီး လူသားအားလုံးကို ဆွဲခေါ်သွားနိုင်ပါပေတယ်။ 🙂

  • padonmar

    February 14, 2012 at 10:44 pm

    ထောက်ခံပါတယ် ကိုဘလက်၊
    သူတော်စင်ကြီး St Valentine ရဲ့ နေ့ကို တဏှာပေမ အချစ်လို့မသတ်မှတ်ပဲ
    သံယောဇဉ်နေ့လေးဆိုရင် ပိုလှပေမပေါ့။

  • surmi

    February 15, 2012 at 12:00 am

    မှောင်ခိုသွင်းလာတဲ. ဗယ်လင်တိုင်းကြီးကို ဒီလိုမြန်မာမှုပြုလိုက်တော.လည်း
    တစ်မျိုးချစ်စရာကောင်းသွားတာဘဲ—တော်ပါပေ.ဗျာ—။

  • ဦးဦးပါလေရာ

    February 15, 2012 at 12:20 am

    “ သံယောဇဉ်နေ့ ” ….တဲ့လား
    ကဗျာဆန်လိုက်တာ ကိုဘလက်ရယ်။

    အဖြူရောင်သံယောဇဉ်ဆိုတာမျိုးကလဲ
    ရစ်ပတ်ဖွဲ့နှောင်ထားတာမျိုးမဟုတ်ပဲ
    လွှမ်းခြုံဆက်နွယ်နေတတ်တာမျိုးလေ…။

    တစိမ့်စိမ့်အေးပြီး တသွင်သွင်စီးနေတဲ့စမ်းချောင်းလေးလိုပေါ့။
    ငယ်ငယ်တုန်းကတော့ လူသားတွေရဲ့ချစ်ခြင်းမေတ္တာကို
    ဒီလိုတင်စားကြည့်ဖူးတယ်။

    “ ………….
    လောကကို ဖြတ်သန်းရင်း..
    လောကအလည်မှာ သူအမြဲရှိနေတယ်..

    မင်းခြေရင်းမှာစီးဆင်းရင်း…
    မင်းရဲ့နံဘေးမှာ သူအမြဲရှိနေတယ်….

    မရှာပဲနဲ့တွေ့နိုင်ဘို့…
    မကြည့်ပဲနဲ့မြင်ရဘို့ …
    မင်းလက်လေးသာ ကမ်းလိုက်ပေါ့….”

  • blackchaw

    February 15, 2012 at 10:02 am

    Moe Z ၊ K@oru ခေါ် ဂီဂီ ၊ nozomi ၊ စိန်ပေါက်ပေါက် ၊ Shwe Ei ၊
    ရွှေတိုက်စိုး ၊ Rose Minn ၊ နွယ်ပင် ၊ မောင်ကင်း
    ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြတာ ကျေးဇူးတင်တယ် ဗျို့။
    ဖြူစင်တဲ့ သံယောဇဉ်တွေနဲ့ သံယောဇဉ်နေ့ကို ဖြတ်သန်းနိုင်ခဲ့ကြတယ်လို့
    ကျွန်တော် ယုံကြည်ပါတယ်ဗျာ။

  • blackchaw

    February 15, 2012 at 10:09 am

    ကိုပေါက် ၊ အမတ်မင်း ၊ အီးတီ ၊ အလင်းဆက်၊ ကိုထက်ဝေး ၊ မောင်ပေ ၊ ဆာမိ ၊ ကိုပါလေရာ။
    အစ်မလတ် ၊ မယ်ပုချ် ၊ နိုဗီ ၊ မမ ၊ မပဒုမ္မာ
    တို့ ကွန်းမန့်လေးတွေအတွက်ရယ် ဆုတောင်းလေးတွေအတွက်ရယ်
    ကျေးဇူးပါဗျို့။
    ဖြူစင်တဲ့ သံယောဇဉ်တွေနဲ့ သံယောဇဉ်နေ့ကို ဖြတ်သန်းနိုင်ခဲ့ကြတယ်လို့
    ကျွန်တော် ယုံကြည်ပါတယ်ဗျာ။
    သူများတွေ ချစ်သူရည်းဇားတွေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ ချစ်သူများနေ့ကို
    ကျွန်တော်တို့ မန္တလေး ဂဇက် ရွာသူရွာသားတွေက ညီအစ်ကိုမောင်နှမ သံယောဇဉ်တွေနဲ့
    အဖြူရောင် သံယောဇဉ်နေ့ လေးအဖြစ် ဖြတ်သန်းနိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတင်ပါတယ်ခင်ဗျာ။

