ရီးစားဆို ကျိန်မှ .. မိန်းမဆို လိမ်မှ

fattyFebruary 14, 20121min23930

စာရှုသူတို့ခင်ဗျား …
ဖက်တီးတို့အလွန်းရိုးလွန်းလို့ပါ ..
ကိုယ့်ကိုယ်ကိုအားမရဘူး …
ဘယ်လောက်ရိုး ဘယ်လောက်အသလဲဆိုတော့
အိမ်ထောင်သာကြရော တသက်နဲ့တကိုယ်
ရီးစားတောင်မထားဖူးလိုက်ဘူး … ။

မိန်းမတောင် အမေကလက်ဆွဲပြီး
ရော့အင့် ဒါကိုယူဆိုလို့ ဘူမသိဘမသိ ယူလိုက်ရတာပါ .. ။
အဲဒါကြောင့် အထက်ကခေါင်းစဉ်လေး …
ရီးစားဆိုရင် ကျိန်မှတဲ့ … မိန်းမဆိုရင် လိမ်မှတဲ့ …
နားလည်သူတွေရှင်းပြကြပါအုံးလို့နော …ဖက်တီးပညာယူပါရစေလို့ ။

30 comments

  • Moe Z

    February 14, 2012 at 10:54 am

    ဒီပို့စ်ကို ဦးဖက်က မဒမ်ဖက်အတွက် ရေးတာပေါ့နော်
    ဖတ်မိပါစေ 😀

  • ဆူး

    February 14, 2012 at 11:00 am

    အိမ်က မိန်းမ ကို ရီးစား လေး တစ်ကြိမ်လောက် လုပ်ကြည့်ရအောင် ဆိုပြီး လိမ် ခိုင်းလိုက်လေ..
    ကိုင်ဇာ သီချင်းလိုမျိုးပေါ့.. မင်းဆံပင်ဖြူဖြူကို စံပါယ်ကုံလေး ပန်ပေးမယ်။
    သားတို့ နားမလည် မြေးတို့ နားမလည်..
    သီချင်း အစ အဆုံး ကိုတော့ ကိုဘလက်ချော မှ ဆက်ဆိုပြပါလိမ့်မယ်။
    အဲဒီလို ဆို စာဆိုနဲ့ အညီ ဖြစ်သွားပြီ။

  • စိန်ပေါက်ပေါက်

    February 14, 2012 at 11:02 am

    လက်တွေ ့စမ်းသပ်ပြီးမှ နာလည်မှာမိုလို ့
    မိန်းမတစ်ယောက်လောက် ခဏပေးစားကြည့်ပါလားဟင်

    (ဤစာတန်း အိမ်ကမိန်းမကြီး မမြင်စေရ)

  • K@oru

    February 14, 2012 at 11:04 am

    ပီယဆေး ဆိုလားဘာဆိုလား ရှိတယ်ဆိုတဲ့
    သဂျီး ဘာပြောမလဲ စောင့်ကြည့်နေပါသည်..

    😀

  • နည်းနည်းတော့ ရမ်းကြိတ်လိုက်မယ်
    ရီးစားဆိုရင် ကြိမ်မှတဲ့ … မိန်းမဆိုရင် လိမ်မှတဲ့
    ကျွန်တော်ထင်တာက ရည်စားဆို ကျိန်မှ မိန်းမဆို လိမ်မှလို့ ထင်တယ်
    သမီးရည်းစားဘဝမှာ ကျိန်တွယ်ပြပြီး
    အိမ်ထောင်သည်ဘဝရောက်ရင် မိန်းမကို လိမ်ခိုင်းတာထင်တယ် … မလိမ်ဘဲ အကုန်လျှောက်ပြောရင် သူကဗိုက်ခေါက်ပြန်လိမ်လိမ့်မယ်ထင်တယ် … 😛 .. ရမ်းတော့ကြိတ်ခဲ့ပြီ
    ပညာရှိတွေမလာခင် လစ်မှ … 😛

    • K@oru

      February 14, 2012 at 11:15 am

      မိန်းမမသိအောင် ရည်းစားထားပြီး ရည်းစားအား မိမိကိုယ်ကို လူပျိုဂျီးဘာဟု ကျိန်ပြောပါလေ….:D

  • Harumoto

    February 14, 2012 at 11:12 am

    ဟာဟာ….ရီးစားဆို ကျိန်မှ
    မိန်းမဆို လိမ်မှတဲ့
    မီးတို့ဂျော်ရကီး တွေကြတော့..ဟိ ..ပိန်မှတဲ့……

  • kyeemite

    February 14, 2012 at 11:35 am

    ကျိန်လဲပြောဘူးပါတယ်..“မိုးကြိုးပွတ်..လို့
    လိမ်လဲပြောဘူးပါတယ်..“မင်းလောက်ကောင်းတာဘသူမှမရှိဘူး”..လို့

  • etone

    February 14, 2012 at 11:47 am

    အဲ့လို ရည်စားမထားခဲ့လို့လည်း … လေးဖက်ကြီး … မိန်းမစိတ်ကောက်တိုင်းချောနိုင်တာကိုး … ။
    ရည်စားထားတုန်းကလည်းချော့ရ .. အခုလည်းချော့ရဆိုလျှင်တော့ …. သိပ်ချော့ချင်တော့မှာ မဟုတ်ဘူး … ။
    ကိုယ့်ယောကျာ်းက SKBဖြစ်နေတော့လည်း .. မိန်းမဖြစ်သူ စိတ်မချတာ .. သဘာဝကျပါတယ် … ။

    ဒါတောင်လေးဖက်ကြီး တင်ထားတဲ့.. ဟိုကောင်မလေး ပုံမမြင်ရသေးလို့ … ဟီး … ကျောင်းသူလေးလေ … ကျောင်းမတတ်နိုင်တော့ဘူးလေ …. ဟိုမှာ အလုပ်လုပ်တာလေ .. စားဝတ်နေရေးအတွက်ဆိုတာလေ …. 😛

  • Thel Nu Aye

    February 14, 2012 at 11:47 am

    ဦးဖက်က အလိမ်မာတုံးရေးရှိုပြီးကြွားရာရားဟင်။

  • jujuma

    February 14, 2012 at 12:00 pm

    အော် တော်တော်ရိုးတဲ့ဦးဖက်ပဲနော်..
    မသိရင်မှတ်ထားဗျ..
    ရီးစားဆိုကြိမ်မှ ဆိုတာက ရီးစားဆိုတာ ကိုယ်မပိုင်သေးဘူးလေ အဲ တော့ တခြားသူနဲ့ မငြိအောင် ကြိမ်လုံးလေးနဲ့ ရိုက်ရိုက် ပေးရတယ်လို့ ပြောတာနေမှာ..
    မိန်းမ ဆို လိမ်မှ ဆိုတာက .. အိမ်ထောင်ကျပီးရင် ယောကျာ်းတွေက ဖောက်ပြန်တတ်ကြတယ်ဆိုတော့
    အိမ်ရောက်တာနဲ့ မိန်းမ က ဗိုက်ခေါက်ကို တစ်နေ့တစ်ခါလိမ်ပေးရမယ်လို့ ထင်တာပဲ ..
    ရမ်းတုတ် မှန်းတုတ်ပေါ့ ဂျာ ….ဟိဟိ

  • awra-cho

    February 14, 2012 at 12:04 pm

    မ ၊သတ် မဟုတ်ပဲ င ၊ သတ် လားမသိ။ ဟီဟိ… (အနီ ကဒ် ထိတော့မယ်)

  • windtalker

    February 14, 2012 at 12:12 pm

    ယောက်ျား တို ့၏ တတ်အပ်သော ပညာရပ်များတွင် ရည်းစားများခြင်း ဆိုသော အချက် သည် ပါနေသည် ဖြစ်လေရာ ၊ သည်ကိစ္စ အတွက် ဦးဖက်တီး နှင့်အတူ သဘောညီပါကြောင်း ၊ ရယ်ပါလေ

    • htoosan

      February 14, 2012 at 1:14 pm

      ဦးဖက်တို့ ရည်းစားဦးနဲ့ ဗာလင်တိုင်းနေ့ ချိန်းတွေ့မလို့ လုပ်တာ မိန်းမ သိရင် ဗိုက်ခေါက်လိမ်မှာ စိုးတာနဲ့ ဒီ ပိုစ်လေးရေး မိန်းမမြင်အောင် ကွန်ပြူတာလေးဖွင့်ခဲ့ ပြီး အပြင်လစ်နေပြီထင်တယ်။
      😀