  • etone

    February 15, 2012 at 1:14 pm

    သံယောဇဉ်နေ့ ….. သံယောဇဉ်နေ့ …. သံယောဇဉ်နေ့ဆိုတော့လည်း ခေါ်လို့ကောင်းသားပဲ …

    ဦးချောကလက်ကြီး အကြံကောင်းတယ် …. ။ တော်တော်များများက အဲ့ဒီနေ့ကို ချစ်သူနဲ့ နှစ်ယောက်တွဲပြီး ဖလမ်းဖလမ်းထတဲ့နေ ့လို့ပဲ မှတ်နေကြတာ … မိသားစုနဲ့ အပေါင်းသင်းပေါ်ထားတဲ့ အေးမြတဲ့မေတ္တာကိုတော့ … အသိမှတ်ပြုဖို့ မေ့နေကြတယ် …. ။ အခုလိုသတိပြန်လည်လာမိစေတဲ့ ပို့စ်မျိုးရေးပေးတဲ့ ဦးချောကလက်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ် … ။

    တစ်နှစ်တစ်နှစ် အကျင်္ ီဆင်တူ ဝတ်ပြီး လမ်းသလားနေတဲ့ အတွဲတွေကို သဘောကျရတဲ့ ဒုက္ခ၊ အရုပ်ကြီးပိုက်ပြီး စပ်ဖြီးဖြီး လျှောက်သွားနေတဲ့ ကောင်မလေးတွေကို အားကျတတ်တဲ့ ဒုက္ခ ၊ သူများတွေ ကွိကျိကွိကျိ အီစီကလီ ပြောနေတဲ့အချိန် မနာလိုတဲ့ ဒုက္ခတွေကြောင့် … VALENTINE’S DAY ဒေးကို မုန်းနေရှာတဲ့ … ကျွန်မလို lonely heart တစ်ယောက်အတွက်ကတော့ …. ဒီပို့စ်လေးက အားဆေးပါပဲ 😉

    • K@oru

      February 15, 2012 at 1:20 pm

      အော် …ရယ်. …
      အလှူပွဲနေ့ကတောင် တူနှကိုယ် ယှဉ်ကာတွဲလို့ …
      တွေ့လိုက်သေးတာကို …. သူ့ကိုယ်သူများ Lonely Heart တဲ့ ….
      😛

      သများတို့ ညည်းဖို့လည်း ထားပါဦး ဒေါ်အိတုန် ချင့် …

      ပုံ
      သများ
      Lonely Frog

  • etone

    February 15, 2012 at 1:14 pm

    သံယောဇဉ်နေ့ ….. သံယောဇဉ်နေ့ …. သံယောဇဉ်နေ့ဆိုတော့လည်း ခေါ်လို့ကောင်းသားပဲ …

    ဦးချောကလက်ကြီး အကြံကောင်းတယ် …. ။ တော်တော်များများက အဲ့ဒီနေ့ကို ချစ်သူနဲ့ နှစ်ယောက်တွဲပြီး ဖလမ်းဖလမ်းထတဲ့နေ ့လို့ပဲ မှတ်နေကြတာ … မိသားစုနဲ့ အပေါင်းသင်းပေါ်ထားတဲ့ အေးမြတဲ့မေတ္တာကိုတော့ … အသိမှတ်ပြုဖို့ မေ့နေကြတယ် …. ။ အခုလိုသတိပြန်လည်လာမိစေတဲ့ ပို့စ်မျိုးရေးပေးတဲ့ ဦးချောကလက်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ် … ။

    တစ်နှစ်တစ်နှစ် အကျင်္ ီဆင်တူ ဝတ်ပြီး လမ်းသလားနေတဲ့ အတွဲတွေကို သဘောကျရတဲ့ ဒုက္ခ၊ အရုပ်ကြီးပိုက်ပြီး စပ်ဖြီးဖြီး လျှောက်သွားနေတဲ့ ကောင်မလေးတွေကို အားကျတတ်တဲ့ ဒုက္ခ ၊ သူများတွေ ကွိကျိကွိကျိ အီစီကလီ ပြောနေတဲ့အချိန် မနာလိုတဲ့ ဒုက္ခတွေကြောင့် … VALENTINE’S DAYကို မုန်းနေရှာတဲ့ … ကျွန်မလို lonely heart တစ်ယောက်အတွက်ကတော့ …. ဒီပို့စ်လေးက အားဆေးပါပဲ 😉

Leave a Reply