  • fatty

    February 14, 2012 at 2:49 pm

    တဖြေးဖြေးနဲ့ သဘောပေါက်လာပါပြီ
    အီးအီး ညည်းက အဲလိုဖေါ်ကြေးလားအေ့ ဟုတ်လဲဟုတ်ဘဲနဲ့အေ့

    • etone

      February 14, 2012 at 4:20 pm

      အဟဲ …. ဖော်တာမဟုတ်ပါဘူး …သိတာလေး နံကြားထောက်ရင်း … ပြောကြည့်တာ ..
      မှန်လားဟင် လေးဖက် … 😀

  • zaw min

    February 14, 2012 at 2:58 pm

    ဦးဖက်ဆီက သင်တန်းတက်ရမလား အောင့်မေ့ပါတယ်..သူကပြန်ပြီးသင်တန်းပြန်ပေးခိုင်းနေတယ်…။
    ကျနော်တို့ ဆရာဦးခိုင်ပဲ အားကိုးရတော့မှာပေါ့…ဆြာခိုင်ရေ…ပီပီပြင်ပြင် ဘယ်လိုလိမ်ပြီး နိူက်ကလက်သွားတယ်ဆိုတာလေး သင်ပေးပါအုံးခင်ဗျာ…

  • koyinmaung

    February 14, 2012 at 3:28 pm

    သူများတွေကအုပ်ထိမ်းသူကိုယ်စီနဲ့လေ
    သူကအုပ်ထိမ်းသူကိုထားခဲ့ပြီးလူပျိုလုပ်သွားလို့
    ဗိုက်ခေါက်ကြီးအလိမ်ခံလိုက်ရပြီတင်တယ်..
    ဟုတ်လားဆရာဖက်…

  • Khaing Khaing

    February 14, 2012 at 3:54 pm

    အော်ဒါကဒီလို ဖက်ဖက်ရေ ရည်းစားထားရင် သူယုံအောင်ကျန်ပြရတယ်တဲ့ သူကအဲဒါဆိုသဘောတွေကျရော…..မိန်းမကိုလည်းကိုယ်အပြင်မှာ ပွေလီရှုပ်တာတွေကို မလုပ်သလိုနဲ့ လိမ်ပြော လစာတွေလိမ်ပြော ….အဲဒါဆိုမိန်းမ သဘောကျတယ်တဲ့ အမှန်ကိုသိလို့ကတော့ နားကိုသာဂွမ်း ဆို့ထားပေတော့…

  • kai

    February 14, 2012 at 5:46 pm

    ရည်းစားဘဝတော့ ..ကျိန်သာကျိန်…
    လိုချင်တာကို ..ရအောင်ယူ…
    အချစ်မှာ စွန့်လွှတ်တာမရှိဘူး..။ ကိုယ်လိုချင်..ကျိန်တာ..စိမ်တာ..အကုန်လုပ်… ရအောင်ယူ…။

    အိမ်ထောင်ဖက်ဘဝမှာ…
    ကိုယ်နဲ့အရင်းနှီးဆုံး ဘဝကြင်ဖော်ကို မလိမ်တာကောင်းတယ်..။
    လိမ်နေရင်.. ကိုယ်က.. စိတ်ဓါတ်ရေးရာအရ.. အပြစ်ရှိသူဖြစ်နေပြီး.. အနိုင်ယူခံရလိမ့်မယ်…
    အဲလိုနဲ့.. မယကတွေဖြစ်သွားတာပေါ့…။ 🙂

    အဲဒီလို.. ဗဲလ်လန်င်တိုင်းနေ့မှာ.. အမှတ်တရ… တရားဟောလိုက်ပါကြောင်း…။ 😆

    • K@oru

      February 15, 2012 at 12:56 pm

      ရည်းစားဘဝတော့ ..ကျိန်သာကျိန်…
      လိုချင်တာကို ..ရအောင်ယူ…
      အချစ်မှာ စွန့်လွှတ်တာမရှိဘူး..။ ကိုယ်လိုချင်..ကျိန်တာ..စိမ်တာ..အကုန်လုပ်… ရအောင်ယူ…။

      ဟုတ်ကဲ့သဂျီး …..
      ညင်းညင်း …..

  • alinsett

    February 14, 2012 at 6:21 pm

    မိန်းမ ဆို လမ်မှ…ဆိုလို ့…ကိုသူရ (ဇာဂနာ) ရဲ ့တောင်ငူ အငြိမ် ့ပျက်လုံးလေး.သွားသတိရတယ် ဗျို ့..။

    ကိုသူရ က…သူ ့မိန်းမ အညာသူ ကို… လိမ် ဆွဲ.တော့ သူမိန်းမ က ( အညာသူ ဆိုတော့လေ..)
    လွတ်…တော် ဆို..အော်တယ် တဲ ့ ။
    “” ကျုပ် မိန်းမ အညာသူ က လွတ်..တော်..ဆိုလေ… ကျုပ်က လိမ်.လေ..၊ လျွှ်..တော်..ဆိုလေ…လိမ်လေ..”တဲ ့

    ကိုသူရ ( ဇာဂနာ ) ရဲ ့ပျက်လုံးပါ.နော် ။

    အားလုံးသိကြမှာပါ ။

    ကိုဖက်တီးရေ… ဆက်လက် ရေးသားပါဦး။

  • အဟမ်း … ဟမ်း ..
    အထက်ပါ ခေါင်းစဉ်တွင် ရီးစား ဟူသော စကားလုံးမှာ မိန်းမ အမျိုးအစားအား ဆိုလိုခြင်း ဖြစ်၏။ ယောက်ျားသားများအား ဆိုလိုခြင်း မဟုတ်။
    သို့တည်းအတွက်ကြောင့် ရီးစားလည်း မိန်းမ၊ မိန်းမလည်း မိန်းမ ဖြစ်လေသည်။
    မိန်းမကို ဆိုလိုခြင်း ဖြစ်ရကား ယောက်ျားသားများ အတွက် ဖြစ်တည်လာသော စကား ဖြစ်ကြောင်း ထင်ရှားပေပြီ …. ။
    ကျွန်ုပ် တစ်ခုကြားဖူးသည်ကား “ကျိမ်တာသည် လိမ်တာနှင့် အတူတူပင် ဖြစ်သည်” ဟူ၍ ဖြစ်၏။
    ထို့တည်းအတွက်ကြောင်း ရီးစားဘဝ ကျိမ်ခြင်းသည်လည်း လိမ်ခြင်းပင် ဖြစ်ပြီး၊ မိမိ၏ တရားဝင် ဇနီး(မိန်းမ) အဖြစ် ရောက်ရှိချိန်တွင် လိမ်ခြင်းသည်လည်း လိမ်ခြင်းပင် ဖြစ်လေသည်။
    အထက်ပါ စကားအား ထောက်ဆ၍ လိမ်ခြင်းသည်သာလျှင် မူရင်း ဖြစ်၏။ ထို့ကြောင့် မိန်းမဆိုလျှင် လိမ်မှ တောကာကျတော့သည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။

    ဦးဖက်ရေ … မန့်ချင်လွန်းလို့ ပေါက်ကရရေးပြီး မန့်သွားခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ ..
    😀 😀
    အံစာတုံး

  • MaMa

    February 14, 2012 at 9:14 pm

    ဦးဖက်က စေတနာ ဗလပွနဲ့ သူ့ဘဝနဲ့ ရင်းပြီးရထားတဲ့ သင်ခန်းစာကို ရွာသူား ဆွေမျိုးအရင်းကြီးတွေကို ဖောက်သည်ချသွားပါတယ်။
    (နောက်မျိုးဆက်များ သင်ခန်းစာယူ၍ ကျိန်ကြ၊ လိမ်ကြပါရန်) 😆
    သဂျီးကလည်း အားကျမခံ သူသည် မယက မဟုတ်ကြောင်း တစ်ဖက်လှည့်နှင့် ကြွားဝါသွားပါသည်။
    (သို့သော် နောက်ဆက်တွဲအနေဖြင့် ရွာထဲတွင်သာဟု ဖြည့်စွက်ဖတ်ရှု့ကြပါရန်။) 😆

  • surmi

    February 14, 2012 at 11:19 pm

    ကျိန်တဲ.ကိစ္စတော.သိပ်မသိဘူးဦးဖက်ရေ—လိမ်တာလေးပဲပြောတော.မယ်။
    မိန်းမတွေက ဝန်ခံတာမကြိုက်ဘူးဗျ—လိမ်ပြောနေမှန်းသိရက်နဲ. ဝန်မခံပါစေနဲ.လို.ဆုတောင်း
    နေတာ—-ဦးဖက်ကောင်မလေးတစ်ယောက်နဲ. အလကားအလကားတွဲကြည်.လိုက်–
    ဲပြီးရင် အိမ်ကဘွားတော်ကိုဝါးတားတားလေးအသိပေးလိုက်—ဘာဆက်ဖြစ်မလဲသိရလိမ်.မယ်

  • ဦးဦးပါလေရာ

    February 14, 2012 at 11:27 pm

    ခင်ဗျားတို့သူကြီး ပြောတဲ့အတိုင်းဆိုရင်တော့
    ကျုပ်လဲ စိတ်ဓါတ်ရေးရာအရ အပြစ်ရှိသူ ဖြစ်နေပါပြီ။

    ဒါပေသိ
    စိတ်ဓါတ်ရေးရာအရအပြစ်ရှိတယ်ဆိုတာ
    ရုပ်ပိုင်းဆိုင်ရာအရ သနပ်ခါးတုံးနဲ့အထုခံရတာနဲ့စာရင်တော့ တော်ပါသေးတယ်။
    ချင့်ချိန်ကြနော်…….

    • kai

      February 15, 2012 at 1:34 am

      ဟာ…
      အဲဒီလိုပဲပြောရတာလေ…

      ကံကောင်းတာက.. ကျုပ်အိမ်မှာ သနပ်ခါးတုံးမရှိတာပဲ..။ ဘယ်ကဝယ်ထားမှန်းမသိတဲ့.. ငရုပ်ကျည်ပွေ့သေးသေးလေးပဲရှိတာ…။ :mrgreen:

    • htoosan

      February 15, 2012 at 12:50 pm

      ရော် .. ဦးဦးပါလေရာ … အလို်က်မသိပါရော.. မဒမ် သူကြီးလည်း ဖတ်နေမှာ ဆိုတော့ ဒီလိုဘဲရေးရမှာကို …
      အဲ့ဒါကိုက လိမ်တာ မဟုတ်ဘူး ။။ အယုံသွင်းထားတာ…..

      😀 😀

  • unclegyi1974

    February 14, 2012 at 11:45 pm

    ကိုရင်ဖက်ပြောတာကရှင်းဖို့လွယ်ပါတယ်
    ဒါပေသိကိုရင်နားမလည်မှာစိုးလို့အလွယ်ဆုံးလမ်းညွှန်ပေးလိုက်မယ်
    ကိုယ်တိုင်ရီးစားအသစ်ထားကြည့်လိုက်ပါ

  • ကြောင်ကြီး

    February 15, 2012 at 12:30 pm

    ဝတ္ထုတိုတပုဒ်ဖတ်ဖူးတာ ယောက်ျားလုပ်သူက သူ့သူငယ်ချင်းကို ကြွားတယ်။ မိန်းမကို ရည်းစားဘဝက ဘယ်လိုလိမ်ခဲ့ဂျောင်း… ကောင်မလေး (သူ့မိန်းမ) တယောက်က သူ့ကို လာနှောက်ယှက်နေတဲ့သူကို သွားရိုက်ပေးဖို့ အကူအညီတောင်းတယ်။ အဲဒါနဲ့ ကောင်လေးက(ယောက်ျား) သဘောတူလိုက်ပြီး ရိုက်ပြီးသွားပြီလို့ လိမ်လိုက်တယ်။ ကောင်မလေးက သူ့ကိုအားကိုးမိသွားပြီး နောက်ဆုံးညားဂျလေသတည်းပေါ့။။။ အိမ်နောက်ဖေးမှာရှိတဲ့ မိန်းမလုပ်သူက ကြိတ်ပြုံးတယ်။ တကယ်တော့ သူရိုက်ခိုင်းလိုက်တဲ့လူက ဘာမှမပတ်သက်ဘူး၊ သူ့ဟာသူနေဒါ၊ ကောင်မလေးက ကောင်လေးကို စိတ်ဝင်စားလို့ နီးစပ်မှုရှိအောင် ညာလိုက်တာ။ ဦးဖက်လည်း ညာနေသူအဖြစ် အညာမခံရပါစေနဲ့…။
    ဘာညာသာတကာကြောင်ကြီး 😮

Leave a Reply